မြေမထိ၊ မိုးမထိရွာနှင့် မောင်းမတီးသိုက်

စာရေးသူသည် ဓမ္မမိတ်ဆွေတစ်ဦးဖြစ်သော ဦးမောင်မောင်နှင့် တရားဓမ္မနှင့်ပတ်သက်၍လည်း ကောင်း၊ ပရလောကနှင့် ပတ်သက်၍လည်း စကား စမြည်ပြောဆိုရာမှ ဦးမောင်မောင်သည် သူ၏ ထူး ခြားသော ဘဝအတွေ့အကြုံတို့ကို စာရေးသူအား ပြောပြခဲ့ရာ စိတ်ဝင်စားဖွယ်ရာကောင်းသဖြင့် စာဖတ် သူများကို မျှဝေနိုင်ရန် ဆောင်းပါးအဖြစ် ရေးသား ဖော်ပြခဲ့ပါသည်။ ဦးမောင်မောင်က ပြောပြသော ဇာတ်လမ်းမှာ မဆုံးသေးပါ။ နောက်ဆက်တွဲ ဇာတ် လမ်းမှာလည်း စိတ်ဝင်စားဖွယ်ကောင်းလှသဖြင့် အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

စာရေးသူ – ဦးမောင်မောင် ပြောပြတဲ့ ဇာတ်လမ်းလေးက တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ နောက်ပြီးတော့ ဇာတ်လမ်းက မဆုံးသေးဘူးလို့လည်း သိရပါတယ်။ ဒါကြောင့် ဇာတ်လမ်းလေးကို ဆက်ပြောပြပေးပါဦး …၊

ဦးမောင်မောင် – ဟုတ်ပါတယ်၊ ဇာတ် လမ်းလေးက မပြီးဆုံးသေးပါဘူး။ ဒါပေမဲ့ ကျွန်တော့် ဇနီး ရောဂါကတော့ ပျောက်သွားပါတယ်။ နောက် ထပ် မဖြစ်တော့ပါဘူး။ သိုက်ကလည်း မနှောင့်ယှက် တော့ပါဘူး။ နောက်ပြီးတော့ ယခင်ဖြစ်ခဲ့တာတွေ လည်း မမှတ်မိတော့ဘူး။ မသိဘူးလို့ ပြောတယ်။

စာရေးသူ – အရင်တခါ ပြောတုန်းကတော့ ဘိုးတော်တစ်ပါးလို့ ပြောလို့ရတဲ့ ဦးတိုင်းကျော်က မကြာခင် ပြန်လာမယ်လို့ ဆိုပါတယ်။ အမှန် တကယ်ရော လာပြီး တွေ့သေးလား …။

ဦးမောင်မောင် – ဒီလိုပါဗျာ …၊ ဦးတိုင်း ကျော်ဟာ ကျွန်တော့်ဇနီးကို ကုသပေးပြီးတဲ့နောက် မြို့မှာ မရှိတော့ဘူး။ သူ အမြဲတမ်းနေခဲ့တဲ့ ဇရပ် ကလေးမှာလည်း မတွေ့တော့ဘူး၊ ပျောက်သွားတာ တစ်လကျော်လောက် ကြာတယ်။ ဒီကြားထဲမှာ ဘာ အဆက်အသွယ်မှလည်း မရှိဘူး၊ ဒီလိုနဲ့ တစ်လ ကျော်လောက်အကြာမှာ ညနေစောင်း နေဝင်ရိုးရီ လောက် အချိန်ပေါ့။ ဦးတိုင်းကျော် ကျွန်တော့်အိမ်ကို ရောက်လာပါတယ်။ ပြီးတော့ ကျွန်တော့်ကို ခရီး ထွက်မယ်၊ တစ်ခါတည်းသူနဲ့ လိုက်ခဲ့ဖို့ပြောပါတယ်။ ဒီတော့ ကျွန်တော်က ဘယ်ကိုသွားမှာလဲ၊ ဘယ် နှစ်ရက်လောက် ကြာမလဲမေးတော့ ခရီးက နည်းနည်း တော့ဝေးပါတယ်။ ကြာမယ့်အချိန် နေ့ရက်ကတော့ တိတိကျကျ မပြောနိုင်ဘူး၊ အနည်းဆုံး တစ်လ/ နှစ်လလောက်တော့ ကြာလိမ့်မယ်။ ဒီထက်လည်း ပိုနိုင်တယ်လို့ ပြောပါတယ်။ ဒီတော့ ကျွန်တော်က လည်း လိုက်နိုင်ပါတယ်။ အခက်အခဲမရှိပါဘူး၊ ဒါပေမဲ့ မိသားစု ပြဿနာတော့ရှိတယ်လို့ ပြောလိုက်ပါ တယ်။ ဒါကတော့ တခြားမဟုတ်ပါဘူး၊ ကျွန်တော့် မိသားစုကို ကျွန်တော်က ရှာဖွေကျွေးနေရတာ၊ ကလေး နှစ်ယောက်ကလည်း ရှိသေးတယ်။ ကျွန် တော် မရှိရင် သူတို့ စားဝတ်နေရေးအတွက် အခက် အခဲ ရှိနိုင်တယ်။

