ရတနာရှိရာ ရတနာလာ

 

တစ်ပတ်တစ်ခါ သင်ကြားပေးနေတဲ့ လောကဟိတဂမ္ဘီရပညာ လက်ဆင့်ကမ်းပွဲကို လာတက် ကြသူတွေထဲက မြန်မာစာမေဂျာတူ မောင်နှမဖြစ် တဲ့ ဒေါ်ကြူကြူမော်က ကိုယ်စီရင်ပေးတဲ့ ရတနာ ဒီပံရွှေဖယောင်းတိုင်ကို ထွန်းညှိပူဇော်နေတဲ့သူဖြစ် တယ်။ ရတနာဒီပံ ရွှေဖယောင်းတိုင်အကြောင်းကို ပြည့်ပြည့်စုံစုံ သိချင်ပါတယ်လို့ ပြောလာလို့ ဒီတစ် ပတ်တော့ ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရတနာဒီပံရွှေဖယောင်းတိုင်ကို ရှေးခေတ် ကာလများကတော့ ပျားဖယောင်းနှင့် ကိုယ်တိုင် ဖယောင်းတိုင်လုပ်ပြီး ဂါထာတော်တွေ ရေးသားပူဇော် ကြတာ ဖြစ်တယ်။ ဒီဘက်ခေတ်မှာတော့ ရွှေ ဖယောင်းတိုင်ကို လုပ်ဆောင်ရောင်းချသူများရှိလာလို့ အလွယ်တကူ ရေးသားစီရင်လာနိုင်ကြတယ်။

ဘုရားတရားသံဃာ ရတနာသုံးပါးရဲ့ ဂုဏ် တော်ဂါထာတွေကို ရေးသားပူဇော်တဲ့ နေရာမှာ ကညစ်နဲ့ ရေးထွင်းပြီး ပူဇော်နိုင်သလို တချို့ကလည်း မိုင်းကိုင်စက္ကူပေါ်မှာ ခဲတံနဲ့ ရေးသားပြီး ပူဇော်ကြ သူတွေလည်း ရှိပါတယ်။ အချို့ကလည်း မိုင်းကိုင် စက္ကူ(ရှမ်းစက္ကူလို့လည်းခေါ်ကြတယ်)နဲ့ တကူးတက ရေးမနေတော့ဘဲ ရိုးရိုးစက္ကူအချောပေါ်မှာ ဂါထာ တွေရေးပြီး ဘုရားကို ပူဇော်တာမျိုးလည်း ရှိပါတယ်။ ဘယ်နည်းနဲ့ပဲ ပူဇော်ပူဇော် အကျိုးသက်ရောက်မှု ရှိတာပါပဲ။

သို့သော် ဖယောင်းတိုင်ပေါ်မှာ ကညစ်နဲ့ ရေးသားပြီး ပူဇော်တာကတော့ အန္တရာယ်အကင်းဆုံး ပါပဲ။ တကယ်လို့ စက္ကူနဲ့ရေးပြီး ဖယောင်းတိုင်မှာ ပတ်ပြီး ပူဇော်မယ်ဆိုရင် မီးတောက်တွေကြီးနိုင်ပါ တယ်။ ဒီအတွက် မလိုလားအပ်တဲ့ အန္တရာယ်တွေရှိ လာနိုင်ပါတယ်။

ရတနာဒီပံကို ဂုဏ်တော်ဂါထာများ ရေးသား စီရင်မယ့်သူဟာ ကံငါးပါး လုံခြုံသူဖြစ်ရပါမယ်။ ရတနာသုံးပါးကို မလှုပ်မယှက် ကိုးကွယ်ယုံကြည်သူ ဖြစ်ရပါမယ်။ အနန္တငါးပါးကို ကြည်ညိုကိုင်းရှိုင်းသူ ခင်ပွန်းကြီးဆယ်ပါးကို ကျေးဇူးသိတတ်သူမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ အမဲသား မစားသုံးသူ၊ ခြေလေး ချောင်းသားမစားသူဖြစ်လျှင် ပိုပြီး ထက်မြက်နိုင်ပါ တယ်။ ဒီနေရာမှာ လောကီကျင့်စဉ်နဲ့ လောကုတ္တ ရာကျင့်စဉ်ကို ခွဲခြားနားလည်ဖို့ လိုပါလိမ့်မယ်။ လောကီကြီးပွားတိုးတက်ကြောင်း ကျင့်စဉ်တွေလုပ် တဲ့အခါ သက်သတ်လွတ်စားသုံးနိုင်တာလည်း အောင် မြင်ခြင်း အကြောင်းတရားပါပဲ။

