ကျွန်ုပ်တွေ့ဆုံဖူးသော ရုက္ခစိုးနတ်များ ရုက္ခစိုးနတ်နှင့်ပြိတ္တာကြီး

စာရေးသူသည် ၂၀၁၂ ခုနှစ်ခန့်မှစတင်ပြီး မှော်ဘီမြို့ အာသောကကျောင်းတိုက် မြေဇင်းတောရ တရားစခန်းတွင် မိမိအနေနှင့် ပထမဆုံးအကြိမ် မောင်းထောင်မြေဇင်း ဆရာတော်ဘုရားကြီး၏ ဩ ဝါဒပေးထားခဲ့သော တရားကျင့်စဉ်များအတိုင်း ကျင့် ကြံအားထုတ်နေသောအချိန်ကာလ ဖြစ်ပါသည်။ ထို အချိန်က စာရေးသူအနေနှင့် မြေဇင်းတရားနှင့် ပတ် သက်ပြီး အတွေ့အကြုံမရှိသေးပါ။ အစိမ်းသက် သက်သာ ဖြစ်ပါသည်။ ထို့ပြင် ယောဂီများနေသော အဆောင်များမှာလည်း ဝါးထရံကာထားသော တစ် ယောက်နေ သစ်သားဆောင်ကလေးများဖြစ်ကာ အဆောင်ကလေးများ တန်းစီပြီး ဆောက်လုပ်ထားပါ သည်။ နောက်ပိုင်းတွင်တော့အလှူရှင်များ၏ကောင်း မှုကြောင့် လေးခန်းတွဲ၊ ငါးခန်းတွဲ တိုက်ဆောင်က လေးများ ဖြစ်လာကြပါသည်။ အမျိုး သမီးဆောင်များ သည်လည်း ယခင်အခါက ဤကဲ့သို့ပင် ထရံကာ သစ်သားဆောင်ကလေးများ ဖြစ်ပါသည်။

 

စာရေးသူနှင့်ကပ်လျက် အဆောင်ကလေး တွင် ကရင်အမျိုးသား ယောဂီတစ်ယောက်ရှိပြီး သူ သည်လည်း တရားကျင့်ကြံပွားများနေသူ ဖြစ်ပါ သည်။ ထိုတရားစခန်းဝင် ယောဂီများသည် နံနက် ၄ နာရီတွင် အိပ်ရာမှထကြရပြီး ည ၉ နာရီတွင် အိပ်ကြရပါသည်။ စာရေးသူတို့ ယောဂီများ တရား စခန်းဝင်ပြီး နှစ်ပတ်ခန့်အကြာတွင် ထူးခြားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါသည်။ တစ်ရက်သော ညသန်းခေါင်အချိန်တွင် ကရင်ယောဂီကြီး အဆောင် ထဲမှ စူးစူးဝါးဝါး အသံများ၊ ဝုန်းဒိုင်း၊ ဝုန်းဒိုင်းအသံများ ဆူညံစွာကြားနေရပြီး စာရေးသူတို့လည်း လန့်နိုး ကြရပါသည်။ စာရေးသူလည်း ဘာဖြစ်တာပါလိမ့် ဟူသော အတွေးဖြင့် အဆောင်အပြင်ဘက် ထွက် လာပြီး ကရင်ကြီးနေသော ယောဂီဆောင်ဘက်ကို လှမ်းကြည့်ရာ ယောဂီကြီး ထိုင်နေသည်ကို တွေ့ရ သဖြင့် သူထံသို့သွားရောက်ပြီး အကျိုးအကြောင်း မေးမြန်းပါသည်။ ယောဂီကြီးမှာ မောပန်းနေသည့်ပုံ ပေါက်နေပြီး အခြားယောဂီများလည်း စုရုံးရောက် ရှိလာပြီး အခြေအနေကို သိချင်နေကြပါသည်။

