မမေ့တဲ့ နိုင်

၁၉၇၇ ခုနှစ်၊ မေလ ၃ ရက် သက်ဆိုင်ရာ မှ တာဝန်ပေးချက်အရ ကျွန်တော်သည် ဤနေ့ တွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့သို့ ပြောင်းရွှေ့ ခဲ့ရပါသည်။ ရန်ကုန်မှ စစ်တွေသို့ ဖော်ကာ-၂၈ အမျိုးအစား ဂျက်လေယာဉ်ဖြင့် သွားရမည်ဖြစ်ပါ သည်။ ကျွန်တော်သည် မော်တော်ကားများဖြင့် ခရီး သွားဖူးပါသည်။ ရထားများဖြင့်လည်း ခရီးသွားဖူးပါ သည်။ သို့ရာတွင် လေယာဉ်ဖြင့် တစ်ကြိမ်တစ်ခါမျှ ခရီးမသွားဘူးပေ။ ကားမှောက်လျှင်၊ ရထားမှောက် လျှင် အသက်ရှင်လျက် ကျန်နိုင်သေးသည်။ လေ ယာဉ်ပျက်လျှင်ကား ကျွန်တော်သည် တွေးရင်း တွေးရင်း ကျောထဲတွင် ချမ်းစိမ့်စိမ့် ဖြစ်လာသည်။ သို့ရာတွင် တာဝန်အရဖြစ်သဖြင့် မရဲသော်လည်း ပြေးခဲစေ ဟူသော စကားအတိုင်း ဂျက်လေယာဉ် ကြီးကို စီးပြီး စစ်တွေမြို့သို့ ရှေးရှု ပျံသန်းခဲ့ရတော့ သည်။ ကျွန်တော့်ဘဝတွင် ပထမဆုံးလေယာဉ်ဖြင့် ခရီးသွားရသော အတွေ့အကြုံပင်။

တကယ်တော့ လေယာဉ်စီး၍ ခရီးသွားရ သော အရသာသည် အခြားတစ်နည်းနည်းဖြင့် ခရီး သွားရသော အရသာထက် သာလွန်ပေသည်။ ရထားဖြင့်၊ ကားဖြင့်၊ သင်္ဘောဖြင့် လိုက်ပါပြီး ခရီး သွားခြင်းဖြင့် အနီးကပ် မြင်ကွင်းမျှကိုသာ တွေ့ရ သည်။ လေယာဉ်စီး၍ ခရီးသွားခြင်းဖြင့် ရှုခင်းကို  အပေါ်စီးဖြင့် မြင်တွေ့ရသည်။ မြင်ကွင်းကျယ်ကို ကြည့်ရှုရသည်။ မြစိမ်းရောင် လယ်ကွင်းများ၊ အမြဲ စိမ်းသစ်တောကြီးများ၊ ချောင်းများ၊ မြစ်များ၊ ပင်လယ်များ၊ လှေငယ်၊ မော်တော်ငယ်နှင့် ပင်လယ် ကူးသင်္ဘောကြီးများအထိ မြင်ကွင်းကျယ်ဖြင့် ကြည့် ရှုခံစားရသည်။ ကျောင်း၊ ကန်၊ ဘုရားများကို ကောင်းကင်မှနေ၍ ဖူးမြော်ခွင့်ရသဖြင့် တစ်မျိုး သပ္ပာယ်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် လေ ယာဉ်ဖြင့် တစ်ကြိမ်သွားခဲ့ဖူးပြီဆိုလျှင် အကြိမ်ကြိမ် သွားချင်စိတ် ဖြစ်ပေါ်တတ်ပေသည်။

