ဂမၻီရမွတ္တမ္း

သစ္သီးဝလံ၊ ပန္းမန္

သစ္သီးဆိုတာ သရက္သီး၊ ပိႏၷဲသီး၊ ဒူးရင္း သီးတို႔လို အထက္ကို ေရွး႐ႈႀကီးပြားျမင့္တက္တတ္ တဲ့ အပင္ကေနသီးၾကတာကို သစ္သီးလို႔ေခၚပါ တယ္။ ဝလံဆိုတာကေတာ့ အခ်င္းခ်င္းေပါင္းယွက္ ၿပီး ႏြယ္တက္တတ္တဲ့သတၲိရွိတယ္။ ကင္းပံုသီး၊ က်ီးအာသီး၊ ဖ႐ံုသီး၊ ဖရဲသီးစတဲ့ ႏြယ္ပင္က သီး တဲ့အသီးကို ဝလံရယ္လို႔ေခၚပါတယ္။ ဝလံကို သစ္လန္လို႔လည္း ေခၚၾကပါေသးတယ္။

ပန္းဆိုတာကေတာ့ ပြင့္တတ္တဲ့သတၲိရွိ တယ္။ ဖူးရာမွငံု၊ ငံုရာမွပြင့္လာၾကတာကို ပန္းလို႔ ေခၚရပါတယ္။ မန္ဆိုတာကေတာ့ အပြင့္ပဲ ျဖစ္ျဖစ္ အညြန္႔ပဲ ျဖစ္ျဖစ္၊ အခက္ျဖစ္ျဖစ္၊ အရြက္ျဖစ္ျဖစ္ မာလ္လို႔ေခၚပါတယ္။ ျမန္မာတို႔ရဲ႕ ေဝါဟာရ ၾကြယ္ဝပံု ဂမၻီရျဖစ္ပါတယ္။ ဝါခ်ည္၊ ပိုးခ်ည္စတာေတြနဲ႔ တန္ဆာဆင္ယင္ျပဳလုပ္ထားတဲ့ ပန္းကံုးေတြကို လည္း မန္လို႔ေခၚၾကပါတယ္။

 

မိုးႀကိဳးကိုးမ်ိဳး

(၁) အသံမျပဳဘဲ က်တဲ့မိုးႀကိဳး၊ (၂) တစ္ဖက္ သြားမိုးႀကိဳး၊ (၃) ရယ္သံလို ျမည္ၿပီးက်တဲ့ မိုးႀကိဳး၊ (၄) ဂ်က္ဂ်က္ျမည္ၿပီးက်တဲ့ မိုးႀကိဳး၊ (၅) ေမ်ာက္ မ်က္ႏွာ ေမာ္သလိုက်တဲ့ မိုးႀကိဳး၊ (၆) ငါးျမဴးသလို က်တဲ့မိုးႀကိဳး၊ (၇) ၾကက္ေတာင္ပံျဖန္႔ သလိုက်တဲ့ မိုးႀကိဳး၊ (၈) ထြန္တံုးမိုးႀကိဳး၊ (၉) ေလာင္မီးမိုးႀကိဳး ဆိုၿပီး မိုးႀကိဳးက်နည္း ကိုးမ်ိဳး ရွိပါတယ္။

ဝိစကၠလို႔ မည္တဲ့ မိုးႀကိဳးဟာ အသြားတစ္ဖက္ရွိ မယ္ဆိုရင္ တစ္ဖက္ က အေႏွာင့္အမင္းရွိ တတ္တယ္။ တူးရြင္း၊ ပုဆိန္၊ ပဲခြပ္သြားလို ပံုသဏၭာန္ရွိတယ္။နတ္၊ နဂါး၊ သိၾကား၊ ဘီလူးတို႔ရဲ႕ တန္ခိုး အာႏုေဘာ္ေၾကာင့္ ျဖစ္တတ္တဲ့ လက္နက္လို႔ လည္း ဆိုၾကတယ္။ ေဘးဘယာ ေရာက္တဲ့လူေတြရဲ႕ကံကို အရင္းျပဳတဲ့ အတြက္ ကမၼပစၥယဥတုဇေၾကာင့္လည္း ျဖစ္တတ္တယ္လို႔ မွတ္ယူရမွာ ျဖစ္ တယ္။

