ရိုစီမပြောပြတဲ့ ထီ ကံစမ်းသူများအတွက် လက်ဆောင်

တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏ ဗေဒင် ဟောခန်းအဝတွင် ငုတ်တုတ်ကလေးထိုင်ရင်း  လမ်း မဘက်ဆီသို့ ငေးမျှော်ကြည့်ရှုနေလေ၏။ ထိုနေ့မှာ တနင်္လာနေ့တစ်နေ့ဖြစ်၏။ ကျွန်ုပ်၏ ဗေဒင် ဟောခန်းပိတ်ေ သာနေ့ဖြစ်၏။

တနင်္လာနေ့များဆိုလျှင် ကျွန်ုပ်သည် ဗေဒင် ဟောခန်းကို ပိတ်ထားပြီး တစ်ပတ်စာ စာမူများ ရေးသားရလေ၏။ ယခုလည်း မနောမယဂျာနယ် အတွက် စာမူရေးရန် စဉ်းစား၍မရသောကြောင့် အကြံထုတ်ရင်း ငေးမောနေမိခြင်း ဖြစ်လေတော့၏။ ထိုအချိန်၌မှာပင် ကျွန်ုပ်ထံသို့ မကြာခဏ ရောက်လာ လေ့ရှိသော ရိုစီဟူသည့် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးသည် သွက်လက်မြူးကြွသော ခြေလှမ်းများဖြင့် ကျွန်ုပ်၏အခန်းဘက်ဆီသို့ ဦးတည်၍ လျှောက်လာနေသည်ကို မြင်လိုက်ရလေ ၏။

ရိုစီမသည် လမ်းပေါ်ရှိ ခဲလုံးငယ်များ၊ အအေးဘူးခွံများကို ခြေဖြင့်ကန်ကာ ဆော့ကစားရင်း    လျှောက်လာခြင်းဖြစ်၏။ ကျွန်ုပ်၏ အနီးသို့ ရောက်သောအခါ –

“ဂွတ်ဒ်မောနင်း မင်္ဂလာပါဆရာ ကျန်းမာ ချမ်းသာပါစေ ဘုရားသခင် စောင်မတော်မူပါစေဟု ဟိုမရောက်သည်မရောက် နှုတ်ခွန်းဆက်လေ၏။ ပြီးနောက် အခန်းတွင်းမှ ခွေးခြေခုံတစ်လုံးကို ဆွဲထုတ်ကာ ကျွန်ုပ်၏ ရှေ့ မလှမ်းမကမ်းတွင် ထိုင်ချ လိုက်လေ၏။

“နင်ဟာ မိန်းကလေးတစ်ယောက်ဆိုတာ လည်း သတိထားဦး ရိုစီမ၊ မိန်းကလေးဆိုတာ အိနြေ္ဒနဲ့ သိက္ခာနဲ့နေမှပေါ့”ဟု ကျွန်ုပ်က မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်လျှင် ရိုစီမက –

“ကျွန်မက ဘာလုပ်နေလို့လဲ”ဟု ပြန်၍ မေးလေ၏။ ထိုအခါ ကျွန်ုပ်က –

“ဘာလုပ်ရမှာလဲ နင်လမ်းလျှောက်လာတာ ဟိုးအဝေးကြီးကတည်းက ငါမြင်တယ်။ လမ်းပေါ်က အမှိုက်သရိုက်တွေကို ဘာလို့လျှောက်ကန်လာတာလဲ”ဟု မေးလိုက်ရာ ရိုစီမက –

“အဲဒါတွေ လျှောက်ပြီး ကန်တာနဲ့ပဲ အိနြေ္ဒ သိက္ခာမဲ့သွားရောတဲ့လား။ အိနြေ္ဒသိက္ခာဆိုတာ ဘာကို ဆိုလိုချင်တာလဲ”ဟု ပြန်၍ မေးလေ၏။ ကျွန်ုပ်လည်း ရုတ်တရက် ဘာပြန်ပြောလိုက်ရမှန်း မသိသောကြောင့် ပါးစပ်ကို ပိတ်ထားလိုက်ရလေ ၏။ ထိုအခါ ရိုစီမက –

