မယားလိမ္မာ၊ လင်ချမ်းသာ

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတ ဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်   အမျိုး ကောင်းသမီးတစ်ယောက်ကို အကြောင်းပြု၍ ဤ ဇာတ်တော်ကို ဟောပြတော်မူခဲ့ပါသည်။

ထိုအမျိုးသမီးသည် ဘုရား၊ တရား၊ သံဃာ  ရတနာသုံးပါးကို မြတ်နိုးကြည်ညို၏။ သဒ္ဓါတရားနှင့် ပြည့်စုံ၍ ဒါနအစရှိသော ကောင်းမှုတို့၌ မွေ့လျော် ၏။ အကျင့်သီလနှင့် ပြည့်စုံ၍ ပညာရှိ၏။ ထို့ကြောင့် ပင် ဘုရားရှင်၏ တပည့်သား အဂ္ဂသာဝက နှစ်ပါး တို့၏ အလုပ်အကျွေးတစ်ဦးလည်းဖြစ်သည်။

ထိုအမျိုးသမီးကို သာဝတ္ထိပြည်ရှိ အမျိုးမတူ  ဘာသာမတူ မိစ္ဆာဒိဌိအမျိုးသားတစ်ဦးမှ တောင်းခံ ၏။ ထိုအခါ မိဘများက မိမိတို့သမီးသည် ဘာသာ တရားကို ကြည်ညို၍ ဒါန၊ သီလ စသည့် ကုသိုလ် ကောင်းမှုတို့ကို ဝတ်မပျက်ပြုသူဖြစ်ပြီး ဘာသာ အယူဝါဒ မတူသူထံသို့ မပေး မအပ်နိုင်ကြောင်း သင်တို့နှင့် ဘာသာတူသူကိုသာ တောင်းခံကြရန် ငြင်းပယ်ပြောဆိုခဲ့ပါသည်။ ထိုအခါ မိစ္ဆာဒိဌိ သတို့ သားနှင့် အမျိုးတို့က သင်တို့၏ သမီးသည် ကျွန်ုပ်တို့ အိမ်သို့ ရောက်ရှိသည်နှင့် သူ့စိတ်တိုင်းကျ ဘာသာ၊ သာသနာကို ပြုစေရမည်ဖြစ်ကြောင်း၊ ဒါန၊ သီလ အစရှိသော ကုသိုလ်ကောင်းမှုတို့ကိုလည်း မပျက် မကွက်ပြုစေရမည်ဖြစ်ကြောင်း မိမိတို့ကြောင့် သူမ၏ ယုံကြည်မှု သဒ္ဓါတရားကို မထိမခိုက် စေရကြောင်း ကတိပြုခဲ့ကြပါသည်။ ထို့ ကြောင့် သတို့သမီး၏ မိဘများသည် နေ့ ကောင်းရက်သာ ရွေး၍ ထိုသတို့သားနှင့် လက်ထက်မင်္ဂလာ ပြုပေးခဲ့ပါသည်။ မင်္ဂလာ ပွဲအပြီးတွင် ထိုအမျိုးသမီးသည် လင်ယော ကျာ်းဖြစ်သူ နေအိမ်သို့ လိုက်ပါသွားခဲ့ပါ သည်။