နတ္လက္နက္ မိုးႀကိဳး ျဖစ္မယ္ဆိုရင္ေတာ့ မေတာ္ မမွန္တဲ့ မေကာင္းတဲ့ သူ ေတြ အေပၚကိုသာ က် ေရာက္ရမွာ ျဖစ္ပါတယ္။ ေစတီ၊ ဂူ၊ ေက်ာင္း၊ ဘုရား ေတြဆီကို မေရာက္ေကာင္းပါ။ ဥတုေၾကာင့္သာ ေရာက္ႏိုင္ပါ တယ္။ ကသၼီရ၊ ဂႏၶာရတိုင္းမွာ မဇၥ် ႏၱိကမေထရ္ကို နဂါးမင္းအမ်က္ထြက္ၿပီး ပံု သဏၭာန္ အမ်ိဳးမ်ိဳး ေၾကာက္မက္ဖြယ္အရာမ်ားကို ျပဳလုပ္ေၾကာင္း၊ ေလႀကီးမိုးႀကီးက်ေစေၾကာင္း၊ မိုး ႀကိဳးက်ေစေၾကာင္း၊ လွ်ပ္စစ္ေတြျပက္ေစေၾကာင္း၊ သစ္ပင္ေတာင္ထြတ္တို႔ျဖင့္ ခ်တဲ့အေၾကာင္း ဝိနည္း အ႒ကထာတို႔မွာဆိုတယ္။

 

ရန္ေအာင္ရာသည္ ေလးပါး

 

(၁) ဆင္ျခင္တတ္ေသာ ပညာရွိျခင္း၊ (၂) မျပတ္ျပဳတတ္ေသာ လံု႔လရွိျခင္း၊ (၃) အသက္ကို စြန္႔ျခင္း၊ (၄) မွန္ကန္ေသာ စကားကိုဆိုျခင္း။

 

စြန္႔ပစ္ရာသည္ မိန္းမငါးမ်ိဳး

 

(၁) ၿမံဳေသာ မိန္းမ၊ (၂) သားေယာက်ာ္း မေမြးေသာ မိန္းမ၊ (၃) ႏူနာရွိေသာ မိန္းမ၊ (၄) လင္ကို မ႐ိုမေသျပဳက်င့္ေသာ မိန္းမ၊ (၅) လင္ကို မခ်စ္ခင္ေသာ မိန္းမ။

 

မွန္ၾကည့္ပါ

 

မနက္ေစာေစာ အိပ္ယာထတာနဲ႔ ကိုယ့္ မ်က္ႏွာကို မွန္ထဲမွာ ၾကည့္ျဖစ္ေအာင္ၾကည့္ပါ။ အဲသလို ၾကည့္သူဟာ ႏွစ္သက္ျခင္းကို ျပဳတတ္ပါ တယ္။ ဝေျပာေစတတ္တယ္။ အားရွိေစတတ္တယ္။ အသက္ရွည္တတ္တယ္။ သနျခင္း(က်က္သေရမဲ့ ျခင္း)တို႔ကို ပယ္ေပ်ာက္တတ္တယ္။

(ျမန္မာ့အာယု  ေဗၺဒေဆးသိပၸံက်မ္းမွာ ဆိုပါ တယ္)

 

မ်က္ႏွာသစ္ၿပီးရင္ ေရဝေအာင္ေသာက္ပါ

 

အဲသလို ေရကိုေသာက္ေပးရင္ ကိုယ္ပူ ေရာဂါ၊ ျမင္းသ႐ိုက္နာ၊ ဝမ္းကိုက္ေရာဂါ၊ အဖ်ား ေရာဂါ၊ ႏူနာ၊ အဆီခဲနာ၊ မုတၲဃာတ္နာ(ဆီးခ်ဳပ္ ေသာအနာ)၊ ေသြးသည္းေျခတို႔နဲ႔ ယွဥ္တဲ့အနာ၊ ေခါင္းကိုေသြးေရာက္တဲ့အနာ၊ မ်က္စိနာ၊ ေလ သလိပ္ေၾကာင့္ျဖစ္တဲ့ ေဝဒနာေတြကို ေပ်ာက္ကင္း ေစႏိုင္တယ္။ အသက္ကို ရွည္ေစတတ္တယ္။ ပိန္ ႀကံဳသူေတြကို ဝၿဖိဳးေစတတ္တယ္။

 

သြားနဲ႔ပတ္သတ္ၿပီး ေရာဂါျဖစ္ရင္

 

