ပုတီးဖြင့် စ မ ကစားခြင်း

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ စကားကျယ် လောင်ကျယ်လောင် ပြောတတ်သော ကျွန်ုပ်၏ မိတ်ဆွေမိန်းမကြီးတစ်ဦး ရောက်ရှိလာ၏။ ထိုမိန်းမကြီး၏ အမည်မှာ ဒေါ်ယဉ်ယဉ်အောင် ဟူ၍ ဖြစ်၏။ ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း ထို ဒေါ်ယဉ်ယဉ်အောင် က-
“အောင်မလေး ဆရာရယ် ဆရာ့ကို ဖမ်း ရတာလဲ ငါးရှဉ့်ဖမ်းရသလိုပဲ မိဖို့ခက်လိုက်တာ”
ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က-
“မဟုတ်တာပဲဗျာ ကျုပ်အိမ်မှာ ကျုပ်နေနေ တာ။ ဘယ်ကိုမှ မသွားဘူး”
ဟု ကျွန်ုပ်က ပြန်၍ ပြောလိုက်လေ၏။ ထို အခါ ဒေါ်ယဉ်ယဉ်အောင်က-
“ထားလိုက်ပါတော့ ဆရာရယ်၊ အခုလာတာ အရေးကြီးလို့ လာတာ ဆရာရဲ့။ ယောကျာ်းဆုံးသွား တော့ အိမ်ကို ရောင်းပစ်လိ်ုက်တယ်ရှင်၊ ပြီးတော့ ကန်ထရိုက်တိုက်ခန်း ဝယ်လိုက်တယ်။ ဝယ်လိုက် တဲ့ ကန်ထရိုက်တိုက်ခန်းမှာ မကောင်းဆိုးဝါးကရှိ နေတယ်။ တိုက်ကြီးက အသစ်ကြီးပါပဲ။ ဘယ်က ဘယ်လို မကောင်းဆိုးဝါး ရှိတယ် မပြောတတ်ပါ ဘူး။ ပြီးတော့ တစ်အိမ်လုံးမှာ ရှိတာ မဟုတ်ဘူး။ ကျွန်မသမီး အပျိုလေးရဲ့ အခန်းမှာ ရှိနေတယ်။ ကျွန်မသမီးလေး အိပ်ကို မအိပ်ရဲဘူး အဲဒါလုပ်ပါဦး ဆရာရယ်”
ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်ကလည်း ဒေါ်ယဉ်ယဉ်အောင်အား ခဏနေဦးဟုဆိုကာ အနီး တွင်ရှိသော ကျွန်ုပ်၏ တပည့် ဗေဒင်ဆရာမ စော ယုနွယ်အား သုဝဏ္ဏရေနံ့သာဈေးသို့ လွှတ်၍ ရှလကာရည် တစ်ပုလင်းနှင့် ပုလင်းလွတ်တစ်လုံး တို့ကို ဝယ်ခိုင်းလိုက်လေ၏။ စောယုနွယ် ပြန်ရောက် လာသောအခါ၌ ကျွန်ုပ်သည် ၄င်းဝယ်လာသော ရှာလကာရည် ပုလင်းကို ဇလုံတွင်းသို့ လောင်း၍ ထည့်လိုက်ပြီးလျှင် နောက်ထပ် ရေတစ်ပုလင်းကို လည်း လောင်း၍ ထည့်လိုက်လေ၏။ ရေတစ်ပုလင်း နှင့် ရှာလကာရည် တစ်ပုလင်းရောစပ်၍ ပြီးသည့်အခါ၌ ပုလင်းနှစ်လုံးတွင် ခွဲ၍ထည့်လိုက်လေ၏။ ပြီးလျှင် ရှာလကာရည်ပုလင်းမှ တံဆိပ်များကို ခွာပစ်၏။ ထိုသို့ပုလင်းများပေါ်တွင် စက္ကူဖြူများ ကပ် လိုက်လေ၏။
ထိုသို့ ကပ်ပြီးနောက် ထိုစက္ကူဖြစ်ပေါ် တွင် မကောင်းဆိုးဝါးကို နိုင်စေသော ဓာတ်ဆေးရည် ဟု ဘောလ်ပင်နှင့် ရေးလိုက်လေ၏။ ပြီးလျှင် ဒေါ်ယဉ် ယဉ်အောင်အား ထိုပုလင်းနှစ်လုံးကို ပေးရင်း –
“ဒီမှာ ဒေါ်ယဉ်ယဉ်အောင် ဟောဒီ ဓာတ် ဆေးရည်တွေကို ခင်ဗျားသမီးတစ်ခန်းလုံး ဖျန်းပေ ရော့ မကောင်းဆိုးဝါးတွေ ထွက်ပြေးသွားလိမ့် မယ်”