“ဆိုကြပါစို့ ဆရာရယ်။ ကျွန်မဟာ လမ်း လျှောက်တဲ့အခါ ဆရာပြောတဲ့ အိနြေ္ဒသိက္ခာကြီး တစ်ခွဲသားနဲ့ လျှောက်မယ်။ ဆင်မယဉ်သာခြေလှမ်း မျိုးဆိုတာလှမ်းမယ်။ ဒါပေမဲ့ ရည်းစားငါးရာလောက် တစ်ပြိုင်တည်းထားမယ်။ ဆရာ ဘယ်လို သဘော ထားမလဲ”ဟု ကတ်သီးကတ်သတ် မေးလေ၏။ ထို့နောက် ရိုစီမက ဆက်လက်၍ –

“ဘက်စ်ကားပေါ်မှာ ဘေးက အဒေါ်ကြီး တစ်ယောက်ရဲ့ ခြင်းထဲက မုန့်ကို မသိအောင်ခိုးပြီး မိန်းမတို့အိနြေ္ဒ ရွှေပေးလို့မရဆိုတဲ့ ဟန်မျိုးနဲ့ ကျကျ နနလေးစားနေမယ်။ အဲဒီလို အိနြေ္ဒရရလေးစားနေ တဲ့အတွက် ဆရာအမှတ်ပေးမလား”ဟု ပြောပြန်၏။ ကျွန်ုပ်လည်း ၄င်းအား မျက်မှောင်ကြီးကျုတ်၍ကြည့် နေမိ၏။ ထိုအခါ ရိုစီမက ကျွန်ုပ်၏ ရင်ဝအား လက်ညှိုးဖြင့်ထိုးရင်း –

“ဆရာဇင်ယော်နီဆိုတာ ဗေဒင်ဆရာတစ် ယောက်၊ စာရေးဆရာတစ်ယောက်၊ ဗေဒင်ဆရာဖြစ် တဲ့အတွက် ဗေဒင်မှန်ဖို့ အရေးကြီးတယ်။ ယတြာ စွမ်းဖို့လိုတယ်။ စာရေးဆရာဖြစ်နေတဲ့အတွက် အများ နှစ်ခြိုက်သဘောကျတဲ့ စာမျိုးရေးနိုင်ဖို့ လိုတယ်။ ဆရာ့မှာ အဲဒီအရည်အချင်းတွေရှိတဲ့အတွက် ကျွန်မ တို့ သဘောကျတယ်။ အဲဒီဆရာက ကလေးတွေနဲ့ ရောပြီး ဘောလုံးကန်နေမယ်ဆိုပါတော့ သိက္ခာကျ ရောတဲ့လား။ ကလေးတွေနဲ့ ရောပြီး ဘောလုံးကန်တဲ့ အတွက် ရေးတဲ့စာတွေ အိုးနင်းခွက်နင်း ဖြစ်ကုန်ရော တဲ့လား။

ဗေဒင်ဆရာ၊ စာရေးဆရာ၊ ဆရာဇင်ယော်နီ တစ်ယောက် ကလေးတွေနဲ့ တူတူပုန်းတမ်းကစားတဲ့ အတွက် ယတြာမစွမ်းစရာ အကြောင်းမရှိပါဘူး။ ဗေဒင်တွေ မေ့ကုန်စရာ အကြောင်းမရှိပါဘူး။ ကလေးတွေနဲ့ရောပြီး လိုက်တမ်းပြေးတမ်း ကစားနေ လို့ဆိုပြီး စာတွေပျက်သွားစရာအကြောင်းမရှိပါဘူး။

ဒါပေမဲ့ ဆရာ့အနေနဲ့ ကလေးတွေနဲ့ လမ်း ပေါ်ထွက်ပြီး ဘောလုံးမကန်ရဲဘူး။ တူတူပုန်းတမ်း မကစားရဲဘူး။ လိုက်တမ်းပြေးတမ်း မဆော့ရဲဘူး။ ဘာလို့လဲဆိုတော့ သိက္ခာကျမှာ ကြောက်လို့၊ အိနြေ္ဒပျက်မှာစိုးလို့၊ သူများကဲ့ရဲ့မှာ စိုးလို့။