ဆားကိုႀကိတ္ၿပီး အမႈန္႔ျဖင့္တိုက္ပါ။ သြား ကိုက္ရင္ ဆားေရႀကိဳၿပီး ပ႐ုတ္နည္းနည္းထည့္ၿပီး ငံုေထြးပါ။ ခေရေခါက္ကို ႏုတ္ႏုတ္စင္းၿပီး သံုးခြက္ တစ္ခြက္ တင္ျပဳတ္၊ အဲဒီဖန္ေရကို ငံုေထြးေပးပါ။ ေညာင္ခ်ဥ္ေခါက္ကို ျပာခ်၊ ဆားကိုခ်က္ၿပီး အဲဒီ ျပာနဲ႔ ဆားနဲ႔တိုက္ပါ။ တမာခက္ကို တံပူလုပ္ၿပီး လည္း တိုက္သင့္ပါတယ္။

 

ယသာယန ေဆးကို မွီဝဲသူမ်ား

 

အသက္ရွည္ရာ ရွည္ေၾကာင္းျဖစ္တဲ့ ရသာ ယနေဆးမွီဝဲတဲ့သူဟာ ရတနာသံုးပါးကို ဆည္းကပ္ ကိုးကြယ္သူ ျဖစ္ရမယ္။ မဟာသမယသုတ္၊ ဓာရဏ ပရိတ္၊ ေမာရသုတ္တို႔ကို ေန႔စဥ္ရြတ္ဆိုၿပီး ျဗဟၼစိုရ္ တရား ေလးပါးနဲ႔အညီ ေနထိုင္ၿပီး သစၥာဆိုရမယ္။

 

ျဗဟၼမုဟုတၲ

 

မနက္ ေလးနာရီအခ်ိန္ကို ျဗဟၼမုဟုတၲ အခ်ိန္လို႔ ေခၚပါတယ္။ အဲဒီအခ်ိန္ဟာ ေန႔ရဲ႕ အျမတ္ ဆံုးအခ်ိန္ ျဖစ္ပါတယ္။ အားအင္ျပည့္ဝလန္းဆန္းေန တဲ့အခ်ိန္လည္း ျဖစ္တယ္။

အသိဥာဏ္အေတြးအေခၚ ထက္ျမက္တယ္။ က်န္းမာေရး၊ စီးပြားေရး၊ ဘာသာေရး အားလံုးအတြက္ ေက်းဇူးမ်ားလွတယ္။ နိတိက်မ္းမွာ ေနထြက္ သည္အထိ မအိပ္ရ။ အားယုတ္၍ အသက္တိုတတ္သည္။

 

မ်က္ႏွာမသစ္မီ ေျခေဆးပါ

 

အေအးရွိရာ အပူလာဆိုတဲ့ စကားအရ မ်က္ ႏွာမသစ္မီ ေျခေထာက္ကို ေရေဆးျခင္းေၾကာင့္ ခႏၶာကိုယ္မွာရွိတဲ့ အပူဓာတ္ေတြဟာ ေျခေထာက္ကို ေရာက္သြားၿပီး မ်က္ႏွာကို မေရာက္တဲ့အတြက္ ဆံျဖဴ၊ သြားက်ိဳး၊ မ်က္စိမႈန္ျခင္းကို ကာကြယ္ႏိုင္ တယ္။

 

ကိုယ္ေစာင့္နတ္

 

လူရဲ႕ ခႏၶာကိုယ္ကို ေစာင့္တဲ့နတ္ သံုးပါးရွိ တယ္။ ဦးေခါင္းကိုေစာင့္တဲ့နတ္၊ ကိုယ္ကိုေစာင့္ တဲ့နတ္၊ ေျခကိုေစာင့္တဲ့နတ္ဆိုၿပီးရွီတယ္။ ဦးေခါင္း ကိုေစာင့္တဲ့နတ္ဟာ မနက္အခ်ိန္မွာ ၾကည့္႐ႈ ေစာင့္ ေရွာက္တယ္။ ကိုယ္ကိုေစာင့္တဲ့နတ္ဟာ ေန႔ခင္း အခါမွာ ကိုယ္ကိုသန္႔ရွင္းစင္ၾကယ္စြာ ျပဳေလ့ရွိသူ ကို ေစာင့္ေရွာက္တယ္။ ေျခကို ေစာင့္တဲ့နတ္ဟာ  ညအခါမွာ ေျခကို ေဆးေၾကာၿပီး အိပ္ရာဝင္ေလ့ရွိ တဲ့သူကို ေစာင့္ေရွာက္တယ္။