စာရေးသူ – အဲဒါတော့ ဟုတ်တာပေါ့၊ ကိုယ့်မိသားစု ဒုက္ခရောက်နိုင်တာပေါ့။ ဇနီးသည်က မလုပ်တတ် မကိုင်တတ်ရင် ပိုဆိုးသွားမယ်။

ဦးမောင်မောင် – ဦးတိုင်းကျော်က ပြော တာတော့ အဲဒီကိစ္စအတွက် မပူပါနဲ့၊ အဆင်ပြေသွာ လိမ့်မယ်လို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်လည်း အဝတ်အစားတစ်စုံလောက်နဲ့ လွယ်အိတ်တစ်လုံး ယူပြီး သူ့နောက်က လိုက်ခဲ့တယ်။ တခြားဘာမှ မပါဘူး။ သူကလည်း အဝတ်တစ်ထည်ကိုယ်တစ်ခုပဲ။ လွယ်အိတ်ကလေးတစ်လုံးပဲပါတယ်။

စာရေးသူ – နောက်တော့ ဘယ်ကိုသွားကြ သလဲ။

ဦးမောင်မောင် – ကျွန်တော်တို့မြို့လေးက ငဝန်မြစ်အရှေ့ဘက်ကမ်းမှာ ရှိပါတယ်။ တိုတို ပြောရ ရင်တော့ မြစ်အနောက်ဘက်ကမ်းကို လှေနဲ့ကူးကြ တယ်။ ပြီးတော့ မြောက်ဘက်ကို လမ်းလျှောက် သွားကြတယ်။ ကားနဲ့ ခရီးသွားတာ မဟုတ်ဘူး။ လမ်းလျှောက်သွားရတာ။ ပြီးတော့ အလင်းရောင် လည်း မရှိတော့ဘူး။ ကြယ်ရောင် လရောင်ပဲပေါ့။ တောထဲတောင်ထဲက ဖြတ်သွားရတာပါ။ လူသွား လမ်းကလေးအတိုင်းပဲ။ ဟိုချုံတိုး ဒီချုံတိုးပေါ့။ ဦး တိုင်းကျော်က လမ်းလျှောက်တာ တော်တော် မြန်ပါ တယ်။ မီအောင် မနည်းလိုက်ရတယ်။ ဒါပေမဲ့ ထူး ခြားတာက တစ်ညလုံး လမ်းလျှောက် သွားတာ မမောဘူးဗျ။ သက်သောင့်သက်သာပဲ။ နောက် တစ်နေ့ မိုးလင်းတော့လည်း တောထဲမှာ သွားနေ ရတုန်းပဲ။ တောထဲတောင်ထဲမှာဆိုတော့ လူအသွား အလာ နည်းပါတယ်။ တောကောင်တွေ ဘာတွေ လည်း သိပ်မတွေ့ရဘူး။ နေ့လယ်လောက်မှာတော့ တောင်ပေါ် တောတွင်း စခန်းလေးတစ်ခု ရောက်ပါ တယ်။ ဒီစခန်းမှာ စခန်းချပါတယ်။ လူပုဂ္ဂိုလ်တွေ နည်းနည်းပါးပါးတွေ့ရတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောကြဘူး။ ဒီစခန်းမှာ သဘာဝ လိုဏ်ဂူကလေးတွေ ရှိတယ်။ ထူးခြားတာ ကတော့ ဂူတွေအားလုံးဟာ အရှေ့ဘက်ကို လှည့်နေ တာ တွေ့ရတယ်။ ဂူတွေက သိပ်မကြီးပါဘူး။ လူ နည်းနည်းပဲ နေလို့ရပါတယ်။ ဒီနေရာက ဘိုးတော် တွေ ဝိဇ္ဇာတွေရဲ့ ယာယီစခန်းလို့ ပြောပါတယ်။ ဝိဇ္ဇာတွေ ဘိုးတော်တွေ အဆင့်မြှင့်တင်ဖို့ သိုမဟုတ် ထုံကူးတဲ့အခါ ဒီနေရာမှာလာပြီး ထုံကူးကြတာလို့ သိရပါတယ်။

