သိုက်များအကြောင်း သိကောင်းစရာ

လူတွေစိတ်ဝင်စားကြတဲ့ ပရလောကသား များဖြစ်ကြတဲ့ သိုက်တွေအကြောင်း လေ့လာကြည့် တဲ့အခါ သိုက်အမျိုးအစားပေါင်း ကိုးသိုက်ရှိတာကို တွေ့ရပါတယ်။ ဒီထက်အမျိုးအစားကွဲပြားပြီးတော့ လည်းရှိနိုင်ပါတယ်။ သိုက်ဆိုတာ မြန်မာလူမျိုးတင်မက တခြားလူမျိုးများမှာလည်း ရှိနိုင်ပါတယ်။ အထူး သဖြင့် ဗုဒ္ဓဘာသာနိုင်ငံတွေက သိုက်ကိုအများဆုံး ယုံကြည်မှုရှိကြတာဖြစ်ပါတယ်။

အများအားဖြင့် သိုက်ဆိုတာဟာ နောင်အရိ မိတ္တေယျ ဘုရားရှင်ပွင့်တော်မူတဲ့အခါ လှူဒါန်းပူ ဇော်ကြဖို့ ရွှေငွေဥစ္စာရတနာများကိုစုဆောင်းထားရှိ ပြီး အဲဒီနေရာမှာ ဝိဥာဉ်လောကကနေ အဆင့်ဆင့် စောင့်ရှောက်နေကြတယ်။ သိုက်နန်းရှင်များဟာ လူ့လောကနဲ့ အဆက်အဆံရှိတယ်။ လူယောင် ဆောင်နိုင်တယ်စသည်ဖြင့် ယုံကြည်မှုတွေရှိကြ တယ်။

တကယ်တော့ သိုက်ဆိုတာ ဘုရားအတွက် ပစ္စည်းတွေ ရွှေငွေရတနာဥစ္စာတွေ ထားရှိပြီး စောင့်    ရတဲ့ သိုက်တစ်မျိုးတည်းမဟုတ်ဘဲ တခြား စိတ်စွဲ လန်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ သိုက်တွေလည်း အများကြီးရှိကြပါသေးတယ်။ သိုက်ဆိုတဲ့ စကားရဲ့ ရင်းမြစ်ဟာ စိုက်လို့ ဆိုတဲ့စာတွေရှိပါတယ်။ စိုက် လို့ဘာလို့ခေါ်သလဲဆိုတော့ ဘဝတစ်ခုက ဥစ္စာ ပစ္စည်းတွေကို စိတ်စွဲလန်းပြီး တစိုက်မတ်မတ် ဝိဥာဉ် ဘဝနဲ့ စောင့်ရှောက်လာခဲ့ရတယ်။ အဲဒါကြောင့် စိုက်လို့ ခေါ်ဝေါ်ရာကနေ ကာလတွေရွေ့လျားလာ တဲ့အခါ သိုက်ရယ်လို့ပြောင်းလဲပြီး ခေါ်ဝေါ်လာကြ တယ်လို့လည်းဆိုပါတယ်။

သိုက်တွေကို အမျိုးအမည်အားဖြင့် ကိုးမျိုး ခွဲခြားထားတာကို လေ့လာတွေ့ရှိရပါတယ်။

၁။ ဘုရားသိုက်

၂။ ကိုယ်ပိုင်ဥစ္စာသိုက်

၃။ ချေးယိုသိုက်

၎။ ငိုသိုက်

၅။ ပစ္စည်းငှားသိုက်

၆။ ငွေယားသိုက်

၇။ မျှော့သိုက်

၈။ ပြဒါးရှင်သိုက်

၉။ ဆေးသိုက်၊ အင်းသိုက်၊ ပုရပိုက်သိုက် ရယ်တို့ဖြစ်ပါတယ်။

(၁) ဘုရားသိုက်

အရိမိတ္တေယျ ဘုရားရှင်အတွက် ရည်စူး လှူဒါန်းတဲ့ဥစ္စာပစ္စည်း ရတနာရွှေငေတွေကို ဆိုင်ရာ က အာဏာနဲ့ အစောင့်ခိင်းထားတဲ့ သိုက်ဖြစ်တယ်။  ဘုရားသိုက်ကို မတူးကောင်း၊ သေသူသေရူးသူရူး ဖြစ်တတ်တယ်။ ပဲခူးတိုင်းလမ်းနီကျေးရွာက စေတီ ပြိုကုန်းမှာ သိုက်ဆရာကြီးနှစ်ဦးဟာ မိုးကြိုးပစ်လို့ သေဖူးတယ်။

