ငလ်င္ကို ႀကိဳတင္ကာကြယ္လုိ႔ရသလား

 

ခုတေလာငလ်င္လႈပ္တဲ့ သတင္းေတြ မၾကာ ခဏၾကားၾကားေနရတယ္။ ဒီအတြက္ တခ်ိဳ႕လည္း ေတာ္ေတာ္စိုးရိမ္ေနၾကတယ္။ ျဖည္းျဖည္း သိမ့္သိမ့္   လႈပ္လို႔က သိပ္အေရးမႀကီးဘူးဆိုေပမယ့္ ပဲခူးငလ်င္ လို ျပင္းျပင္းထန္ထန္ လႈပ္ခတ္မယ္ဆိုရင္ေတာ့ အ ေတာ္စိုးရိမ္စရာေကာင္းမယ့္ ကိစၥျဖစ္တယ္လို႔ ပညာ ရွင္မ်ားက သံုးသပ္ၾကတယ္။ ၁၉၃၀ ခုႏွစ္က လႈပ္ခဲ့ တဲ့ပဲခူးငလ်င္ဟာ အေတာ္ႀကီးက်ယ္ခဲ့တယ္။ လူတိုင္း အသိျဖစ္ၾကတယ္။ အင္အား ၇ ဒသမ ၃ အဆင့္ လႈပ္ခဲ့တဲ့အတြက္ ရန္ကုန္တိုင္းအတြင္း လူအေယာက္ ၅၀ ေလာက္ အသက္ဆံုး႐ံႈးခဲ့ရတယ္လို႔ဆိုတယ္။

ဒါေၾကာင့္ ပညာရွင္ေတြက စိုးရိမ္ေနၾကတာ ပါ။ ႏွစ္ေပါင္း ၈၈ ႏွစ္ေလာက္ၾကာၿပီဆိုေတာ့ တစ္ ေၾကာ့ျပန္လာမွာ စိုးေနၾကတာပါပဲ။ အျဖစ္အပ်က္ တစ္ခုဟာ ျဖစ္ပ်က္ၿပီး ႏွစ္ေပါင္း ၁၀ဝ ေလာက္ၾကာ ရင္ ထပ္ျဖစ္ေလ့ရွိတဲ့ ထပ္တူျဖစ္ျခင္း သီအိုရီကလည္း ရွိတာကိုး။ တကယ္လို႔မ်ား ၁၉၃၀ ခုႏွစ္က ငလ်င္ မ်ိဳးျပန္ၿပီး တစ္ႀကိမ္လႈပ္ခတ္မယ္ဆိုရင္ေတာ့ အရင္ ကထက္ပိုၿပီး အထိနာမွာလည္း ေသခ်ာေနပါတယ္။

အရင္က တိုက္တာအိမ္ေျခ ဒီေလာက္မရွိ ဘူး။ အထပ္ျမင့္တိုက္ေတြလည္း မရွိဘူး။ ခုေတာ့ သိေတာ္မူၾကတဲ့အတိုင္း မိုးေမွ်ာ္တိုက္ေတြက မ်ား လာေနၿပီဆိုေတာ့ ငလ်င္ပညာရွင္ေတြ စိုးရိမ္မယ္ဆို လည္း စိုးရိမ္စရာ။ လင္းေရာင္တင္ သိသေလာက္ ေျပာျပရရင္ေတာ့ ငလ်င္လႈပ္ရျခင္း အေၾကာင္းရင္း က ကိုးပါးရွိပါသတဲ့။ အဂၤုတၲရပါဠိေတာ္မွာပါတဲ့ အတိုင္း တင္ျပရရင္ –