ဒီစခန်းရောက်တော့ ဦးတိုင်းကျော်က ကျွန် တော်ကို ဂူတစ်ခုထဲမှာ နေရာပေးပါတယ်။ အဲဒီ နောက်တော့ အဓိဌာန်နှင့် ပုတီးစိပ်ခိုင်းပါတယ်။ ဘုရားဂုဏ်တော်၊ ပရိတ်တော်နှင့် သူစိပ်ခိုင်းတဲ့ ဂုဏ် တော်တွေပဲပေါ့။ တစ်နေကုန် စိပ်ရပါတယ်။ အစား အသောက်ကတော့ ထမင်းနဲ့ ဆားပဲရှိတယ်။ အခြား ဘာမှ စားစရာ မရှိဘူး။ နေ့တိုင်း ဒါပဲစားရတယ်။ ဒါပေမဲ့ ထူးဆန်းတာတစ်ခု ပြောပြဦးမယ်။ ဒီစခန်း ပတ်ဝန်းကျင်မှာ စပါးတစ်မျိုးရှိတယ်။ ရသေ့စပါးလို့ ခေါ်တယ်။ တောထဲမှာ အလေ့ကျ ပေါက်တယ်။ စပါးအခွံက သိပ်မထူဘူး။ စပါးက ရင့်သွားရင် စပါး အခွံက နည်းနည်းဟသွားတယ်။ ဒါကြောင့် လက်နဲ့ အသာအယာ ပွတ်ချေရင် ဆန်ရလာတာပေါ့။ ရသေ့ ဆန် လို့ခေါ်တယ်။ အဲဒီရသေ့ဆန်လည်း စားရသေး တယ်။ မြို့ထဲ ရွာထဲမှာတော့ ဒီဆန်မျိုးမရှိပါဘူး၊

ကျွန်တော်လည်း ဒီစခန်းမှာ အဓိဌာန် ပုတီး စိပ်ရတာ သုံးလကြာပါတယ်။ ပုတီးစိပ်ရင် တခြား အာရုံရောက်လို့မရဘူး။ တစ်ခါတလေ တခြားကို အာရုံရောက်သွားရင် နားထဲမှာ ဦးတိုင်းကျော်အသံ ကြားရတယ်။ တခြားအာရုံကို ရောက်နေတယ်။ သတိ ထားပါ၊ ဂရုစိုက်ပြီး အာရုံစူးစိုက်ပြီး ပုတီးစိပ်ပါ … ဆိုတဲ့ သတိပေးသံ ကြားရတယ်။ ဒီဝိဇ္ဇာစခန်းသို့ ဘိုးတော် ဇာလီတောင်ဆရာတော်နှင့် ဘိုးတော် သိပ္ပ ပညာတို့သည် ရံဖန်ရံခါ လာရောက်လေ့ရှိပြီး ဝိဇ္ဇာ လမ်းစဉ်နှင့် ပတ်သက်ပြီး ပညာပေးခြင်း၊ လမ်းညွန် ခြင်းများ ပြုလုပ်လေ့ရှိပါတယ်၊ ထို့ပြင် တခြားသော မိမိ မသိရှိသော ဝိဇ္ဇာများလည်း လာရောက်လေ့ရှိပါ တယ်။

