ရာထူးေငြေၾကး ၾကာပန္းလွဴေစ

ကြ်န္ေတာ္တို႔ျမန္မာလူမ်ိဳးမ်ားသည္ အတတ္ နိမိတ္၊ တေဘာင္၊ စနည္း၊ ဘေဝါ စသည္ျဖင့္ နိမိတ္ဆိုင္ရာမ်ားကို လြန္စြာ ယံုၾကည္တတ္ၾကေပ သည္။ ေရွးက လူႀကီးသူမအမ်ားစုသည္ တစ္ခုခု ဆိုလွ်င္ နိမိတ္ေကာက္ျခင္း၊ ေဗဒင္တြက္ျခင္း၊ ယၾတာေပးျခင္းမ်ိဳး ျပဳလုပ္ေလ့ရွိပါသည္။

ယခုေခတ္ကာလသည္ မည္မွ်ပင္ တိုးတက္ေစကာမူ ႐ိုးရာဓေလ့ထံုးတမ္းမ်ား အစဥ္အလာမ်ား မွာပင္ ျပဳလုပ္တတ္ၾကစၿမဲပင္ ျဖစ္ပါသည္။ ဥပမာအားျဖင့္ ေတာင္ၿပံဳးမင္းႏွစ္ပါးပြဲေတာ္ကိုပင္ ၾကည့္ ပါေလ။ ေခတ္ေရစီးေၾကာင္းႏွင့္အတူ ပါလာၾကေသာ လူမ်ားသည္ မိမိ၏ရင္ထဲတြင္ ႐ိုးရာဓေလ့မ်ား၊ ပူ ေဇာ္ပသမႈမ်ား၊ ေဗဒင္ဆိုင္ရာ၊ ဂမီၻရဆိုင္ရာ ျပဳလုပ္ျခင္းမ်ားကေတာ့ မကြယ္ေပ်ာက္သြားပါေခ်။

အဘယ္ေၾကာင့္ဆိုေသာ္ ေရွးစကားကလည္း ရွိေပသည္။ ယၾတာေကာင္းလွ်င္ မင္းေလာင္းေတာင္ ေပ်ာက္သည္ဟု ဆိုသည့္အတိုင္း ယခုေခတ္တြင္ လည္း မိမိတို႔၏ အလုပ္အကိုင္၊ ေငြေရးေၾကးေရး၊ အခ်စ္ေရး၊ အိမ္ေထာင္ေရး၊ က်န္းမာေရးတို႔အတြက္ စသည္ျဖင့္ ေအာင္ျမင္ေစရန္ ယၾတာမ်ား၊ ဂမီၻရနည္း မ်ားစြာတို႔ကိုလည္း အသံုးျပဳလ်က္ရွိၾကေပသည္။

ယခုစာဖတ္ပရိသတ္မ်ားအတြက္လည္း ေရွးဆန္းေဗဒင္ဆရာႀကီးမ်ား အထူးအေလးထား ျပဳလုပ္ ခိုင္းေလ့ရွိေသာ ၾကာပန္းလွဴနည္းကို ေဖာ္ျပေပးလိုက္ပါသည္။

မိမိအေနႏွင့္ ရာထူးႏွင့္ဆိုင္ေသာကိစၥ၊ ေငြေၾကးႏွင့္ဆိုင္ေသာကိစၥ၊ က်န္းမာေရးႏွင့္ဆိုင္ေသာ ကိစၥမ်ားအတြက္ အျမန္ဆံုး ေအာင္ျမင္ျဖစ္ေျမာက္ေစရန္ မိမိေမြးေန႔တြင္ တန္ခိုးႀကီးေသာဘုရား၏ ေတာင္ဘက္မုခ္မွတက္၍ဗုဒၶဟူးေထာင့္၌ ၉း၄၅ နာရီ တြင္ ၾကာပန္း(၄)ပြင့္၊ ၾကာဖူး(၁)ပြင့္ကို ၿဂိဳဟ္တိုင္ ဘုရားထံကပ္လွဴပူေဇာ္ရင္းအေလးအနက္ဆုေတာင္း လိုက္ပါေလ။

