ဆရာကောင်းကိုတွေ့အောင်ရှာ၊ ပယောဂဆရာဆိုရင် သတိထား

ခုတလော သတင်းတွေဖတ်နေရ ကြားနေရ တာအဆန်းတွေချည်း ဖြစ်နေတယ်။ ‘သရဲဝင်ပူး သည့် အလုပ်သမားများ ရွှေပြည်သာ၌ အလုပ်ထုတ် ခံရ’ဆိုတဲ့ ခေါင်းစဉ်နဲ့ စံတော်ချိန်နေ့စဉ်သတင်းစာ မှာ ၂၅-၆-၂၀၁၇ ရက်မှာ ပါလာတယ်။ ဇွန်လ ၂၂ ရက် မွန်းတည့် ၁၂ နာရီမှာ အလုပ်သမားတွေ ထမင်းစားနားနေချိန်မှာ အလုပ်သမားတစ်ဦးက သရဲ ဝင်ပူးပြီး သူ့ကိုယ်သူ ကတ်ကြေးနဲ့ထိုးသတဲ့။ ဒါ ကြောင့်အလုပ်သမားတွေ မနေဝံ့တော့ဘဲ ကြောက် လန့်ပြီး အိမ်ကိုပြန်ပြေးကြသတဲ့။

ဆန်းတာက သရဲဝင်ပူးတာ တစ်ယောက် တည်းကို မဟုတ်ဘဲ အယောက် ၃၀၊ ၄၀ လောက်ကို ဝင်လိုက်ထွက်လိုက်နဲ့ ပူးတာလို့လည်း ဆိုပြန်တယ်။ သရဲပူးသူတွေ ပြောတဲ့စကားအရတော့ အလုပ်ရှင်ကို မကျေနပ်တဲ့ စကားတွေပါနေတယ်။ တော်တော် ဆန်းတဲ့အဖြစ်အပျက်ပဲ။ တကယ်လား၊ တကယ် ကော ဟုတ်ရဲ့လား၊ စဉ်းစားစရာပဲ။ တစ်ခါတလေကျ တော့ တစ်ယောက်ကစ တစ်ရာဆိုသလို သရဲပူး တယ်ဆိုတဲ့ လူကိုကြည့်ပြီး စိတ်အားပျော့ညံ့တဲ့သူ တွေက ဆက်ပြီး ဝင်သလိုလို အဝင်ခံရသလိုလို အပူးခံရသလိုလို ဖြစ်သွားတတ်တာမျိုးတွေလည်း ရှိတယ်။

အဲဒါဆို သရဲက ဘယ်နှစ်ကောင်လဲ။ တစ် ကောင်တည်းက ပူးတာလား။ သရဲအကောင် သုံးဆယ်လေးဆယ်ဝင်ပူးနေတာလား။ ကိုယ်တိုင် မမြင်ရတော့ သေသေချာချာ မပြောတတ်ဘူး။ စိတ် ပညာမှာ (Mass psycho) မတ်စ်ဆိုက်ကိုဆိုတာ ရှိတယ်။ အများရဲ့စိတ်တွေ စုပေါင်းပြီး အကြောင်း အရာတစ်ခုမှာ ညီညွတ်သွားကြတဲ့သဘော၊ ဒါနိုင်ငံ ရေးသမားတွေ ပိုသိပါလိမ့်မယ်။ ရှေ့ကဦးဆောင် တိုင်ပေးမယ့်သူ ရှိရင် နောက်ကသံပြိုင်လိုက်အော် မယ့် သူတွေ အဆင်သင့်ရှိနေကြတယ်။ အများရဲ့ စိတ်ကို နားလည်နေသူတွေက အသွင်တူ အယူ အဆတူသူတွေကို စုဝေးပြီး ဦးဆောင်ပေးလိုက်ရင် အကြောင်းအရာတစ်ခုက ဖြစ်မြောက်သွားတာပဲ ဒါတော်တော် စဉ်းစားရမယ့် ကိစ္စပါ။