၁။ ဓာတုေကၡာဘလို႔ေခၚတဲ့ ဓာတ္ေခ်ာက္ခ်ား လို႔ တုန္လႈပ္ျခင္း။

၂။ ဣဒၶိမႏၱပုဂၢိဳလ္ရဲ႕ တန္ခိုးေၾကာင့္ လႈပ္ ျခင္း။

၃။ ေနမိတၲက ေခၚ သာမန္လူသားေတြရဲ႕ ေကာင္းဆိုးနိမိတ္အတြက္လႈပ္ျခင္း

၄။ ဘုရားေလာင္း ပဋိသေႏၶေန၍လႈပ္ျခင္း

၅။ ဘုရားေလာင္း ဖြားျမင္၍လႈပ္ျခင္း

၆။ ဘုရားအျဖစ္သို႔ ေရာက္ေတာ္မူ၍ လႈပ္ ျခင္း

၇။ ဓမၼစၾကာေဒသနာကို ေဟာေတာ္မူ၍ လႈပ္ျခင္း

၈။ အာယုသခၤါရ လႊတ္ေတာ္မူ၍လႈပ္ျခင္း

၉။ ပရိနိဗၺာန္ျပဳေတာ္မူ၍ လႈပ္ျခင္းဆိုတဲ့ ကိုး မ်ိဳးရွိပါတယ္။

ဒီအခ်ိန္က ေနာက္ထပ္ဘုရားပြင့္ခ်ိန္ မတန္ ေသးတဲ့ကာလမို႔ ေလးနံပါတ္ကေန ကိုးနံပါတ္အထိ ေျခာက္မ်ိဳးေၾကာင့္ လႈပ္ခတ္တာ မဟုတ္တာေသခ်ာ ပါတယ္။ အပူဓာတ္ အေအးဓာတ္လြန္ကဲၿပီး ဓာတ္ ေခ်ာက္ခ်ားလို႔ လႈပ္တာရယ္၊ ဣဒၶိမႏၱတန္ခိုးရွိတဲ့ ပုဂၢိဳလ္တစ္ဦးဦးေၾကာင့္ လႈပ္တာရယ္၊ လူေတြရဲ႕  ေကာင္းဆိုးနိမိတ္အတြက္ လႈပ္တာရယ္ အဲဒီ သံုးမ်ိဳး ေၾကာင့္ ျဖစ္ဖို႔မ်ားပါတယ္။

“ေလာကဟိတဂမၻီရက်မ္း”မွာေတာ့ တန္ခူး လမွာ ငလ်င္လႈပ္ရင္ ရန္အမ်ားေပ်ာက္ကြယ္ႏိုင္ တယ္လို႔ ဆိုပါတယ္။ ကဆုန္လမွာ လႈပ္ရင္ေတာ့ စပါးသီးႏွံမ်ား ပ်က္စီးတတ္တယ္လို႔ ဆိုပါတယ္။ နယုန္လမွာ လႈပ္ရင္ေတာ့ မိန္းမမ်ား ေဖာက္ျပားမႈ မ်ားမယ္။ မိန္းမေတြ အေသအေပ်ာက္မ်ားမယ္လို႔ ဆိုပါတယ္။ ဝါဆိုလမွာ လႈပ္ရင္ေတာ့ မင္းမွဴးမတ္ ေတြ အႏၱရာယ္ရွိတယ္လို႔ ဆိုပါတယ္။ ဝါေခါင္လမွာ လႈပ္ရင္ အမႈအခင္းေအာင္ျမင္ တတ္တယ္။ ေတာ္သလင္းလ မွာလႈပ္ရင္ ရဟန္းပုဏၰား (ပညာရွိမ်ား) စိတ္ေခ်ာက္ ခ်ားေအာင္ စိုးရြံ႕ရတတ္တယ္။ သီတင္းကြ်တ္လမွာ လႈပ္ရင္ သူေတာ္သူျမတ္တို႔ မင္းကေတာ္ စိုးကေတာ္ တို႔ အနိစၥေရာက္တတ္တယ္။ တန္ေဆာင္မုန္းလမွာ လႈပ္ရင္ စစ္ဗိုလ္စစ္မွဴးတို႔ ဒုကၡေရာက္တတ္တယ္။ နတ္ေတာ္လမွာ ရန္သူေတြ ထျြကႏိုင္တယ္။ ျပာသို လမွာ လႈပ္ရင္ေတာ့ တိုင္း ျပည္ျြကယ္ဝေျပာတတ္ တယ္။ တပို႔တြဲလမွာ လႈပ္ရင္ ႏိုင္ငံရပ္ျခားမွ ပညာ ရွင္ပညာတတ္ေတြေရာက္လာတတ္တယ္။ တေပါင္း လမွာ လႈပ္ရင္ အခြန္အေကာက္ေတြ မ်ားမ်ားရၿပီး အဆင္ေျပတတ္တယ္။