အဲဒါကိုက ဆရာ အတွေးခေါင်နေတာ။ အတွေးမရှင်းတာ၊ အဲလိုလုပ်တာကို ကဲ့ရဲ့တဲ့လူတွေ လည်း လူညံ့တွေပဲ။ အလကားလူတွေပဲ။

တကယ် ဆရာကြောက်ရမှာက၊ တကယ် စိုးရိမ်ရမှာက ဗေဒင် မမှန်မှာကို ကြောက်ရမှာ။ ယတြာ မစွမ်းမှာကို စိုးရိမ်ရမှာ။ ကိုယ်ရေးတဲ့စာတွေ ပေါက်တတ်ကရဖြစ်နေလို့ အကဲ့ရဲ့ခံရမှာကို ဂရုစိုက် ရမှာ။ အခုတော့ မဆိုင်တာတွေကို တွေးပြီး ကြောက် နေတယ်။ စိုးရိမ်နေတယ်။ သတိထားနေတယ်။ သနားစရာ ကောင်းလိုက်ပါဘိတော့ ဆရာရယ်။

ရိုစီမတို့ကတော့ ရှင်းတယ်။ လမ်းသွားရင် အမှိုက်ကို ကန်ပြီးဆော့တဲ့အတွက် ရိုစီမရဲ့ အရည် အချင်းတွေ လျော့သွားစရာ အကြောင်း၊ ပျက်သွား စရာအကြောင်း နည်းနည်းလေးမှ မရှိဘူးဆိုတာ အပိုင်သိနေတယ်။ အဲဒီအတွက် လွတ်လွတ်လပ်လပ် ပဲနေတယ်။ အတွေးရှင်းတဲ့အခါ အလုပ်တွေလည်း ရှင်းနေတော့တာပေါ့။ ဆရာတို့မှာသာ အတွေးမရှင်း တဲ့အတွက် မလိုအပ်ဘဲ အလုပ်တွေနဲ့ ရှုပ်နေကြတာ”ဟု ပါးစပ်ဦးတည်ရာ လျှောက်၍ ပြောနေပါ လေတော့၏။ ကျွန်ုပ်လည်း ခေါင်းကို တဗျင်းဗျင်း ကုတ်ရင်း –

“အသာနေစမ်းပါ ရိုစီမရယ်၊ ငါ့ဟာငါ ဘာစာရေးရမှန်းမသိလို့ ခေါင်းခြောက်ရတဲ့အထဲ” ဟု ခပ်ညည်းညည်းကလေး ပြောလိုက်လျှင် ရိုစီမ က –

“ခေါင်းခြောက်နေရင် ခေါင်းကြည်သွားအောင် အပျင်းပြေ ဆရာနဲ့သမီး ကစားကြရအောင်လေ” ဟုပြောလေ၏။ ထိုအခါ ကျွန်ုပ်က –

“တောက်တီးတောက်တဲ့ ရိုစီမရယ်၊ ငါ့ဟာ ငါ အေးအေးဆေးဆေး နေစမ်းပါရစေ၊ ရှုပ်ရှုပ်ယှက် ယှက်တွေ လာမလုပ်စမ်းပါနဲ့”ဟု ပြောလိုက်ပြန် ရာ ရိုစီမက –