ကျွန်တော်သည် မိုးကောင်းကင်မှနေ၍ မြင် တွေ့ရသော ရှုခင်းများ၊ မြင်ကွင်းကျယ်များကို ကြည့် ရှုရင်း မကြာမီ စစ်တွေမြို့အနီးသို့ ရောက်ရှိလာတော့ သည်။ ဘင်္ဂလားပင်လယ်အော်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်များ၊ ဖရုံကာကျွန်းစုများ၊ ဆံတော်ရှင် ဘုရားနှင့် လေးရှင်းတောင်မီးပြတိုက်တို့ကို တွေ့ရှိ နေရပြီဖြစ်သည်။ စစ်တွေမြို့၏ အလှနှင့် ပတ်ဝန်း ကျင်အလှတို့ကို အနီးကပ် မြင်တွေ့နေရပြီဖြစ်သည်။ ထိုမြင်ကွင်းများကို မြင်လိုက်ရသောအခါ ကျွန်တော် ၏ ဦးနှောက်အတွင်းသို့ တစ်ချိန်က ကျက်မှတ်ရွတ် ဆိုခဲ့ဖူးသော ကဗျာတစ်ပုဒ်သည် ပြန်လည်ဝင်ရောက် လာတော့သည်။ ပြန်လည်၍ အမှတ်ရ၊ သတိရစေ တော့သည်။ ယင်းကဗျာကား မြန်မာစာ ပါမောက္ခ ဟောင်း ဦးဧမောင်၏ ဆောင်းယွန်းစနွေ မြို့စစ်တွေ ဟူသော ကဗျာဖြစ်သည်။

 

ဓညဝတီ၊ ခေါ်သညီဖြင့်

မြေဆီစပါး၊ လျှံပေါများ၍

ကျော်ကြားညာကြေ၊ မြို့စစ်တွေမူ

ကမ်းခြေသာယာ၊ ရီပြာပြာတည့်၊

နီလာချပ်ရုံ၊ တိမ်ဂွမ်းပုံနှင့်

တိမ်မှုန်လဲ့မောင်း၊ ရိပ်ရိပ်ပြောင်း၏

ဆောင်းနှောင်းနွေဦး၊ လေဖြူးဖြူးဝယ်

ကွန့်မြူးလှိုင်းငယ်၊ ဇာတွန့်ခြယ်သည်

ပင်လယ်မြညို့၊ သောင်ယံပို့လျက်

ကျွန်းမို့ရံသန်း၊ အဆန်းဆန်းတည့်၊

စိတ်ဝမ်းကြည်နူး၊ ရှုလေဦးဟု

ထွေထူးဆွဲဆောင်၊ ဖိတ်ခေါ်ယောင်နှင့်

တောင်ငယ်တောင်လတ်၊ ထပ်ထပ်ဖြီးဖြီး

တောင်ကြီးဆိုင်းဆိုင်း၊ အပြိုင်းပြိုင်းလျှင်

မှိုင်းမှိုင်းအုပ်ထွေ၊ မြိုင်တောဝေလျက်

ရစ်ခွေသွယ်သွယ်၊ မြကြိုးနွယ်သို့

ချောင်းငယ်မြစ်စင်း၊ တင့်လှခြင်းဖြင့်

စီးဆင်းသွင်သွင်၊ ရေကြောရှင်၍

ထွက်ဝင်မနား၊ လွန်စည်ကားသည်

ချစ်အားသန်ဖွယ်၊ မြို့ပေကိုဝ်။

မြို့က လှသလောက် ကဗျာကလည်း လှပေ သည်။ မြို့ကပို၍ လှသလော၊ ကဗျာက ပို၍လှသ လော မပြောတတ်နိုင်အောင်ပင်။ ဘယ်သူပြိုင်လို့ လှပါတော့နိုင်ဟူ၍သာ မြို့အလှကိုရော ကဗျာအလှ ကိုပါ ရင်တွင်းတွင် ခံစားရင်း ကြည်နူးနေမိတော့ သည်။ ဘယ်ပန်းချီရေးလို့ မမီသော အလှမျိုးပါ တကား။