ကျွန်တော်လည်း စခန်းရောက်ပြီး သုံးလ လောက်အကြာမှာ အိမ်ပြန်ဖို့ ပြောပါတယ်။ ပြီးတော့ အိမ်ရောက်ရင် ဆက်လက်ပြီး ပုတီးစိပ်ဖို့ပြောပါ တယ်။ ဒီနေရာမှာ တစ်ခုပြောလိုတာက စခန်း ရောက်ပြီးနောက်ပိုင်း ဦးတိုင်းကျော်ကို မတွေ့ရတော့ ဘူး။ သူပြောစရာရှိရင် နားထဲမှာ အသံကြားနေရ တယ်။ ထို့ပြင် ကျွန်တော်ကလည်း ပြောစရာရှိရင် စိတ်ထဲက ပြောလိုက်တာပဲ။ သူသိသွားပါတယ်။ ကျွန်တော် အိမ်ပြန်တော့ ဒီလိုပဲ တောထဲက လမ်း လျှောက်ပြန်ရတယ်။ အသွားတုန်းက တစ်ရက်ခရီး ပေမယ့် အပြန်ကျတော့ သုံးရက်ကြာအောင် သွားရ ပါတယ်။

စာရေးသူ – ဒီဝိဇ္ဇာစခန်းက ဘယ်နေရာမှာ ရှိတာလဲ၊ ပြောပြနိုင်ပါသလား၊

ဦးမောင်မောင် – ကျွန်တော်သိရသလောက် တော့ ဒီစခန်းက ယာယီစခန်းလို့ ပြောပါတယ်။ အင်္ဂပူမြို့နယ်ရဲ့ အနောက်ဘက်ခြမ်းပေါ့။ ရခိုင်ရိုးမ (အနောက်ရိုးမ) တောင်ကြောပေါ်မှာ ရှိတာပဲ။ ကျွန် တော်လည်း တိတိကျကျတော့ မပြောတတ်ဘူး။ လူသူ အရောက်အပေါက်တော့ နည်းတယ်။

စာရေးသူ – အိမ်ပြန်ရောက်ပြီး နောက်ပိုင်း ကော ဘာတွေ ထူးခြားမှုရှိသေးလဲ၊

ဦးမောင်မောင် – ဦးတိုင်းကျော် ခိုင်းတဲ့ အတိုင်း ပုတီးစိပ်ရပါတယ်။ မပျက်မကွက် စိပ်ရပါ တယ်။ အာရုံထဲ ဖြတ်လို့မရဘူး။ ပုတီးစိပ်နေရင်း တခြားအာရုံရောက်သွားရင် နားထဲမှာ ဦးတိုင်းကျော် အသံကို ကြားရတယ်။ ‘အာရုံတွေလွင့်နေပြီ၊ သတိ ကပ်ထားပါ’ စသည့်ဖြင့်ပေါ့။ နောက်ပိုင်းတော့ ဘုရား တွေမှာလိုက်ပြီး ပုတီးစိပ်ရပါတယ်။ တွံတေး ရွှေဆံ တော် ဘုရား၊ ပုသိမ် ရွှေမော်ဓောဘုရား၊ ရန်ကုန် ရွှေတိဂုံဘုရား၊ ပဲခူး ရွှေမော်ဓောဘုရား၊ သံလျင် ကျိုက်ခေါက်ဘုရား စသည့်ဖြင့်ပေါ့။ အဓိဌာန် ခုနစ် ရက်၊ ဒါမှမဟုတ် သူသတ်မှတ်ပေးတဲ့ ရက်အတိုင်း ပေါ့။ ဒီလို ပုတီးအမြဲတမ်း စိပ်လာတော့ သမာဓိ လည်း အားကောင်းလာပါတယ်။

စာရေးသူ – ယခင်တစ်ခါတုန်းက မြေမထိ၊ မိုးမထိ ရွာတို့၊ မောင်းတီးသိုက်တို့ကို ရောက်တဲ့ အကြောင်း ပြောဖူးတယ်၊ ဘယ်လိုရောက်သွား တာလဲ၊ ပြောပြစမ်းပါဦး …။

