အသက်ရှည်စေတတ်သော မဟာမြိုင်ငှက်ပျော ၀ိဇ္ဇာနယအစီအရင်

 

လောကမှာ ဆန်းပြားသိမ်မွေ့တဲ့ ဂမ္ဘီရ အကြောင်းအရာတွေ အများအပြားရှိတဲ့အနက်က ရှင်သူငယ်ငှက်ပျောလို့ခေါ်တဲ့ မဟာမြိုင် ငှက်ပျော ပင် တစ်မျိုးဟာလည်း ဆန်းပြားသိမ်မွေ့တဲ့ ရုက္ခမူ သစ်ပင်အနေနဲ့ တည်ရှိနေပါတယ်။ တချို့သော သူများ ရှင်သူငယ်ငှက်ပျောကို တွေ့ဖူးမြင်ဖူးကြပေ မယ့် အမှတ်တမဲ့ နေမိကြပြီး အဲဒီ့ငှက်ပျောရဲ့ သိဒ္ဓိ စွမ်းအင်ကို နားမလည်ကြဘဲ ရှိတတ်ပါတယ်။

ရှင်သူငယ်ငှက်ပျောဟာ ငှက်ပျောပင်မျိုးစိတ် ထဲ မှာပါသလို ဂမုန်းပင် တစ်မျိုးလည်း ဖြစ်ပါတယ်။ တကူးတကန့် စိုက်ပျိုးကြသူ နည်းပေမယ့် နေရာ အတော်များများမှာ စိုက်ပျိုးပေါက်ရောက်နိုင်တဲ့ အပင်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် တောနက်ကြီး များထဲမှာ အလေ့ကျပေါက်လေ့ရှိပြီး အဲဒီတောနက် ကြီးတွေထဲက မျိုးယူလာပြီး စိုက်ကြရင်းနဲ့ ခုဆိုရင် ရပ်ထဲရွာထဲမှာ မျိုးအတော်ပွားပြီး ရောက်ရှိနေကြပါ ပြီ။

ငှက်ပျောပင်လို ပုံသဏ္ဌာန်ရှိပေမယ့် ရိုးရိုး ငှက်ပျောပင်ကြီးတွေလောက် မကြီးဘဲ လူတစ် ယောက်ရပ်သာသာ အမြင့်ရှိပါတယ်။ လုံးပတ်က လည်း ထွာဆိုင်သာသာလောက် ကြီးတတ်ပါတယ်။ ငှက်ပျောပင်ရိုးရိုးလို အပေါ်အောက် အစိမ်းရောင် မဟုတ်ဘဲ ရှင်သူငယ်ငှက်ပျောရဲ့ အရွက်များဟာ အပေါ်ယံစိမ်းပြီး အောက်ဘက်က ဟင်္သပြဒါးရောင် (နီစွေးစွေးအရောင်)ရှိပါတယ်။

မြန်မာပြည်အနှံ့အပြားမှာ ပေါက်ရောက်တတ်တဲ့ ငှက်ပျောပင်မျိုးဖြစ်ပြီး စိမ့်ကြီးမြိုင်ကြီးထဲ မှာ အများဆုံး ပေါက်ရောက်လေ့ရှိပါတယ်။ ပုပ္ပား နယ်၊ ကျိုက်ထီးရိုး၊ ဇင်းကျိုက်၊ ဇွဲကပင် စတဲ့နယ် မြေများမှာလည်း အတော်များများ ပေါက်ရောက်ပါ တယ်။ ရှင်သူငယ်ငှက်ပျောရဲ့ ထူးခြားချက်ကတော့  ငှက်ပျောခိုင်တွေဟာ မြေပေါ်ကို ညွတ်ကွေးကြလေ့ မရှိကြဘဲ မိုးပေါ်ကိုထောင်ပြီး သီးလေ့ရှိပါတယ်။ (ဒီအတွက် အာကာသဓာတ်ရပါတယ်) အသီးလေး တွေသီးလာရင်လည်း မကြီးပါဘူး။ လက်သန်းလုံးအ ရွယ်၊ လက်ညှိုးအရွယ်လောက်သာ အလွန်ဆုံးရှိတတ် ပါတယ်။ တစ်ခိုင်မှာ လေးငါးဖီးလောက်ပဲ သီးတတ် ပြီး တစ်ဖီးမှာ သုံးလေးငါးလုံးလောက်သာ သီးလေ့ ရှိပါတယ်။ အဲဒီ့အခိုင်တစ်ခိုင်မှာ ‘အာယုဝဍ္ဎန’ ပေါက် မြောက်တဲ့ အသီးတစ်လုံး အမြဲပါလေ့ရှိပါတယ်။ သို့ သော် ဘယ်အလုံးက အာယုသိဒ္ဓိပေါက်မြောက်တဲ့ အသီးရယ်လို့တော့ ရွေးချယ်လို့မရပါဘူး။ အလုံးတိုင်း ဟာ သိဒ္ဓိမြောက်နိုင်တဲ့ သဘောရှိပါတယ်။