အချို့ကလည်း ရတနာဒီပံရွှေဖယောင်းတိုင် ကို အနန္တသိဒ္ဓိ ရတနာဒီပံလို့ အပြည့်အစုံခေါ်ကြပါ တယ်။ အနန္တသိဒ္ဓိဆိုတာက များစွာပြီးမြောက်အောင် မြင်စေနိုင်သောလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် စီးပွားရေးပဲဖြစ်ဖြစ်၊ ကျန်းမာရေးပဲဖြစ်ဖြစ်၊ ပညာ ရေးပဲဖြစ်ဖြစ် လိုချင်တဲ့ဆန္ဒကို အာရုံညွတ်ပြီး ပူ ဇော်ရမှာဖြစ်ပါတယ်။ ယုံကြည်စွာ ထွန်းညှိပူဇော်ဖို့ တော့လိုအပ်ပါတယ်။

ထွန်းညှိချိန်ကိုလည်း ညကိုးနာရီကို အချိန် ကိုက်ပြီး ပူဇော်နိုင်ရင် ပိုအကျိုးရှိပါတယ်။ နဝင်းဆိုတဲ့   ကိုးဂဏန်းဟာ အင်အားသိဒ္ဓိ ကြီးမားစေနိုင်တဲ့အ တွက်ကြောင့် ရွေးချယ်ပူဇော်စေတာဖြစ်ပါတယ်။ အကယ်၍ ညကိုးနာရီတိတိမှာ မပူဇော်နိုင်ရင် စော မယ်ဆိုရင် ခြောက်နာရီခွဲ၊ ခုနစ်နာရီ နှစ်ဆယ်၊ ရှစ်နာရီ ဆယ်မိနစ်တွေမှာ ပူဇော်ရင်လည်း နဝင်း ကိုက်လို့ အဆင်ပြေပါတယ်။

ကိုးနာရီထက် နောက်ကျသွားမယ်ဆိုရင် ၁၀း၈ မိနစ်၊ ၁၁း၂၅ မိနစ် စတဲ့ ပြန်ပေါင်းရင် ကိုး ဂဏန်းကျတဲ့ နာရီတွေမှာလည်း ပူဇော်ရင်အကျိုး ထူးနိုင်ပါတယ်။ ပူဇော်တဲ့အခါမှာ ကိုယ်လက်သန့် စင်ပြီး သန့်ရှင်းတဲ့ အဝတ်အစားကို ဝတ်ဆင်ရပါ တယ်။ ပန်းတော်ကပ်၊ ရေတော်ကပ်၊ ဆီမီးတော် ကပ်၊ အမွှေးတိုင်တော်ကပ် စတဲ့ ပုဗ္ဗကိစ္စတွေကို လုပ်ရပါမယ်။

ရတနာဒီပံရွှေဖယောင်းတိုင်ပူဇော်တဲ့ နေရာ မှာ ဘုရားကျောင်းဆောင်ရှေ့မှာ ရိုရိုသေသေထိုင် ပြီး ငါးပါးသီလခံယူဖို့ လိုပါတယ်။ မေတ္တသုတ်ကို ရွတ်ဆိုပူဇော်နိုင်ရင်ကောင်းပါတယ်။ ဆီမီးတော်တိုင် ထွန်းညှိပူဇော်ထားစဉ်မှာ ဂုဏ်တော်ပုတီးစိပ်ကို စိပ် ရပါမယ်။ ကိုယ်နှစ်သက်သလို စိပ်နေကြပုတီးစိပ် ကို စိပ်လို့ရပါတယ်။ ကိုယ်ကတော့ (အရဟံသိဒ္ဓိ အောင်)လို့ ရွတ်ဆိုပြီး တစ်လုံးချနဲ့ ကိုးပတ်စိပ်တာ သဘောကျတယ်။

