လုပ်ငန်းတွေ ပျက်နေသလား၊ မုန့်လုံးရေပေါ်လှူပါလား

သင်သည် အလုပ်ကိုကြိုးစား၍ လုပ်ကိုင်၏။ သို့ရာတွင် သင်၏အလုပ်သည် အောင်မြင်မှုမရှိဘဲ ဆုံးရှုံးမှုများနှင့်ကြုံတွေ့နေရ၏။ သင်၏စီးပွားရေးလုပ်ငန်းသည် ဦးမော့မလာဘဲ နစ်မြှုပ်နေ၏။ အလွယ်ပြောရပါမူ သင်သည် လှော်ရင်းနစ်နေ၏။

ထိုအခါမျိုးတွင် သင်၏အသတ်ကို ၄ ဖြင့်မြှောက်ပါ။ ရသောအရေအတွက်ကို မုန့်လုံးရေပေါ်လုပ်ပါ။ ထိုအထဲမှ မုန့်လုံးရေပေါ် ၁၀ လုံးကို နံနက် ၁၀ နာရီတိတိတွင် အိမ်၏ဘုရားတွင်လှူပါ။

သင်၏အသက်ကို ခုနစ်ဖြင့်စားပါ။

  • တစ်ကြွင်းလျှင် တနင်္ဂနွေနေ့တွင် ပြုလုပ်ပါ။
  • နှစ်ကြွင်းလျှင် တနင်္လာနေ့တွင် ပြုလုပ်ပါ။
  • သုံးကြွင်းလျှင် အင်္ဂါနေ့တွင် ပြုလုပ်ပါ။
  • လေးကြွင်းလျှင် ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ပါ။
  • ငါးကြွင်းလျှင် ကြာသပတေးနေ့တွင် ပြုလုပ်ပါ။
  • ခြောက်ကြွင်းလျှင် သောကြာနေ့တွင် ပြုလုပ်ပါ။
  • အကြွင်းမရှိဘဲ ပြတ်သွားလျှင် စနေနေ့တွင် ပြုလုပ်ပါ။

၁၀ လုံးတိတိကို မြတ်စွာဘုရားအား ကပ်လှူပြီးလျှင် ပိုသောမုန့်လုံးများကို အိမ်နီးနားချင်းများအား ဝေလိုက်ပါ။ ဤယတြာမှာ ကုန်းဘောင်ခေတ်တွင် အသုံးပြုခဲ့သော ရှေးယတြာဖြစ်ပါသည်။ ထိုယတြာလုပ်ပြီးသည်နှင့် နစ်မြှုပ်နေသော သင်၏စီးပွားရေးလုပ်ငန်းသည် ဦးမော့လာပေလိမ့်မည်။

ဥပမာ – သင်သည် အသက် ၄၀ ရှိသည်ဆိုပါစို့ ၄ နှင့် မြှောက်လိုက်လျှင် ၁၆၀ ရမည်။ မုန့်လုံးရေပေါ် ၁၆၀ လုပ်ရမည်။

ထိုအနက်မှ ၁၀ လုံးကို မြတ်စွာဘုရားအား ကပ်လှူရမည်။ ပိုသော ၁၅၀ ကို အိမ်နီးချင်းအားဝေရမည်။

အသက် ၄၀ ကို ခုနစ်ဖြင့် စားလျှင် ၅ ကြွင်းသည်။

ထို့ကြောင့် ထိုယတြာကို ကြာသပတေးနေ့၊ နံနက် ၁၀ နာရီတွင် ပြုလုပ်ရမည်။

မည်သူမဆို ထိုယတြာ ကို ပြုလုပ်သောအခါ နံနက် ၁၀ နာရီတိတိတွင် ပြုလုပ်ရမည်။ အလွန်ထူးခြားသော ယတြာဖြစ်သည်။ စီးပွားရေး လှော်ရင်း နစ်နေသူများ ပြုလုပ်သင့်သည်။

သဗ္ဗေသတ္တာ ကမ္မဿကာ

မင်းသိင်္ခ

Comments

comments

Post Author: manawmaya