ဒါကြောင့် အသက်ရှည်ဆေးအနေနဲ့ ဖော်စပ် သုံးဆောင်မယ်ဆိုရင် ငှက်ပျောတစ်ခိုင်လုံးရဲ့ ငှက် ပျောသီးလေးများ အားလုံးကို ဆွတ်ယူဆေးဖော်ရမှာ ပဲဖြစ်ပါတယ်။ ဆေးဖော်တယ်ဆိုပေမယ့် ခက်ခက် ခဲခဲ ဆန်းဆန်းပြားပြား ဖော်ရတာမျိုးမဟုတ်ဘဲ ပျား ရည်ဖြင့်စိမ်ပြီး စားရတာပဲဖြစ်ပါတယ်။ ဒီကနေ့ခေတ် မှာတော့ ပျားရည်ဟာ နှစ်မျိုးရှိပါတယ်။ သဘာဝ ပျားရည်စစ်စစ်နဲ့ မွေးပျားရည်ရယ်လို့ရှိပါတယ်။

သဘာဝပျားရည်ရလာရင်တော့ အာနိသင်ပို ပြီး ထက်မြတ်တာပေါ့နော်။ ဒါပေမဲ့ တကယ်လို့ များ စိတ်ဝင်စားကြလို့ ရှင်သူငယ်ငှက်ပျော၊ မဟာ မြိုင်ငှက်ပျောပင်ကို စိုက်ပျိုးချင်တယ်ဆိုရင် ဂမ္ဘီရ အစီအရင်နဲ့ ဆောင်ရွက်စိုက်ပျိုးရပါတယ်။ ဒီ ငှက်ပျောပင်ရဲ့ မျိုးရင်းတွေဟာ စိမ့်ကြီးမြိုင်ကြီး တွေထဲမှာ သဘာဝအတိုင်း စတင်ပေါက်ရောက်ခဲ့ တာမို့ ကိုယ်ကတော့ မဟာမြိုင်ငှက်ပျောရယ်လို့ နာမည်ပေးထားခဲ့ပါတယ်။ ဒီအကြောင်းတွေကို နှစ် အစိတ်၊ သုံးဆယ်လောက်တုန်းက နက္ခတ္တရောင် ခြည် မဂ္ဂဇင်း၊ သုခချမ်းသာမဂ္ဂဇင်းနဲ့ ဂမ္ဘီရမဂ္ဂဇင်း တွေမှာ ကိုယ်တိုင်ရေးသားခဲ့ဖူးပါတယ်။ အဲ့ဒီအခါ တုန်းက လူတော်တော်များများစိတ်ဝင်စားခဲ့ကြဖူး တဲ့အတွက် အခုအခါ မနောမယစာဖတ်ပရိသတ်တွေ အတွက် ထပ်ပြီး ဖော်ပြပေးလိုက်တာပါ။