“တွေ့လား တွေ့လား ကျွန်မနဲ့ ကစားရမှာ   ကို ကလေးကလားဆိုပြီး ဆရာရှက်နေကြောက်နေ တာ မဟုတ်လား။ အခုနလေးတင် ပြောပြီးတယ်။ မရှက်မကြောက်ရမှာကို ရှက်ခြင်းကြောက်ခြင်းဟာ အလကားလူညံ့တွေရဲ့ အလုပ်ပါလို့။ ဆရာနားမလည် သေးဘူးထင်တယ်။ ကျွန်မနဲ့ ကစားရအောင်ဆိုတာ က တခြားမဟုတ်ပါဘူး။ ဆရာက ဗေဒင်ဆရာဆို တော့နိုင်ဖို့ ရာနှုန်းများပါတယ်။ အခု ကျွန်မတို့ ရှေ့ ကို ဖြတ်သွားမယ့်ကားဟာ နံပါတ် မဂဏန်းနဲ့စ မလား။ စုံဂဏန်းနဲ့ စမလား။ သမီးနဲ့ဆရာနဲ့ လောင်း ကြေးစားကြေး ပြောရအောင်”ဟု ပြောလေ၏။ ကျွန်ုပ်လည်း ရိုစီမ၏ စကားကိုကြားလျှင် စိတ်ထဲ၊ ဝမ်းထဲ၌အနည်းငယ် ရွှင်သယောင်ယောင် ဖြစ်လာ ရလေ၏။ ထို့ကြောင့် –

“အေး လောင်းမယ်။ အခုဖြတ်မယ့်ကားဟာ မဂဏန်းနဲ့စမယ်”ဟု ပြောလိုက်လျှင် ရိုစီမက –

“ဒါဆို သမီးက စုံဂဏန်းနဲ့ စတဲ့ဘက်က နေမယ်”ဟု ပြောလေ၏။ နှစ်မိနစ်ခန့်အကြာမှာပင် ကက ကားလေးတစ်စီး ကျွန်ုပ်၏ အခန်းရှေ့မှ ဖြတ်၍မောင်းသွားလေ၏။ ကားနံပါတ်မှာ ၄ ဖြင့် စသောကြောင့် ကျွန်ုပ် ရှုံးလေတော့၏။ ရိုစီမသည်  ကားနံပါတ်ကို လက်ညှိုးထိုး၍ ဝမ်းသာအယ်လဲ ခုန်ပေါက်ရင်း –

“သမီးနိုင်တယ် သမီးနိုင်တယ် ဆရာရှုံး တယ်၊ ဆရာရှုံးတယ်”ဟု အော်ဟစ်နေလေ၏။ ထို့နောက် ရိုစီမက –

“ဒီတစ်ခါ သမီးအရင်စပြောမယ်။ အခုလာမယ့်ကားဟာ စုံဂဏန်းနဲ့ပဲစမယ်”ဟု ပြောရာ ကျွန်ုပ်က –

“အေး ဒါဆိုငါက မဂဏန်းဘက်က နေတယ်ဟာ”ဟု ပြောလိုက်လေ၏။ မကြာမီမှာပင် ဟိုင်းလတ်ကားတစ်စီး ကျွန်ုပ်တို့၏ရှေ့မှ ဖြတ်သွား  လေ၏။ ကားနံပါတ်မှာ ခြောက်ဂဏန်းဖြစ်သော ကြောင့် ရိုစီမပင် နိုင်ပြန်လေ၏။

ဤသို့ဖြင့်လျှင် ၄၅ မိနစ်ခန့်မျှ ရိုစီမနှင့် အလောင်းအစားလုပ်ခဲ့ကြရာ ပွဲစဉ်ပေါင်း ၃၂ ပွဲ၌ ရိုစီမက ၂၈ ပွဲနိုင်ပြီး ကျွန်ုပ်က လေးပွဲသာလျှင် နိုင်ခဲ့လေ၏။ ရိုစီမသည် ကျွန်ုပ်၏ မျက်နှာအား လက်ညှိုးကလေးဖြင့် ကရော်ကရော်ဟု ထိုးလေ၏။ သို့ရာတွင် ပါးစပ်ကမူ –

“မရှက်ပါနဲ့ ဆရာရယ် …ကားနံပါတ်ကို အပျော်လောင်းကြေးစားကြေး ကစားကြတာမှာ ရှုံး တာဟာ ဗေဒင်မှားတာမဟုတ်ဘူး။ ယတြာမစွမ်းတာ မဟုတ်ပါဘူး။ ဆရာ့စာတွေ ပျက်စီးကုန်တာမဟုတ် ပါဘူး။ သိက္ခာကျစရာအကြောင်း သိမ်ငယ်စရာ အကြောင်း လုံးဝမရှိပါဘူး”ဟု ပြောလေ၏။ ကျွန်ုပ် က –