ယောဂီကြီးသည် ခေတ္တအမောဖြေပြီးနောက် ရှင်းပြသည်မှာ သူသည်ညဦးပိုင်း တရားထိုင်ပြီး နောက် အိပ်ရာပေါ်တွင် တုံးလုံးလှဲလျောင်းပြီး အနား ယူနေစဉ် အိပ်မပျော်တပျော် ဖြစ်နေကြောင်း၊ တဲ၏ တံခါးမှာလည်း ဖွင့်ထားကြောင်း၊ ထိုအချိန်တွင် ဂင်တိုတို ဗလကောင်းကောင်း လူလိုလို သရဲလိုလို တစ်ယောက်ဝင်လာပြီး မိမိအပေါ်ခွစီးကာ မိမိကို ချုပ်ထားရန် ကြိုးစားကြောင်း၊ မိမိအနေနှင့်လည်း ကြောက်တက်သူမဟုတ်သဖြင့် ထိုသူကို လက်သီး ဖြင့် ပြန်လည် ထိုးသတ်ခြင်း၊ ရုန်းကန်ခြင်း၊ ခြေ ထောက်ဖြင့် ကန်ကြောက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ရှင်းပြပါသည်။ ထို့နောက် အချိန် အနည်းငယ်ကြာ သောအခါ အပြင်မှ အသံတစ်ခုကြားရပြီး အဆိုပါ သရဲမှာ ပြန်လည်ပြေးထွက်သွားသည်ဟု ဆိုပါသည်။ ထို့နောက် ယောဂီအဆောင်အပြင်ဘက်သို့ ထွက် ကြည့်ရာ ဝတ်ဖြူစင်ကြယ်ဖြင့် ပုဂ္ဂိုလ်တစ်ဦးကို မတ်တပ်ရပ်လျက် တွေ့ရပြီး ထို့ပုဂ္ဂိုလ်၏အနီးတွင် သူနှင့်သတ်ပုတ်ခဲ့သည့် ဂင်တိုတိုသရဲကိုလည်း တွေ့ ရသည်ဟု ပြောပြပါသည်။ ထိုဝတ်ပြုစင်ကြယ်နှင့် ပုဂ္ဂိုလ်က သူအားပြုံးလျက်ကြည့်နေပြီး လက်ဝါး ထောင်ကာ လက်ကိုလည်း ပုတ်ပြသလိုလုပ်ကာ နောက်ကွယ်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သူကြုံတွေ့သမျှ အဖြစ်အပျက်ကို ပြောပြပါသည်။ စာရေးသူနှင့် အခြားသော ယောဂီများမှာလည်း ထို အဖြစ်အပျက်ကြောင့် အိပ်မပျော်နိုင်ကြတော့ပါ။ ကရင်အမျိုးသား ယောဂီကြီးသည် နောက်တစ်နေ့ တွင် ဆရာတော်အား ညပိုင်းကဖြစ်စဉ်တို့ကို လျှောက်ထားခဲ့ရာ ဆရာတော်က –

