ကုသိနာရုံ အင်ကြင်းစုံ၌

နေရာကား ကုသိနာရုံပြည်၊ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်အတွင်း၌ ဖြစ်၍ အချိန်ကား မဟာ သက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပေသည်။ သက်တော်အားဖြင့် ၈၀ ဝါတော်အားဖြင့် ၄၅ ဝါ အရဝယ် နံနက် အရုဏ်တက်လုနီးနီးအချိန်၌ ဂေါ တမမြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ဝင်စံတော်မူလေ သည်။

ပရိနိဗ္ဗာန်ပြုခါနီးဆဲဆဲ စုဝေးရောက်ရှိလာကြ သောရဟန်းတော်တို့အား နောက်ဆုံးသော အမှာ စကားမှာ အောက်ပါအတိုင်းဖြစ်ပေသည်။

“ဟန္ဒဒါနိ ဘိက္ခဝေ

အာမန္တယာမိဝေါ

ဝယဓမ္မာ သင်္ခါရာ

အပ္ပမာဒေန

သမ္ပာဒေထ”

“ရဟန်းတို့ သင်တို့အား ငါသည် ယခုအခါ နောင်ဆုံးမှာစကား မှာကြားတော်မူပေအံ့။ ခန္ဓာငါးပါး   သင်္ခါရတရား မှန်သမျှတို့သည် ကုန်ပျောက်ပြုန်းတီး ပျက်စီးခြင်း၌ လမ်းဆုံးကုန်၏။ မမေ့မလျော့ မပေါ့ မဆ သတိတရားဖြင့် ကုသိုလ်လုပ်ငန်းကို ကြိုးပမ်း ပြည့်စုံကြစေကုန်လော့”

နောက်ဆုံး အချိန်ရောက်ပြီဖြစ်၍ ပရိနိဗ္ဗာန် စံခါနီးဝယ် လေးဆယ့်ငါးဝါလုံးလုံး ဆုံးမတော်မူအပ် သော တရားတော်များ ဩဝါဒတော်များကို မမေ့ မလျော့ သတိတရား ထားရှိကြပါရန် မှာကြားခဲ့ခြင်း ဖြစ်ပေသည်။

ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်ကို ဆန့်ကျင် တုပြိုင်ရင်ဆိုင်လာသမျှ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ တို့ကို မေတ္တာဓာတ်၊ ထက်မြက်သော Óာဏ်တော် မြတ်ဖြင့် အမြဲတမ်း အောင်မြင်တော်မူခဲ့သည်။

သို့ရာတွင် ဘုရားရှင်၊ အရှုံးပေးရသည့်ရန် သုံးပါးကား ရှိခဲ့သည်။ ၄င်းတို့မှာ အိုဘေး၊ နာဘေး၊ သေဘေးဟူကြသာ ဘေးရန်ကြီး သုံးပါးဖြစ်သည်။ ဤဘေးရန်ကြီး သုံးပါးတို့ကား အရှုံးပေးခဲ့ရချေသည်။

ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်နှင့် သံဝေဂ ပွား သူလေးဦးရှိခဲ့သည်။ ၄င်းတို့မှာ သဟမ္ပတိဗြဟ္မာ၊ သိကြားမင်း၊ အရှင်အာနန္ဒာနှင့် အရှင်အနုရုဒ္ဓါတို့ ဖြစ်ကြပေသည်။

သဟမ္ပတိဗြဟ္မာ၏ သံဝေဂပွားပုံမှာ အောက်ပါ အတိုင်းဖြစ်ပေသည်။

“ဤလောက၌ ပြိုင်ဘက်ရည်ထူး ရှိတော်မမူ သော ရှေးရှေးသော ဘုရားရှင်တို့နည်းတူ၊ လာခြင်း ကောင်းတော်မူထသော အားတော်ဆယ်တန်နှင့် ပြည့်စုံတော်မူထသောြွကင်းမဲ့ဥဿုံ၊ အလုံးစုံကို အကုန်အစင် သိမြင်တော်မူထသော နတ်လူတို့၏ ဆရာသခင်”

“ဤကဲ့သို့ ဂုဏ်ပေါင်းစုံသော ဘုရားရှင်လည်း ပရိနိဗ္ဗာန်ဝင်စံရချေပြီ”

ထို့ကြောင့် လောက၌ ဖြစ်ပွားသော သာမည သတ္တဝါအားလုံးတို့သည်ကား ခန္ဓာငါးခု၊ ပေါင်းစုဖွဲ့ ဆို၊ ခန္ဓာကိုယ်ကို အဘယ်မှာ မစွန့်ပစ်ရဘဲ ရှိချေတုံ အံ့နည်း။ အားလုံးကိုစွန့်ပစ်ကြရမည်ကုန်သာတည်း။

ထို့နောက် သိကြားမင်းကလည်း အောက်ပါ အတိုင်း သံဝေဂပြုတော်မူခဲ့သည်။

“ခန္ဓာငါးပါး သင်္ခါရတရားတို့သည် မြဲမြံခိုင်ခံ့၊ အရှည်ကြံ့၍ တည်တံ့ခြင်းသဘော၊ မရှိလေစွတ ကား ဖြစ်ပျက်သဘောရှိကုန်၏။ အကြောင်း ကိုစွဲ  ရုတ်ခနဲ ဖြစ်ပေါ်ပြီးနောက် ချုပ်ပျောက် ကုန်ဆုံးသွားကြကုန်၏။ ဖြစ်ပျက်မကင်း၊ ထိုသင်္ခါ ရတစ်သင်းတို့၏ ငြိမ်းအေးရာ မဟာအသင်္ခတဓာတ် နိဗ္ဗာန် တရားမြတ်သည်သာ အပူဓာတ်မနှော ချမ်း သာသော သဘောအစစ်ပါပေတည်း”