(၂) ကိုယ်ပိုင်ဥစ္စာသိုက်

တချို့လူတွေဟာ မိမိတို့ပိုင်တဲ့ ကိုယ်ပိုင် ဥစ္စာ ရွှေငွေတွေကို မြေမြှုပ်သိုဝှက်ခဲ့ကြပြီး သေလွန်တဲ့ အခါ တပ်မက်တဲ့လောဘစိတ်ကြောင့် ကြွက်၊ မြွေ၊ နာနာဘာဝစတာတွေဖြစ်ကြရပြီး ကိုယ့်ပစ္စည်းကိုယ် စောင့်ပြီးနေကြရတယ်။ ပြိတ္တာအမျိုးအစားထဲမှာ ပါဝင်တယ်။ အဲဒီသိုက် အမျိုးအစားတွေဟာ အစွမ်း ထက်တဲ့သိုက်ဆရာတွေနဲ့တွေ့ရင် သိုက်တူးခံရပြီး ရင်ကွဲနာကျရှာတယ်။ အဲဒီဘဝက ကွယ်လွန်ပြီး ဘဝပြောင်းကြရတယ်။ အချို့လည်း သိုက်ဆရာနဲ့ တိုက်ခိုက်ရင်း ဘဝပြောင်းကြရရှာတယ်။

ဥပမာအားဖြင့်ပြောပြရရင် သထုံခရိုင် ဒေးကင်းရွာမှာ ဒေးကင်းသိုက်ရယ်လို့ တစ်ချိန်က ရှိခဲ့ဖူး တယ်။ အဲဒီသိုက်ရဲ့ သိုက်စာကတော့ သရက်သုံးပင်တစ်ပင်ခါးဆိုတဲ့စာပဲ။

အဲဒီစာကိုတော့ အုတ်ကျိုးအုတ်ပဲ့တွေကြားမှာတွေ့ရတယ်လို့ ဆိုတယ်။ အဲဒီစာအရ သရက်သုံး ပင်အောက်ကိုရောက်တဲ့သူတွေဟာ ဘယ်သရက်ပင်က အရွက်ခါးပါ့မလဲလို့ တွေးကြပြီး သရက်ရွက်တွေ ကိုဝါးကြည့်ကြသတဲ့။ ဒါပေမဲ့ ဘယ်အပင်က အရွက်ကမှ ခါးမနေဘူး။ ပုံမှန်အရသာပဲရှိတယ်လို့ ဆို တယ်။ တစ်နေ့သောအခါမှာတော့ ရှမ်းအဖိုးကြီး တစ်ယောက် အဲဒီရွာကို ရောက်လာပြီး သရက်သုံး ပင် အောက်မှာတဲထိုးပြီး နေခဲ့တယ်။

အဲဒီရှမ်းအဖိုးကြီးဟာ ဘုရားကို အမြဲရှိခိုး ပြီး မန္တာန်တွေကိုလည်း တဖွဖွရွတ်တယ်။ တစ်နေ့ တော့ သရက်ပင်တစ်ပင်ရဲ့ သစ်ခေါင်းထဲက မြွေဟောက်တစ်ကောင်ထွက်လာပြီး ရန်ပြုလို့ ရှမ်းအဖိုး ကြီးက ခြောက်လှန့်မောင်းထုတ်ခဲ့ရတယ်။ မြွေဟောက်ဆင်းလာတဲ့ သရက်ပင် ပင်စည်ရဲ့ လူ့ ခါးစောင်းလောက်မှာ သပိတ်လုံးလောက်သရှိတဲ့ သရက်ထုံသားကြီးတစ်လုံးကို တွေ့ရတော့ ရှမ်း အဖိုးကြီးဟာ ဆောက်နဲ့ထွင်းပြီး ယူသွားတယ်။ အဲဒီ သရက်ထုံသားဘုလုံးကြီးထဲမှာ သပိတ်တစ်လုံးစာ လောက် ရွှေဒင်္ဂါးပြားတွေကို တွေ့ရသတဲ့။ အဖုကြီး (ထုံသား)ကို ထွင်းယူဖို့ ကူညီပေးတဲ့ ကျောင်းသား လေးကို ရွှေဒင်္ဂါးသုံးပြားပေးသွားတယ်။