ဦးေခါင္းကို ေစာင့္ေရွာက္တဲ့နတ္ဟာ ႀကိဳး တန္း၊ ႀကိမ္တန္း၊ ေလွကား၊ တံတား၊ အိမ္ေအာက္၊  ပုဆိုးေအာက္၊ အဝတ္ေအာက္၊ လွ်ိဳးဝင္ျခင္းကို အလို မရွိ၊ ကိုယ္ကိုေစာင့္တဲ့နတ္ဟာ မိမိဝတ္ၿပီးတဲ့ အဝတ္ ကို အထက္ေအာက္လွန္ၿပီးဝတ္တာကို အလိုမရွိ။ ေျခကိုေစာင့္တဲ့ နတ္ဟာ ေျခကို မသန္႔မရွင္းျပဳၿပီး အိပ္ေလ့ရွိတဲ့သူကို အလိုမရွိ။

 

စတုသံ ေဝဇနိယ ေလးဌာန

 

၁။ လုမၺိနီဥယ်ာဥ္ = မစၦိမဘဝိက ဘုရား အေလာင္းဖြားေတာ္မူရာဌာန။

၂။ မဟာေဗာဓိ = ဘုရားအျဖစ္သို႔ ေရာက္ေတာ္မူရာဌာန

၃။ ဣသိပတနမိဂဒါဝုန္ေတာ = ဓမၼစၾကာ တရားဦးေဟာရာ ဌာန၊

၄။ ကုသိနာ႐ံု = ပရိနိဗၺာန္စံေတာ္မူရာ ဌာန၊ အထက္ပါ ဌာနႀကီးေလးခုကို သြား ေရာက္ၾကည္ညိဳ ၾကတဲ့သူေတြဟာ ေနာက္ဘဝမွာ အပါယ္ေလးဘံု ကို မေရာက္ၾကဘဲ နတ္ျပည္ကို ေရာက္ရလတၲံ႕လို႔ ဘုရားရွင္ ဗ်ာဒိတ္ထားခဲ့ဖူးတယ္။

 

စိမ္းညႇီနံ႔ရွိေသာ တရားမ်ား

 

၁။ အမ်က္ထြက္ျခင္း၊ ၂။ လိမ္လည္ျခင္း၊ ၃။ လွည့္စားျခင္း၊ ၄။ အေဆြ ခင္ပြန္းကို ျပစ္မွားျခင္း၊ ၅။ ကပ္ေစးႏွဲျခင္း၊ ၆။ အလြန္မာန္မူျခင္း၊ ၇။ ျငဴစူ ျခင္း၊ ၈။ လိုခ်င္ျခင္း၊ ၉။ ဝန္တိုျခင္း၊ ၁၀။ သူတစ္ပါးကို ညႇဥ္းဆဲျခင္း၊ ၁၁။ တပ္မက္ျခင္း၊ ၁၂။ စိတ္ဆိုးျခင္း၊ ၁၃။ မာန္ရစ္ျခင္း၊ ၁၄။ ေတြေဝျခင္း ဤ ၁၄ ပါးနဲ႔ ယွဥ္တြဲေနတဲ့ သတၲ ဝါဟာ ဒီေလာကမွာ စိမ္း ညႇီနံ႔ရွိတယ္ လို႔ ဆိုႏိုင္ပါတယ္။

သူဟာ အပါယ္ကို လား တတ္တယ္။ ျဗဟၼာျပည္ကို သြားရာ လမ္းကို ပိတ္ဆို႔ႏိုင္တယ္။

 

စဓဗဝ စမတံဆိပ္ေလးလံုး

 

စဓဗဝဆိုတဲ့ စမေလးလံုးဟာ ပြင့္ေတာ္မူ ၿပီးခဲ့တဲ့ ဘုရားရွင္ေလးဆူတို႔ရဲ႕ ကိုယ္ပိုင္ ဗိႏၵဳစမေတြ ျဖစ္ၾကတယ္။ စမႀကီးေလးလံုးကို သတၲဝါေတြရဲ႕ ခႏၶာမွာ ခတ္ႏွိပ္ၿပီး မွတ္တမ္းတင္ထားတယ္။

ငါးရံ႕ရဲ႕ အၿမီးမွာ စ အကၡရာ၊ ေဒါင္းရဲ႕ အၿမီးမွာ ဓ အကၡရာ၊ ပုဇြန္မွာ ဗ အကၡရာ၊ လူဝံရဲ႕ ရင္ဘတ္မွာ ဝ အကၡရာ။

