ဂမ္ဘီရမှတ်တမ်း

ဝိဇ္ဇာရှစ်သောင်းဟူသည်

တချို့က ဝိဇ္ဇာရှစ်သောင်း ဆရာကောင်းတွေ ကို အားလုံး မြန်မာပြည်မှာပဲရှိကြ၊ မြန်မာပြည်ကပဲ ထွက်ကြတယ်လို့ ထင်မြင်ယူဆကြတာ ရှိပါတယ်။ တကယ်တော့ အဲသလိုနားလည်တာထက် ဝိဇ္ဇာရှစ် သောင်းဆိုတာ ကမ္ဘာ့နိုင်ငံအသီးသီးက ဝိဇ္ဇာကြီးများ ကို ဆိုလိုကြောင်း သိမှတ်ထားကြဖို့လိုပါတယ်။

အိန္ဒိယပြည်ကြီးမှာ ရစ်ရှီ(Rishis)လို့ခေါ်တဲ့ အိန္ဒိယ သူတော်မြတ်ကြီးများ၊ ရဟူဒီဘာသာကြီး ထဲက (David)ဒေးဗစ်လို့ခေါ်တဲ့ ဝိဇ္ဇာ။ (Solomom) ရှောလမုန်။ (Moses)မိုးဇက်(မောရှည်)တို့ဟာလည်း တကယ့်ထိပ်တန်း ဝိဇ္ဇာကြီးတွေပဲဖြစ်ပါတယ်။ စိန့်ဂျာ မိန်းဆိုတဲ့ ဝိဇ္ဇာပုဂ္ဂိုလ်ကြီးဆိုရင် နှစ်ပေါင်းရာကျော် အောင် သက်ရှိထင်ရှားရှိနေပြီး ကမ္ဘာအနှံ့ လှည့် လည် အကျိုးပြုခဲ့တဲ့ သမိုင်းမှတ်တမ်းတွေ ရှိပါတယ်။ ပြင်သစ်ပြည်က လူဝီဘုရင်(၁၆)ထံသွားပြီး ဆင်ခြင် သင့်တာတွေ ဆင်ခြင်ဖို့၊ အကြံပေးပြီး တားမြစ်ခဲ့တဲ့ ကိစ္စတွေကို ဘုရင်က နားမထောင်ခဲ့လို့ ဒုက္ခရောက် ကြရတာ သမိုင်းမှာ အထင်အရှားပါပဲ။

 

ဂန္ဓမာဒနတောင်တော်

ဝိဇ္ဇာ၊ ဇော်ဂျီ။ တပသီတွေ ပျော်မွေ့ရာနေရာ ကို မြန်မာတို့က ဟိမဝန္တာတောင်ကြောမှာရှိတဲ့ ‘ဂန္ဓ မာဒနတောင်’လို့ နားလည်လက်ခံကြပါတယ်။ အင်္ဂ လိပ်နဲ့အမေရိကန်လူမျိုးတွေကတော့ The retreat of the Great White Brother hood.လို့ခေါ်ကြ တယ်။ ကမ္ဘာ့ဝိဇ္ဇာဋ္ဌာနချုပ်ကြီးလို့ သဘောပေါက်ကြ တယ်။

အဲဒီဂန္ဓမာဒနတောင်တော်မှာ ဟိန္ဒူဘာသာ ဝင်ရသေ့တွေ၊ ဇော်ဂျီတွေ၊ ဘိုးဘိုးအောင်၊ ရှင်မထီး၊ ရှင်အဇ္ဇဂေါဏ၊ ယက္ကန်းစင်တောင်ဦးဩဘာသ၊ ဆံ ရှည်ကိုယ်တော် ဦးကောဏ္ဍည၊ ဗားထီး၊ ဗားမဲ့၊ ဗားမြိုက်၊ ပြင်သစ်ဝိဇ္ဇာစိန့်ဂျာမိန်း ((Comtest. Ger-main)) ခေါမတိုင်းက ဆေးရာ(Serapis)၊ ပိုက်သဂိုး ရပ်စ်(Pythagoras)၊ ဟန်ဂေရီမှ ရာကိုးဆီး (Rakoez i)၊ အီဂျစ်ဝိဇ္ဇာပလိုတီးနတ်စ် (Plotinus) “အရှင်ယေရှု”၊ အင်္ဂလန်မှ ဖရန်စစ်ဘေကွန် (Francis Bacon)၊ ဆာသောမတ်စ်မိုး(Sir thomas More)စတဲ့ ဝိဇ္ဇာကြီးများက ဂန္ဓမာဒနတောင်တော်ပေါ်မှာ မွေ့ လျော် ပျော်ပါးနေကြတယ်လို့ ယုံကြည်ကြတယ်။

 

