စိတ်ရှင်းလင်းရေး အစီအစဉ်

သီလလုံခြုံသူသည် လိုအင်ဆန္ဒ ပြည့်ဝသည်။ စိတ်ကြည်လင်သည်။ စိတ် တန်ခိုးကြီးမားသည်။ ထို့ပြင် သီလလုံခြုံ ခြင်းက အသက်ရှည်ဆေးလည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း ပေးကမ်း စွန့်ကြဲခြင်း၊ စောင့်စည်းခြင်းနှင့် ရှုမြင်ပွားများခြင်းဆိုသည့် အကြောင်း တရားသုံးပါးကို လိုက်နာရပေမည်။ သေ လျှင် ငရဲသို့ရောက်ပြီး ငရဲမှလွတ်လာ လျှင်လည်း နပုန်းပဏ္ဍုတ်ဖြစ်၏။ ထို့ ကြောင့် ငါးပါးသီလကို စောင့်ထိန်းအပ် ပေသည်။

လူ့သဘောသဘာဝအရ ယော ကျာ်းက မိန်းမကို တောင့်တသလို မိန်းမ ကလည်း ယောကျာ်းကို တောင့်တသည်။ အပြန်အလှန် လိုအပ်ချက် ရှိနေခြင်းဖြစ် သည်။ ထို့ကြောင့် “ယောကျာ်း၏ စိတ် ကိုဆွဲဆောင်စေနိုင်သောအဆင်းသဏ္ဌာန် တို့တွင် မိန်းမ၏ အဆင်းသဏ္ဌာန်နှင့်တူ သော၊ ဆွဲဆောင်နိုင်သာ အခြားအဆင်း သဏ္ဌာန်ကို ငါဘုရား မြင်တော်မမူ။ ထို့ အတူ မိန်းမစိတ်ကို ဆွဲဆောင်နိုင်သော အဆင်းသဏ္ဌာန်တို့တွင် ယောကျာ်း၏ အဆင်း သဏ္ဌာန်ကို ငါဘုရားမြင်တော် မမူ”ဟု ဟောတော်မူသည်။

ထို့ကြောင့် ရှောင်ရှားအပ်သော မိန်းမများမှာ ကာမပိုင်လင်ရှိသော မိန်းမ၊ ထိန်းသိမ်းစောင့်ရှောက် သူရှိသော မိန်းမ၊ စေ့စပ်ထားသော မိန်းမ စသည့် မိန်းမ များကို ပေါင်းဖော်မိလျှင် ကာမေသုမိစ္ဆာ စာရကံမြောက်၏။

ကာလတစ်ခုတုန်းက ကျွန်တော် သည် ဝန်ထမ်းတစ်ယောက် ဖြစ်သည်။ အိမ်ထောင်လည်းမရှိသောကြောင့် လွတ် လပ်သည်။ စာဖတ်သည်။ လက်ဖက်ရည် ဆိုင်ထိုင်သည်။ ဘောလုံးပွဲသွားသည်။ လောင်းကစားနှင့် အရက်ကင်းသည်။ အမြဲတွဲသော သူငယ်ချင်း သုံးယောက်ထဲ တွင် သက်ဦးဆိုသည့်သူငယ်ချင်းက ရုပ် ဖြောင့်သည်။ စကားပြောလည်း ကောင်း သည်။ သူ့မှာ အိမ်ထောင်နှင့် ကလေး တစ်ယောက်ရှိသည်။ သူက စာဖတ်သူ ဖြစ်သဖြင့် ဝတ္ထု ဆောင်းပါးလေးများ ရေး သော ကျွန်တော့်ကို အခြားလူ တွေထက် ပိုခင်သည်။ ကိုယ်ရေးကိုယ်တာအချို့ကို လည်း တိုင်ပင်လေ့ရှိသည်။

သို့သော် ယခုတလော ထိုင်နေ ကျ လက်ဖက်ရည်ဆိုင်လေးသို့ ရောက် မလာသည်မှာပဲ တစ်လ လောက်ကြာပြီ ဖြစ်၏။ ကျွန်တော်ကလည်း မေ့မေ့  ပျောက်ပျောက်ပင်သဘောထားက ကိုယ့် အလုပ်နှင့် ကိုယ်ရှုပ်နေလေသည်။ သို့ သော် မနေ့က လမ်းမှာ  သက်ဦးမိန်းမ နှင့်တွေ့မှ သူ့အကြောင်း သိရလေတော့ သည်။ အဖြစ်အပျက်က သိပ်တော့ မဆန်းပေ။ သူငယ်ချင်းသက်ဦး အိမ် ထောင်ရှိသော အမျိုးသမီး တစ်ယောက် နှင့် ပတ်သက်နေသည်ဆိုသော ကိစ္စ ပင်ဖြစ်၏။