မကြာမီ လေယာဉ်သည် စစ်တွေ လေဆိပ် သို့ ဆင်းသက်တော့သည်။ ပစ္စည်းကို ရွေးယူပြီး နောက် ဂျစ်ကားတက္ကစီဖြင့် ပြည်နယ် တရားရုံးသို့ သွားရောက်၍ သတင်းပို့သည်။ တက္ကစီခမှာ ငါးကျပ် သာ ကျပါသည်။ နံနက်စာကို ရမ္မာဝတီထမင်းဆိုင် တွင်စား၍ ညနေစာကိုမူ မိတ်ဆွေတစ်ယောက် အိမ် တွင် စားလိုက်သည်။ ညဘက်တွင် ဧည့်ရိပ်သာတွင် အိပ်လိုက်ရာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့ သည်။

နောက်တစ်နေ့ နံနက်စာကို ရမ္မာဝတီ ထမင်း ဆိုင်တွင်ပင်စားပြီး နေ့လယ် ၂း၃၀ ခန့်တွင် မော် တော်ဘုတ်ဖြင့် တာဝန်ထမ်းဆောင်ရမည့် ပေါက် တောမြို့သို့ ထွက်ခွာခဲ့ရာ ညနေ ၄း၃၀ ခန့်တွင် ပေါက်တောမြို့သို့ ရောက်ရှိတော့သည်။

ဝန်ထမ်းဘဝတွင် အများဆုံး ကြုံတွေ့ရတတ် သော အခက်အခဲတစ်ခုမှာ နေအိမ်ပြဿနာပင်ဖြစ် သည်။ ဌာနဆိုင်ရာ အိမ်ရှိသော မြို့ကို ပြောင်းရွှေ့ ရလျှင်ကား ကံကောင်းပေစွ၊ ဌာနဆိုင်ရာ အိမ်မရှိ သော မြို့ကို ပြောင်းရွှေ့ရသောအခါ နေရေးထိုင် ရေးအတွက် နေအိမ်ပြဿနာသည် ရှေးဦးစွာ ကြုံ တွေ့ရသော ပြဿနာပင်ဖြစ်တော့သည်။

ပေါက်တောမြို့လေးမှာ မြို့ဟုဆိုသော်လည်း ထိုအချိန်က အိမ်ခြေ ၁၀ဝ၀ မျှသာ ရှိသော တော မြို့လေး ဖြစ်ပေသည်။ ကတ္တရာလမ်း လုံးဝမရှိသေး ချေ။ ငှားနေရန် အိမ်အခက်အခဲ တွေ့ရပေသည်။ တကယ်တော့ အိမ်ငှား၍ နေရမည်ဆိုလျှင်ပင် ကျွန်တော့်အဖို့ ငှားရမ်းခပေးရန် အခက်အခဲတွေ့ရ နေရပေသည်။ ထိုစဉ်က ကျွန်တော်၏ လခမှာ ၃၆၀ ကျပ်မျှသာရှိ၍ ရန်ကုန်က မိသားစု စားဝတ်နေ ရေးအတွက် ၂၄၀ ကျပ် ပို့ပေးရမည်ဖြစ်သည်။ ကျွန်တော့်စားဝတ်နေရေးအတွက် ၁၂၀ ကျပ်မျှသာ ကျန်တော့မည်ဖြစ်ရာ အိမ်တစ်အိမ်ကို ငှားရမ်းရန် မလွယ်ကူပေ။