ဆရာတော် ။    ။ ဒကာကြီး အိပ်တော့ ဘယ် အရပ်ဒေသဘက်ကို ခေါင်းထားပြီး အိပ်သလဲ။

ယောဂီ ။ ။ တပည့်တော်သင့်သလို ခေါင်းထားပြီး အိပ်ပါတယ် ဘုရား

ဆရာတော် ။    ။ ဒီစခန်းအတွင်းမှာ အိပ်လို့ ရှိရင် အရှေ့ဘက်ကို ခေါင်းထားပြီးအိပ်ရပါတယ်။ အခြေအနေအရ အဆင်မပြေရင် တောင်ဘက်နှင့် မြောက်ဘက်ကိုလည်း ခေါင်းထားပြီး အိပ်နိုင်တယ်။ ဒါပေမဲ့ အနောက်ဘက်ကို ခေါင်းထားပြီး အိပ်လို့ မရဘူး။ ဒီစခန်းအတွင်းမှာ ရုက္ခစိုးနတ်ရှိပါတယ်။ သူက လာပြီး သတိပေးတာပါ။ လူကိုတော့ အန္တရာယ် မပေးပါဘူး။ အရင်တုန်းကလည်း အဲဒီလိုဖြစ်ဖူး ပါတယ်။ အနောက်ဘက်ကို ခေါင်းထားပြီး အိပ်တာ ကို ရုက္ခစိုးနတ်ကြီးက မကြိုက်ပါဘူး။ သတိပေးရုံ သက်သက်ပါ။ အိပ်ရာမှားနေရင် ပြောင်းပြီး အိပ် လိုက်ပါ။ နောက်ဘာမှ မဖြစ်တော့ပါဘူး။

စာရေးသူတို့လည်း မိမိအခန်းကို ပြန်လည် စစ်ဆေးပြီး အရှေ့ဘက်သို့ ခေါင်းထားကာ အိပ်ရာ ကိုပြန်လည် ပြင်ဆင်ခဲ့ရပါသည်။

 

ရုက္ခစိုးနတ်နှင့်အတူ ဘုရားဖူးသွားခြင်း

 

တရားစခန်းဝင် ယောဂီအပေါင်းသည် အာနာပါနကျင့်စဉ်ဖြင့် သမာဓိအားကောင်းပြီး အလင်း နိမိတ်များ ရရှိလာသောအခါ ထိုနိမိတ် တန်ခိုးဖြင့် မှော်ဘီမြို့ပတ်ဝန်းကျင်ရှိ ဘုရားများသို့ ဘုရားဖူး ထွက်ရလေ့ရှိပါသည်။ ထိုသို့ဘုရားဖူး ထွက် ရာတွင် မိမိဖူးမြော်ရမည့်ဘုရားကို စောင့်ရှောက် လျက်ရှိသော နတ်များနှင့်တကွ ရုက္ခစိုးနတ်များ၊ တောစောင့်နတ်၊ တောင်စောင့်နတ်များ၊ အာဏာပိုင် နတ်များကို မေတ္တာပို့ခြင်း၊ ခွင့်တောင်းခြင်းများ ပြု လုပ်ရပါသည်။ ဤတွင် အာဏာပိုင်နတ်များနှင့် ပတ် သက်ပြီး ရှင်းပြလိုသည်မှာ မှော်ဘီမြို့တွင် မှော်ဘီ ဘိုးဘိုးကြီး ဟူသော ရုက္ခစိုးနတ်ကြီးရှိပြီး သက်တော် ရှည် နတ်ကြီးဖြစ်ကာ မှော်ဘီမြို့နှင့် ပတ်ဝန်းကျင် နတ်အပေါင်းကို အုပ်ချုပ်ပါသည်။ မှော်ဘီမြို့နေ လူထုတော်တော်များများသည် မှော်ဘီဘိုးဘိုးကြီးကို သိရှိကြပါသည်။ မှော်ဘီဘိုးဘိုးကြီး နတ်ရုပ်ကြီး လည်းရှိပြီး သူတော်စင်နတ်ကြီး ဖြစ်ပါသည်။