ဒီအခ်က္အလက္ေတြကို ေလ့လာၾကည့္မယ္ ဆိုရင္ ငလ်င္လႈပ္တယ္ဆိုတိုင္း မေကာင္းတဲ့ အ တိတ္နိမိတ္ေတြခ်ည္းမဟုတ္ဘဲ ေကာင္းတဲ့ အတိတ္ နိမိတ္ေတြလည္း ျဖစ္လာႏိုင္ပါတယ္။

အဲဒီေလာကဟိတဂမၻီရက်မ္းထဲမွာပဲ ဘယ္ ေန႔လႈပ္ရင္ ဘာျဖစ္တတ္တယ္ဆိုတာကိုလည္း ေဖာ္ ျပထားပါတယ္။ တနဂၤေႏြေန႔မွာ ငလ်င္လႈပ္ခဲ့ေသာ္ ျပည္သူျပည္သားမ်ား ဝေျပာခ်မ္းသာမယ့္ နိမိတ္လို႔ ဆိုပါတယ္။ တနလၤာေန႔မွာ လႈပ္ခဲ့ေသာ္ ဆီထြက္ ကုန္၊ အသီးအႏွံေတြ ေကာင္းမယ္။ သားထူးသား ျမတ္မ်ား ေမြးဖြားတတ္တယ္။ အဂၤါေန႔မွာလႈပ္ခဲ့ ေသာ္ လူအမ်ားဒုကၡေရာက္တတ္တယ္။ သူခိုးဓားျပ ေတြ ထူေျပာတတ္တယ္။ ဗုဒၶဟူးေန႔မွာ လႈပ္ခဲ့ေသာ္ တိုင္းတစ္ပါးကေန ဘ႑ာသမီးရတနာစတဲ့ အရာ ေတြ ဆက္လာတတ္တယ္။ ဆင္ျဖဴရတနာမ်ားလည္း ေရာက္ရွိလာတတ္တယ္။ ဒီေခတ္မွာေတာ့ ကား ေဟာင္းေတြ ယႏၱရားအသစ္ေတြ ရရွိလာႏိုင္တယ္လို႔ ဆိုရင္လည္း ျဖစ္ပါလိမ့္မယ္။ ၾကာသပေတးေန႔မွာ လႈပ္ခဲ့ေသာ္ ပေစၥကဗုဒၶါ၊ စၾကာမင္း၊ ေခါင္းေဆာင္ ေကာင္းတို႔ သေႏၶယူတဲ့ အခ်ိန္ျဖစ္တတ္တယ္။ ေသာ ၾကာေန႔မွာလႈပ္ခဲ့ေသာ္ ဖ်ားနာသူမ်ားတတ္ပါတယ္။ စေနေန႔မွာ လႈပ္ခဲ့ေသာ္ ရဟန္းပုဏၰား(ပညာရွိမ်ား)   ဒုကၡေရာက္တတ္၊ စိတ္ေခ်ာက္ခ်ားရတတ္ပါတယ္။ ဒီလိုဆိုပါတယ္။

ကိုယ့္မွာ ေယာအတြင္းဝန္မင္းႀကီး ဦးဘိုးလိႈင္  ရဲ႕ ဓာတုသဂၤဟဝိနိစၦယ(ေခၚ) နာမ႐ူပဓာတ္ယၾတာ အစီအရင္ျပဳ က်မ္းတစ္ေစာင္ရွိပါတယ္။ ေရွးေဟာင္း နန္းစဥ္မႈျဖစ္ၿပီး ပံုႏွိပ္စာမဟုတ္ဘဲ လက္ေရးစာအုပ္ ကိုသာ ကူးယူသြားထားခဲ့တဲ့ စာအုပ္ပါ။ ဒီစာအုပ္ထဲ မွာ ငလ်င္ေဘးဒဏ္ကာ ယၾတာအေၾကာင္း ပါရွိပါ တယ္။