ဦးမောင်မောင် – ပြောရရင်တော့ဗျာ၊ ကျွန် တော့်ဇနီးနဲ့ ဆက်စပ်နေတာပေါ့။ ကျွန်တော့်ဇနီးက မောင်းတီးသိုက်က ဝင်စားတာလို့ ပြောပါတယ်။ ဒီတော့ ကျွန်တော်လည်း မောင်းတီးသိုက်ကို စိတ် ဝင်စားတာပေါ့။ မောင်းတီးသိုက်အကြောင်းကိုလည်း လေ့လာတာပေါ့။ ပုသိမ်ကနေ မော်တင်စွန်းသွားတဲ့ ကားလမ်းနံဘေးမှာ ပျဉ်းမချောင်းဆိုတဲ့ ရွာတစ်ရွာ ရှိတယ်။ အဲဒီရွာနားမှာ အတွင်းဒီပါရုံတောင် ရှိပါ တယ်။ အတွင်းဒီပါရုံတောင်မှာ အတွင်း ဒီပါရုံဘုရား ရှိပါတယ်။ စေတီတစ်ဆူပေါ့။ ရွှေရောင်တဝင်းဝင်း နဲ့ပါ။ မည်သူမဆို သွားရောက်ဖူးမြော်နိုင်ပါတယ်။ အတွင်းဒီပါရုံဘုရားရဲ့ တောင်ဘက်မှာ မြေမထိ၊ မိုးမထိရွာ ရှိပါတယ်။ ဒီရွာကိုတော့ သာမန်မျက်စိနဲ့ မမြင်ရပါဘူး။ သိုက်ရွာလို့ ခေါ်ရမလား မသိဘူး။ မောင်းတီးသိုက်လို့လည်း ခေါ်ပါတယ်။ ရွှေမောင်းတီး လို့လည်း ခေါ်ကြပါတယ်။ သိုက်ကို အုပ်ချုပ်နေသူ ကတော့ အမေဒေါ်ဝါပေါက်လို့ ပြောကြပါတယ်။ ဒေါ်ဝါပေါက်က သိုက်ချုပ်လို့ ပြောကြပါတယ်။ နယ်မြေတာဝန်ခံ သဘောမျိုးပေါ့။ သူ့နယ်မြေထဲမှာ ရှိတဲ့ သိုက်တွေ အားလုံးကို အုပ်ချုပ်နေတဲ့ သဘော မျိုးပေါ့။ အမေဒေါ်ဝါပေါက်က လူ့ဘဝတုန်းက တွံတေးမြို့မှာ နေတယ်လို့ ကြားဖူးတယ်။ တွံတေးသူ ပေါ့ဗျာ …။

စာရေးသူ – ကျွန်တော် ကြားဖူးတာ တစ်ခု ရှိတယ်။ အစ်မတော်မြနန်းနွယ်လည်း သိုက်ချုပ်လို့ ပြောကြတယ်။ ဗိုလ်တထောင်၊ သံလျင်၊ ကျောက် တန်းနယ်မြေတွေက သိုက်တွေရဲ့ အချုပ်လို့ ပြော ကြတယ်။ ကျွန်တော်လည်း တိတိကျကျတော့ မသိ ဘူးပေါ့ဗျာ …၊

ဦးမောင်မောင် – ဟုတ်ပါတယ်၊ ကျွန်တော် လည်း ကိုယ်သိတာကလေး ပြောပြတာပါ။ ကျွန် တော့်ဇနီးက မောင်းတီးသိုက်က လာတာလို့ ကြား တော့ သိုက်ကို သွားပြီး ကြည့်ချင်နေတယ်။ ဒီတော့ လည်း ဦးတိုင်းကျော်ကို တောင်းဆိုတာပေါ့ဗျာ။ ဒီလိုနဲ့ နောက်တော့ သွားခိုင်းတာပေါ့။ ကျွန်တော် လည်း အတွင်းဒီပါရုံဘုရားကို ပထမဦးဆုံး ရောက် အောင် သွားရပါတယ်။ ဘုရားကိုတော့ လူတိုင်းဖူးနိုင် ပါတယ်။ ဘုရားကိုရောက်တော့ တောင်တက်လမ်း ကလေးအတိုင်း သွားဖို့ နားထဲမှာ အသံကြားနေရ တယ်။ ကျွန်တော်လည်း သွားရင်းနဲ့ ရှေ့ကို လှမ်း ကြည့်လိုက်ရာ ခပ်လှမ်းလှမ်းမှာ ရွာကြီးတစ်ရွာကို လှမ်းမြင်ရတယ်။ ရွာကလည်း သွပ်မိုးအိမ်တွေနဲ့ ရွာကြီးတစ်ရွာအဖြစ် မြင်နေရပါတယ်။ ထို့နောက် မကြာမီ ရွာထိပ်ရောက်ပြီး ရွာလယ်လမ်းမကြီးအတိုင်း လျှောက်သွားပါတယ်။ ရွာထဲကလူတွေက ဥဒဟို သွားလာနေကြပြီး ကျွန်တော့်ကို လှည့်တောင် မကြည့်ကြပါဘူး။ သူ့တို့ကိစ္စနှင့် သူတို့ သွားလာနေ ကြတယ်။