စိတ်ဝင်စားလို့ စိုက်ပျိုးချင်ကြတယ်ဆိုရင်  မျိုးအနေနဲ့ ရှာဖွေလို့ သိပ်ပြီး မခက်ခဲလှပါဘူး။ ရှင်သန်ဖို့၊ အသီးလေးတွေသီးလာဖို့ကိုတော့ ဝီရိယထား ပြီး စနစ်တကျ စိုက်ပျိုးကြဖို့လိုအပ်ပါတယ်။ ဝိဇ္ဇာမယ နည်းနဲ့ စိုက်ပျိုးချင်ကြတယ်ဆိုရင် ငွေပြားမှာ အောက်ပါအတိုင်း အင်းကွက်ချပြီး “ဋ က သ ဥ”ဆိုတဲ့ အက္ခရာလေးလုံးကို အင်းဆန်အဖြစ် ထည့် ပြီး ရေးသွင်းရပါမယ်။

အထက်ပါအင်းကို မြေကြီးထဲမှာ အောက်ခံ ထားပြီးမှ ငှက်ပျောပင်ကို စိုက်ရပါမယ်။ ရေလောင်း ပေးရမယ်။ ရာဇမတ် ကာပေးထားရမယ်။ အဲဒီ့အပင် ဝန်းကျင်ကို နံ့သာဖြူ၊ ကရမက် စတဲ့ နံ့သာရည်တွေ ပက်ဖြန်းပေးရမယ်။ မဟာမြိုင်ငှက်ပျောပင်ကို စောင့် ကြပ်တဲ့ ရုက္ခစိုးနတ်ကို မေတ္တာပို့ အမျှဝေရမယ်။ နံ့သာဖြူနံ့၊ မွှေးတဲ့ အမွှေးတိုင်များလည်း အပင် ခြေရင်းမှာ ထိုးစိုက်ထွန်းညှိပေးရမယ်။ မြေသန့် သန့်မှာ စိုက်ပျိုးရမှာဖြစ်ပါတယ်။ အပင်ဝန်းကျင်မှာ အညစ်အကြေးတွေ မရှိနေစေရဘူး။ ဖယ်ရှားပစ်ရ မယ်။ ရေလောင်းနေတုန်းမှာ အောက်ပါမန္တန်ကို ခုနစ်အုပ် ခုနစ်ခေါက် ရွတ်ဆိုရပါမည်။

 

သီသေ ပတိဋ္ဌိတော နောသိ၊

ဗုဒ္ဓေါ ဓမ္မော ဒွိလောစနေ၊

သံဃော ပတိဋ္ဌိတော မယှံ၊

ပုရေ သဗ္ဗဂုဏာ ကရော။

 

ရေလောင်းတိုင်းမှာ အဲ့ဒီဂါထာကို ရွတ်ဆိုဖို့ မမေ့ပါနဲ့။ ရတနာရွှေချိုင့်ဂါထာများလည်း ဖြစ်နိုင် ရင် ရွတ်ဆိုပေးလို့ရပါတယ်။ လောင်းမယ့်ရေဟာ လည်း သန့်ရှင်းကြည်လင်တဲ့ ရေဖြစ်လို့လိုပါတယ်။ ဒီဝိဇ္ဇာနရအစီအရင်နဲ့ မဟာမြိုင်ငှက်ပျောပင်ကို စိုက် ပျိုးမယ်ဆိုရင် ငှက်ပျောပင်လေးရှင်သန်လာတယ် ဆိုရင်လည်း ဣစ္ဆာသယငှက်ပျောပင်အဖြစ်နဲ့ ကိုယ် လိုအပ်တဲ့ အကျိုးကျေးဇူးတွေခံစားလာရမှာ ဖြစ် တယ်။ စိတ်ထားကောင်းတဲ့သူတွေဆိုရင်လည်း ပိုပြီး သိသာထင်ရှားတဲ့ အကျိုးတွေရလာမှာသေချာတယ်။

