ကွင်းပိုင်ကြီးတဲ့…

အချိန်အခါသမယ ဝသန္တ မိုးဦးပင်လျှင် ကျ ရောက်ပေတော့မည်။ မုတ်သုန်လေ တရေးနိုးတော့ မိုးပြေးလေးတွေက တဖွဲဖွဲမစဲအောင်ပင် ရွာသွန်းဖြိုး နေကြပြီ ဖြစ်ပါသည်။ မိုးကိုအပြစ်တင်၍ မရပါ။ အပြစ်မြင်၍ မရပါ။ သူ့အချိန်သူ့အခါရောက်နေပြီ ဖြစ်လသည်။ တကယ်တန်းဆိုရပါမူ ကျွန်တော်တို့၏ လုပ်ထုံးလုပ်နည်းအရ ဤအချိန်၌ ကျွန်တော် တာဝန်ခံယူထားသော အဆောက်အအုံ အားလုံးတို့ သည် အောင်မြင်စွာပြီးဆုံးနေရမည့် ကာလဖြစ်လေ သည်။ သို့သော်လည်း အကြောင်း အမျိုးမျိုးတို့ ကြောင့် ပြီးမြောက်ခြင်း မရှိဖြစ်ရလေတော့သည်။ ထို့ကြောင့် ကျွန်တော်တို့အဖွဲ့သည် ကံဇာတ်ဆရာ အလိုကျ ပြောင်းကြ၊ ရွှေ့ကြ၊ သယ်ကြ၊ ပိုးကြနှင့် အလုပ်တစ်ခု ပိုလာလေတော့သည်။ တော်ပေးသေး ၏။ အဆောက်အအုံနှစ်ခုလုံးတွင် အဆောက်အအုံ တစ်လုံးမှာ အုတ်စီပြီး ချောပြီး မိုးပြီးကာပြီး ဖြစ်နေ သောကြောင့် ကျွန်တော်တို့အဖွဲ့ ကံကောင်းသည် ဟူ၍ ပြောရပေလိမ့်မည်။ နှစ်ယောက် တစ်ခန်း၊ သုံးယောက် တစ်ခန်း၊ တိုက်ခန်းကိုယ်စီကိုယ်ငနှင့် တစ်ခဏတာ ဘဝလေး နွေးထွေးသွားသည်ပင် ထင်ရလေတော့သည်။ ဪသာ် လောကကြီးကလည်း နေတတ်လျှင် ကျေနပ်စရာပေါ့။

သို့သော် ကျွန်တော်တို့၏ အောက်လက် ငယ်သားတပည့်များမှာ ကျန်းမာရေးကောင်းကြ သော်လည်း ခေါင်းဆောင်များဖြစ်ကြသော ကျွန်တော် ၏ တပည့်ကျော် မောင်ဇော်လင်းနှင့် ကျွန်တော့်မှာ ကျန်းမာရေး ချို့တဲ့လာသည်။ အထူးသဖြင့် မောင် ဇော်လင်း၏ ခြေထောက် အနာဟောင်းအား ရွှံ့များ ဝင်၍လည်းကောင်း၊ အညှော်များ ဝင်၍လည်းကောင်း၊ ထိုနည်းတူစွာ ကျွန်တော့်တွင်လည်း အစားမှား၍ လည်းကောင်း၊ တိုက်ခန်း တမံသလင်းပေါ်တွင် လည်းကောင်း နေထိုင်ရ၍ ဆရာတပည့် နှစ် ယောက်လုံး ခြေထောက်များ ယောင်ကိုင်းလာကြ သည်။ ထို့ကြောင့် ဆရာတပည့်နှစ်ယောက် တစ် ယောက်တစ်လှည့် ကိုယ့်မြို့ကိုယ့်ရပ်ပြန်၍ ဆေးခန်း ပြခြင်း၊ ဆေးကုသမှုခံယူခြင်း၊ အနားယူခြင်းများ ပြုလုပ်ရလေတော့သည်။ မောင်ဇော်လင်း ပြန်သော အလှည့်တွင် ကျွန်တော်တစ်ယောက်တည်း အိပ်စက် ရသည်။