သိမ်မွေ့နက်နဲတဲ့ ဂမ္ဘီရကိစ္စကိုလည်း ယူ သော်ရ၏ပေါ့ဗျာ။ လူသတ္တဝါမဟုတ်တဲ့ နာမ်ပိုင်းဆိုင် ရာ ကိစ္စတွေဟာ သိမ်မွေ့နက်နဲလွန်းပြီး သိပ္ပံပညာ လို ပုံသေနည်းချပြီး တွက်ချက်အဖြေထုတ်လို့ မရ နိုင်တဲ့ ဘာသာရပ်ဖြစ်နေတော့လည်း ခက်တယ်။ ဟုတ်တယ် မဟုတ်ဘူး ဆုံးဖြတ်ဖို့ခက်တယ်။ သို့ သော် ကိုယ်တိုင်တွေ့ကြုံခဲ့ရရင်တော့ တစ်စုံတစ်ရာ မှတ်ချက်ချနိုင်ဖွယ်ရာ ရှိပါလိမ့်မယ်။

နောက် ဆန်းပြားတဲ့ သတင်းတစ်ခုက ကလေးသုံးယောက်ကို သေအောင်ရိုက်နှက်ပြီး ကျန် တစ်ယောက်ကို ဆေးရုံတင်ရတဲ့အထိ ရူးသွပ်စွာ လုပ်ဆောင်ခဲ့တဲ့ ပယောဂဆရာအတုကို မကြာခင် က မသေမချင်း ကြိုးကွင်းစွပ်သတ်စေ သေမိန့်နဲ့ အတူ ထောင်ဒဏ် ခုနစ်နှစ်ချခံစေဖို့ တရားသူကြီးက စီရင်လိုက်တဲ့သတင်းပါပဲ။ ကျူးလွန်ခဲ့တဲ့ကာလက တော်တော်လေး ကြာသွားပြီး အခုစီရင်ချက်ချလိုက် တာပါ။

အဲဒါလည်း ဘယ်လိုဝေဖန်ရမယ်မှန်းမသိတဲ့ ဖြစ်ရပ်ဆန်းတစ်ခုပါပဲ။ အကြမ်းဖျင်းကတော့ ပညာ နည်းတဲ့ လူတွေကြားထဲမှာ ဆရာလုပ်ချင်တဲ့ ရောဂါ သည်းသူ တစ်ဦးရဲ့ ရူးနှမ်းမှုလို့ပဲ မှတ်ချက်ချလို ရပါလိမ့်မယ်။ အံ့ဩစရာကောင်းတာက သေလောက် အောင်အထိ အရိုက်အနှက် အထိုးအကန်ခံရတဲ့ ဒီကလေးတွေရဲ့ မိဘတွေကိုပါပဲ။ တကယ်တော့ မိဘမှန်ရင် သားသမီးကို မှတ်ခြင်ယင်တွေတောင် ကိုက်တာကို မခံစေချင်တဲ့ စေတနာရှိကြပါတယ်။

အခုလို သူတစ်ပါးက သေအောင်ကျေ အောင် ရိုက်နှက်တာကို အဆုံးစွန်ထိ ကြည့်နေနိုင် တယ်ဆိုတာ အံ့ဩစရာ အကောင်းဆုံးကိစ္စပါပဲ။ ကိုယ်တို့များကြတော့ ကိုယ့်ကိုထိပါးလာလို့ သည်း ခံနိုင်သလောက် ခံနိုင်ပေမယ့် ကိုယ့်သားသမီး သား မယားကို နည်းနည်းကလေးမှ အထိအပါးမခံနိုင်တဲ့ စိတ်ရှိတယ်။ ကုန်ကုန်ပြောရရင် မျက်စောင်းထိုး ကြည့်တာတောင် မခံနိုင်ခဲ့ဘူး။

အခု အသက်လေးရလာမှ အရာရာကို တရား နဲ့ ဆင်ခြင်ပြီး လျှော့တတ်လာတာ။ ဟုတ်တယ်လေ မိဘဆိုတာ သားသမီးကို အသက်ပေးပြီး ချစ်ကြ တယ်။ ဘယ်လိုမိဘတွေလဲ။ အသိÓာဏ်နည်းကြ တာလား။ သရဲကားတွေ လွှမ်းမိုးလာတာလား။ သရဲ ပူးတယ်လို့ပြောပြီး ကိုယ့်သားသမီးကို ရိုက်နှက်နှိပ် စက်တာဟာ ခွင့်လွှတ်စရာလား။ ကြည့်နေစရာလား။ လူတွေÓာဏ်နဲ့ ဆင်ခြင်ကြဖို့လိုတယ်။ အခုလည်း လူတွေ ပယောဂကိစ္စမှာ အတော်နားလည်မှု လွဲနေ ကြတာကို ကိုယ်တွေ့တွေ့နေရတယ်။

