မေတ္တာကြီးမား သည်းခံခြင်းကား မိဘမှတစ်ပါး အခြားမရှိ

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်  အပျိုကြီးတစ်ဦး၏ ဖြားယောင်းခြင်းကို ခံရသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဤဇာတ်တော်ကို ဟောပြတော်မူခဲ့ပါသည်။

လွန်လေပြီးသောအခါက ဗာရာဏသီပြည် တွင် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်ခဲ့ပါသည်။  အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်၌ သင် ကြားအပ်သော အတတ်ပညာများကို သင်ယူတတ် မြောက်ပြီးနောက် အိမ်ထောင်အမှုကို ပြုခဲ့ပါသည်။ သားတစ်ဦးရရှိပြီးနောက် ထိုသားအရွယ်ရောက်ချိန် တွင် ဇနီးမယားမှာ ကွယ်လွန်သွားခဲ့ပါသည်။ ထိုအခါ အလောင်းတော်သည် သားငယ်ကိုပါ ခေါ်ဆောင်၍ ဟိမဝန္တာသို့သွားကာ သားနှင့်အဖ နှစ်ဦးစလုံး ရသေ့ ရဟန်းပြု၍ နေထိုင်ခဲ့ပါသည်။ တစ်နေ့တွင် အ လောင်းတော်ရသေ့သည် သားရသေ့ကို ကျောင်း၌ ထားရှိခဲ့ပြီး မိမိမှာမူ သစ်သီးကြီးငယ်ရှာရန် တောထဲ သို့ ထွက်လာခဲ့ပါသည်။

ထိုအချိန်တွင် ခိုးသားတို့သည် ပစ္ဆန္တရစ်ရွာသို့  ဝင်ရောက်လုယက်ကြပြီး ရွာသူရွာသားများကိုလည်း ဖမ်းဆီးခေါ်ဆောင်ကြသည်။ ထိုရွာမှ သတို့သမီး ငယ်တစ်ယောက်သည် ထွက်ပြေးလွတ်မြောက်လာ ပြီး အလောင်းတော်သားအဖနေထိုင်ရာ ကျောင်းသို့ ရောက်လာခဲ့သည်။ သတို့သမီးသည် ကျောင်းတွင် ရှိနေသော ရသေ့ငယ်ကိုမြင်၍ သီလပျက်အောင် မာယာပရိယာယ်တို့ဖြင့် ဖြားယောင်းပါသည်။ ထို့ နောက် ရသေ့ငယ်အား မိမိနှင့်အတူ လိုက်ခဲ့ဖို့ ခေါ် ဆောင်ပါသည်။ ရသေ့ငယ်မှ အဖကို စောင့်ဦးမည်။ အဖကို ဖူးမြော်လျှောက်တင်ပြီးမှ သွားမည်ဖြစ် ကြောင်း ဆိုပါသည်။ ထိုအခါ သတို့သမီး က အဖပြန်လာရာလမ်းကို သွားစောင့် မည်ဟုဆိုကာ ရသေ့ငယ်နှင့် သတို့ သမီးတို့သည် ကျောင်းမှ ထွက်၍ အလောင်းတော်ရသေ့ ပြန်လာမည့် လမ်း အကြားတွင် စောင့်ဆိုင်းနေ ခဲ့ကြပါသည်။

ခဏအကြာအလောင်း တော်ရသေ့သည်သားရသေ့ ငယ်နှင့် သတို့သမီးတို့ စောင့်ဆိုင်းနေရာသို့ရောက် ရှိလာသည်။ ထိုအခါ ရသေ့ငယ်က ဖခင်အလောင်း တော်ရသေ့အား –

“အကျွန်ုပ်သည် ဤတောတောင် အရပ်ဒေ သမှ အခြားတစ်ပါးသော လူနေထိုင်ရာ အရပ်သို့ သွားခဲ့သည်ရှိသော် မည်ကဲ့သို့ အကျင့်စရိုက်ရှိသော သူများကို မှီဝဲဆည်းကပ် ပေါင်းဖက်အပ်ပါသနည်း” ဟု မေးမြန်းခဲ့ပါသည်။ ထိုအခါ အလောင်းတော် ရသေ့က –