“သိက္ခာမကျစရာလား မသိမ်ငယ်စရာလား တော့ မသိဘူးရိုစီမရေ၊ ၃၂ ပွဲမှာ ၂၈ ပွဲရှုံးတယ်ဆို တာကတော့ လူကြားလို့တောင် မကောင်းပါဘူး။ ငါညံ့လို့ပေါ့”ဟု ပြောလိုက်လျှင် ရိုစီမက –

“ဆရာ မညံ့ပါဘူး။ ဆရာက တော်ပြီးသား ပါ”ဟု ပြောလေ၏။ ထိုစကားအထိ ကျွန်ုပ်အနေ နှင့်မည်သို့မျှ မခံစားရသော်လည်း ဆက်၍ပြောသော စကားကြောင့်မူ ရှူးခနဲ ဖြစ်သွားရလေ၏။

“တော်ပြီးသား ဆရာ့ထက်ကျွန်မက ပိုတော် နေတာပါ ဆရာရဲ့”ဟူ၍ဖြစ်လေ၏။ ထို့နောက် ရိုစီမက –

“တကယ်ကတော့ ဆရာရယ်။ ကျွန်မက လည်း ဒီလောက်ကြီး မတော်ပါဘူး။ ဟောဒါလေး ကြောင့်ပါ”ဟု ပြောပြောဆိုဆိုပင် ရွှေရောင်ပိုးချည် အိတ်ကလေးတစ်လုံးကို ထုတ်၍ပြလေ၏။ ထိုအခါ ကျွန်ုပ်က –

“ဘာလဲဟ”ဟု မေးလိုက်လျှင် ရိုစီမက –

“ဒီလိုဆရာရဲ့ လူဆိုတာ အပြိုင်အဆိုင်နဲ့ မကင်းဘူး။ လုပ်ငန်းပြိုင်၊ စီးပွားပြိုင်၊ ရည်းစားပြိုင်၊ ပညာပြိုင်၊ ကြင်ယာပြိုင်၊ ငွေပြိုင်၊ ခွေပြိုင် အပြိုင် တွေရှိတတ်တယ်။ အပြိုင်အဆိုင်ကိစ္စတွေ ကြုံလာ ရင် နိုင်လည်း နိုင်ချင်တတ်စမြဲပဲပေါ့ဆရာရယ်။ အဲ သလိုပဲ အားကစားဆိုတာမျိုးကလည်း ဟိုဖက်ဒီဖက် ပြိုင်ကြတာပဲပေါ့။ ထီထိုးတယ်ဆိုတာလည်း စဉ်းစား ကြည့်လေ။ ဟိုဘက် ဒီဘက်ပြိုင်ကြတာပဲပေါ့။ အဲဒီ လိုအပြိုင်အဆိုင်ကိစ္စတွေ၊ မဲနှိုက်တဲ့ကိစ္စတွေ၊ ကံစမ်း တဲ့ကိစ္စတွေ၊ ထီထိုးတဲ့ကိစ္စတွေမှာ ကံကြမ္မာက မျက်နှာသာပေးအောင်၊ ကိုယ့်ဘက်က အရေးသာ အောင် ဟောဒါမျိုးလေးလုပ်ပြီး ဆောင်ထားရတယ် ဆရာရဲ့။ အဲဒါ အနောက်တိုင်း ဂမ္ဘီရဆရာကြီးတွေ ရဲ့ လက်ကိုင်နည်းကောင်းတစ်ခုပဲ” ဟု ပြောလျှင် ကျွန်ုပ်လည်း အတန်ငယ် စိတ်ဝင်စားသွားသော ကြောင့် –

“ပြောစမ်းပါဦး တီချယ်ရယ် …ဘယ်လိုများ လုပ်ရတာတဲ့တုံး”ဟု မေးလိုက်မိလေ၏။ ထိုအခါ ရိုစီမက –