ရွာလယ်ရောက်တော့ ဓမ္မာရုံလိုလို တန် ဆောင်းလိုလို အဆောက်အအုံ တစ်လုံးကို တွေ့ရ ပါတယ်။ အဆောက်အအုံရဲ့ အဝင်ပေါက်နား ရောက် တော့ အထဲကို လှမ်းကြည့်တဲ့အခါ တော်တော်ကြီး တဲ့ ဘုရားဆင်းထုတော်တစ်ဆူကို ဖူးတွေ့ရပါတယ်။ မဟာမြတ်မုနိပုံတော်နှင့် ပုံသဏ္ဌာန်တူပေမယ့် မင်းဝတ် တန်ဆာပလာတော့ မပါပါဘူး။ ဘုရား ရှေ့မှာတော့ ပြိုးပြိုးပြက်ပြက်နဲ့ အရောင်လက်နေတဲ့ ကလပ်ခုံကလေးတွေ တွေ့ရပါတယ်။ သပြေပန်း တွေ ထိုးထားတဲ့ ပန်းအိုးတွေ၊ အခြားပန်းတွေ ထိုး ထားတဲ့ ပန်းအိုးတွေ တော်တော်များများ တွေ့ရပါ တယ်။ ကျွန်တော်လည်း အထဲဝင်ဖို့ လုပ်လိုက်တဲ့ အခါ အပေါက်ဝမှာ ဘီလူးတစ်ကောင် ပေါ်လာပြီး ကျွန်တော်ကို တားပါတယ်။ နောက်ပြီးတော့ အပေါက်ဝ အပေါ်ဘက်မှာ မဝင်ရဆိုတဲ့ စာတန်း လေးလည်း ကျွန်တော် မော့ကြည့်တော့ တွေ့ရပါ တယ်။ ဒါပေမဲ့ ကျွန်တော် အတင်းဝင်မယ်လုပ်တော့ နားထဲမှာ မဝင်ပါနဲ့ဆိုတဲ့ အသံကြားရတယ်။ ဒါနဲ့ ကျွန်တော်လည်း မဝင်ဖြစ်တော့ဘူး၊

ကျွန်တော်ရှေ့ဆက် လျှောက်သွားတော့ အဆောက်အအုံကလေး တစ်ခု ထပ်တွေ့ပါတယ်။ ထို့အဆောက်အအုံထဲကို ဝင်ကြည့်ပါဆိုတဲ့ အသံ ကြားရပါတယ်။ ကျွန်တော် ဝင်ကြည့်တော့ အလောင်းတွေထားတဲ့ အခန်းဖြစ်နေတယ်။ အလောင်းတွေထည့်ထားတဲ့ ခေါင်းတလားတွေကို တန်းစီပြီး ချထားတာ တွေ့ရပါတယ်။ ဒါနဲ့ ကျွန် တော်လည်း အလောင်းတွေကို လိုက်ကြည့်တော့ ကျွန်တော့်ဇနီးကို တွေ့ရပါတယ်။ ရုပ်လက္ခဏာတွေ အားလုံးဟာ ကျွန်တော့်ဇနီးကို လက်ရှိမြင်တွေ့ရတဲ့ အတိုင်းပါပဲ။ အရာအားလုံး တူညီနေတာ တွေ့ရပါ တယ်။ ထူးခြားတာကတော့ သူ့လက်ချောင်းမှာ လက်စွပ်ကလေး တစ်ကွင်း ဝတ်ထားတာ တွေ့ရ ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဇနီးမှာတော့ လက်ရှိ လက်စွပ်ဝတ်ထားတာ မတွေ့ရပါဘူး။ မိမိနဲ့ အိမ် ထောင်ပြုတုန်းကလည်း လက်စွပ်ဝတ်ထားတာ မတွေ့ရဘူး။ ဒါနဲ့ ကျွန်တော်လည်း နောက်ထပ် ထူးခြားတာ မတွေ့တော့ လှည့်ပြန်ခဲ့ပါတယ်။