မင္းဟန္ေငြ

(အယူေတာ္မဂၤလာ)

 

Unicode

 

ကျွန်တော်တို့မြန်မာလူမျိုးများသည် အတတ် နိမိတ်၊ တဘောင်၊ စနည်း၊ ဘဝေါ စသည်ဖြင့် နိမိတ်ဆိုင်ရာများကို လွန်စွာ ယုံကြည်တတ်ကြပေ သည်။ ရှေးက လူကြီးသူမအများစုသည် တစ်ခုခု ဆိုလျှင် နိမိတ်ကောက်ခြင်း၊ ဗေဒင်တွက်ခြင်း၊ ယတြာပေးခြင်းမျိုး ပြုလုပ်လေ့ရှိပါသည်။

ယခုခေတ်ကာလသည် မည်မျှပင် တိုးတက်စေကာမူ ရိုးရာဓလေ့ထုံးတမ်းများ အစဉ်အလာများ မှာပင် ပြုလုပ်တတ်ကြစမြဲပင် ဖြစ်ပါသည်။ ဥပမာအားဖြင့် တောင်ပြုံးမင်းနှစ်ပါးပွဲတော်ကိုပင် ကြည့် ပါလေ။ ခေတ်ရေစီးကြောင်းနှင့်အတူ ပါလာကြသော လူများသည် မိမိ၏ရင်ထဲတွင် ရိုးရာဓလေ့များ၊ ပူ ဇော်ပသမှုများ၊ ဗေဒင်ဆိုင်ရာ၊ ဂမ္ဘီရဆိုင်ရာ ပြုလုပ်ခြင်းများကတော့ မကွယ်ပျောက်သွားပါချေ။

အဘယ်ကြောင့်ဆိုသော် ရှေးစကားကလည်း ရှိပေသည်။ ယတြာကောင်းလျှင် မင်းလောင်းတောင် ပျောက်သည်ဟု ဆိုသည့်အတိုင်း ယခုခေတ်တွင် လည်း မိမိတို့၏ အလုပ်အကိုင်၊ ငွေရေးကြေးရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေးတို့အတွက် စသည်ဖြင့် အောင်မြင်စေရန် ယတြာများ၊ ဂမ္ဘီရနည်း များစွာတို့ကိုလည်း အသုံးပြုလျက်ရှိကြပေသည်။

ယခုစာဖတ်ပရိသတ်များအတွက်လည်း ရှေးဆန်းဗေဒင်ဆရာကြီးများ အထူးအလေးထား ပြုလုပ် ခိုင်းလေ့ရှိသော ကြာပန်းလှူနည်းကို ဖော်ပြပေးလိုက်ပါသည်။

မိမိအနေနှင့် ရာထူးနှင့်ဆိုင်သောကိစ္စ၊ ငွေကြေးနှင့်ဆိုင်သောကိစ္စ၊ ကျန်းမာရေးနှင့်ဆိုင်သော ကိစ္စများအတွက် အမြန်ဆုံး အောင်မြင်ဖြစ်မြောက်စေရန် မိမိမွေးနေ့တွင် တန်ခိုးကြီးသောဘုရား၏ တောင်ဘက်မုခ်မှတက်၍ဗုဒ္ဓဟူးထောင့်၌ ၉း၄၅ နာရီ တွင် ကြာပန်း(၄)ပွင့်၊ ကြာဖူး(၁)ပွင့်ကို ဂြိုဟ်တိုင် ဘုရားထံကပ်လှူပူဇော်ရင်းအလေးအနက်ဆုတောင်း လိုက်ပါလေ။
မင်းဟန်ငွေ

(အယူတော်မင်္ဂလာ)

Comments

comments

Post Author: manawmaya