အသီးသီးလာတဲ့အခါ၊ မှည့်ဝင်းလာတဲ့အခါ သဘာဝပျားရည်စစ်စစ်နဲ့ဖြစ်စေ၊ ထောပတ်၊ ဆီ၊ ဆီဦး၊ တင်လဲတို့နဲ့ ကျိုချက်ပြီးဖြစ်စေ ရတနာရွှေ ချိုင့် ဂါထာတော်များကို ၁၀၈ ခေါက်ရွတ်ဆိုစားသုံး လျှင်ပိုပြီး အစွမ်းထက်ပါတယ်။ အာယုသိဒ္ဓိပေါက် ပြီး အသက်အများကြီး ရှည်နိုင်ပါတယ်။

 

မဟာမြိုင်ငှက်ပျောကို မစိုက်ပျိုးရတဲ့ နေရာ တွေရှိပါတယ်။ အဲဒါတွေကတော့ –

၁။ အိမ်ရဲ့အနောက်မြောက်ထောင့်အရပ်

၂။ အိမ်ရဲ့တောင်အရပ်

၃။ အိမ်ခြေရင်းဘက်အရပ်

၎။ အိမ်နောက်ဖေးဘက်အရပ်

 

များသောအားဖြင့် အိမ်ခေါင်းရင်း၊ အိမ်ရှေ့ တွင် ခေါင်းရင်းတွေမှာ စိုက်လေ့ရှိကြပါတယ်။ ကိုယ်တိုင်စိုက်ပျိုးဖူးခဲ့တဲ့အတွက် ထူးခြားမှုတွေသိရှိ ခဲ့ရပါတယ်။ အိမ်ခေါင်းရင်းဟာ အကောင်းဆုံးအရပ် ပါပဲ။ တကယ်လို့ ခေါင်းရင်းက တောင်အရပ်ဖြစ်နေ ရင်တော့ အိမ်ရှေ့မှာစိုက်တာ ကောင်းပါတယ်။ စိုက် တဲ့အခါမှာ မြေကို ကုန်းမို့မို့လေးဖြစ်အောင် နည်း နည်းမြှင့်ပြီး စိုက်ဖို့လည်းလိုပါတယ်။ လောင်းရိပ်မကျ ဘဲ နေရောင်ခြည်ရဖို့လည်း လိုအပ်ပါတယ်။ စိုက်ပျိုး သူဟာ အနန္တငါးပါးကို ကိုင်းရှိုင်းကြည်ညိုသူဖြစ်ပြီး ကံငါးပါး လုံခြုံမယ်ဆိုရင် အထူးသိဒ္ဓိမြောက်ပါလိမ့် မယ်။

ဒီမဟာမြိုင်ငှက်ပျောမျိုး တရုတ်ပြည် ထိုင်ဝမ် ကျွန်းစုက ပင်လယ်ရေအောက် မျက်နှာပြင်မှာလည်း ပေါက်လေ့ရှိတယ်လို့ အဆိုရှိကြပါတယ်။ အလွန် အေးတဲ့ ရေထဲမှာပေါက်လို့ အစွမ်းပိုထက်တယ်လို့ လည်း ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ်ကိုယ်တို့မြန်မာ ပြည်မှာလည်း မရှားပါးတဲ့ အပင်တစ်မျိုးပါ။ မျိုးလည်း ပွားပါတယ်။ သို့သော် စိုက်ပျိုးသူတိုင်း မရှင်တတ်ဘူး။ ဘုန်းကံကောင်းမွန်သူတွေအတွက်တော့ ရှင်သန် လွယ်ကူပြီး အသီးလည်း မကြာမကြာ သီးလေ့ရှိပါ တယ်။

ရုက္ခမူဆေးဖြင့် အသက်ရာကျော်ရှည်နိုင်ကြပါစေ။

ဇေယျတုသဗ္ဗမင်္ဂလံ

လင်းရောင်တင်

ရတနာဒီပံရွှေဖယောင်းတိုင်ကိစ္စ အခြား ကိစ္စများအတွက် (၁၁၀၇) ယဿဝတီ (၁၈)လမ်း တောင်ဥက္ကလာ (၁၃)ရပ်ကွက်။ ရန်ကုန်။

ဖုန်း ဝ၉ ၄၂၀ဝ ၁၄ ၆၁၄

Comments

comments

Post Author: manawmaya