ယုန်မင်းပရိတ်တော်

ကျွန်မက ကျောင်းတစ်ကျောင်းမှာ စား သောက်ဆိုင် ဖွင့်ထားပါတယ်။ ကျောင်းကကြီးတော့  ဆိုင်ပေါင်း (၅၀)ကျော်လောက် ရှိပါတယ်။ ဈေးသည်တို့ရဲ့ သဘာဝအတိုင်း ရောင်းကောင်းတဲ့အခါကောင်း၊ မကောင်းတဲ့အခါလည်း မကောင်းပေါ့ဘူးနော် …။

အဲဒီအထဲမှာမှ ကျွန်မရဲ့အဆိုင်ကတော့ တော်တော်လေးကို သိသိသာသာ ရောင်းအားကောင်းပါတယ်။ ဈေးရောင်းကောင်းဖို့၊ အလုပ်တစ်ခုအောင် မြင်ဖို့ဆိုတာ အပြောအဆို၊ ဆက်ဆံရေး၊ သန့်ရှင်းမှု၊ စတာတွေအပြင် မမြင်နိုင်တဲ့ အင်အားတွေလည်း ရှိနေတယ်ဆိုတာ ကျွန်မအလေးအနက် ယုံကြည်မိပါတယ်။ လက်တွေ့ပဲလေ။

အားလုံးကတော့ ကိုယ့်ဆိုင်ရောင်းကောင်းအောင် နည်းမျိုးစုံနဲ့ ကြိုးစားကြတာပါပဲ။ ကျွန်မအနေနဲ့ သူတို့တွေထက် အားသာနေတာလေးတစ်ခုကတော့ ကျွန်မဟာ ဆရာဇင်ယော်နီရဲ့ ဗေဒင်တပည့်တစ်ဦးလည်း ဖြစ်နေပါတယ်။ အခုဆိုရင် နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေကို လေ့ကျင့်ဟောပြောပေးလျက်ရှိပါတယ်။

ဗေဒင်သင်တန်းမှာ ဆရာဇင်ယော်နီက – “အဘမင်းသိင်္ခ စွဲစွဲမြဲမြဲ ရွတ်သွားဖူးတဲ့ ဂါထာလေးတစ်ပုဒ် ရှိတယ် …၊ အရေးကြီးတဲ့အခါတွေမှာ အဲဒီဂါထာကို ရွတ်ရတယ် …၊ ဗေဒင်စားပွဲမှာ ထိုင်တော့မယ်ဆိုရင်လည်း အဘက အဲဒီဂါထာ ရွတ်လေ့ရှိသတဲ့ …၊ ဂါထာရွတ်ပြီးရင် လက်ပမ်းပေါက်ခတ်ရတယ် …၊

အဲဒီဂါထာက ရန်အပြိုင်အဆိုင်တွေကိုလည်း နိုင်စေတယ်၊ စားနပ်ရိက္ခာ လာဘ်လာဘလည်း ပွင့်လန်းစေတယ် …”ဆိုပြီး ဂါထာတစ်ပုဒ်ကို သင်ပေးဖူးပါတယ်။

ကျွန်မက ဆိုင်ဖွင့်တော့မယ်ဆိုရင် အဲဒီဂါထာ ကို ရွတ်ပြီးမှ ဖွင့်လေ့ရှိပါတယ်။ လက်တွေ့အလွန် စွမ်းတာမို့ မနောမယဂျာနယ်ကတစ်ဆင့် အမှတ်တရ ရေးသားလိုက်ရပါတယ်ရှင် …။

ရန်အပေါင်းကိုအောင်မြင်၍ စားရေရိက္ခာ လာဘ်လာဘပေါများစေသော ယုန်မင်းပရိတ်တော်

ကိဉ္စိကိဉ္စိ စလံပတ္တော၊
သတ္တသီဟော တယောနာဂေါ။
အဇ္ဇမေဝ စလံပတ္တော၊
ကိန္နုဘက္ခော ဘဝိဿတိ။

မေသဇင်ခိုင်(အယူတော်မင်္ဂလာ)

Comments

comments

Post Author: manawmaya