တောင်းသူ ပေးသူ မညီတူ ငိုသူဟူ၍ မှတ်

မြတ်စွာဘုရားရှင်သည် အာဠဝီပြည်၊ အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူစဉ် ကုဋိကာရ (တဲ၊ တင်းကုပ်ကိုပြုခြင်း) သိက္ခာပုဒ်ကို အကြောင်းပြု၍ ဤဇာတ်တော်ကို ဟောပြတော်မူခဲ့ပါသည်။

ထိုစဉ်က အာဠဝီပြည်သား ရဟန်းတို့သည်  မိမိတို့နေထိုင်ရန် ကုဋီ(တဲ၊ တင်းကုပ်)တို့ကို ကိုယ် တိုင်ပြု၍ နေထိုင်ကြသည်။ ထိုသို့ပြုလုပ်ရာတွင် ယောကျာ်းသားများကို ခေါ်ယူ(ချောဆွဲ)၍ ကာယစွမ်း အား၊ ဥာဏစွမ်းအားတို့ဖြင့် တည်ဆောက်ခဲ့ကြပါ သည်။ ဤသို့ စကားဆို၍ လုပ်အားတောင်းခံခြင်း ဝိညတ်(ကိုယ်ဖြင့် သိစေခြင်း၊ နှုတ်ဖြင့်သိစေခြင်း) တို့သည် ထိုအရပ်၊ ထိုဒေသ၌ အများအပြားဖြစ် တည်လျက်ရှိနေခဲ့သည်။ ထို့ကြောင့် လူအများသည် ထိုတောင်းခြင်း ဝိညတ်၏ နှိပ်စက်မှုကြောက်ရွံ့၍ ရဟန်းတို့ကို မြင်တိုင်းရှောင်တိမ်းသွားခဲ့ကြပါသည်။

ထိုအချိန်တွင် အရှင်မဟာကဿပ မထေရ် သည် အာဠဝီပြည်သို့ ဆွမ်းခြွံကလာပါသည်။ လူတို့ သည် အရှင်မဟာကဿပမထေရ်ကို မြင်၍ရှေးနည်း အတိုင်း ရှောင်တိမ်းသွားခဲ့ကြသည်။ အရှင်မဟာ ကဿပမထေရ်သည် ရရှိသမျှသော ဆွမ်းအနည်း ငယ်ကိုသာ ဘုဉ်းပေးပြီးနောက် ထိုရွာမှ ပြန်ကြွ သွားခဲ့ပါသည်။ တစ်ခုသော အရပ်သို့ အရောက် တွင် အရှင်မဟာကဿပထေရ်က –

“ငါ့ရှင်တို့ ဤအာဠဝီပြည်သည် ရှေးယခင် က ဆွမ်းရလွယ်သောအရပ် ဖြစ်၏။ ယခုမူ အဘယ် ကြောင့် ဆွမ်း အခက်အခဲဖြစ်သနည်း”ဟု ရဟန်း အချို့ကို မေး၏။ ထိုအခါ ရဟန်းအချို့က ကုဋီ ဆောက်ရန်အတွက် ဝိညတ်ပြုခြင်းကြောင့် ဖြစ် ကြောင်း ပြောဆိုကြ၏။ ထိုအကြောင်းကို ကြားသိ ရသော အရှင်မဟာကဿပထေရ်သည် မြတ်စွာ ဘုရားရှင် သီတင်းသုံးရာ အဂ္ဂဠဝ စေတီသို့ ကြွရောက်သွားပြီး မြတ်စွာဘုရားရှင်ထံ အကြောင်းစုံကို လျှောက်တင်ပါသည်။

မြတ်စွာဘုရားရှင်သည် အာဠဝီပြည်ရှိ ရဟန်း တော်များကို ခေါ်တော်မူပြီး တောင်းခြင်းဝိညတ်များ ကို မေးတော်မူရာ ရဟန်းတော်များမှ မှန်ကန်ကြောင်း လျှောက်တင်ပါသည်။ ထိုအခါ မြတ်စွာဘုရားရှင် တောင်းခြင်း ဝိညတ်ပြုခြင်းကို ကဲ့ရဲ့တော်မူပြီး –

“ရဟန်းတို့ …ရှေးပညာရှိတို့သည် ရေမြေ့ သခင် ပြည့်ရှင်မင်းက ပင့်ဖိတ်ဆည်းကပ်သော်လည်း သစ်ရွက်ထီး၊ တစ်လွှာဖိနပ်အစုံကိုပင် တောင်းခံလို သော်လည်း ဟီရိဩတ္တပ္ပပျက်မည်စိုးရွံ့၍ လူအများ အလယ်၌ မပြောမဆိုဘဲ ဆိတ်ကွယ်ရာ  အရပ်၌သာ ဆိုကုန်၏”