သရက်ပင်ရဲ့ ပင်စည်က ဖုလုံးကြီးကို ထွင်းယူနေကြတုန်းမှာ ပြေးဝင်ရန်မူလာတဲ့ မြွေဟာက် ကြီးကတော့ နွားကျောင်းသားလေးလက်ချက်နဲ့ အသက်ပါသွားခဲ့ရတယ်လို့ဆိုကြတယ်။

 

(၃) ချေးယိုသိုက်

အချို့သိုက်တွေကတော့ လောကီအစီအရင်နဲ့ စီရင်ထားခဲ့တာတွေရှိတယ်။ ဂူကြီးအတွင်းမှာ ကျောက်သေတ္တာရှိတယ်။ ဖွင့်ကြည့်ရင် ရတနာပစ္စည်းတွေတွေ့ရမယ်။ အဲဒီရတနာတွေယူဆောင် ခဲ့မယ်ဆိုရင် ဂူအပြင်ကို ရောက်တာနဲ့ ချေးယိုချင်လာတယ်။ ဝေးဝေးရောက်အောင် မသွားနိုင်ဘဲ ချေးတပျစ်ပျစ်ယိုတယ်။ ရွှေငွေပစ္စည်းတွေ ပြန်ထားလိုက်မှ ချေးအယိုရပ်သွားတတ်တယ်။ ဘားအံဒေသ  ကိုင်းကြီးရွာနားမှာ ချေးယိုသိုက်ရှိတယ်။ ဘီလူးကျွန်း ဒေသ ကမာကေးရွာအနီးမှာလည်း ချေးယိုသိုက် အမျိုးအစားရှိတယ်။

 

၎။ ငိုသိုက်

အဓိဋ္ဌာန်တိုက်ဖြစ်တဲ့အတွက် သိုက်စောင့် မရှိတတ်ဘူး။ ဂူကြီးအတွင်းကျောက်သလွန်တစ်ခု ပေါ်မှာ မိန်းမလှကလေး အိပ်ပျော်နေတာတွေ့ရ မယ်။ သလွန်လောက်မှာရှိတဲ့ လှိုဏ်အတွင်းမှာ ရတနာတွေရှိတယ်။ စိတ်တိုင်းကျယူလို့ရတယ်။ ဒါပေမယ့် ဂူအပြင်ကို ရောက်တာနဲ့ ယူတဲ့လူဟာ ရှိုက်ကြီးတငင်ငိုနေရတတ်တယ်။ ပစ္စည်းတွေပြန်ပြီး ထားလိုက်မှ အငိုရပ်သွားတတ်တယ်။ ဘားအံဒေသက တမော်စိုင်းဂူနဲ့ ကော့ကွန်းဂူအနီးက ကျွဲဂူမှာ  အဲသလိုသိုက်ရှိသတဲ့။

 

(၅) ပစ္စည်းငှားသိုက်

ဒေသတော်တော်များများမှာ ရှိတတ်တယ်။ အဲဒီသိုက်ကိုသွားပြီးတော့ ရွှေဖြစ်စေ၊ ငွေဖြစ်စေ အိုးခွက်ပန်းကန်ဖြစ်စေ ငှားလို့ရတယ်။ အသုံးပြုပြီး ရင်ပြန်ပို့ရတယ်။ ပျက်စီးပျောက်ဆုံးရင် အလျော် ပေးရတယ်။ သစ္စာမဲ့ပြီး ပြန်မပို့ရင် ငှားတဲ့လူကို ရန်ရှာတတ်တယ်။ အချို့မှာလူကိုရန်မရှာပဲ ပစ္စည်းတွေအလိုအလျောက်ပျောက်ကွယ်သွားတတ်တယ်။

မုဒုံကန်တော်ကြီးအနီးက ကျောက်ဆင်သိုက်နဲ့ ဒေးစွန်ပါဘန့်ဘွေးပင်သိုက်တွေဟာ အဲဒီလို  သိုက်မျိုးတွေဖြစ်တယ်။ ကျိုက်မရောဒေသ နိတုံတောင်ပုဂံဂူမှာ အိုးခွက်ပန်းကန်ငှားလို့ရတဲ့သိုက်ရှိ တယ်။

 