စာရေးသူသည် မှော်ဘီမြို့ အနောက်မြောက် ဘက်တွင်ရှိသော ကျိုက်ဒေးဒလွန်ဘုရားသို့ နိမိတ် ဖြင့် ဘုရားဖူးသွားရန်အတွက် ကြိုတင်ခွင့် တောင်း ပြီးသည်နှင့် တရားစခန်းအတွင်းရှိ ရုက္ခစိုးနတ်များ၊ တောစောင့်နတ်၊ တောင်စောင့်နတ်များ၊ သာသနာ တော်စောင့်နတ်များကို ဘုရားဖူးသွားမည်ဖြစ်ကြောင်း မိမိနှင့် အတူလိုက်၍ ဖူးစေလိုကြောင်း ဖိတ်ခေါ်ပါ သည်။ ထိုသို့ဖိတ်ခေါ်ရခြင်းမှာ အကြောင်းရှိပါသည်။ တရားစခန်းအတွင်းရှိ သိအပ်၊ မသိအပ် ပုဂ္ဂိုလ် များအားလုံးသည် ၄င်းတို့၏ အထက်အာဏာပိုင်များ ၏ ခွင့်ပြုချက်မရရှိဘဲ မည်သည့်နေရာသို့မှ သွားခွင့် မရှိပါ။ ထို့ပြင်စေတီပုထိုးများကို စောင့်ရှောက်လျက် ရှိသောနတ်များသည် ခွင့်ပြုချက်မရှိဘဲ လာရောက်၍ ဘုရားဖူးခြင်းကို လက်မခံကြပါ။ သို့သော်လည်း ယောဂီများ နိမိတ်ဖြင့်ဘုရားဖူးလာရာတွင် အတူ ပါရှိလာသော ပုဂ္ဂိုလ်အားလုံးကို နှင်မလွှတ်တော့ပါ။ ခွင့်ပြု့လေ့ရှိပါသည်။

စာရေးသူသည် ထိုကဲ့သို့ ခွင့်ပြုချက်များ တောင်းခံပြီးသည်နှင့် ညပိုင်းတွင် တရားထိုင်ခြင်း၊ သမာဓိ စွမ်းအားတည်ဆောက်ခြင်းတို့ကို ပြုလုပ် ခဲ့ပါသည်။ ထိုသို့ပြုလုပ်ပြီး နိမိတ်စွမ်းအား ကောင်းစွာရရှိသည်နှင့် ကျိုက်ဒေးဒလွန်ဘုရားသို့ နိမိတ်စေလွှတ်ရာ မိမိခန္ဓာကိုယ်မှာ လေးလံနေပြီး တစ်စုံတစ်ဦးမှ ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေပါသည်။ ထို့ပြင် အထူးသဖြင့် ပခုံးနှစ်ဖက်မှာ လေးလံနေပြီး တော်တော်နှင့် နိမိတ်မထွက်နိုင်ဖြစ်ပါသည်။ ထို့ နောက် အချိန်အနည်းငယ်ကြာသောအခါ မိမိမှာ ပေါ့ပါးသလိုဖြစ်လာပြီး ဘုရားပေါ်သို့ချက်ချင်း ရောက်သွားပါတော့သည်။ စာရေးသူသည် ဘုရား၏ လိုဏ်အဝင်ဝသို့ သွားရာတွင် ယောဂီဝတ်စုံနှင့် ပုဂ္ဂိုလ်တစ်ဦးကိုလည်းကောင်း၊ နတ်ဝတ် နတ်စားဖြင့် နတ် နှစ်ပါးကိုလည်းကောင်း တွေ့ရှိခဲ့ရပြီး ၄င်းတို့မှ ကြိုဆိုကာ ဘုရားပန်းများ လဲလှယ်ပေးခြင်း၊ သောက် တော်ရေများ လဲလှယ်ကပ်လှူပေးခြင်းတို့ကို ပြုလုပ် ပြီးကာ မိမိလည်း ဘုရားရှိခိုးခြင်း၊ မေတ္တာပို့ အမျှ ဝေခြင်း ပြုလုပ်ကာ တရားစခန်းသို့ ပြန်လာခဲ့ပါ သည်။ ကျိုက်ဒေးဒလွန်ဘုရားသို့ ပထမဆုံးအကြိမ် ဘုရားဖူးသွားရာတွင် တောင်စောင့်ဘီလူးကို မတွေ့ မမြင်ရသေးပါ။ ၂၀၁၅ ခုနှစ် တရားစခန်းဝင်စဉ် ကာလတွင် နိမိတ်ဖြင့် ဘုရားဖူးရာတွင် ထူးခြားစွာ နတ်ဘီလူးကို တွေ့ခဲ့ရပါသည်။