ပုံပြင်ကြိုက်တဲ့နတ်တွေ

တချို့သောနတ်တွေဟာ လူတွေပုံပြောနေ ပြီဆိုရင် အနားကိုလာပြီး နားထောင်ကြမယ်လို့ ယုံကြည်သူတွေရှိတယ်။ တကယ်လို့ ပုံပြောနေရက် တန်းလန်းက ပြောလက်စပုံပြင်ကို ဆုံးအောင်မပြော တော့ဘဲ ရပ်ပစ်လိုက်မယ်ဆိုရင် နားထောင်နေတဲ့ နတ်ဟာ အလွန်စိတ်ဆိုးပါသတဲ့။ စိတ်ဆိုးလွန်းတဲ့ အတွက် ပုံပြောနေတဲ့လူကို ကျိန်ဆဲတတ်ကြတယ် ဆိုတဲ့ အယူတစ်ခုရှိပါမယ်။

 

ဝိဇ္ဇာပုဂ္ဂိုလ်ကြီးတို့ရဲ့ သမာတိတည်ကြည်မှု

မေးမှပြော …

ခေါ်မှထူး …

ပေးမှယူ …

ကျွေးမှစား …

ဖြစ်သလိုသွား …

ဖြစ်သလိုအိပ် …

ဖြစ်သလိုနေ …။ ။

 

ဝိဇ္ဇာတို့ရဲ့ သတိပေးစကား

ရှင်လူမှတ်ရစ်၊ ဘေးဝိဇ္ဇာခေတ်၊ သုံးထောင် နှစ်တွင်၊ ရှင်ချစ်ဘုရား၊ ဟောကြားဗျာဒိတ်၊ ယင်း အတိတ်နှင့်၊ မဖိတ်မစောင်း၊ ကျင့်ကောင်းဝိဇ္ဇာ၊ မြတ် ဆရာတို့၊ ဒီပါတောင်ကျွန်း၊ ဩဘာထွန်း၍ တောက် ထွန်းသာသနာ၊ ခုခေတ်ခါဝယ်၊ မြနွယ်ထက်အောက်၊ ခေါက်ခေါက်ခါခါ၊ သတ္တဝါကို၊ ညှာတာထောက်ပ၊ ဘေးမခအောင်၊ စောင်မစောင့်ကြပ်၊ မေတ္တာဓာတ် ဖြင့်၊ မပြတ်သွားလာ၊ ရှိတုံပါလည်း၊ သူငါမသိ၊ Óာဏ်မျက်စိမှေး၊ အထင်သေး၍၊ အရေးမစိုက်၊ များလူမိုက်တို့၊ ရိုက်ခြင်းနှက်ခြင်း၊ မာန်တင်းအံတု၊ မပြုရွေးမှ၊ ခန္တီစဖြင့်၊ မျှတဣရိယာ၊ စားအစာကို၊ ရရာတင်းတိမ်၊ ချိုမြိန်ချဉ်ငံ၊ အဖန်အခါး၊ ဆီပျား ထောပတ်၊ မကပ်လုံးစုံ၊ ခြောက်အာရုံကို၊ မြူမှုန်မျှ လောက်၊ စွဲမရောက်ဘူး။  ။ ကြောက်ရွံ့စိုးထိတ်၊ ဒေါသစိတ်လည်း၊ ဆိတ်မျှမရှိ၊ ပကတိသာ၊ ရဟန္တာ သို့၊ ဣဋ္ဌာ အနိဋ္ဌ၊ ကင်းပအမြဲ၊ ဝမ်းနည်း ဝမ်းသာ၊ သာယာမရ၊ လိုရာကိုအုပ်၍၊ အထုပ်နှင့် လည်လို လည်၊ သပိတ်ကိုလွယ်၍ သွားလိုသွား …

တောမခြားတောင်မလပ်၊ အမှတ်မဲ့တွေ့ကြုံ၊ ကြုံထိုက်လို့ကြုံသော်လည်း၊ ယုံဖို့ရန်အခက်၊ အသိ Óာဏ်မနက်၍၊ ရှက်စနိုး၊ ကြောက်စနိုး၊ မခိုကိုး မဆည်းကပ်၊ အရူးတောင်မှတ်သေး၊ မတ်တတ်က ဦးမချ၊ ရှက်လေယောင် မာနနဲ့၊ မရဘူးသည်ပညာ၊ နေင်သောခါမှ၊ ဆရာကောင်းလည်းကင်း၊ ရှင်လူ လည်းပျင်း၊ လိုရင်းထွက်ရပ်၊ ပရမတ်ဝိဇ္ဇာ၊ မြတ် ဆရာသို့၊ နည်းနာနဲ့ ဝေး၊ ကဆုန်ပြေး၍၊ အရေး မကုန်၊ မောဟိုက်ကြုံကာ၊ ခြေကုန်လက်ပမ်း၊ နိဗ္ဗူ ကမ်းကို၊ လှမ်း၍မမှီ၊ ဝေးရှာမည်။

 