“ဗုဒ္ဓဟူးနေ့တစ်နေ့မှာ သော့တစ်ချောင်းပဲ ဖြစ်ဖြစ်၊ သော့တစ်တွဲကိုပဲဖြစ်ဖြစ်၊ လက်မှာ အသေ အချာဆုပ်ကိုင်ရင်း အပြိုင်အဆိုင်ကိစ္စ၊ ကံစမ်းတဲ့ ကိစ္စတွေမှာ ငါ့ဘက်က နိုင်ပါစေ၊ သာပါစေ၊ ကံ အပိတ်အဆို့တွေကို ဟောဒီသော့နဲ့ ဖွင့်နိုင်ပါစေ။  နိုင်ရာနိုင်ကြောင်း သာရာသာကြောင်း နည်းလမ်း ကောင်းတွေလည်း ရပါစေလို့ အာရုံပြုရမယ်။ ဆရာ က ညာသန်ဆိုရင် ညာလက်နဲ့ ကိုင်ရမယ်။ ဘယ် သန်ဆိုရင်တော့ ဘယ်လက်နဲ့ ကိုင်ရမယ်နော်။   ပြီးတော့ တံခါးတစ်ချပ်ကို အဲဒီသော့နဲ့ဖွင့်လို့ ပွင့် သွားတဲ့ပုံကိုလည်း အာရုံထဲမှာ ထင်ထင်ရှားရှားမြင် ယောင်လာအောင် အာရုံပြုရမယ်။ မကြာခဏ ဒါမှ မဟုတ်အရေးအကြောင်း ရှိလာတိုင်း အဲဒီသော့တံ ကလေးကို လက်နဲ့ပွတ်ပြီး ဆုတောင်းရမယ်။

ပြီးတော့မဟူရာကျောက်တုံးလေးတစ်တုံးနဲ့ အဲဒီသော့ကို ရွှေရောင် ဒါမှမဟုတ် ငွေရောင်ပိုးချည် အိတ်ကလေးတစ်လုံးထဲမှာ ထည့်ထားရစမယ်။ အဲဒီ အိတ်ကလေးကို ဆရာ့အနေနဲ့ ဆောင်ထားရမယ်။ မဟူရာကျောက်တုံးလေးကလည်း ဆရာ့အတွက် အင်မတန် အစွမ်းထက်မြက်တဲ့ ဂမ္ဘီရအာနိသင်တွေ ရရှိစေပါလိမ့်မယ်။ ကျွန်မကတော့ အဲဒါလေးကို ကိုယ်နဲ့မကွာ ဆောင်ထားတာပါဆရာရယ်”ဟု စိတ် ရှည်လက်ရှည်ပင် ရှင်းပြလေ၏။

ကျွန်ုပ်လည်း ရိုစီမ၏ခေါင်းကို မနာမကျင် လေးခေါက်ရင်း –

“နင်တော်တော်တတ်ပါလား ငါ့ဟောခန်းမှာလာပြီး စာရေးမလုပ်ပါလား”ဟု ပြောလိုက်လျှင် ရိုစီမက မျက်နှာထားကိုတင်းလိုက်ရင်း –

“စဉ်းစဉ်းစားစားလည်း ပြောပါ။ ကျွန်မ အ ဆင့်က စာရေးမလုပ်ရမယ့် အဆင့်မျိုးလားလို့” ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က –

“ပြောစမ်းပါဦး နင့်အဆင့်က ဘာအဆင့်လဲ”ဟု မေးလိုက်လျှင် ရိုစီမက –

“မျက်နှာကိုလည်း သေသေချာချာကြည့် ထား။ ဒီအဆင့်မျိုးက စာရေးမအဆင့်မျိုးမဟုတ်ဘူး။ တံမြက်စည်းလှည်း၊ အိမ်သာဆေးမယ့် အဆင့်မျိုး ရှင့်”ဟု ပြောရင်း အသံလွင်လွင်ကလေးဖြင့် တခစ် ခစ်ရယ်လိုက်သည်ဖြစ်ရာ ကျွန်ုပ်လည်း သဘောကျ စွာဖြင့် အူလှိုက်သည်းလှိုက် ရယ်မောလိုက်မိပါလေ တော့သတည်း။

 

ဇင်ယော်နီ

Comments

comments

Post Author: manawmaya