စာရေးသူသည် နောက်တစ်နေ့တွင် ဆရာ တော်အား အထက်ပါ အတွေ့အကြုံ ဖြစ်စဉ်ကို လျှောက်ထားခဲ့ရာ ဆရာတော်မှ စာရေးသူ၏ ခန္ဓာ ကိုယ်ပေါ်တွင် ရုက္ခစိုးနတ်ရှိနေကြောင်း၊ ၄င်းရှိနေ ကြောင်း သိရှိစေလိုသဖြင့် အသိပေးခြင်းဖြစ် ကြောင်း၊ ဘုရားပေါ်တွင်တွေ့ရသော ယောဂီဝတ်စုံ နှင့် ပုဂ္ဂိုလ်သည်လည်း ၄င်းရုက္ခစိုးပင်ဖြစ်ကြောင်း ရှင်းပြပါသည်။ စာရေးသူနှင့်အတူ ဘုရားဖူးသွား ခြင်းဖြစ်ကြောင်း၊ ထိုသို့သွားရခြင်းကို ကျေနပ် ဝမ်း သာကြပါကြောင်း၊ နောင်တွင်လည်း လိုက်ပါလိမ့် မည်ဖြစ်ကြောင်း ပြောပြပါသည်။

 

ရုက္ခစိုးနတ်နေသော ဗိမာန်

စာရေးသူသည် မှော်ဘီပတ်ဝန်းကျင်နှင့် မင်္ဂလာဒုံရှိဘုရားတို့ကို နိမိတ်ဖြင့် ဘုရားဖူးသွား ရောက်ရာတွင် အထက်ဖော်ပြပါ ရုက္ခစိုးနတ်လည်း လိုက်ပါလေ့ရှိပါသည်။ ထိုအခါ စာရေးသူလည်း တရားစခန်းအတွင်းရှိ ရုက္ခစိုးနတ်ကို မြင်တွေ့ရန် ဆန္ဒပြင်းပြလာပါသည်။ ထို့ကြောင့် တရားထိုင် သည့်အခါ ရုက္ခစိုးနတ်အား သီးသန့်မေတ္တာပို့ခြင်း၊ အမျှဝေခြင်းတို့ကို ပြုလုပ်၍ တွေ့ဆုံခွင့်တောင်းခံခဲ့ ပါသည်။ ထို့ပြင် နိမိတ်တန်ခိုးဖြင့်လည်း စူးစမ်း ရှာဖွေခဲ့သော်လည်း ရက်ပေါင်းများစွာ ကြာသည့် တိုင်အောင် မမြင်မတွေ့နိုင်ဖြစ်နေပါသည်။ ထို့ပြင် ဆရာတော်မှလည်း ၄င်းတို့အနေနှင့် ကိုယ်ထင်ပြသ လိုသည့် ဆန္ဒမရှိက မြင်တွေ့ရန် ခဲယဉ်းကြောင်း ပြောပြဖူးသဖြင့် စာရေးသူအနေနှင့် မိမိကို မမြင် စေလိုခြင်းဖြစ်လိမ့်မည်ဟု ယူဆခဲ့ပါသည်။