အဲဒီ ]အရဟံသိဒ္ဓိအောင်ပုတီးစိပ်ဟာ အဘ ပထမံဘိုးဘိုးအောင်ရဲ့ ပုတီးစိပ်ပါပဲ။ မသိသူ ကျော်သွား၊ သိသူဖော်စားဆိုတဲ့ မြန်မာဆိုရိုး စကား လို ရတနာဒီပံ ရွှေဖယောင်းတိုင် ပူဇော်မှုကိစ္စဟာ လည်း အကျိုးအာနိသင်မသိရှိသူများက ကျော်လွှား သွားကြပြီး သိရှိသူများက ဖော်စားကြတဲ့ကိန်းပါပဲ။

လောကမှာ ဘုရားတရားသံဃာဆိုတဲ့ရတနာ သုံးပါးဟာ တန်ဖိုးအကြီးဆုံးအရာဖြစ်ပါတယ်။ တန်ဖိုး ကြီးတဲ့ ရတနာသုံးပါးရဲ့ဂုဏ်ရည်ကို ထုတ်ဖော်ပူဇော် တဲ့အတွက် အကျိုးအာနိသင် ဖြစ်ပေါ်လာမှုဟာ ဖော်မပြနိုင်လောက်အောင် တန်ဖိုးကြီးပါတယ်။ ကောင်းကျိုးချမ်းသာ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဝိဇ္ဇာ အမှောင်ထုကို ထွင်းဖောက်ပြီး ဝိဇ္ဇာအလင်းရောင်ကို ဖြစ်ပေါ်စေတဲ့အတွက် ကုသိုလ်အနန္တကိုလည်းရစေ ပါတယ်။

ပညာÓာဏ် အလင်းဝိဇ္ဇာÓာဏ်အလင်းကိုဖြစ် ပေါ်စေနိုင်တဲ့ တန်ခိုးရှိတဲ့အတွက် ရတနာဒီပံ ရွှေ ဖယောင်းတိုင်ထွန်းခြင်းအားဖြင့် မှတ်Óာဏ်တွေ ကောင်းလာစေနိုင်ပါတယ်။ ပညာတွေလည်း တိုး တက် သိရှိလာနိုင်စေပါတယ်။ စိတ်ကူးစိတ်သန်းတွေ ကောင်းစေတဲ့အတွက်လည်း အကျိုးစီးပွားတွေ တိုး တက်လာနိုင်စေပါတယ်။

သို့သော် ရတနာဒီပံရွှေဖယောင်းတိုင်ကိုစီရင် ပေးတဲ့ဆရာများဟာ ကောင်းသောဆရာများဖြစ်ဖို့ လိုပါတယ်။ သီလသမာဓိ၊ သိက္ခာပြည့်စုံသူများစီရင် တဲ့ ရတနာဒီပံ ရွှေဖယောင်းတိုင်သာလျှင် ပိုပြီး ထက်မြက်ပါလိမ့်မည်။ ရတနာဒီပံ ရွှေဖယောင်းတိုင် ထွန်းညှိပူဇော်သူတွေအတွက် ကောင်းမွန်မှန်ကန်တဲ့ အကျိုးသိဒ္ဓိဖြစ်ပေါ်ဖို့အတွက် စေတနာကိုင်ဆောင် ဆောင်ရွက်ထားတာမျိုး ဖြစ်ရပါမယ်။

ထွန်းညှိသူအနေနှင့်လည်း ယုံကြည်မှုသဒ္ဓါ တရား အပြည့်အဝရှိဖို့လိုပါတယ်။ ဆရာတပည့်နှစ်ဦး နှစ်ဖက် ပြည့်စုံကြမယ်ဆိုရင် နေ့ချင်းညချင်း အောင် မြင် ကြီးပွားတိုးတက်နိုင်တဲ့အစီအရင်မျိုးဖြစ်ပါတယ်။

 

ဧဝံအစိန္တိယော ဗုဒ္ဓါ၊ ဗုဒ္ဓဓမ္မာ အစိန္တိယာ

အစိန္တယေ ပဿာနာနံ၊ ဝိပါကောဟောတိ အစိန္တိယော။

ဆိုတဲ့ သံယုတ်ပါဠိတော်လာတဲ့ ဂါထာအရ သဗ္ဗညုတမြတ်စွာဘုရားတို့ရဲ့ မကြံစည်အပ်သော ဂုဏ်တော်များကို စေတနာပွားကြည်ညိုတတ်တဲ့ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့အတွက် မကြံ စည်နိုင်တဲ့ အကျိုးကျေးဇူးကို ခံစားရတယ်ဆိုတဲ့ စကားနှင့်အညီ ရတနာဒီပံ ရွှေဖယောင်းတိုင်များကို ထွန်းညှိပူဇော်ရာမှာ အားကိုးအားထားပြုရတဲ့ စိတ်နဲ့ သဒ္ဓါကြည်ဖြူ ယုံကြည်မှုဟာ အရေးကြီးဆုံး ဖြစ်ပါ တယ်။