“ချစ်သား …အကြင်သူသည် သင့်ကိုချစ် ကျွမ်းဝင်၏။ သင်၏ အကျွမ်းဝင်ခြင်းကိုလည်း ထို သူက နှစ်သက်၏။ အကျွမ်းဝင်သော စကားကို နား ထောင်လိုသကဲ့သို့ အပြစ်ကိုလည်း သည်းခံနိုင်သူ ဖြစ်ရာ၏။ အကယ်၍ ဤအရပ်မှ ထွက်သွားခဲ့သည်ရှိ သော် ချစ်၍ သည်းခံသော အကြင်သူမျိုးကို မှီဝဲပါ လော့”

“ချစ်သား …အကြင်သူသည် ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း မကောင်းမှုပြုခြင်းသည်မရှိ၊ ထိုသူမျိုး ကို ရင်ဝယ်ထား၍ သူတော်ကောင်းဟု ဆည်းကပ်ပါ လော့”

“ချစ်သား …စိတ်မတည်ကြည်သော မျောက် စိတ်ကဲ့သို့ လျင်မြန်သည့်စိတ်ရှိသော၊ ခဏချင်းပင်လျှင် ချစ်ခြင်းမုန်းခြင်းကို ဖြစ်စေသော သဘောရှိ သည့် ထိုသူမျိုးကို လူသူမရှိသောအရပ်ပင် ဖြစ်စေ ကာမူ သင်မမှီဝဲ မဆည်းကပ်လေလင့်။ သင့်အပေါ်   တည်ကြည်ခိုင်မြဲသော စိတ်ရှိသူကိုသာ မှီဝဲပေါင်း   သင်းရာ၏”

ဟု ဆိုဆုံးမစကား သုံးခွန်းကိုြွမက်ဆိုပါသည်။  ဖခင်အလောင်းတော် ရသေ့၏စကားကို ကြားသိရသော သားရသေ့ငယ်က –

“ဖခင် …ကျွန်ုပ်သည် ဤကျေးဇူးတရား တို့နှင့် ပြည့်စုံသော အကြင်သူကို အဘယ်မှာ ရနိုင် အံ့ပါနည်း၊ အရပ်တစ်ပါးသို့ မသွားတော့ပြီ အဖနှင့် သာလျှင် အတူနေပါတော့အံ့”

ဟု သတိသံဝေဂစကားကို ပြောဆိုပါသည်။  ထိုအခါမှစ၍ ရသေ့ငယ်အား အဖရသေ့သည် ကသိုဏ်းပရိကံကို ပြောကြား၏။ သားအဖနှစ် ယောက်တို့သည် ဈာန်မှမယုတ်မလျော့စွာဖြင့် ဗြဟ္မာ ပြည်သို့ လားခဲ့ရပါပေသည်။

အတိတ်ဘဝဖြစ်စဉ်၏ ပစ္စုပ္ပန်ဇာတ်ပေါင်း ခန်းတွင် ထိုစဉ်က ရသေ့ငယ်နှင့် သတို့သမီးတို့ သည် ဖြားယောင်းသော အပျိုကြီးနှင့် ရဟန်းတို့ ဖြစ်လာခဲ့သည်။ အတိတ်ဘဝက ဖခင်ရသေ့ကြီး သည် ယခုမြတ်စွာဘုရားရှင် ဖြစ်လာခဲ့ကြပါသည်။

နိပါတ်တော်လာ သင်ခန်းစာအနေဖြင့် မေတ္တာတရားနှင့် သည်းခံခြင်းတရားတို့သည် လူ တိုင်းတွင်ရှိကြပါသည်။ သို့သော် ညီအစ်ကို မောင် နှမရင်း၊ အကြင်လင်မယားချင်း၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်းတို့၌ သည်းခံ ခွင့်လွှတ် ခြင်း၊ မေတ္တာထားရှိခြင်းတို့မှာ အတိုင်းအတာ တစ်ခု အဆင့်မှာသာ ရှိတတ်ကြပါသည်။ ထိုသူများအနက်မှ မေတ္တာကြီးမား သည်းခံခြင်းကား မိဘမှတစ်ပါး အခြားမရှိဟု ပမာပြုအပ်ပါကြောင်း။

မေတ္တာစေတနာဖြင့်

မောင်အေးထွန်း

ကျမ်းကိုး-ငါးရာ့ငါးဆယ်နိပါတ်တော်၊ စူဠ ကုဏာလဝဂ်မှ အရညဇာတ်တော်။

Comments

comments

Post Author: manawmaya