တစ်ရက်သောညအခါတွင် မိမိတရားထိုင်ပြီး နိမိတ်ရသည်နှင့် တရားစခန်းအတွင်း နိမိတ်ဖြင့် ကြည့်ရူခဲ့ရာ စာရေးသူ နေထိုင်သော ယောဂီဆောင် (သစ်သားအဆောင်)၏ ခေါင်းရင်းဘက် သရက် ပင်၏ထိပ်တွင် ဗိမာန်ကြီး တစ်ခုကို တွေ့ရှိရပါသည်။ မိမိမြင်တွေ့ရသော ဗိမာန်ကြီးမှာ ရွှေဝါရောင် အဆင်းရှိပြီး ပြိုးပြိုးပြက်ပြက်ဖြင့် အလင်းရောင်များ ဖြာထွက်နေပါသည်။ ဗိမာန်ကြီးမှာ အချွန်အတက် များရှိနေပြီး ဘုရားတန်ဆောင်း ပုံသဏ္ဌာန်နှင့် တူနေပါသည်။ ထို့ပြင် ၄င်းအဆောက်အအုံသည် သရက်ပင်ထိပ်ဖျားကို အတော်အတန်ငယ် ကျော် လွန်မြင့်မားနေပါသည်။ စာရေးသူသည်လည်း များစွာ ဝမ်းမြောက်ကာ ၄င်းဗိမာန်တွင် ရုက္ခစိုးကိုရှာကြည့်ရာ မတွေ့ရပါ။ ထို့ကြောင့် စာရေးသူလည်း ရုက္ခစိုးကို တွေ့လိုကြောင်း ထပ်မံဆန္ဒပြုကာ နောက်တစ်နေ့ ညတွင် ၄င်းသရက်ပင်အား နိမိတ်ဖြင့်ကြည့်ရှုရာ ဗိမာန်နှင့်အတူ ဝတ်ဖြူစင်ကြယ်ဖြင့် ပုဂ္ဂိုလ်တစ်ဦး၊ ဝတ်ဖြူစင်ကြယ်ဖြင့် အမျိုးသမီးတစ်ဦး၊ ဝတ်ဖြူ စင်ကြယ်ဖြင့် ၁၀ နှစ်အရွယ်ခန့် ယောကျာ်းလေး တစ်ဦး၊ မိန်းကလေးတစ်ဦးတို့ကို မတ်တပ်ရပ်လျက် တွေ့ရပါတော့သည်။  ၄င်းတို့အားလုံးသည် စာရေးသူ အား ကြည့်လျက်ရှိရာ စာရေးသူမှ ၄င်းတို့အား တွေ့ရသဖြင့် ဝမ်းသာပါကြောင်းနှင့် မေတ္တာပို့ပါ ကြောင်း ပြောကြားရာ ဝတ်ဖြူစင်ကြယ်နှင့် ပုဂ္ဂိုလ်မှ ခေါင်းညိတ်ပြပါသည်။ ထို့နောက် ၄င်းတို့အားလုံးမှာ တဖြည်းဖြည်း မှုန်ဝါးလာပြီး ပျောက်ကွယ်သွားပြီး  ၄င်းတို့နေထိုင်သော ဗိမာန်ကြီးလည်း ပျောက်ကွယ် သွားပါသည်။ စာရေးသူက မကြာခဏ ဆန္ဒပြု တောင်းဆိုမှုကြောင့် သူတို့အနေနှင့် ဤကဲ့သို့ ကိုယ် ထင်ပြရခြင်းဖြစ်မည်ဟု ယူဆရပါသည်။

 

ရွှေတိဂုံဘိုးဘိုးကြီးနှင့် တွေ့ဆုံခြင်း

 