 

ေဇယ်တု သဗၺမဂၤလံ

လင္းေရာင္တင္

(အရာရာေအာင္ျမင္ေစတဲ့ ရတနာဒီပံေရႊဖေယာင္းတိုင္ကိစၥ၊ အျခားကိစၥမ်ားအတြက္ ေဆြးေႏြးလိုပါက တိုက္အမွတ္ (၁၀၆၀)၊ ယႆဝတိ (၁၆)လမ္း၊ ေတာင္ဥကၠလာ (၁၃)ရပ္ ကြက္၊ ရန္ကုန္ၿမိဳ႕။ ဖုန္း – ဝ၉ ၄၂၀ဝ၁၄၆၁၄)

 

Unicode Version

 

သစ်သီးဝလံ၊ ပန်းမန်
သစ်သီးဆိုတာ သရက်သီး၊ ပိန္နဲသီး၊ ဒူးရင်း သီးတို့လို အထက်ကို ရှေးရှုကြီးပွားမြင့်တက်တတ် တဲ့ အပင်ကနေသီးကြတာကို သစ်သီးလို့ခေါ်ပါ တယ်။ ဝလံဆိုတာကတော့ အချင်းချင်းပေါင်းယှက် ပြီး နွယ်တက်တတ်တဲ့သတ္တိရှိတယ်။ ကင်းပုံသီး၊ ကျီးအာသီး၊ ဖရုံသီး၊ ဖရဲသီးစတဲ့ နွယ်ပင်က သီး တဲ့အသီးကို ဝလံရယ်လို့ခေါ်ပါတယ်။ ဝလံကို သစ်လန်လို့လည်း ခေါ်ကြပါသေးတယ်။
ပန်းဆိုတာကတော့ ပွင့်တတ်တဲ့သတ္တိရှိ တယ်။ ဖူးရာမှငုံ၊ ငုံရာမှပွင့်လာကြတာကို ပန်းလို့ ခေါ်ရပါတယ်။ မန်ဆိုတာကတော့ အပွင့်ပဲ ဖြစ်ဖြစ် အညွန့်ပဲ ဖြစ်ဖြစ်၊ အခက်ဖြစ်ဖြစ်၊ အရွက်ဖြစ်ဖြစ် မာလ်လို့ခေါ်ပါတယ်။ မြန်မာတို့ရဲ့ ဝေါဟာရ ကြွယ်ဝပုံ ဂမ္ဘီရဖြစ်ပါတယ်။ ဝါချည်၊ ပိုးချည်စတာတွေနဲ့ တန်ဆာဆင်ယင်ပြုလုပ်ထားတဲ့ ပန်းကုံးတွေကို လည်း မန်လို့ခေါ်ကြပါတယ်။

မိုးကြိုးကိုးမျိုး
(၁) အသံမပြုဘဲ ကျတဲ့မိုးကြိုး၊ (၂) တစ်ဖက် သွားမိုးကြိုး၊ (၃) ရယ်သံလို မြည်ပြီးကျတဲ့ မိုးကြိုး၊ (၄) ဂျက်ဂျက်မြည်ပြီးကျတဲ့ မိုးကြိုး၊ (၅) မျောက် မျက်နှာ မော်သလိုကျတဲ့ မိုးကြိုး၊ (၆) ငါးမြူးသလို ကျတဲ့မိုးကြိုး၊ (၇) ကြက်တောင်ပံဖြန့် သလိုကျတဲ့ မိုးကြိုး၊ (၈) ထွန်တုံးမိုးကြိုး၊ (၉) လောင်မီးမိုးကြိုး ဆိုပြီး မိုးကြိုးကျနည်း ကိုးမျိုး ရှိပါတယ်။

ဝိစက္ကလို့ မည်တဲ့ မိုးကြိုးဟာ အသွားတစ်ဖက်ရှိ မယ်ဆိုရင် တစ်ဖက် က အနှောင့်အမင်းရှိ တတ်တယ်။ တူးရွင်း၊ ပုဆိန်၊ ပဲခွပ်သွားလို ပုံသဏ္ဌာန်ရှိတယ်။နတ်၊ နဂါး၊ သိကြား၊ ဘီလူးတို့ရဲ့ တန်ခိုး အာနုဘော်ကြောင့် ဖြစ်တတ်တဲ့ လက်နက်လို့ လည်း ဆိုကြတယ်။ ဘေးဘယာ ရောက်တဲ့လူတွေရဲ့ကံကို အရင်းပြုတဲ့ အတွက် ကမ္မပစ္စယဥတုဇကြောင့်လည်း ဖြစ်တတ်တယ်လို့ မှတ်ယူရမှာ ဖြစ် တယ်။