ေယာအတြင္းဝန္မင္းႀကီးဆိုတာ သာမည ပုဂၢိဳလ္မဟုတ္ပါ။ ေလာကီေလာကုတၲရာႏွစ္ျဖာ ပညာ မ်ားကို ထံုးလိုေမႊေရလိုေႏွာက္ႏိုင္တဲ့ တစ္ေခတ္တစ္ ခါက ပညာရွိႀကီးပါ။ တစ္ခ်ိန္က ေက်းဇူးရွင္ လယ္တီ ဆရာေတာ္ဘုရားႀကီးက ဆရာတင္ၿပီး ဘာသာေရး ကိစၥေတြ ေဆြးျမန္းရခဲ့ဖူးတဲ့ ပုဂၢိဳလ္ထူးႀကီးပါပဲ။ ဦးဖိုးလိႈင္က လယ္တီဆရာေတာ္ဘုရားႀကီးကို ဘာ သာေရးနဲ႔ ပတ္သက္ၿပီး ဘယ္က်မ္းဘယ္က်မ္းေတြ ဖတ္ဆိုၿပီး ညႊန္ၾကားေလွ်ာက္ထားခဲ့တာ သိမွတ္ ဖူးပါတယ္။ ေျမငလ်င္ဆိုတာ ေလမုန္တိုင္းတို႔ ရာသီ ဥတုတို႔လိုႀကိဳတင္ၿပီး ခန္႔မွန္းေျပာဆိုဖို႔ မလြယ္ပါဘူး။ အနီးကပ္ဆံုး ကာလေဒသေတြကို အၾကမ္းဖ်င္းသာ မွန္းဆလို႔ရတဲ့အရာပါ။ ဒါေၾကာင့္ ေၾကာက္မက္ဖြယ္ အေကာင္းဆံုးေဘးအႏၱရာယ္လို႔ ေျပာရင္လည္း ရပါ တယ္။ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ ေျမငလ်င္ေဘး ဒဏ္က ႀကိဳတင္ကာကြယ္ႏိုင္ေအာင္လို႔ ေယာအတြင္း ဝန္မင္းႀကီး ဦးဖိုးလိႈင္က ဓာတုသဂၤဟဝိနိစၦယ်က်မ္း ထဲမွာ ထည့္သြင္းေဖာ္ျပခဲ့တာ စိတ္ဝင္စားစရာေကာင္း သလို တစ္ဦးခ်င္းစီပဲျဖစ္ျဖစ္ အဖြဲ႕လိုက္ျဖစ္ျဖစ္ ဒီ ကိစၥကို ႀကိဳတင္ေဆာင္ရြက္မယ္ဆိုရင္ အက်ိဳးႀကီး ႏိုင္တယ္ထင္လို႔ ေဖာ္ျပေပးလိုက္တာပါ။ (မူရင္းက်မ္း ပါစာသားေတြအတိုင္း တင္ျပေပးလိုက္ပါတယ္)

 

ေျမငလ်င္ေဘးဒဏ္ ယၾတာ ဥပေဒသ

 

ပထဝီဓာတ္ျဖင့္ မွည့္ေခၚဘြဲ႕သေတာ္မူေသာ ဘုရားတစ္ဆူဆူတြင္ ေျမာက္ဘက္မုခ္ဝမွ သံပုရာ သီးတစ္လံုးကို ႏွစ္ျခမ္းျခမ္း၍ တစ္ျခမ္းလွ်င္ ၁၅ တစ္ဆယ့္ငါးစိတ္စီျဖင့္ ႏွစ္ျခမ္းေပါင္း အစိတ္ ၃၀ သံုးဆယ္ကို ဘုရားငါးဆူအား တစ္ဆူေျခာက္စိပ္က် စီကပ္လွဴ၍ ကပ္လွဴခ်ိန္မွစ၍ မွတ္ထားၿပီး မိနစ္ သံုးဆယ္ျပည့္ေသာ္ ျပန္စြန္႔ၿပီး တစ္ဆယ့္ငါးစိပ္ကို မိမိအိမ္ရွိ မိသားစုကုန္ေအာင္စားရမည္။

က်န္ရွိေနေသာ ၁၅ တစ္ဆယ့္ငါးစိပ္ကို ေတာင္ဘက္အရပ္တြင္ “ငါတို႔၌ ႀကံဳလာဆံုလာလတံၲ႕ ကုန္ေသာ ေဘးဆိုးေဘးဒဏ္ရန္မာန္အႏၱရာယ္တို႔ကို ငါတို႔ကိုယ္စားနင္ သံပုရာသီးစိပ္မ်ား ေက်ေအာင္ ခံေစ”ဟု ဆိုကာ ေျမျမႇဳပ္၍ ဖေနာင့္ေဆာင့္ၿပီး ျပန္ ခဲ့ရမည္။ ျပန္လွည့္၍ မၾကည့္ရ။