စာရေးသူ – နောက်တော့ ဘာတွေဖြစ် သေးလဲ။ ထူးခြားတာလေးတွေရော ရှိသေးလား။

ဦးမောင်မောင် – သိုက်တွေနဲ့ ပတ်သက် ပြီး ထွေထွေထူးထူး မရှိပါဘူး။ ပြောစရာရှိတာက တော့ ကျွန်တော်လည်း အိမ်ပြန်ရောက်တော့ လက် စွပ်ကိစ္စ ကျွန်တော့်ဇနီးကို မေးကြည့်ပါတယ်

။ သူ ပြောပြတာက အပျိုဘဝတုန်းက ကျောင်းသားက လေး တစ်ယောက်က လက်စွပ်ကလေး တစ်ကွင်း ကိုင်ပြီး သူ့နောက်က လိုက်လာကာ ကောက်ရတဲ့ အကြောင်းနဲ့ သူ့ကိုပေးတဲ့အကြောင်းကို ပြောပြပါ တယ်။ လက်စွပ်ကလေးကို ဝတ်ကြည့်တဲ့အခါ သူ့လက်နဲ့အနေတော် ဖြစ်နေတာကို တွေ့ရပါ တယ်။ ကျောင်းသားလေးကို ပြန်ပေးမယ်လုပ်တော့ ကလေးကို ရှာမတွေ့တော့ဘူး။ ဒါနဲ့ ဝတ်ထားလိုက် ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ပြုတော့မယ်လည်း လုပ်ရော လက်စွပ်ကျပျောက်သွားပါတယ်။ ဘယ် နေရာမှာ ကျပျောက်မှန်း မသိတော့ပါဘူးလို့ အကြောင်းစုံ ပြောပြပါတယ်။ နောက်ထပ်တစ်ခုက တော့ ကျွန်တော့်အိမ်ကို ဘယ်သူမှန်းတော့မသိဘူး လစဉ် ဆန်တို့ ငွေတို့ လာလာပို့ကြတယ်။ စာရေး သောက်ရေး အဆင်ပြေသွားတာပေါ့။

စာရေးသူ – ဦးမောင်မောင်က တဖြည်း ဖြည်းနဲ့ ဝိဇ္ဇာလမ်းကြောင်းကို ရောက်သွားတာပေါ့။

ဦးမောင်မောင် –  အဲဒီသဘောကို ဆောင် သွားတာပေါ့။ ဝိဇ္ဇာလိုင်းမှာ လူတွေကို ကူညီစောင့် ရှောက်ဖို့နဲ့ သာသနာပြုလုပ်ငန်းတွေ လုပ်ရပါတယ်။ ဘုရားတည်တာတို့၊ ဘုန်းကြီးကျောင်းတွေ ဆောက် ပေးတာတို့၊ ရှေ့ဟောင်းဘုရားတွေ ပြုပြင်ပေးတာတို့ စသည်ဖြင့် လုပ်ပေးရပါတယ်။ ဒါပေမဲ့ နောက်ပိုင်း တော့ ကျွန်တော်က ဝိပဿနာလုပ်ငန်းကို အားသန် တော့ တရားစခန်းဝင်တာ၊ တရားအားထုတ်တာ တွေကို အဓိကထား လုပ်လာတော့ ဘိုးတော်အသံ တွေလည်း သိပ်မကြားရတော့ဘူး။ သိပ်လည်း မခိုင်း တော့ဘူး။ အခုတော့ ကျွန်တော်လည်း သာသနာ ရေးကိစ္စတွေလည်း လုပ်ပါတယ်။ ဝိပဿနာတရား လည်း အားထုတ်နေပါတယ်။

ဦးမောင်မောင်၏ ဘဝဖြစ်စဉ်များမှာ သဘာ ဝမဟုတ်သော ထူးခြားသော အခြေအနေ ဖြစ်ပါ သည်။ စာဖတ်ရှုသူများ လေ့လာသိရှိနိုင်ရန် ရေးသား ဖော်ပြခြင်း ဖြစ်ပါသည်။

 

မင်းဘုန်းရွှေ

Comments

comments

Post Author: manawmaya