အခုပဲကြည့်၊ ဒီကနေ့ ရှမ်းပြည်တောင်ပိုင်း ဘက်က ဖုန်းဆက်လာတယ်။ အမျိုးသမီးတစ် ယောက် သူ့ခန္ဓာထဲကို ကဝေစက်သွင်ထားတာ ခံနေ ရသတဲ့။ ကဝေစက်သွင်းထားတယ်ဆိုတာ ဘယ်သူ က ပြောတာလဲလို့ မေးကြည့် တော့ ပယောဂဆရာက ပြော တာတဲ့။ အဲဒီလိုပြောတဲ့ဆရာကို အဲဒီကဝေစက်ကို နှုတ်မခိုင်း ဘူးလားလို့မေးတော့ အဲဒီဆရာ ကနှုတ်မပေးနိုင်ဘူးတဲ့။ ကောင်းရောဗျာ။

‘ရောဂါသိရင် ဆေးရှိတယ်’ဆိုတဲ့ စကား မြန်မာစကားမှာ ရှိပါတယ်။ အခုရောဂါ သိနေပြီပဲ။ ကဝေစက်ရှိနေတယ်ဆို အဲဒါကို မကုနိုင်ဘူးတဲ့လား။ ခက်တယ်။ နီးနီးနားနား မဟုတ်တော့ မလွယ်ဘူး။ ဒါမျိုးကလည်း ဗေဒင်ဟောသလို စာပေးစာယူနဲ့ လုပ်လို့မရတဲ့ကိစ္စ၊ ဖုန်းနဲ့ပြောလို့မရတဲ့ကိစ္စ။ လူကိုယ် တိုင်တွေ့ စစ်ဆေးမေးမြန်းပြီးမှ ကုသလို့ရနိုင်မှာ။ ဘာပဲဖြစ်ဖြစ် အလွယ်တကူတော့ မယုံပါနဲ့။ အထူးသ ဖြင့်ဒီခေတ်မှာ လွယ်လွယ်ခေါင်းစဉ်တပ်နေကြတဲ့ ဆရာတွေ အများကြီးဖြစ်နေတယ်။ ဘုရားလောက် နီးနီး သိနေသလို ပြောဆိုဝါဒ ဖြန့်လာကြတယ်။ ဆရာတုဆရာယောင်တွေ များလာတယ်။ ဆရာ ဆိုပြီး လွယ်လွယ်နဲ့ မယုံလိုက်ကြပါနဲ့။ ပြောတဲ့ စကားတွေကို လွယ်လွယ်မယုံကြပါနဲ့။ ရေးနေတဲ့ စာတွေကိုလည်း လွယ်လွယ်နဲ့ မယုံကြပါနဲ့။ ယုံစရာ ကောင်းတဲ့စကားလား၊ ယုံစရာကောင်းတဲ့စာလား ခွဲခြားဝေဖန်နိုင်အောင် စဉ်းစားပါ။

လူတွေက ဦးနှောက်မသုံးချင်ကြဘူး။ ဆရာ ဆိုတဲ့လူက ဒီလိုဆိုပြီး ပြောလိုက်ရင် ဟုတ်သလိုမှန် သလို ထင်ကြတယ်။ ကြီးကြီးကျယ်ကျယ် ပြောရင် အထင်ကြီးကြတယ်။ ပြောသမျှကို မျက်စိမှိတ်ပြီး  ဇွတ်ယုံတာ။ ဗုဒ္ဓဝါဒ မဟုတ်ဘူး။ ဗုဒ္ဓက ဝေဖန်ပိုင်း ခြား စဉ်းစားဖို့ကို တိုက်တွန်းခဲ့တယ်။ ဘယ်သူပြော ပြော ချက်ချင်းမယုံကြဖို့ ဆုံးမတယ်။ သူဟောတဲ့ တရားတွေကိုတောင် ချက်ချင်း မယုံကြဖို့ပြောတယ်။ လေ့လာကြည့်၊ စူးစမ်းကြည့်၊ လက်တွေ့လိုက်နာ ကျင့်သုံးကြည့်ပြီးမှ ယုံကြည်ကြဖို့၊ ဆက်လုပ်ကြဖို့ ဟောကြားခဲ့တယ်။

