လက္ခဏာသုတ မျှဝေခြင်း

 

ဤလောကတွင် လူအများစုတို့သည် လက္ခဏာပညာရပ်ကို စိတ်ဝင်စားလေ့ရှိကြပါသည်။ လက္ခဏာပညာကို ဝါသနာမပါသူများပင်လျှင် လက္ခဏာအကြောင်းတစ်ခုခုကို ကြားလိုက်ပါက မိမိ၏ လက်ဝါးကိုဖြန့်၍ ကြည့်လေ့ရှိကြပါလိမ့်မည်။ နီးစပ်ရာတစ်ဦးဦး၏လက်ကိုလည်း ဆွဲယူကြည့် ရှုပေးတတ် ကြပါလိမ့်မည်။ ကျွန်တော်မှတ်သားထားသော လက္ခဏာ ဗဟုသုတများတွင်-

အသက်လမ်းကြောင်း၏ အလယ်တွင် ကြိုးကွင်းကဲ့သို့ အမှတ်အသားအကြောင်း သိစေကြောင်း …

 

အသက်လမ်းကြောင်း၏ အလယ်လောက်တွင် ကြိုးကွင်းကဲ့သို့ဖြစ်နေပါသော် ဘဝတစ်လျှောက်လုံးတွင် ဘဝရပ်တည်ရေးအတွက် အသက် ဘေးအန္တရာယ်နှင့် ယှဉ်နေ သောလုပ်ငန်းများကို လုပ်ကိုင် ရတတ်ပါသည်။ များသောအား ဖြင့် လက်ဝှေ့သမားများ၊ ရေငုပ်သမားများ၊ ကျောက်တူးသူများ၊ ပင် လယ်ရေပြင်တွင် ငါးဖမ်းသူများ၊ ဆပ်ကပ်သမားများ၊ သတ္ထုရှာဖွေတူးဖော်သူများ၏ လက်ဝါးပြင်ပေါ်တွင် တွေ့ရတတ်လေ့ရှိပါသည်။

 

မင်းဟန်ငွေ(အယူတော်မင်္ဂလာ)

Comments

comments

Post Author: manawmaya