ဟုမိန့်တော်မူကာ အတိတ်ဘဝမှ ပညာရှိတို့ ၏ ဝိညတ်ပြုခြင်းအမှု စောင့်ထိန်းပုံကို အောက်ပါ အတိုင်း ဟောပြတော်မူခဲ့ပါသည်။

လွန်လေပြီးသောအခါက ကပိလတိုင်း ဥတ္တရ ပဉ္စာလမြို့၌ ဥတ္တရပဉ္စာလမင်း မင်းပြုစဉ် ဘုရား လောင်းသည် မထင်ရှားသော ရွာငယ်တစ်ခုတွင် ပုဏ္ဏားမျိုး၌ဖြစ်၏။ အရွယ်ရောက်သော် တက္ကသိုလ် ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်ယူပြီးနောက် လူ့ဘောင်ကိုစွန့်ခွာ၍ ရသေ့ရဟန်းပြုကာ အချိန် အတန်ကြာသော် ချဉ်ဆားမှီဝဲလို၍ မြို့သို့ထွက်လာခဲ့၏။ ဥတ္တရပဉ္စာလမြို့သို့ ရောက်ရှိခဲ့ပြီး မင်း၏ ဥ ယျာဉ်၌ မှီခိုနေ၏။ နောက်တစ်နေ့တွင် မြို့တွင်းသို့ ဆွမ်းခံဝင်ရာ မင်း၏အိမ်တံခါးဝတွင် ဆွမ်းခံရပ် သည်။

မင်းသည် အလောင်းတော်ရသေ့၏ တည်ကြည်ငြိမ်သက်ခြင်းအပေါ် ကြည်ညို သဒ္ဓါပွားကာ ပြာသာဒ်အထက်သို့ ပင့်ဖိတ်လေ၏။ ထို့နောက်မင်းကိုယ်တိုင်အလောင်း တော်ရသေ့အား ဆွမ်း၊ ခဲဖွယ်၊ ဘော ဇဉ်တို့ကို ဆက်ကပ်ဘုဉ်းပေးစေ၏။ ဆွမ်းကိစ္စ ပြီးသောအခါ မင်းက အ လောင်းတော်ရသေ့အားမင်းဥယျာဉ် ၌ပင် နေစေ၍ နေ့စဉ်မပြတ် မင်း၏ အိမ်၌ ပင် ဆွမ်း၊ ခဲဖွယ်တို့ကို သုံးဆောင်ရန် လျှောက်ထား ပါသည်။ အလောင်းတော်ရသေ့လည်း မင်း လျှောက် တင်ပင့်ဖိတ်သည့်အတိုင်း ကျင့်ကြံနေထိုင်ခဲ့၏။

ဤသို့ဖြင့် မိုးကာလလွန်လေသော် ဟိမဝန္တာ သို့ သွားလိုသဖြင့်

“ခရီးသွားမည့် ငါ့အတွက် တစ် လွှာဖိနပ်နှင့် သစ်ရွက်ထီးတို့လို၏။ သို့ကြောင့် လို အပ်သော ပစ္စည်းကို မင်းထံ တောင်းအံ့”ဟု ကြံ စည်မိခဲ့ပါသည်။

တစ်နေ့တွင် မင်းသည် အလောင်းတော် ရသေ့ရှိရာ ဥယျာဉ်သို့ ရောက်ရှိသွားပြီး ရိုကျိုးရှိခိုး လျက်ရှိသည်။ မင်းကို မြင်တွေ့နေသော အလောင်း တော်ရသေ့က “ဖိနပ်နှင့် ထီးကိုတောင်းအံ့”ဟု ကြံရွယ်ပြီးမှတစ်ဖန် “သူတစ်ပါးထံ၌ ဤဥစ္စာပေးပါ” ဟု တောင်းသောသူသည် ငိုသည်မည်၏။ မရှိဟု ဆိုသော ဥစ္စာရှင်သည်လည်း အတူငိုသောသူ မည် ၏။ ငိုသည်နှင့်တူသော ငါ့ကို လူအများ မမြင်သင့်  သလို၊ အတူငိုသော မင်းကြီးကိုလည်း လူအများ မမြင်သင့်ပေ။ ငါနှင့်မင်းကြီးနှစ်ယောက်တည်း လူ မမြင်ရာ ဆိတ်ကွယ်ရာ၌ ဆိုကြံပြောကြလျှင် သင့်၏ ဟုတွေးဆမိ၏။ ထို့ကြောင့် အလောင်းတော်ရသေ့က မင်းအား ဆိတ်ကွယ်ရာတွင် နှစ်ယောက်တည်း တွေ့လိုကြောင်း ဆိုပါသည်။