ထိုတစ်ည၌ လပြည့်ကာနီးဖြစ်သောကြောင့် လရောင်သည် ကျွန်တော် အိပ်စက်နေသော အခန်းထဲသို့ ဆလိုက်မီးထိုးထားသကဲ့သို့ လင်းထိန် နေသည်။ တစ်နေ့တာလုံး အလုပ်လုပ်ရသောကြောင့် မောမောပန်းပန်းနှင့် နှစ်ခြိုက်စွာ အိပ်မောကျနေ သော ကျွန်တော်သည် ခပ်ပြင်းပြင်း ခြေသံတစ်ခု ကြောင့် လန့်၍ နိုးလာလေတော့သည်။ ကျွန်တော့် မျက်လုံးကို ကျွန်တော် မယုံနိုင်လောက်အောင်ပင် ဖြစ်နေသောကြောင့် သေချာပွတ်သပ်ကြည့်ရာ အံ့ဩထိတ်လန့်ခြင်း၊ ကြောက်ရွံ့ တုန်လှုပ်ခြင်းများ တစ်ပြိုင်တည်း ဖြစ်သွားလေတော့သည်။ ကျွန်တော် ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ ကြက်သီးမွေးညင်း တို့သည် ခြုံငုံသွားလေတော့သည်။  မြွေဟောက်ကြီး တစ်ကောင်သည် ပါးပျဉ်းထောင်၍ ကျွန်တော်၏ ရှေ့တည့်တည့် လေးတောင်ခန့်အကွာတွင် ဘယ်ညာ ယိမ်းနွဲ့၍ ရှိနေလေတော့သည်။ အရွယ်အစားအား ဖြင့် ယောကျာ်းတစ်ယောက်၏ ခြေသလုံးမျှရှိလေ၏။ ထောင်ရမ်းယိမ်းနွဲ့နေသော ပါးပျဉ်းကြီးမှာ ဆန်ကော တစ်ချပ်မျှရှိ၍ ဂဠုန်သုတ်မှအစ ထင်လင်းစွာ မြင်နေ ရလေသည်။ ကျွန်တော်သည် စက္ကန့်အနီးငယ်မျှ မှင်သက်မိနေသကဲ့သို့ ဖြစ်နေ၏။ ခဏအကြာမှ မေတ္တာပို့ခြင်း၊ အမျှအတမ်းပေးဝေ ခြင်းများ ပြုကာ အောက်ပါ မေးခွန်းများအား တစ်ခုချင်း မေးမိရက် သား ဖြစ်သွားလေတော့သည်။

 

(၁) ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။

(၂) သိုက်ကလာတာလား။

(၃) အောက်လမ်း။

(၄) အစိမ်းလား။

(၅) သရဲလား။

(၆) နယ်ပိုင်ကြီးလား။

(၇) မှော်ဆရာကြီးလား အစရှိသဖြင့်မေးခွန်း ပေါင်းမြောက်မြားစွာ မေးကြည့်သော်လည်း ထိြုွေမ ဟောက်ကြီးသည် ခေါင်းခါ၍ လှုပ်ယမ်းမြဲရှိနေလေ ၏။ နောက်ဆုံး ကွင်းပိုင်ကြီးလားဟု မေးမိကာမှပင် ခေါင်းညိမ့်၍ အဖြေပေးသကဲ့သို့ အမူအရာအား တွေ့ရလေတော့သည်။ ထိုအခါကြမှ ကျွန်တော်တို့ ဆောက်လုပ်လျက်ရှိသော ဆေးပေးခန်းသည် လယ် ကွင်းထဲ၌ရှိကြောင်း သတိထားမိလေတော့သည်။ ကျွန်တော်သည် အဲဒါဆိုရင်တော့ ငါတို့ဆရာတပည့် တွေ အားလုံးကို အကူအညီပေးပါ။ အနှောင့်အယှက် မပေးပါနဲ့ဟူ၍ ပြောလိုက်ရာ ကျေနပ်စွာခေါင်းညိတ် ဟန်ပြု၍ ပြန်ဆင်းသွားလေတော့သည်။ ကျွန်တော် တို့နှင့် ကိုက်တစ်ရာခန့်ဝေးသော နွားစာကျက်၊ ထန်းတောစုစုလေးနား ရောက်သည်နှင့် မီးနီလုံးကြီး၊ မီးခိုးလုံးကြီး တက်လာကာ တစ်ခဏချင်း ပျောက် ကွယ်သွားလေတော့သည်။ ထိုသောအခါမှ ကျွန် တော်သည်လည်း သက်ပြင်းမောကြီးချကာ သောက် ရေတစ်ခွက်အား စိတ်ကျေနပ်အောင် သောက်၍ အစမှပြန်စကာ အိပ်ရလေတော့သည်။ သို့သော် ထိုညတစ်ညသည် ညတာပို၍ ရှည်နေသည် ထင် နေရတော့၏။ မိုးလင်းကာနီးအချိန်ကျမှ မှေးခနဲ အိပ်ပျော်သွားလေတော့သည်။ ထိုအချိန်မှ အပ။ ။

မောင်မောင်ဝင်းတင်

(ရွှေပင်မြေ)

Comments

comments

Post Author: manawmaya