နတ်လက်နက် မိုးကြိုး ဖြစ်မယ်ဆိုရင်တော့ မတော် မမှန်တဲ့ မကောင်းတဲ့ သူ တွေ အပေါ်ကိုသာ ကျ ရောက်ရမှာ ဖြစ်ပါတယ်။ စေတီ၊ ဂူ၊ ကျောင်း၊ ဘုရား တွေဆီကို မရောက်ကောင်းပါ။ ဥတုကြောင့်သာ ရောက်နိုင်ပါ တယ်။ ကသ္မီရ၊ ဂန္ဓာရတိုင်းမှာ မဇ္ဈ န္တိကမထေရ်ကို နဂါးမင်းအမျက်ထွက်ပြီး ပုံ သဏ္ဌာန် အမျိုးမျိုး ကြောက်မက်ဖွယ်အရာများကို ပြုလုပ်ကြောင်း၊ လေကြီးမိုးကြီးကျစေကြောင်း၊ မိုး ကြိုးကျစေကြောင်း၊ လျှပ်စစ်တွေပြက်စေကြောင်း၊ သစ်ပင်တောင်ထွတ်တို့ဖြင့် ချတဲ့အကြောင်း ဝိနည်း အဋ္ဌကထာတို့မှာဆိုတယ်။

ရန်အောင်ရာသည် လေးပါး

(၁) ဆင်ခြင်တတ်သော ပညာရှိခြင်း၊ (၂) မပြတ်ပြုတတ်သော လုံ့လရှိခြင်း၊ (၃) အသက်ကို စွန့်ခြင်း၊ (၄) မှန်ကန်သော စကားကိုဆိုခြင်း။

စွန့်ပစ်ရာသည် မိန်းမငါးမျိုး

(၁) မြုံသော မိန်းမ၊ (၂) သားယောကျာ်း မမွေးသော မိန်းမ၊ (၃) နူနာရှိသော မိန်းမ၊ (၄) လင်ကို မရိုမသေပြုကျင့်သော မိန်းမ၊ (၅) လင်ကို မချစ်ခင်သော မိန်းမ။

မှန်ကြည့်ပါ

မနက်စောစော အိပ်ယာထတာနဲ့ ကိုယ့် မျက်နှာကို မှန်ထဲမှာ ကြည့်ဖြစ်အောင်ကြည့်ပါ။ အဲသလို ကြည့်သူဟာ နှစ်သက်ခြင်းကို ပြုတတ်ပါ တယ်။ ဝပြောစေတတ်တယ်။ အားရှိစေတတ်တယ်။ အသက်ရှည်တတ်တယ်။ သနခြင်း(ကျက်သရေမဲ့ ခြင်း)တို့ကို ပယ်ပျောက်တတ်တယ်။

(မြန်မာ့အာယု  ဗ္ဗေဒဆေးသိပ္ပံကျမ်းမှာ ဆိုပါ တယ်)

မျက်နှာသစ်ပြီးရင် ရေဝအောင်သောက်ပါ

အဲသလို ရေကိုသောက်ပေးရင် ကိုယ်ပူ ရောဂါ၊ မြင်းသရိုက်နာ၊ ဝမ်းကိုက်ရောဂါ၊ အဖျား ရောဂါ၊ နူနာ၊ အဆီခဲနာ၊ မုတ္တဃာတ်နာ(ဆီးချုပ် သောအနာ)၊ သွေးသည်းခြေတို့နဲ့ ယှဉ်တဲ့အနာ၊ ခေါင်းကိုသွေးရောက်တဲ့အနာ၊ မျက်စိနာ၊ လေ သလိပ်ကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို ပျောက်ကင်း စေနိုင်တယ်။ အသက်ကို ရှည်စေတတ်တယ်။ ပိန် ကြုံသူတွေကို ဝဖြိုးစေတတ်တယ်။