သည်လိုနှင့် တစ်ရက်တွင် သက် ဦးကို ဖုန်းဆက်ပြီး သူနှင့် လက်ဖက်ရည် ဆိုင်မှာ ဆုံဖြစ်လေသည်။ ကျွန်တော်က သူ့ထက် သုံးနှစ်ကြီးသဖြင့် ကျွန်တော့်ကို လေးစားသည်။ ထို့ကြောင့် သူတစ်ပါး သားမယားကို ပြစ်မှားလျှင် အပြစ်ကြီး ကြောင်းနှင့်  ဘဝအဆက်ဆက် ငရဲကျ မည်ဖြစ်ကြောင်း စာရေး ဆရာပီပီ ကျွန် တော် ဖတ်ဖူးသမျှတို့ကို ကိုးကားပြီး ပြောရသည်။ သူငယ်ချင်းက ပြုံးသည်။ ဆင်ခြင်ပါမည်ဟုလည်း ဆိုသည်။ သို့ သော် နောက်ပိုင်းတွင် သတင်းတွေ ကြား ရသည်။ ထိုအိမ်ထောင်ရှင် အမျိုးသမီးနှင့် ဆက်တွဲနေကြောင်းပင် ဖြစ်၏။

သူ့အမျိုးသမီးကလည်း ကလေး နှင့်အတူ အိမ်ကို မကြာခဏလာသည်။ သူ့ယောကျာ်းကိစ္စအတွက် အကူအညီ တောင်းသည်။ ကျွန်တော်ကလည်း စိတ် မကောင်းရုံကလွဲပြီး ထိထိရောက်ရောက် ကူညီမပေးနိုင်ခဲ့ပေ။ ထို့ကြောင့် သူငယ် ချင်း၏ အကုသိုလ်အလုပ်ကို တွေးမိတိုင်း စိတ်မကောင်း ဖြစ်ရသလို ဘဝပေါင်း များစွာအတွက်လည်း ကြောက်လန့်နေမိ သည်။ ထို့အတူ ဘုရားရှင်၏ ညီတော် အာနန္ဒာသည်ပင်လျှင် ထိုအပြစ်မျိုးကို ကျူးလွန်ခဲ့သောကြောင့် ငရဲကျခဲ့သည်။ မိန်းမဘဝ ဖြစ်ခဲ့ရသည်။ မိန်းမလျာဘဝ လည်း ရောက်ခဲ့ရလေသည်။

ဘုရားရှင်၏ညီတော် အာနန္ဒာ သည် ကမ္ဘာတစ်သိန်းပတ်လုံး ပဒုမုတ္တရ မြတ်စွာဘုရားထံဆုပန်ကာ ပါရမီကို ဖြည့်ဆည်းခဲ့ပြီး ရင့်မာသော ပါရမီ ရှိသော်လည်း ဘဝတစ်ခုတွင် မာဂဓတိုင်း ရာဇဂြိုဟ်ပြည်တွင် ရွှေပန်းထိမ်သည် တစ်ယောက် ၏ သားဖြစ်ခဲ့သည်။ ထိုစဉ်က သူသည် အဆင်းဥစ္စာ ပြည့်စုံ သည့်အပြင် မကောင်းသော အဆွေခင်ပွန်းများနှင့် ပေါင်းမိသော အခါ ကြောက်ရွံ့ထိတ်လန့် ခြင်းကင်း ကာ သူတစ်ပါး သားမယားတို့ အား ကျူးလွန်မိလေသည်။

သို့သော် ထိုကံ၏အကျိုးကို ပန်း ထိမ်သည်၏ သားဘဝတွင် မခံစားရဘဲ ထိုဘဝချုပ်ငြိမ်းပြီးနောက် ဝံသတိုင်း ကောသမ္ဗီပြည်၌ ကုဋေရှစ်ဆယ် ကြွယ်ဝသော သူဋ္ဌေး၏ တစ်ဦးတည်းသော သား ဘဝရောက်သည့်အခါမှာလည်း သူ့ မကောင်းမှုက သူ့ကို အကျိုးမပေးခဲ့သေး ပေ။ ထိုဘဝ၌ပင် အဆွေခင်ပွန်းကောင်း တို့နှင့် ပေါင်းကာ ကောင်းမှု ကုသိုလ်များ ကို ပြုလေသည်။ သို့သော် ထိုသူဋ္ဌေးသား ဘဝမှ ကွယ်လွန်သွားသောအခါ ယခင် ပန်းထိမ်သည်ဘဝက မကောင်းမှုသည် အကျိုးပေးကာ မဟာရောရုဝ ငရဲသို့ ကျ ရောက်ခဲ့လေသည်။