ကံအားလျော်စွာ ရဲစခန်းမှူးက ရဲစခန်းဝင်း အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ အသုံးမပြုသော အစွန်အ ဖျားတွင်ရှိသည့် အိမ်အိုအိမ်ပျက်တစ်အိမ်အား နေ ထိုင်ရန် ခွင့်ပြုလိုက်လေသည်။ ၄င်းအား ကျေးဇူး များစွာ တင်ရတော့သည်။ သို့ရာတွင် ကျွန်တော် နေရသော အိမ်အခြေအနေကို ကြည့်ပါ။ အိမ်မှာ ပေ ၃၀ _၂၅ ခန့်ရှိ၍ ကျယ်ဝန်းသော အိမ်တစ်အိမ် ဖြစ်သည်။ အခန်းသုံးခန်းဖွဲ့ထား၍ သွပ်မိုး၊ ဝါးထရံ ကာ ဖြစ်သည်။ ဝါးထရံကာ အိမ်ဟောင်းဖြစ်၍ တစ်အိမ်လုံးမှာ အပေါက်များနှင့် အပြဲများဖြစ်ကြ သည်။ အိမ်တံခါးပိတ်ထားသော်လည်း အိမ်ထဲတွင် လူဘယ်နှစ်ယောက်ရှိသည်၊ အိပ်နေသည်၊ ထိုင်နေ သည်၊ မတ်တပ်ရပ်နေသည်ကို ဖြတ်သွားဖြတ်လာ ရင်း ချောင်းမကြည့်ဘဲ သိနိုင်သော အနေအထား တွင်ရှိသည်။ ကျွန်တော်သည် ခေါင်းရင်းခန်းလည်း မလုံခြုံ၊ ခြေရင်းလည်း အပေါက်အပြဲများ ပြည့်နှက် နေသဖြင့် အပေါက်အပြဲ အနည်းဆုံးဖြစ်သည့် အလယ်ခန်းတွင် အိပ်ရန်နေရာကို ရွေးချယ်လိုက် သည်။ ကျွန်တော်၏ နေအိမ်ကို လွန်သွားလျှင်ကား ဘုန်းကြီးကျောင်း၊ သင်္ချိုင်းကုန်းနှင့် ဓာတ်တောင် ခေါ် ထုံးဖြူဖွေးဖွေး စေတီလေးရှိသည့် တောင်တစ် တောင်သာ ရှိတော့သည်။

ကျွန်တော်ဟူသော အရာရှိငယ် တစ် ယောက်၏ အိမ်ကား အပေါက်အပြဲနှင့် ပြည့်နှက် နေသကဲ့သို့ ကျွန်တော်၏ အိပ်ခန်းသည်လည်း ကောင်း၊ အိပ်ရာနေရာသည်လည်းကောင်း ကြီး ကျယ်လှသည် မဟုတ်ပါ။ ရှုလော့ …ခေါင်းရင်း ထရံနှင့် ကပ်လျက် သံသေတ္တာလေးတစ်လုံးကို ချ ထားလိုက်သည်။ အဝတ်အစားထည့်သည့် သံ သေတ္တာလည်း ဖြစ်သည်။ ထရံပေါ်တွင်ကား စက္ကူ ဘုရားကား တစ်ချပ်ကို ချိတ်ဆွဲထားလိုက်သည်။ သံသေတ္တာ၏ ရှေ့ကြမ်းပြင်တွင် သဘော့ဖျာ တစ်ချပ်ကို ခင်းလိုက်သည်။ ယင်းသဘော့ဖျာပေါ် တွင် ဂရောင်းရှိ(Ground sheet)ခေါ် စစ်သုံးအိပ် ရာခင်းကို ခင်းလိုက်သည်။ ယင်းစစ်သုံး အိပ်ရာခင်း ပေါ်တွင် စက်မှု(၁)မှ ထုတ်သည့် ပြည်တွင်းဖြစ် နေကြာတံဆိပ် ဂွမ်းစောင်တစ်ထည်ကို ခင်းလိုက် သည်။ ထို့နောက် ခေါင်းအုံးတစ်လုံးနှင့် နေကြာတံ ဆိပ် ခြုံစောင်တစ်ထည်၊ ခြင်ထောင်တစ်ခု။ ဤ သည်တို့မှာ ကျွန်တော်ဟူသော တရားရေးဝန်ထမ်း အဆင့်လေး တစ်ယောက်၏ အိပ်ရာ အခင်းအကျင်း ပိုင်ဆိုင်မှု အစုစုတို့ပင်ဖြစ်သည်။