သွားနဲ့ပတ်သတ်ပြီး ရောဂါဖြစ်ရင်

ဆားကိုကြိတ်ပြီး အမှုန့်ဖြင့်တိုက်ပါ။ သွား ကိုက်ရင် ဆားရေကြိုပြီး ပရုတ်နည်းနည်းထည့်ပြီး ငုံထွေးပါ။ ခရေခေါက်ကို နုတ်နုတ်စင်းပြီး သုံးခွက် တစ်ခွက် တင်ပြုတ်၊ အဲဒီဖန်ရေကို ငုံထွေးပေးပါ။ ညောင်ချဉ်ခေါက်ကို ပြာချ၊ ဆားကိုချက်ပြီး အဲဒီ ပြာနဲ့ ဆားနဲ့တိုက်ပါ။ တမာခက်ကို တံပူလုပ်ပြီး လည်း တိုက်သင့်ပါတယ်။

ယသာယန ဆေးကို မှီဝဲသူများ

အသက်ရှည်ရာ ရှည်ကြောင်းဖြစ်တဲ့ ရသာ ယနဆေးမှီဝဲတဲ့သူဟာ ရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်သူ ဖြစ်ရမယ်။ မဟာသမယသုတ်၊ ဓာရဏ ပရိတ်၊ မောရသုတ်တို့ကို နေ့စဉ်ရွတ်ဆိုပြီး ဗြဟ္မစိုရ် တရား လေးပါးနဲ့အညီ နေထိုင်ပြီး သစ္စာဆိုရမယ်။

ဗြဟ္မမုဟုတ္တ

မနက် လေးနာရီအချိန်ကို ဗြဟ္မမုဟုတ္တ အချိန်လို့ ခေါ်ပါတယ်။ အဲဒီအချိန်ဟာ နေ့ရဲ့ အမြတ် ဆုံးအချိန် ဖြစ်ပါတယ်။ အားအင်ပြည့်ဝလန်းဆန်းနေ တဲ့အချိန်လည်း ဖြစ်တယ်။

အသိဉာဏ်အတွေးအခေါ် ထက်မြက်တယ်။ ကျန်းမာရေး၊ စီးပွားရေး၊ ဘာသာရေး အားလုံးအတွက် ကျေးဇူးများလှတယ်။ နိတိကျမ်းမှာ နေထွက် သည်အထိ မအိပ်ရ။ အားယုတ်၍ အသက်တိုတတ်သည်။

မျက်နှာမသစ်မီ ခြေဆေးပါ

အအေးရှိရာ အပူလာဆိုတဲ့ စကားအရ မျက် နှာမသစ်မီ ခြေထောက်ကို ရေဆေးခြင်းကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ အပူဓာတ်တွေဟာ ခြေထောက်ကို ရောက်သွားပြီး မျက်နှာကို မရောက်တဲ့အတွက် ဆံဖြူ၊ သွားကျိုး၊ မျက်စိမှုန်ခြင်းကို ကာကွယ်နိုင် တယ်။

ကိုယ်စောင့်နတ်

လူရဲ့ ခန္ဓာကိုယ်ကို စောင့်တဲ့နတ် သုံးပါးရှိ တယ်။ ဦးခေါင်းကိုစောင့်တဲ့နတ်၊ ကိုယ်ကိုစောင့် တဲ့နတ်၊ ခြေကိုစောင့်တဲ့နတ်ဆိုပြီးရှီတယ်။ ဦးခေါင်း ကိုစောင့်တဲ့နတ်ဟာ မနက်အချိန်မှာ ကြည့်ရှု စောင့် ရှောက်တယ်။ ကိုယ်ကိုစောင့်တဲ့နတ်ဟာ နေ့ခင်း အခါမှာ ကိုယ်ကိုသန့်ရှင်းစင်ကြယ်စွာ ပြုလေ့ရှိသူ ကို စောင့်ရှောက်တယ်။ ခြေကို စောင့်တဲ့နတ်ဟာ  ညအခါမှာ ခြေကို ဆေးကြောပြီး အိပ်ရာဝင်လေ့ရှိ တဲ့သူကို စောင့်ရှောက်တယ်။

ဦးခေါင်းကို စောင့်ရှောက်တဲ့နတ်ဟာ ကြိုး တန်း၊ ကြိမ်တန်း၊ လှေကား၊ တံတား၊ အိမ်အောက်၊  ပုဆိုးအောက်၊ အဝတ်အောက်၊ လျှိုးဝင်ခြင်းကို အလို မရှိ၊ ကိုယ်ကိုစောင့်တဲ့နတ်ဟာ မိမိဝတ်ပြီးတဲ့ အဝတ် ကို အထက်အောက်လှန်ပြီးဝတ်တာကို အလိုမရှိ။ ခြေကိုစောင့်တဲ့ နတ်ဟာ ခြေကို မသန့်မရှင်းပြုပြီး အိပ်လေ့ရှိတဲ့သူကို အလိုမရှိ။