ထိုအမျိုးသမီးသည် လင်ယောကျာ်းအ ပေါ်၌ မယားဝတ္တရားငါးပါးဖြင့် ပြုစုစောင့်ရှောက် ၏။ ယောက္ခမနှစ်ဦးကိုလည်း မိဘရင်းကဲ့သို့ ပြုစု လုပ်ကျွေး၏။ မိမိယုံကြည်ရာ ဗုဒ္ဓဘာသာကိုလည်း ဝတ်မပျက် ကျင့်ကြံအားထုတ်ပြုလုပ်၏။ တစ်နေ့ တွင် ထိုအမျိုးသည် မထေရ်မြတ်တို့အား ပင့်ဖိတ်၍ အလှူပေးလိုကြောင်း လင်ယောကျာ်းအား ပြော၏။ လင်ကလည်း မယားသဘောကျ ပြုလုပ်ခွင့်ပေး၏။ ထို့ကြောင့် မယားသည် မထေရ်တို့အားပင့်ဖိတ်၍ ကြီးစွာသော ပူဇော်သက္ကာရတို့ဖြင့် အလှူကြီးပေး ၏။ ထိုစဉ် မယားဖြစ်သူမှ မထေရ်မြတ်တို့အား “မိစ္ဆာ အယူရှိသော သဒ္ဓါတရားမရှိသော ရတနာသုံးပါး၏ ဂုဏ်ကို မသိကြသော ခင်ပွန်းသည်နှင့် အမျိုးတို့ အတွက် တောင်းပန်အပ်ပါကြောင်း ထို့ကြောင့် အရှင် မြတ်တို့သည် လင်သားနှင့် အမျိုးတို့ ရတနာသုံးပါး   ၏ ဂုဏ်ကျေးဇူးကို သိမြင်လာသည်အထိ မိမိအိမ် ၌ ဆွမ်းခြွံကစေလိုပါကြောင်း …” လျှောက်တင်ပါ သည်။ မထေရ်မြတ်တို့ကလည်း သည်းခံခွင့်လွှတ်၍ ထိုလင်မယားအိမ်သို့ နေ့စဉ်ဆွမ်းခံကြွခင်း၊ အလှူ ပေးသည့်အခါ ဆွမ်းဘုဉ်းပေးခြင်း အမှုတို့ကို ပြုခဲ့ ကြပါသည်။ တစ်နေ့တွင် မယားဖြစ်သူက –

“အရှင့်သား မထေရ်တို့သည် အိမ်သို့ မပြတ် ကြွလာကုန်၏။ အဘယ်ကြောင့် သင်တို့သည် မဖူး ကုန်သနည်း”

ဟု လင်ဖြစ်သူအား ပြောဆိုပါသည်။ ထိုအခါ လင်ဖြစ်သူမှ ဇနီးမယား၏ စကားကို မငြင်းပယ်ဘဲ နောက်တစ်နေ့ မထေရ်တို့ ကြွရောက်လာလျှင် ဖူး မြင်မည့်အကြောင်း ပြောဆိုပါသည်။ နောက်တစ် နေ့တွင် မထေရ်များ ကြွလာ၍ ဆွမ်းဘုဉ်းပေးပြီး သောအခါ မယားမှ လင့်အား အကြောင်းကြား၏။ လင်သည် မထေရ်များအနီး ဆည်းကပ်၍ ပဋိသန္တာရ စကားပြုပြီး သင့်တင့်လျောက်ပတ်သော နေရာ၌ရှိ နေခဲ့ပါသည်။

ထိုအချိန်တွင် အရှင်သာရိပုတ္တရာသည် ထို ယောကျာ်းအား တရားဟောပြ၏။ ထိုယောကျာ်း သည် အရှင်သာရိပုတ္တရာ၏ တရားစကား၌လည်း ကောင်း၊ ဣရိယာပုထ်တို့၌လည်းကောင်း၊ ကြည်ညို လေးစားမှုများ ဖြစ်ပွားခဲ့သည်။ ထိုအခါမှစ၍ ထို ယောကျာ်းသည် မထေရ်တို့အား နေရာထိုင်ခင်းပေး ခြင်း၊ သောက်ရေကိုစစ်ပေးခြင်း၊ ဆွမ်းဆက်ကပ် ခြင်း၊ တရားနာခြင်း စသည်တို့ကို ပြုမူခဲ့ပါသည်။ နောက်အဖို့တွင် ထိုယောကျာ်း၏ မိစ္ဆာအယူဝါဒမှာ ပျက်ပြယ်သွားခဲ့ပါသည်။ တစ်နေ့တွင် အရှင်သာရိ ပုတ္တရာမထေရ်သည် ထိုလင်နှင့် မယားတို့အား တရားဟော၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတရား ၏ အဆုံးတွင် နှစ်ယောက်သော ထိုလင်မယားတို့ သည် သောတာပတ္တိဖိုလ်၌ တည်ရှိသွားခဲ့ကြပါသည်။