အလောင်းတော်ရသေ့၏ ဆိုစကားကြောင့် မင်းသည် မင်းချင်းများကို အဝေးသို့ရှောက်သွား ခိုင်း၏။ ထိုအချိန်တွင် အလောင်းတော်ရသေ့မှ “ငါ တောင်းသောအခါ မင်းက မပေးနိုင်သည်ရှိသော်  ငါ့အားချစ်ခြင်းသည် ပျက်အံ့။ ထို့ကြောင့် ငါမတောင်းလိုတော့ပြီ”ဟု ကြံစည်တွေးဆကာ၊ ထီး၊ ဖိနပ် စသည်ကို မတောင်းခံဘဲရှိခဲ့ပါသည်။ ထို့ကြောင့် အလောင်းတော်ရသေ့က –

“မြတ်သောမင်းကြီး သွားစရာရှိသည်ကို သွားပေဦးတော့။ နောက်တစ်နေ့မှသာ ပြောဆိုပါအံ့”ဟု ဆိုသဖြင့် မင်းလည်း ဥယျာဉ်မှ ပြန်ထွက်သွားခဲ့ပါသည်။

နောက်တစ်နေ့ မင်းသည် ဥယျာဉ်သို့ ရောက်ရှိသော်လည်း အလောင်းတော်ရသေ့က ရှေးနည်းအတိုင်းပင်ဆို၍ မင်းလည်းပြန်ထွက်သွားရပြန်၏။ ဤ သို့ဖြင့် မင်းက ဥယျာဉ်သို့ အကြိမ်ကြိမ်အခါခါ ရောက် လာသော်လည်း အလောင်းတော်ရသေ့က ထို့အတူ သာလျှင် ပြောဆိုခဲ့ပါသည်။ အလောင်းတော်သည် တောင်းဆိုလိုသော ဥစ္စာ(ထီး၊ ဖိနပ်)တို့ကို မတောင်း ဆိုဘဲ နေထိုင်ခဲ့သည်မှာ တစ်ဆယ့်နှစ်နှစ်ကျော်ရှိ ခဲ့ပါသည်။

အချိန်ကာလ ကြာလာသည်နှင့်အမျှ အလောင်းတော်ရသေ့နှင့် ဥတ္တရပဉ္စာလမင်းတို့မှာ ဆရာရင်းတပည့်သဖွယ် ရှိခဲ့ပါသည်။ သို့သော် အလောင်းတော်ရသေ့သည် မင်းနှင့်တွေ့တိုင်း ဆိတ် ကွယ်ရာ အရပ်ကိုဆောင်၍ ဖွင့်ဆိုမည့်စကားကို ရှောင်တိမ်းနေခဲ့ပါသည်။ ထို့ကြောင့် မင်းသည် အလောင်းတော်ရသေ့အပေါ် ဇဝေဇဝါအတွေးများ ဖြင့် သို့လော သို့လော ဝေခွဲမရဖြစ်နေခဲ့သည်။ ထို့ပြင် “ငါသည် အလောင်းတော်ရသေ့အား မင်းစည်းစိမ် မှအစ အလိုရှိရာကို ပေးဆောင်မည်”ဟု စဉ်းစား ဆုံးဖြတ်ကာ မင်းသည် အလောင်းတော်ရသေ့ရှိရာ ဥယျာဉ်သို့ သွားခဲ့ပါသည်။

ဥယျာဉ်သို့ရောက်သောအခါ မင်းမှဆိတ် ကွယ်ရာကိုပြု၍ အလောင်းတော်ရသေ့အား အကြောင်းစုံကို လျှောက်တင်ပါသည်။ အလောင်း တော်ရသေ့ အလိုရှိမည်ဆိုလျှင် ထီးနန်းစည်းစိမ် မှအစ အလိုရှိရာကို ပေးစွမ်းမည်ဖြစ်ကြောင်း လျှောက်တင်ပါသည်။ ထိုအခါ အလောင်းတော် ရသေ့က မိမိလိုအပ်သော အရာဝတ္ထုကို တောင်းခံ မည်ဖြစ်ကြောင်း ပြော၏။ မင်းကလည်း အလိုရှိရာ ကို ပေးလှူမည်ဟုဆိုသည်။ ထိုအလောင်းတော် ရသေ့က –

“မြတ်သော မင်းကြီး ခရီးသွားသော ငါ့အား တစ်လွှာဖိနပ်နှင့် သစ်ရွက်ထီးတို့ကို အလိုရှိ၏”ဟု ဆိုပါသည်။ အလောင်းတော်ရသေ့၏စကားကို အံ့ ဩကြီးစွာဖြင့် မင်းက –