ဟု ပြောလိုက်ရာ ဒေါ်ယဉ်ယဉ်အောင်လည်း ပုလင်းနှစ်လုံးကိုပိုက်၍ ပြန်သွားလေ၏။ ဒေါ်ယဉ်ယဉ် အောင်ပြန်သွားပြီးနောက် ကျွန်ုပ်၏ တပည့် စော ယုနွယ်က-
“ဆရာကြီး ရှာလကာရည်က မကောင်းဆိုး ဝါးကို နိုင်သလား”
ဟု မေးလိုက်လေ၏။
“နိုင်တာပေါ့ စောယုနွယ်ရယ်၊ မကောင်းဆိုး ဝါးဆိုတာ မင်းတို့ငါတို့လို သွေးသားရှိတဲ့ သတ္တဝါ မှ မဟုတ်ဘဲ အခိုးအငွေ့နဲ့ ဖန်ဆင်းထားတဲ့ရုပ် (Gas Form) ပဲရှိတာ။ ဂက်စ်ကို အက်စစ်က နိုင်တယ်ကွယ့်။ အဲဒီတော့ ရှာလကာရည်ဆိုတာ အက်စစ် အပျော့စားပဲ မဟုတ်လား။ အဲဒါနဲ့ ရေနည်းနည်းနဲ့  ရောပြီး ပက်ပေးလိုက်ရင် ဂက်စ်မျှသာရှိတဲ့ မကောင်း ဆိုးဝါးဟာ ချက်ချင်းလွင့်ပျောက်သွားတော့တာပေါ့ ကွယ်”
ဟု ကျွန်ုပ်က ပြောလိုက်လျှင် စောယုနွယ် က-
“ကျွန်မဆီကို ဒါမျိုးတွေ ခဏခဏလာ တယ်။ ဘယ်လိုလုပ်ရမှန်း မသိလို့ အခက်တွေ့နေ တယ်။ ဒီကအပြန် ရှာလကာရည်ပုလင်း တစ်ဒါဇင် လောက်ဝယ်သွားဦးမယ်”
ဟု ပြောလေ၏။
“ကောင်းသားပဲ ဝယ်သွားပေါ့ ရှာလကာရည် က တကယ်နိုင်တာ”
ဟု ကျွန်ုပ်က ပြောလိုက်လျှင် စောယုနွယ်က-
“ဆရာကြီးတို့က ဒီလောက်ပုတီးတွေ စိပ်နေတာ ပုတီးနဲ့နိုင်အောင် လုပ်လို့မရဘူးလား”
ဟုမေးလေ၏။
“ဒီလို စောယုနွယ်ရဲ့ ပုတီးကို ကိစ္စအထွေ ထွေမှာ အသုံးပြုမယ်ဆိုရင် ဒီအတိုင်းသုံးလို့ မရဘူးကွယ့်။ ပုတီးနဲ့ စ မ ကစားထားရမယ်။ ပုတီးနဲ့ စ မ ကစားတယ်ဆိုတာ ပုတီးနဲ့ စ မ တွေကို စိပ် ထားတာကို ပြောတာ”
ဟု ကျွန်ုပ်က ပြောလိုက်လေ၏။ စောယုနွယ်က-
“ဘယ်လိုစိပ်ထားရမှာလဲဆရာ”
ဟုမေးလေ၏။ ထို့ကြောင့် ကျွန်ုပ်က စာရွက် တစ်ရွက်ကို ယူ၍ အောက်ပါအတိုင်း ရေးပြလိုက် လေ၏။
အရဟံ စ ဓ ဗ ဝ သိဒ္ဓိ
အရဟံ ဓ ဗ ဝ စ သိဒ္ဓိ
အရဟံ ဗ ဝ စ ဓ သိဒ္ဓိ
အရဟံ ဝ စ ဓ ဗ သိဒ္ဓိ
စောယုနွယ်သည် ထိုစာရွက်ကို ကြည့်ပြီး နောက်
“ဒီတိုင်းစိပ်ရမှာလား”
ဟုမေးလေ၏။
“သတ်သတ်လွတ်စားပြီး ပုတီးပတ်ပေါင်း ၉၀ဝဝ ပြည့်အောင် စိပ်ရမယ်။ အဲဒီပုတီးကို ရေစိမ် ပြီး ပက်ရင်လည်း မကောင်းဆိုးဝါး မနေနိုင်ပါဘူး”
ဟု ကျွန်ုပ်က ပြောလိုက်ရာ စောယုနွယ်က-
“အဲဒါခက်တယ်။ ရှာလကာရည်ပဲ လုပ်တော့ မယ်”
ဟု ပြောလိုက်လေ၏။ ထို့ကြောင့် ကျွန်ုပ် လည်း လူတို့၏ အလွယ်ကြိုက်တတ်ပုံကို တွေး မိကာ ပြုံးလိ်ုက်ရလေတော့သတည်း။
သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ

Comments

comments

Post Author: manawmaya