 

မွတ္ခ်က္။ ။ ဤသံပုရာသီးစိပ္ကပ္လွဴနည္း မွာ ေျမငလ်င္ေဘးဒဏ္ကာ ယၾတာျဖစ္၏။ အႏၱရာယ္ ကပ္ေက်ာ္ သံပုရာသီးစိပ္ ကပ္လွဴနည္းဟူ၍လည္း ရွိေသး၏။ က်မ္းေလးမည္စိုး၍ မေဖာ္ျပေတာ့ၿပီ။

 

ပထဝီဓာတ္ျဖင့္ မွည့္ေခၚဘြဲ႕သေတာ္မူေသာ ဘုရားတစ္ဆူဆူတြင္ဆိုတဲ့ေနရာမွာ ပထဝီဆိုတာ ဓာတ္က်မ္းအလိုအရ ဂေမၻဓာတ္ ျဖစ္ပါတယ္။ ဒါ ေၾကာင့္ ဂေမၻျဖစ္လို႔ တနလၤာနဲ႔ ၾကာသပေတး ႏွစ္နံ ေပါင္းထားတဲ့ ဘုရားကိုဆိုလိုတာျဖစ္မယ္လို႔ ယူဆ ရပါတယ္။ ရန္ကုန္မွာဆိုရင္ေတာ့ မိုးေကာင္းဘုရား မွာ ေဆာင္ရြက္ႏိုင္ပါလိမ့္မယ္။ ပုဂံမွာဆိုရင္ေတာ့ ပုထိုးေတာ္ႀကီးလို ဘုရားမ်ိဳးမွာ ျဖစ္ႏိုင္ပါတယ္။

ျမန္မာဗုဒၶဘာသာဝင္ေတြအေနနဲ႔ ငလ်င္ဒဏ္  မခံရေအာင္ ငလ်င္ဒဏ္ေဘးကင္းေဝးရေအာင္ ဂါထာ တစ္ပုဒ္ကို ယံုယံုၾကည္ၾကည္ ရြတ္ဆိုပူေဇာ္ၾကပါ တယ္။ ဒီဂါထာကေတာ့ ပရိသတ္ေတြထဲ အေတာ္ပ်ံ႕ ႏွံ႔ေနပါၿပီ။ တခ်ိဳ႕က ဒီငလ်င္ဒဏ္ကို ကာကြယ္ႏိုင္တဲ့  ဂါထာကို ကူးယူေရးသားၿပီး (မိတၲဴဆြဲၿပီး)တိုက္နံရံ၊ အိမ္နံရံေတြမွာ (ေခါင္းရင္းဘက္မွာ) ယံုၾကည္ေလး စားစြာ ကပ္ထားမယ္ဆိုရင္ေတာင္ ငလ်င္ေဘးက ကင္းေဝးႏိုင္လိမ့္မယ္လို႔ ယံုၾကည္ၾကပါတယ္။

ေျမငလ်င္လႈပ္ေသာ္လည္း

 

မပ်က္စီးႏိုင္သည့္ဂါထာ

 

“ေယာေဒတိ ေဒဝေဒေဝါဂၢံ၊ ဓမၼ မဂၢဖလံ ဒေဒါ။

နမာမိ၊ တံအရဟံ မဂၢံ ေနာေသာ ပါေလတု ပါတုရေဟာ။

 

ယံုၾကည္မႈဆိုတာ တန္ခိုးေတြျဖစ္ေပၚလာေစ ပါတယ္။ ေရွးလူႀကီးမ်ားရဲ႕ ေစတနာဆႏၵကို အေဟာ သိကံ မျဖစ္ေစသင့္ပါဘူး။

 