“အရှင်ဘုရား အရှင်ဘုရားတို့သည် ဤမျှ လောက်သော လိုအပ်သည့် အရာဝတ္ထုကို တစ်ဆယ့်  နှစ်နှစ်တာပတ်လုံး တောင်းခံခြင်းငှာ မစွမ်းနိုင်သည် မှန်၏”

“အရှင်ဘုရား အဘယ်ကြောင့် ဤသို့ပြုရပါ သနည်း”

“မင်းမြတ် ဤမည်သောဝတ္ထုကို ပေးပါဟု တောင်းသောသူသည် ငိုသည် မည်၏။ မရှိဟုဆို သော သူသည်လည်း အတူငိုသည်မည်၏။ တောင်း သော ငါ့အား သင်သည် မပေးနိုင်ခဲ့ပါလျှင် ထိုငါ၏ ငိုခြင်းမှာ အသင်မင်းကြီးနှင့်အတူ ငိုခြင်းပင် ဖြစ်၏။ ထိုအတူ ငိုခြင်းတို့ကို လူအများမမြင်စိမ့်ငှာ ဆိတ် ကွယ်ရာတွင်ပြုရပါ၏။”

ဟု အလောင်းတော်ရသေ့မှ မိန့်ဆိုပါသည်။ မင်းသည် အလောင်းတော်ရသေ့အား ကြည်ညိုသဒ္ဓါ  စိတ်များပွားများကာ ဆင်၊ မြင်း၊ ရထား စသည့် ဥစ္စာစည်းစိမ်များကိုပါ ပေးလှူလိုကြောင်း လျှောက် တင်ပါသည်။ ထိုအခါ အလောင်းတော်ရသေ့က –

“မြတ်သော မင်းကြီး …ငါသည် ကိလေ သာ ကာမ၊ ဝတ္ထု။ ကာမတို့၌ အလိုမရှိ ငါလို အပ်သော ထီးနှင့်ဖိနပ်ကိုသာ တောင်းခံ၏။ ထိုထီးနှင့် ဖိနပ်ကိုသာ ငါ့အားပေးလော့”

ဟုဆိုပါသည်။ ထို့နောက် မင်းပေးလှူသော တစ်လွှာဖိနပ်နှင့် သစ်ရွက်ထီးတို့ကို ခံယူတော်မူ ပြီးနောက် အလောင်းတော်ရသေ့က –

“မြတ်သောမင်းကြီး …မမေ့မလျော့သော သတိဖြင့် ဒါန၊ သီလ၊ ဘာဝနာ အမှုကိုပြုလော့ ဥပုသ်သီလကို ဆောက်တည်လော့”ဟု မင်းအား ဆိုဆုံးမ၍ ဟိမဝန္တာသို့ ထွက်ခွာသွားခဲ့ပါသည်။ ဟိမဝန္တာတွင် အဘိဥာဉ် သမာပတ်တို့ဖြစ်စေ၍ ဘဝနတ်ထံ ပျံလွန်သောအခါ ဗြဟ္မပြည်သို့ လားခဲ့ရ ပါသည်။

အတိတ်ဘဝဖြစ်စဉ်၏ ပစ္စုပ္ပန်ဇာတ်ပေါင်း ခန်းတွင် ယခုမြတ်စွာဘုရားရှင်သည် ထိုစဉ်က ရသေ့ဖြစ်ခဲ့ဖူးပြီး ထိုစဉ်က ဥတ္တရပဉ္စာလမင်းသည် အခုအရှင် အာနန္ဒာမထေရ် ဖြစ်ခဲ့ကြပါသည်။

နိပါတ်တော်လာ သင်ခန်းစာအနေဖြင့် မိမိ အကျိုးအတွက် အများကို မထိခိုက်စေသင့်ကြောင်း၊ အရာရာတွင် ခြိုးခြံြွေခတာ၍ မလိုအပ်ဘဲ တောင်းခံ မှုမျိုး မပြုသင့်ကြောင်း၊ တောင်းသူပေးသူ မညီမူက   အမုန်းပွားတတ်ကြောင်း မှတ်ယူရပါသည်။

မေတ္တာစေတနာဖြင့်

မောင်အေးထွန်း

ကျမ်းကိုး ငါးရာ့ငါးဆယ်နိပါတ်တော် ကုဋိ ဒူသကဝဂ်မှ ဗြဟ္မဒတ္တ(မြတ်သောအကျင့်ပေးအပ် ခြင်း)ဇာတ်တော်။

Comments

comments

Post Author: manawmaya