ဘဝတစ်ခုကပြုခဲ့သောမကောင်း မှုကုသိုလ်ကံက ထိုမျှနှင့်မပြီးသေးပေ။ မဟာရောရုဝ ငရဲ၌ ကာလပေါင်း သိန်း သောင်း ကုဋေ ဆင်းရဲပြီးနောက် ငရဲသား ဘဝပြီးဆုံးသောအခါ ဆိတ်ဝမ်းတွင် ပဋိသန္ဓေတည်ပြန်သည်။ ထိုဆိတ်မဝမ်း မှ မီးဖွားပြီး အရွယ်ရောက်သည်နှင့် ပြုခဲ့ ဖူးသော ကာမေသုမိစ္ဆာစာရကံကြောင့် ဝှေးစေ့ထုတ်ပစ်ခံရခြင်း၊ ကျော၌ အစီးခံ ရခြင်း၊ ယာဉ်ရထားတို့ကို ဆွဲရခြင်း စသည့် ဒုက္ခများကို ခံစားရပြန်သည်။

ထိုဆိတ်ဘဝမှ သေလွန်သောအ ခါ မျောက်မ၏ ဝမ်းတွင်ပဋိသန္ဓေနေရ ပြန်သည်။ အချိန်ရောက်ပြီး ဖွားမြင်သော အခါ မျောက်ကြီးက ငါ့သားကို ခေါ်ခဲ့ဟု ဆိုကာ မျောက်ငယ် ငိုတမ်းစဉ် ဝှေးစေ့ကို သွားဖြင့် ကိုက်ဖြတ်လေတော့သည်။ ထို့ နောက် မျောက်ဘဝပြီးနောက် နွားမဝမ်း တွင် သန္ဓေတည် ပြန်သည်။ သို့သော် ယခင်ဘဝများက အတိုင်းပင် နွားရှင်က ဝှေးစေ့ကိုထုတ်ကာ တိုက်နွားအဖြစ် ခိုင်း လေသည်။

ထိုနွားဘဝမှလွန်သော် ဝဇ္ဇီတိုင်းရှိ ယောကျာ်း မဟုတ်၊ မိန်းမမဟုတ် နပုံး ပဏ္ဍုတ် ဖြစ်ပြန်သည်။ ထိုဘဝမှ သေ လွန်သောအခါ တာဝတိံသာနတ်ပြည်၌ သိကြားမင်း၏ မိဖုရား နတ်မိန်းမ ဖြစ်ရ ပြန်သည်။ နတ်မင်းမိဖုရားသည် အတိတ် ဘဝ ခုနစ်ဘဝကို မြင်နိုင်သလို အနာဂတ် ခုနစ်ဘဝကိုလည်း မြင်နိုင်၏။ အဘယ် ကြောင့် နတ်စည်းစိမ်ကိုရသည်ဟု ဆင် ခြင်သော် ကောသမ္ဗီပြည်၌ သူဋ္ဌေးသား ဘဝက သူတော် ကောင်းတို့နှင့်ပေါင်းကာ ကောင်းမှုကုသိုလ် အားထုတ်ခဲ့သော ကြောင့် ဖြစ်သည်။

ထို့ကြောင့် မကောင်းမှုဟူသည် ဝဋ်ကြွေးပင်ဖြစ်သည်။ အရှင်အာနန္ဒာ သည် ပန်းထိမ်သည်သားဘဝက ကာမ ဂုဏ် ကျူးလွန်ခဲ့သောကြောင့် ရောရုဝ ငရဲသို့ ကျခဲ့သည်။ နွားဘဝ၊ ဆိတ်ဘဝ၊ မျောက်ဘဝ၊ ဘဝများစွာ ဝှေးစေ့အထုတ် ခံရပြီး ဒုက္ခရောက်ခဲ့သည်။ မိန်းမဘဝ ၁၄ ကြိမ် ဖြစ်ခဲ့သည်။ ယောကျာ်းဘဝ ခုနစ်ကြိမ်ဝှေးစေ့အထုတ်ခံရသည်။ မိန်းမ လျာလည်း ဖြစ်ခဲ့ရသည်။ အကုသိုလ်၏ အကျိုးဆက်များပင် ဖြစ်သည်။

ထို့ကြောင့် ယောကျာ်းသည် မိန်းမ၏ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ တို့ကို စိတ်ညွတ်၏။ မိန်းမ သည်လည်း ထိုနည်းအတိုင်းပင်။ သို့ သော် ညွတ်သော စိတ်တို့ကို ထိန်းသိမ်း စောင့် ရှောက်ခြင်းဖြင့် အကုသိုလ်ကိစ္စ များကို ဆင်ခြင်ဖို့သာ လိုအပ်လှပေ သည်။

မောင်မြင့်အောင်

Comments

comments

Post Author: manawmaya