ဂမ္ဘီရစာပေဆိုတာ လူတွေရဲ့ အသိဥာဏ်တိုး ပွားလာအောင် ဖြည့်ဆည်းပေးတဲ့စာပေ။ ပယောဂ ဆရာဆိုတာလည်း လူတွေရဲ့ဒုက္ခကို ကယ်တင်နိုင် တဲ့ပုဂ္ဂိုလ်မွန်မြတ်တဲ့အလုပ်၊ သရဲပူးတယ်၊ နတ်ကိုင် တယ်ဆိုပြီး ခြိမ်းခြောက်နှိပ်စက်လာရင် အဲ့ဒါဆရာ အစစ်မဟုတ်ဘူး။ လူသေအောင်လုပ်တာ အထက် လမ်းပညာမှာ မရှိဘူး။ သေမယ့်သူ မသေအောင် ကယ်တင်နိုင်မှသာ အထက်လမ်းဆရာအစစ် ဖြစ် တယ်။

ပယောဂကုဆရာဆိုတာ အနည်းဆုံးငါးပါး သီလကို လုံခြုံအောင် စောင့်ထိန်းရပါတယ်။ ဗုဒ္ဓါ နုဿတိပွားရတယ်။ အကျင့်စာရဏတွေ မပြတ် ဆည်းပူးရတယ်။ မေတ္တာနဲ့သစ္စာကို လက်ကိုင်ထားရ တယ်။ ဒီခေတ်မှာ ဆရာစစ် ဆရာမှန်ဆိုတာက အတော်ရှားနေပြီ။ ရှိသင့်သလောက်တော့ ရှိနေကြ ပါတယ်။ ဆရာစစ် ဆရာမှန်နဲ့တွေ့ဖို့ ကံကောင်းဖို့ ကတော့ ကိုယ်ကိုယ်တိုင်ကလည်း စိတ်ထားကောင်း ကောင်းနဲ့ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်သူ ဖြစ်ဖို့ လိုပါတယ်။

ဒါကြောင့် ဆရာဆိုတိုင်း ပုံပြီးမယုံလိုက်ပါနဲ့။ ချိန်ချိန်ဆဆနဲ့ အရာရာကို ချိန်ဆပြီးမှပြောဆိုလုပ် ကိုင်တတ်တဲ့ဆရာ၊ ဆရာကောင်းကို ရှာပါ။ ဆရာ ကောင်းကိုရှာဖို့ အရေးကြီးလွန်းလို့ ဘုရားရှင်ကိုယ် တော်မြတ်ကြီးက ဆရာကောင်းကို ရှာကြဆိုတဲ့ စကားကို ၄၅ ဝါပတ်လုံးမှာ ၅၂၈သွယ်မေတ္တာတော်နဲ့ အညီ အကြိမ်ပေါင်း ၅၂၈ တိတိ မိန့်ကြားခဲ့တာပါပဲ။

ပယောဂဆရာဆိုတာနဲ့ သူလုပ်သမျှလက် မခံပါနဲ့။ လူကို ကျွဲလိုနွားလိုရိုက်နှက်တာ(ဘာပဲဝင်နေ ဝင်နေ) သူ့အလုပ် မဟုတ်ဘူးဆိုတာ သတိထားပါ။ လိုအပ်လို့ရှိရင် ဆရာစစ် ဆရာမှန်ကို ရအောင်ရှာ (အထူးသဖြင့် အဲဒီဆရာရဲ့ဝန်းကျင်မှာ အနီးနားလူ တွေကို သတင်းစုံစမ်းပါ)ပြီးမှ ကုသင့်ကုထိုက်မှကု ပါ။ ဆရာတင် မမှားကြပါစေနဲ့။

ဇေယျတုသဗ္ဗမင်္ဂလံ

လင်းရောင်တင်

ရတနာဒီပံရွှေဖယောင်းတိုင်ကိစ္စ အခြား ကိစ္စများအတွက် (၁၁၀၇) ယဿဝတီ (၁၈)လမ်း တောင်ဥက္ကလာ (၁၃)ရပ်ကွက်။ ရန်ကုန်။

ဖုန်း ဝ၉ ၄၂၀ဝ ၁၄ ၆၁၄

Comments

comments

Post Author: manawmaya