စတုသံ ဝေဇနိယ လေးဌာန

၁။ လုမ္ဗိနီဥယျာဉ် = မစ္ဆိမဘဝိက ဘုရား အလောင်းဖွားတော်မူရာဌာန။

၂။ မဟာဗောဓိ = ဘုရားအဖြစ်သို့ ရောက်တော်မူရာဌာန

၃။ ဣသိပတနမိဂဒါဝုန်တော = ဓမ္မစကြာ တရားဦးဟောရာ ဌာန၊

၄။ ကုသိနာရုံ = ပရိနိဗ္ဗာန်စံတော်မူရာ ဌာန၊ အထက်ပါ ဌာနကြီးလေးခုကို သွား ရောက်ကြည်ညို ကြတဲ့သူတွေဟာ နောက်ဘဝမှာ အပါယ်လေးဘုံ ကို မရောက်ကြဘဲ နတ်ပြည်ကို ရောက်ရလတ္တံ့လို့ ဘုရားရှင် ဗျာဒိတ်ထားခဲ့ဖူးတယ်။

စိမ်းညှီနံ့ရှိသော တရားများ

၁။ အမျက်ထွက်ခြင်း၊ ၂။ လိမ်လည်ခြင်း၊ ၃။ လှည့်စားခြင်း၊ ၄။ အဆွေ ခင်ပွန်းကို ပြစ်မှားခြင်း၊ ၅။ ကပ်စေးနှဲခြင်း၊ ၆။ အလွန်မာန်မူခြင်း၊ ၇။ ငြူစူ ခြင်း၊ ၈။ လိုချင်ခြင်း၊ ၉။ ဝန်တိုခြင်း၊ ၁၀။ သူတစ်ပါးကို ညှဉ်းဆဲခြင်း၊ ၁၁။ တပ်မက်ခြင်း၊ ၁၂။ စိတ်ဆိုးခြင်း၊ ၁၃။ မာန်ရစ်ခြင်း၊ ၁၄။ တွေဝေခြင်း ဤ ၁၄ ပါးနဲ့ ယှဉ်တွဲနေတဲ့ သတ္တ ဝါဟာ ဒီလောကမှာ စိမ်း ညှီနံ့ရှိတယ် လို့ ဆိုနိုင်ပါတယ်။

သူဟာ အပါယ်ကို လား တတ်တယ်။ ဗြဟ္မာပြည်ကို သွားရာ လမ်းကို ပိတ်ဆို့နိုင်တယ်။

စဓဗဝ စမတံဆိပ်လေးလုံး

စဓဗဝဆိုတဲ့ စမလေးလုံးဟာ ပွင့်တော်မူ ပြီးခဲ့တဲ့ ဘုရားရှင်လေးဆူတို့ရဲ့ ကိုယ်ပိုင် ဗိန္ဒုစမတွေ ဖြစ်ကြတယ်။ စမကြီးလေးလုံးကို သတ္တဝါတွေရဲ့ ခန္ဓာမှာ ခတ်နှိပ်ပြီး မှတ်တမ်းတင်ထားတယ်။

ငါးရံ့ရဲ့ အမြီးမှာ စ အက္ခရာ၊ ဒေါင်းရဲ့ အမြီးမှာ ဓ အက္ခရာ၊ ပုဇွန်မှာ ဗ အက္ခရာ၊ လူဝံရဲ့ ရင်ဘတ်မှာ ဝ အက္ခရာ။

ဇေယျတု သဗ္ဗမင်္ဂလံ

လင်းရောင်တင်

(အရာရာအောင်မြင်စေတဲ့ ရတနာဒီပံရွှေဖယောင်းတိုင်ကိစ္စ၊ အခြားကိစ္စများအတွက် ဆွေးနွေးလိုပါက တိုက်အမှတ် (၁၀၆၀)၊ ယဿဝတိ (၁၆)လမ်း၊ တောင်ဥက္ကလာ (၁၃)ရပ် ကွက်၊ ရန်ကုန်မြို့။ ဖုန်း – ဝ၉ ၄၂၀ဝ၁၄၆၁၄)

Comments

comments

Post Author: manawmaya