ကျွန်တော်နေသော အိမ်အိုကြီးမှာ သုံးခန်း တွဲ အိမ်အိုအိမ်ပျက်ကြီးဖြစ်သော်လည်း နေထိုင်သူ  မှာ ကျွန်တော် တစ်ယောက်တည်း ဖြစ်သည်။ လျှပ်စစ်မီးမရှိ၊ မှန်မီးအိမ်ထွန်း၍ နေထိုင်ရသည်။ ရေနံဆီမရှိသောအခါ ဖယောင်းတိုင်ကို အားကိုးရ သည်။ ကျွန်တော်နေသော အိမ်ခန်းအား အကြိုက် တွေ့နေသော သူတို့ကား လင်းနို့များပင်။ အမှောင်ကို အားပြု၍ တွဲလောင်းဆွဲ၍နေနေကြသည်။ ကျွန်တော့် ကို မကြောက်သည့်အပြင် ကျွန်တော်ထိုင်နေလျှင်၊ မတ်တပ်ရပ်နေလျှင် ကျွန်တော့်ဦးခေါင်းကိုပင် ゞင်း တို့၏အတောင်များဖြင့် ရိုက်ခတ်၍ ဟိုဟိုသည်သည် ပျံသန်းနေတတ်ကြသည်။ သူတို့ကိုယ်မှ သန်းများ ကျွန်တော့်ထံသို့ ရောက်၊ မရောက် မတွေးတောနိုင် တော့ပေ။ ကျွန်တော်နေသော အိမ်အိုကြီးမှာ အုတ် ဖိနပ်တိုင်များ စိုက်ထားသော ခြေတံရှည်အိမ်ပျက် ကြီး ဖြစ်သည်။ ထို့ကြောင့် ကြမ်းပြင်အောက်တွင် အမြဲတမ်း ရေဝပ်လျက်ရှိသည်။ ဖားများ၊ြွေမများ၊ ကင်းမလက်မည်းကြီးများကလည်း အိမ်အောက်တွင် ပင် ပျော်မွေ့နေကြသည်။

တစ်ကြိမ်တွင်မူ ကျွန်တော်သည် မီးမွှေးရန် အတွက် အိမ်ပေါ်ရှိ ထင်းပုံမှ ထင်းချောင်းများကို ဆွဲလိုက်ရာ ထင်းပုံထဲတွင် မြွေကြီးတစ်ကောင် ဝင် ခွေနေသည်ကို ကြုံတွေ့ခဲ့ရသည်။ မြွေက အကောင် ကြီးသဖြင့် ကျွန်တော်က မြွေကိုကြောက်၊ မြွေကလည်း ကျွန်တော့်ကိုကြောက်ဖြင့် စောစောစီးစီး တစ်ယောက်တည်း ချွေးပြန်ခဲ့ရသည်။

ကျွန်တော့်အား ဒုက္ခပေးသော အခြား သတ္တဝါများမှာ ကင်းမလက်မည်းများဖြစ်ကြသည်။ ဘုန်းမောင့်တစ်ယောက်တည်းရယ် ဖြစ်နေသော ဘဝတွင် ကျွန်တော်သည် ညဘက်တွင် တစ်ဦး တည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ရတော့သည်။ အိပ် ပျော်၍ ကောင်းသည့် အချိန်ရောက်သည်နှင့် ကျွန်တော်၏ ခြေဖမိုးများကိုသော်လည်းကောင်း၊ ခြေသလုံးများကိုသော်လည်းကောင်း ကင်းမ လက်မည်းကြီးများ ခဲထားတော့သည်။ နံနက် မိုးလင်း သောအခါ ကျွန်တော့် ခြေသလုံးများ၊ ခြေဖမိုး များသည် လမ်းမလျှောက်နိုင်အောင် ဖူးရောင်လျက် ရှိတော့သည်။ တစ်ကြိမ်တွင်မူ ကင်းမလက်မည်း ကြီးတစ်ကောင်သည် ကျွန်တော်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် ကျွန်တော်၏ ဦးခေါင်းကိုပင် လာ၍ ခဲထားတော့သည်။ အိပ်ပျော်ရာမှ လန့်နိုးလာသော ကျွန်တော်သည် ယင်း ကင်းမလက်မည်းကို ပြန်၍ ဖိသတ်ရန် မလှုပ်မယှက် အကိုက်ခံလိုက်သည်။ ထို့ နောက် ဖျတ်ခနဲထ၍ ဦးခေါင်းနှင့် ခေါင်းအုံးကြားတွင် ရှိနေသော ကင်းမလက်မည်းကြီးကို ဖိ၍သတ်ရန် ခေါင်းအုံးဖြင့်ပင် ဖိထားလိုက်သည်။ သေပြီအထင်နှင့် ခေါင်းအုံးကို မလိုက်သောအခါတွင်ကား ကင်းမ လက်မည်းကြီးသည် မရှိတော့ပေ။ ကျွန်တော် ဖျတ်ခနဲ အထတွင် ၄င်းသည် ထွက်ပြေးလွတ်မြောက်သွားပြီး ဖြစ်လေသည်။ ကျွန်တော်၏ ဦးခေါင်းတွင် နာကျင် ကိုက်ခဲသော ကင်းမလက်မည်းအား အနိုင် မယူ လိုက်ရသဖြင့် အခံရခက်လိုက်သည် ဖြစ်ခြင်း၊ ကျွန် တော့် အနီးအနားတွင်ကား ကျွန်တော်၏ ကင်းကိုက် ခံရသော ဖူးရောင်နေသည့် အနာကို ပြုစုရန်မဆို ထားဘိ ညည်းညူပြောဆိုရန် အဖော် တစ်ယောက် ပင် မရှိသော ဘဝဖြစ်ပေသည်။