ဒီလိုရတနာဒီပံရွှေဖယောင်းတိုင်ပူဇော်တဲ့နေရာ မှာ သာမန် ဝီရိယလုံ့လမျိုးမဟုတ်ဘဲ အားကျိုး မာန်တက်နဲ့ စိတ်ဓာတ်အရှိန်ပြင်းပြင်း ထက်ထက် မြက်မြက်ရှိဖို့လည်း ထပ်မံပြီးလိုအပ်ပါတယ်။

“ဟုတ်ပါ့ မလား၊ မှန်ပါ့မလား၊ ကောင်းတယ်ထင်လို့သာ လုပ် ရတာ တကယ်ကော အောင်မြင်နိုင်ပါ့မလား” ဆို တဲ့ သံသယစိတ်တွေ လုံးဝမဝင်အောင်နှလုံးသွင်းမှန်ဖို့ လည်း လိုပါတယ်။

ကိုယ်လိုချင်တဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အချစ်ရေးစတဲ့ ကိစ္စတွေမှာ တကယ်တမ်းအောင်မြင်ပြီးမြောက်သွားတဲ့ပုံရိပ်သဏ္ဌာန် ကို ယုံကြည်စိတ်ကူးအကောင်အထည်ဖော်နိုင်စွမ်း ရှိရမယ်။ စိတ်ကူးအိပ်မက်တွေကလည်း အရေးပါ အရာရောက်ပါတယ်။

ရတနာဒီပံ ရွှေဖယောင်းတိုင်အစီအရင်လုပ်တဲ့ နေရာမှာ ဆရာများရဲ့ ယုံကြည်သဒ္ဒါမှုအလိုက် ဂါ ထာများ ကွဲပြားကြမှာဖြစ်ပါတယ်။ တချို့ သံဗုဒ္ဓေ ဂုဏ်တော်နှင့် စီရင်ကြတာတွေရှိသလို အထူးထူး အပြားပြား ကောင်းနိုးရာရာဂါထာတွေနဲ့လည်း စီရင် ဆောင်ရွက်ကြပါတယ်။ သရဏဂုံသုံးပါး ဦးထိပ်ထား ပြီး ဆောင်ရွက်ကြတာဖြစ်တဲ့အတွက် ဘယ်ဂါထာ ကပိုပြီး ကောင်းတယ်လို့ စကားနိုင်လုလို့ မရပါဘူး။ သူ့နည်းသူ့ဟန်နဲ့ ကောင်းကြတာတွေ ဖြစ်ပါတယ်။

အရေးကြီးတာက စီရင်တဲ့ဆရာက စေတနာ ပါပါနဲ့ မေတ္တာသစ္စာကို ရှေ့တန်းတင်ရပါတယ်။ လိုက်လံဆောင်ရွက် ပူဇော်တဲ့ တပည့်များကလည်း ယုံကြည်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်ဆောင် ရွက်ကြရပါမယ်။ ယုံကြည်သဒ္ဒါစိတ်နဲ့ တန်ခိုးသိဒ္ဓိများ ဖန်တီးဆောင်ရွက်ရယူနိုင်ကြပါစေ။

 

ဇေယျတု သဗ္ဗမင်္ဂလံ

လင်းရောင်တင်

ရတနာဒီပံရွှေဖယောင်းတိုင်ကိစ္စ၊ အခြား သောကိစ္စများအတွက် တိုက်အမှတ်(၁၀၆၀) ယဿ ဝတီ(၁၆)လမ်း တောင်ဥက္ကလာ(၁၃)ရပ်ကွက်၊ ရန်ကုန်မြို့။ ဖုန်း ဝ၉ ၄၂၀ဝ ၁၄ ၆၁၄ သို့ဆက် သွယ်နိုင်ပါသည်။

လောကဟိတဂမ္ဘီရပညာလက်ဆင့်ကမ်းသင် တန်းကိုလည်း စနေနေ့မနက်ကိုးနာရီတိုင်း ဖွင့်လှစ် သင်ကြားပေးနေပါတယ်။

Comments

comments

Post Author: manawmaya