စာရေးသူအနေနှင့် အချို့သော ရုက္ခစိုးနတ် (ရုက္ခစိုးဘိုးဘိုးကြီး)များနှင့် တွေ့ဆုံမှုတို့ကိုလည်း ဖော်ပြလိုပါသည်။ ရန်ကုန်ရှိ ရွှေတိဂုံဘုရားတွင် ရွှေတိဂုံဘိုးဘိုးကြီးဟုခေါ်သော ရုက္ခစိုးနတ်ကြီး တစ်ပါးရှိပြီး စာရေးသူ ရွှေတိဂုံဘုရားသို့ နိမိတ်ဖြင့် ဘုရားဖူးရာတွင် ရွှေတိဂုံစေတီတော်၏ အထက် ပစ္စယံတွင် တွေ့ရလေ့ရှိပါသည်။ ရွှေတိဂုံ ဘိုးဘိုး ကြီးကို နတ်ဝတ်နတ်စားဖြင့် မြင့်တွေ့ရလေ့ရှိပြီး အရပ်အမောင်းမှာ ထောင်ထောင်မောင်းမောင်းနှင့် ကိုယ်လုံးကိုယ်ထည်မှာ ကြီးမား၍ သက်တမ်းရှည် သော နတ်ကြီးဖြစ်ပါသည်။ ရွှေတိဂုံစေတီတော် ကြီးအား စတင် တည်တော်မူစဉ်က ကကုဿန် မြတ်စွာ ဘုရား၏ တောင်ဝှေးတော်၊ ကောဏဂုံ မြတ်စွာဘုရား၏ ရေစစ်တော်၊ ကဿပ မြတ်စွာ ဘုရား၏ ရေသနုတ်တော်တို့ကို ရွှေတိဂုံဘိုးဘိုးကြီး၊ ဆူးလေဘိုးဘိုးကြီး၊ ဗိုလ်တထောင်ဘိုးဘိုးကြီး၊ ကျိုက္ကဆံ ဘိုးဘိုးကြီးစသော နတ်မင်းကြီး လေးပါးမှ ရှာဖွေပေးအပ်ခဲ့ပြီး ဂေါတမမြတ်စွာဘုရား၏ ဆံ တော်နှင့်ပေါင်းကာ ရွှေတိဂုံစေတီတော်ကြီးတွင် ဌာပနာထားခဲ့ရာ လေးဆူးဓာတ်ပုံ ရွှေတိဂုံစေတီတော် မြတ်ကြီးဟု မြန်မာနိုင်ငံတွင်မက ကမ္ဘာပေါ်တွင်ပါ ကျော်ကြားခဲ့ပါသည်။

စာရေးသူသည် ရွှေတိဂုံဘိုးဘိုးကြီး၏ ခွင့်ပြု ချက်ဖြင့် ရွှေတိဂုံဘုရား၏အတွင်း ဌာပနာတိုက် အတွင်းရှိ ဓာတ်တော်တို့ကို ဖူးရသော အခွင့်အရေး ရရှိခဲ့ပါသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံတွင် လပြည့်၊ လကွယ်ညတိုင်း ဘုရား ဖူးနေကြသော နတ်ဝင်နတ်စားဖြင့် ရွှေရောင် တဝင်းဝင်းရှိနေကြသော နတ်အပေါင်းတို့အားလည်း ကောင်း၊ ဝတ်ဖြူစင်ကြယ်ဖြင့်လည်းကောင်း၊ ယောဂီရောင်ဝတ်စုံဖြင့်လည်းကောင်း ဘုရားဖူးနေ ကြသော ပုဂ္ဂိုလ်တို့ကိုလည်း တွေ့မြင်နေရပါသည်။ ထို့ပြင် ရသေ့ပုံစံဖြင့် ပတ္တမြားမျက်ရှင်ဘုရားကို ပူဇော်နေသော ရသေ့တစ်ပါးကိုလည်း မြင့်တွေ့ ရပါသည်။ ယောဂီများသည် သာမန်နေ့ရက်များတွင် နိမိတ်ဖြင့် ဘုရားဖူးမည်ဆိုပါက ဤကဲ့သို့ များများ စားစား မတွေ့မမြင်ရပါ လပြည့်နေ့ (သို့မဟုတ်) လကွယ်နေ့ရက်များ၏ ညပိုင်းတွင် ထူးခြားသော ပုဂ္ဂိုလ်များကို နိမိတ်ဖြင့် ထင်ထင်ရှားရှား မြင်တွေ့ ရလေ့ ရှိပါသည်။

 

မင်းဘုန်းရွှေ

Comments

comments

Post Author: manawmaya