ကျွန်တော်ကား ရပ်ကျပ်ပန်းနာ ရောဂါရှိ သော ဝန်ထမ်းတစ်ဦးဖြစ်သည်။ မိုးရာသီအချိန်များ ၌ တစ်နာရီလျှင် မိုင် ၄၀ နှုန်း ပုံမှန်တိုက်လေ့ရှိသော ရခိုင်မိုး ရခိုင်လေ၊ အိမ်အောက်တွင် ရေအမြဲဝပ်နေ သော အိမ်အိုအိမ်ပျက်ကြီးနှင့် ရင်ကျပ်ရောဂါစွဲနေ သည့် ကျွန်တော်၏ ဘဝကား အလွန်မသင့်တော် သော ဓမ္မာသောက အခြေအနေပင်ဖြစ်တော့သည်။  VENTOLIN ကဲ့သို့သော နိုင်ငံခြားရှူဆေးကို မဝယ် နိုင်သဖြင့် မြန်မာနိုင်ငံမှ ထုတ်သည့် အမိုင်နိုဆေးပြား ကိုသာ အဖော်ပြုရတော့သည်။

ညသန်းခေါင်ယံ၌ ရင်ကျပ်ပန်းနာထသော အခါ အမိုင်နိုဆေးပြားကို သောက်ပြီး ရေနွေးတစ် အိုးကို ကိုယ်တိုင်ကျိုရတော့သည်။ လျှပ်စစ်မီးဖိုမ ရှိ။ ရေနံဆီမီးဖိုမရှိပေ။ ကျွန်တော်၏ အားကိုးရာမှာ ကပိုင်းသား(မဒမသား) ထင်းဖြင့် ဆိုက်ရသည့် ထင်း မီးဖိုပင်ဖြစ်တော့သည်။

ညသန်းခေါင်ကျော်တွင် အခြားသော အိမ် များ၌ မိသားစုများ နှစ်နှစ်ခြိုက် ခြိုက် အိပ်ပျော် နေသည့် အချိန်တွင် မြို့စွန်ရှိ အိမ်အို အိမ်ပျက်ကြီး၌ ဘုန်းမောင့်တစ်ယောက်တည်း ပန်းနာရင်ကျပ်ရောဂါ ထနေသော ကျွန်တော့်ဘဝ။

ကျွန်တော်သည် ပြင်ပတွင် ထစ်ချုန်းပြီး သဲသဲမဲမဲ ရွာသွန်းနေသော မိုးနှင့်အပြိုင် ချောင်းကို တဟွပ်ဟွပ်ဆိုး၊ တံတွေးကို တပျစ်ပျစ်ထွေးရင်း ရေနွေးအိုးကို မဆူဆူအောင် ကျိုနေရတော့သည်။ ကပိုင်သား ထင်းချောင်းလေးများကို မီးတောက် အောင် ကြိုးစားနေရတော့သည်။