ထိုအခါမှစ၍ ထိုယောကျာ်း၏ အမိ၊ အဖ ဆွေမျိုးသားချင်းနှင့် အမှုလုပ်ကျွန်တို့မှာ မိစ္ဆာအယူ ကို ဖျက်ပြီး၊ ဘုရား၊ တရား၊ သံဃာတို့ကိုသာလျှင် မြတ်နိုး၊ ဆည်းကပ် ကိုးကွယ်ခဲ့ကြပါသည်။ တစ်နေ့ တွင် မယားဖြစ်သူက –

“အရှင့်သား အကျွန်ုပ်သည် အိမ်၌နေခြင်း ကားအကျိုးမရှိ။ ရဟန်းပြုခြင်းဖြင့် ချမ်းသာခြင်းကို ရှာလို၏ …”

ဟု လင်ဖြစ်သူအား ပြောဆိုပါသည်။ ထိုအခါ လင်ဖြစ်သူက –

“ရှင်မ ကောင်းပြီ …၊ ငါလည်း ရဟန်းပြု ပေမည် …”

ဟု ဆိုပါသည်။ ထို့နောက် လင်ဖြစ်သူသည် များစွာသော အခြံအရံတို့ဖြင့် မယားဖြစ်သူအား ရဟန်းမိန်းမတို့၏ ကျောင်းသို့ ပို့အပ်ပါသည်။ လင် ဖြစ်သူကိုယ်တိုင်မှလည်း မြတ်စွာဘုရားထံ ချဉ်းကပ် ၍ ရဟန်းအဖြစ်ကို တောင်း၏။ မြတ်စွာဘုရားရှင်က လည်း ထိုယောကျာ်းကို ရဟန်းပြုစေခဲ့ပါသည်။ ထို ယောကျာ်းရဟန်းနှင့် မိန်းမရဟန်းတို့သည် ဝိပဿ နာ တရားကို ပွားများစေခဲ့ရာ မကြာမြင့်မီတွင် နှစ်ဦး စလုံး အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြသည်ကို မြတ်စွာဘုရားရှင်မှ သုဝဏ္ဏမီဂဇာတ်၏ ပစ္စုပ္ပန်ဝတ္ထု တွင် ဟောပြတော်မူခဲ့ပါသည်။

နိပါတ်တော်လာ သင်ခန်းစာအနေဖြင့် ယုံ ကြည်ကိုးကွယ်မှုဆိုင်ရာ ဘာသာ အယူဝါဒ အမျိုး မျိုးရှိကြပါသည်။ မိမိကိုးကွယ်သော ဘာသာတရား သည် ယခု ပစ္စုပ္ပန်နှင့် နောင်အနာဂတ်တွင် မိမိနှင့် သူတစ်ပါး မည်သူ့ကိုမျှ ထိခိုက်၊ နစ်နာ၊ ပျက်စီး၊ ဆုံးရှုံးမှုမျိုး မဖြစ်စေဘဲ နှစ်ဦးနှစ်ဖက် ချမ်းသာမှုပြု ခြင်းကို ဖြစ်စေရန် အထူးလိုအပ်ပါသည်။ မကောင်း မှုပြုလျှင် မကောင်းကျိုးခံစားရမည်။ ကောင်းမှုပြုလျှင် ကောင်းကျိုးခံစားရမည်ဟူသော ကံ ကံ၏ အကျိုးကို ကောင်းစွာ သိရှိထားဖို့ လိုသည်။  သို့မှသာ မိမိအပါ အဝင် အနီးစပ်ဆုံးသူတို့ကိုလည်း ချမ်းသာသုခဖြစ် စေကြောင်းကို မယားလိမ္မာ လင်ချမ်းသာဟု ပမာပြု အပ်ပါသည်။

မေတ္တာစေတနာဖြင့်

မောင်အေးထွန်း

ကျမ်းကိုး။ ။ငါးရာ့ငါးဆယ်နိပါတ်တော်၊ မဏိ   ကုဏ္ဍလဝဂ်မှ သုဝဏ္ဏမိဂဇာတ်တော်(ပစ္စုပ္ပန်ဝတ္ထု)

Comments

comments

Post Author: manawmaya