(၆) ငွေယားသိုက်

များသောအားဖြင့် မြစ်ကမ်းစပ်ရေတွင်းရေ ကန်တွေမှာ ရှိတတ်တယ်။ ငွေဒင်္ဂါးတွေ၊ ငွေထည် ပစ္စည်းတွေကို မတော်တဆတွေ့ရှိကောက်ယူခဲ့ရင် မထိုက်တန်တဲ့လူဆိုပါက တစ်ကိုယ်လုံးယားယံပြီး အဖုအဖိန့်တွေ ထွက်လာတတ်တယ်။ သူ့နေရာသူ ပြန်ထားလိုက်မှဒါမှမဟုတ် ဘုန်းကြီးကျောင်းကို လှူ လိုက်မှ အယားပျောက်သွားတတ်တယ်။ မွန်ပြည်နယ် တနင်္သာရီတိုင်းမှာ အများဆုံးတွေ့ရတတ်တယ်။ ခေါင်းဆေးကျွန်း၊ ငွေယားသိုက်နဲ့ ကန်သုံးကန်ငွေ ယားသိုက်မှာ နာမည်အလွန်ကြီးတယ်။ တချို့ လောကီပညာရှင်တွေဟာ ငွေယားကိုငွေယဉ်ဖြစ် အောင်လုပ်တတ်တယ်။

 

(၇) မျှော့သိုက်

ရေကန်ထဲမှာ မျှော့များဖန်တီးထားတာမျိုး၊ အိုးငယ်ထဲမှာ မျှော့အရှင်တွေထည့်ပြီး ရေမျှောထား ခြင်းတွေ ကြုံရတတ်တယ်။ ကရင်ပြည်နယ် ကော့ကရိတ်ဒေသ၊ ဂျိုင်းမြစ်ကမ်းပေါ်က ကော့ဂွန်း   ရွာအနီးကမ်းစပ်ကျောက်တစ်ချပ်ပေါ်မှာ အောက်ပါ စာတန်းကိုရေးထိုးထားပါတယ်။

“ဆေး၊ သား၊ ထုံးဖြူယူနိုင်ရင်တော့ယူတော့”

ဆိုပြီးရေးထားခဲ့တာ အဓိပ္ပာယ်ကိုမသိခဲ့ကြဘူး။ အဲဒီစမ်းချောင်းနားမှာ သစ်မြစ်တွေပေါ်မှာ မျှော့ကြီးတွေ အကောင်များစွာလုံးထွေးပြီး ရှိနေ တတ်တယ်။ ကမ်းစပ်သစ်ခေါင်းအတွင်းမှာ ကျောက် ကြိုကျောက်ကြားတွေထဲမှာလည်း မျှော့တွေ အများ ကြီးတွေ့ရတတ်တယ်။ တစ်နေ့တော့ အဲဒီနေရာကို  ဖိုးသူတော်တစ်ဦးရောက်လာပြီး ကျောက်ဖျာပေါ်က စာကို သေသေချာချာဖတ်တယ်။ ပြီးတော့ ဆေးရွက်ကြီး၊ ဆား၊ ထုံးဖြူတွေကို အရည်ဖျော် ပြီး ကမ်းစပ်သစ်ခေါင်းအတွင်းမှာရှိတဲ့ မျှော့အလုံး ကြီးပေါ်ကို လောင်းချပြီး ပြန်လာခဲ့တယ်။ မနက်မိုး လင်းတဲ့အခါမှာ အဲဒီသစ်ခေါင်းထဲက ဝင်းဝါနေတဲ့ ရွှေချောင်းများစွာကိုရရှိခဲ့တယ်။ ဖိုးသူတော်ကြီးဟာ  သူတည်းခိုနေထိုင်ခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းကို     ရွှေချောင်းအချို့လှူခဲ့ပြီး ပြန်လည်ထွက်ခွာသွားခဲ့တယ်။

(ဆက်လက်ဖော်ပြပါမည်)

ဇေယျတု သဗ္ဗမင်္ဂလံ

လင်းရောင်တင်

(အရာရာအောင်မြင်စေတဲ့ ရတနာဒီပံရွှေဖယောင်းတိုင်ကိစ္စ၊ အခြားကိစ္စများအတွက် ဆွေးနွေးလိုပါက တိုက်အမှတ် (၁၀၆၀)၊ ယဿဝတိ (၁၆)လမ်း၊ တောင်ဥက္ကလာ (၁၃)ရပ် ကွက်၊ ရန်ကုန်မြို့။ ဖုန်း – ဝ၉ ၄၂၀ဝ၁၄၆၁၄)

Comments

comments

Post Author: manawmaya