ထို့နောက် ဘုရားရှင်ပရိ နိဗ္ဗာန် စံပြီးချိန်၌ပင် အရှင် အာ နန္ဒာသည် အောက်ပါအတိုင်း သံဝေဂပြု တော်မူခဲ့သည်။

“အခြင်းအရာဥဿုံဂုဏ်ပေါင်းစုံ နှင့် ပြည့်စုံ တော်မူသောဘုရားရှင်သည် ပရိနိဗ္ဗာန် ဝင်စံတော်မူသောကြောင့် ထိုအခိုက်ဝယ် ကြောက် မက်ဖွယ် အနေ၊ မြေတုန်လှုပ်ခြင်း၊ ဖြစ်လေပြီတ ကား၊ ကြက်သီးမွေးညင်းထဖွယ်အနေ မြေတုန်လှုပ် ခြင်း ဖြစ်လေပြီတကား”

ထိုအချိန်၌ပင် အရှင်အာနုရုဒ္ဓါသည်လည်း အောက်ပါအတိုင်း သံဝေဂပြုတော်မူခဲ့သည်။

“တည်တံ့ခိုင်မြဲသော စိတ်ရှိတော်မူသော လာဘ်လာဘ စသည် ရှစ်တန် လောကဓံကြောင့် ဖောက်ပြန်မရှိ တာဒိဝုဏ်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ ထွက်သက်ဝင်သက်သည် မဖြစ်တော့ ပြီ။ တဏှာကင်းပြတ်၍ ငါးရပ်သော စက္ခုနှင့် ပြည့်စုံ တော်မူသော ဘုရားရှင်သည် အပူခပ်သိမ်းကင်းငြိမ်း ရာမှန်၊ မြတ်နိဗ္ဗာန်ကို ဥာဏ်တော်ဖြင့် ရှေးရှုအာရုံ ပြုသည့် နိဗ္ဗာန်အငြိမ်းဓာတ်၌ ကိန်းဝပ်ဝင်စံတော် မူလေပြီတကား”

“ဘုရားရှင်သည် မတွန့်ဆုတ်သော စိတ်တော် ဖြင့် ကိုယ်၌ဖြစ်သော ဆင်းရဲဝေဒနာဒဏ်ကို သည်း ခံတော်မူပြီ၊ တောက်မီးလျှံငြိမ်းပျောက်ဟန်ကဲ့သို့ အဆီးအတားမရှိ၊ အပြီးငြိမ်းပျောက် စိတ်၏ လွတ်မြောက်တော်မူခြင်း ဖြစ်လေပြီ”

ဗုဒ္ဓမြတ်စွာ စံလွန်တော်မူသောအခါ စကြဝဠာ ကမ္ဘာတစ်သောင်း ပဲ့တင်ဟီး၍ ကြီးကျယ်စွာ တုန်လှုပ်လေ၏။ အနာဂါမ်၊ ရဟန္တာမဖြစ်သေးသော နတ်များနှင့် ရဟန်းသံဃာတော်တို့သည် ပြင်းထန်စွာ ငိုကြွေးကြကုန်သည်။ အနာဂါမ်ရဟန္တာဖြစ် ပြီးသော ပုဂ္ဂိုလ်တို့သည်ကား ဖြစ်လာသမျှ ပျက်ရသည် ချည်းပဲဟု စိတ်ထဲ၌ တွေးတောကာ ရုပ်၊ နာမ်ခန္ဓာ အပေါ်၌ ထိတ်လန့်တတ်သော သံဝေဂဥာဏ်ဖြင့် ဝမ်းနည်းမှု၊ ငိြုွေကးမှုမဖြစ်ဘဲ ဖြေသိမ့်နိုင်ကြပေသည်။

ပရိနိဗ္ဗာန်စံတော်မူခန်းကို ရည်စူးပြီး ကျေးဇူး ရှင်လယ်တီ ဆရာတော်ဘုရားကြီးသည် အောက်ပါ အတိုင်း စပ်ဆိုတော်မူခဲ့ပေသည်။

“တရားနတ်စည်၊ ဆော်ရွမ်းလည်က

သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်

ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊

သတ္တဝါကို

ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်

ဆောင်ပို့ပြီးကာ

ဝါးလေးဆယ့်ငါး သက်ကားရှစ်ဆယ်

စုံပြည့်ကြွယ်က

ရာ့လေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်

နတ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်

ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌

ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်

ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်

ဝှမ်းဆူသောင်းလုံး ကျော်တယ်ကိုး”

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ခါနီး နောက်ဆုံး အချိန်၌ စုဝေးရောက်ရှိလာကြသော ရဟန်းတို့အား မိန့်မှာခဲ့သော တရားတော်နှင့် ဘုရားရှင် ပရိနိဗ္ဗာန် စံသည်နှင့် ချက်ချင်းရွတ်ဆိုကြသည့် သဟမ္ပတိ ဗြဟ္မာ၊ သိကြားမင်း၊ အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္ဓါ တို့၏ သံဝေဂပွားပုံတို့ကို ကြည်ညိုပွားများနိုင်ကြရန် ရေးသားတင်ပြလိုက်ရပေသည်။

မောင်ဥာဏ်စိန်

Comments

comments

Post Author: manawmaya