သပိတ်လွယ်ငှက်ရဲ့ ဂမ္ဘီရ

တချို့က ရွှေပြည်စိုးငှက်လို့လည်း ခေါ်ကြ တယ်။ ရွာနီးချုပ်စပ်က ချုံပုတ်နဲ့ ခင်တန်းလေး တွေမှာ နေတတ်တယ်။ သပိတ်လွယ်ငှက် အိပ်တန်း တက်တဲ့နေရာက မြေကြီးအောက်မှာ ရွှေအိုးရှိ တယ်လို့ ရှေးက ဆရာများ ပြောလေ့ရှိကြတယ်။ ယုံလည်း ယုံကြည်ကြတယ်။ သပိတ်လွယ်ငှက်ကို ဖမ်းပြီး လှောင်အိမ်ထဲထည့်ပြီး မွေးထားမယ်ဆိုရင် နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ ငှက်ကိုမတွေ့ရပါ။ လှောင်အိမ်ကလေးသာ ခုန်ဆွခုန်ဆွ ဖြစ်နေတာကို တွေ့ရတတ်သတဲ့။

အဲဒါ …ဘာဖြစ်လို့လဲဆိုတော့ ငှက်ကလေး က ကိုယ်ပျောက်သွားလို့ပါပဲတဲ့။ အဲဒီအခါမှာ လှောင် အိမ်ကလေးကို အသာအယာဟပြီး လက်နှိုက်လို့ ငှက်ကိုရအောင်စမ်းပြီး ဖမ်းမယ်ဆိုရင် ငှက်ကလေးရဲ့ ခေါင်းပေါ်မှာ ဦးထုပ်သေးသေးကလေး ရှိနေတာကို တွေ့ရလိမ့်မယ်။ အဲဒီဦးထုပ်ကိုယူပြီး ခေါင်းပေါ်တင် ဆောင်းလိုက်မယ်ဆိုရင် ဆောင်းတဲ့သူဟာ ကိုယ် ပျောက်သွားလိမ့်မယ်တဲ့။ ကြားဖူးတာပါပဲ။ စမ်း မကြည့်ဖူးပါ။

 

အာနာပါနနှင့် ပရာနရာမ

အာနာပါနလို့ခေါ်တဲ့ ထွက်သက်ဝင်သက်ရှူ ရှိုက်နည်းနဲ့ ပရာနရာမဓာတ်ကို ထိန်းသိမ်းကြရ တယ်လို့ဆိုပါတယ်။

ဟိန္ဒူဘာသာနဲ့ (Pranayama)ပရာနရာမလို့ ခေါ်တဲ့ ဓာတ်တစ်မျိုးဟာ လေထဲမှာရှိနေတယ်။ အနု မြူဓာတ်လို့လည်း ဆိုကြပါတယ်။ လေထဲမှာရှိနေတဲ့ ‘ပရာနရာမ’ဓာတ်ကို အာရုံစူးစိုက်ပြီး နှာခေါင်းပေါက် က ရှူရှိုက်နည်းနဲ့ ထိန်းသိမ်းပါတယ်။

လောကဓာတ်ကြီးတစ်ခုလုံးဟာ အဲဒီပရာန ရာမဆိုတဲ့ အနုမြူဓာတ်မှုန်ကလေးတွေနဲ့ ဖွဲ့စည်း ထားတာဖြစ်တယ်။ လောကဓာတ်ကြီးရဲ့ လှုပ်ရှားမှု တွေဟာလည်း အဲဒီပရာနမအနုမြူဓာတ်တွေရဲ့ လှုပ်ရှားမှုတွေလို့ ယုံကြည်ကြတယ်။

အဲဒါကြောင့် အာနာပါန (ဝင်လေထွက်လေ) အားဖြင့် နှာသီးဖျားမှာ အနုမြူဓာတ်ကိုထိန်းသိမ်း စောင့်ကြည့်ကြတာ ဖြစ်တယ်။ အဲဒီဓာတ်ကို ထိန်း သိမ်းနိုင်မှု အားကောင်းလာလေလေ သမာဓိတန်ခိုးရ လာလေလေ ဖြစ်ပါတယ်။ သမာဓိတန်ခိုးရလာတဲ့ အခါ အနုမြူဓာတ်အားကို အမျိုးမျိုး အသုံးချနိုင် လာကြ တာဖြစ်ပါတယ်။

 

ဇေယျတုသဗ္ဗမင်္ဂလံ

လင်းရောင်တင်

အရာရာအောင်မြင်စေတဲ့ ရတနာဒီပံ ရွှေဖ ယောင်းတိုင်ကိစ္စ၊ အခြားကိစ္စများအတွက် ဆွေးနွေး လိုပါက တိုက်အမှတ် ၁၁၀၇၊ ယဿဝတီ (၁၈)လမ်း တောင်ဥက္ကလာ (၁၃)ရပ်ကွက်၊ ရန်ကုန်မြို့။

ဖုန်း ဝ၉ ၄၂၀ဝ ၁၄ ၆၁၄

Comments

comments

Post Author: manawmaya