ပန်းနာရင်ကျပ်ဝေဒနာကို ကိုယ်တိုင်ခံစားဖူး သူများ သိကြပေမည်။ ရင်ကျပ်ရောဂါထ၍ တံတွေး များတပျစ်ပျစ် ထွေးပြီးသည်နှင့် ကျွန်တော်သည် ထိုင်ရာမှ မထချင်တော့။ သပေါ့ဖျာလေးခင်းထား သည့် အိပ်ရာသို့ပင် မသွားချင်တော့။ ကြမ်းပြင် ပေါ်သို့ ပစ်လှဲချပြီး သေချင်လဲ သေပစေတော့ဟူ၍ စိတ်လျှော့ကာ သေသာ သေလိုက်ချင်တော့သည်။ ထိုအချိန်တွင် ရေနွေးကား ဆူလေပြီ။ ဆူသော ရေနွေးကို လက်ဖက်ခြောက်ခပ်၍ နှစ်ခွက် သုံးခွက် သောက်ပြီးနောက် ထိုင်ရာမှ အားယူ၍ထကာ မိမိ အိပ်ရာဆီသွားပြီး ဖြေလျော့ခွေကာ ပြန်၍ အိပ်ရ လေတော့သည်။

နံနက်လင်းသောအခါ ကျွန်တော်၏ ဘေး တွင်ရှိသော အခန်းတံခါးကို ဖွင့်လိုက်သည်။ နံနက် ခင်း၏ အလင်းရောင်နှင့်အတူ ဝင်လာသော လေ ပြေလေညင်းလေးကို ရှူရှိုက်လိုက်လေသည်။ မနီး မဝေးတွင် ကျွဲကူးမြစ်ကို မြင်နေရသည်။ ဟိုအဝေး တွင်တော့ ရခိုင်ရိုးမတောင်တန်းကြီး။

တောင်တန်းကြီး၏ ဟိုတစ်ဖက်ရှိ ရန်ကုန်မြို့ တစ်နေရာတွင်တော့ ကျွန်တော့်ဇနီးနှင့် သားသမီး တစ်တွေ ရှိနေကြသည်။ မုန့်ဖိုးလေး၊ တစ်မတ်၊ ငါးမူး၊ ကျောင်းဝတ်စုံလေး၊ အဖြူ၊ အစိမ်းရောင်တို့  ဖြင့် ကျောင်းကိုသွားရန် ပြင်ဆင်နေကြပေတော့ မည်။ ကျွန်တော့် ဇနီးသည်သည်လည်း ဝန်ထမ်း တစ်ဦး၏ဇနီးသည်ပီပီ ကလေးငယ်များအား ကျောင်း သွားကြရန် ပညာတတ်အောင် ကြိုးစား၍ သင်ကြရန် တိုက်တွန်းလျက်ရှိနေချေမည်။ တူနှစ်ကိုယ် တဲအို ပျက်မှာ နေရနေရ ရွှေဘုံပေါ်မှာ စံရစံရ၊ ချစ်တာ ချစ်တာ ပဓာနဟု ဆိုသည် မဟုတ်ပါလား။ ယခု တော့ ကျွန်တော်တို့ နှစ်ယောက်ကြီး၏ ဘဝကား တဲအိုပျက်မှာပင် အတူနေခွင့်မရသော ဘဝပါတကား။

ကျွန်တော်သည် ဟိုးအဝေးတွင် မြင်နေရ သော ရိုးမတောင်တန်းကြီးကို လှမ်းမျှော်ကြည့်နေ ရင်း သည်တွင် ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီ ရွှေနန်း၊ မျှော်တန်းတော့မည်၊ စိတ်ကရည်သည်၊ ရွှေပြည်ဌာန ဝေးသောကြောင့်ဟူသော လက်ဝဲ သုန္ဒရ အမတ်ကြီး၏ မဲဇာတောင်ခြေရတုကိုသာ ညည်းတွားရွတ်ဆိုနေတော့သတည်း။

 

မောင်ဥာဏ်စိန်

Comments

comments

Post Author: manawmaya