လင္းေရာင္တင္

ဖုန္း ဝ၉ ၄၂၀ဝ ၁၄၆ ၁၄

မွတ္ခ်က္။ ။အထက္ပါေဆာင္းပါးကို (၂၆-၁-၂၀၁၈)ေသာၾကာေန႔ထုတ္ စံေတာ္ခ်ိန္ ေန႔စဥ္ သတင္းစာမွာေဖာ္ျပပါရွိၿပီး စာေရးသူရဲ႕ ေဆာင္းပါး ျဖစ္ပါတယ္။ ငလ်င္ေဘးဒဏ္ေၾကာက္လန္႔ေနရတဲ့ ခုလို ကာလမွာ ဂမၻီရပညာရွင္၊ ေစတနာရွင္မ်ား အမ်ားအတြက္ ယၾတာလုပ္ေဆာင္ႏိုင္ရန္အတြက္ ထပ္မံေဖာ္ျပလိုက္တာျဖစ္ပါတယ္။ မေနာမယ စာ ဖတ္ပရိသတ္မ်ား ငလ်င္ဒဏ္ေဘးကင္းေဝးၾကပါေစ။

ရတနာဒီပံ ေရႊဖေယာင္းတိုင္ကိစၥ အျခား ကိစၥမ်ား ေရာဂါႀကီးငယ္ကိစၥမ်ားအတြက္ ဆက္ သြယ္ရန္ တိုက္၁၀၆၀၊ ယႆဝတီ ၁၆ လမ္း၊ ေတာင္ဥကၠလာ ၁၃ ရပ္ကြက္၊ ရန္ကုန္။

 

Unicode ျဖင့္ ဖတ္ရန္

 

ငလျင်ကို ကြိုတင်ကာကွယ်လို့ရသလား
** လင်းရောင်တင် **

**************************

ခုတလောငလျင်လှုပ်တဲ့ သတင်းတွေ မကြာ ခဏကြားကြားနေရတယ်။ ဒီအတွက် တချို့လည်း တော်တော်စိုးရိမ်နေကြတယ်။ ဖြည်းဖြည်း သိမ့်သိမ့် လှုပ်လို့က သိပ်အရေးမကြီးဘူးဆိုပေမယ့် ပဲခူးငလျင် လို ပြင်းပြင်းထန်ထန် လှုပ်ခတ်မယ်ဆိုရင်တော့ အ တော်စိုးရိမ်စရာကောင်းမယ့် ကိစ္စဖြစ်တယ်လို့ ပညာ ရှင်များက သုံးသပ်ကြတယ်။ ၁၉၃၀ ခုနှစ်က လှုပ်ခဲ့ တဲ့ပဲခူးငလျင်ဟာ အတော်ကြီးကျယ်ခဲ့တယ်။ လူတိုင်း အသိဖြစ်ကြတယ်။ အင်အား ၇ ဒသမ ၃ အဆင့် လှုပ်ခဲ့တဲ့အတွက် ရန်ကုန်တိုင်းအတွင်း လူအယောက် ၅၀ လောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုတယ်။
ဒါကြောင့် ပညာရှင်တွေက စိုးရိမ်နေကြတာ ပါ။ နှစ်ပေါင်း ၈၈ နှစ်လောက်ကြာပြီဆိုတော့ တစ် ကြော့ပြန်လာမှာ စိုးနေကြတာပါပဲ။ အဖြစ်အပျက် တစ်ခုဟာ ဖြစ်ပျက်ပြီး နှစ်ပေါင်း ၁၀ဝ လောက်ကြာ ရင် ထပ်ဖြစ်လေ့ရှိတဲ့ ထပ်တူဖြစ်ခြင်း သီအိုရီကလည်း ရှိတာကိုး။ တကယ်လို့များ ၁၉၃၀ ခုနှစ်က ငလျင် မျိုးပြန်ပြီး တစ်ကြိမ်လှုပ်ခတ်မယ်ဆိုရင်တော့ အရင် ကထက်ပိုပြီး အထိနာမှာလည်း သေချာနေပါတယ်။
အရင်က တိုက်တာအိမ်ခြေ ဒီလောက်မရှိ ဘူး။ အထပ်မြင့်တိုက်တွေလည်း မရှိဘူး။ ခုတော့ သိတော်မူကြတဲ့အတိုင်း မိုးမျှော်တိုက်တွေက များ လာနေပြီဆိုတော့ ငလျင်ပညာရှင်တွေ စိုးရိမ်မယ်ဆို လည်း စိုးရိမ်စရာ။ လင်းရောင်တင် သိသလောက် ပြောပြရရင်တော့ ငလျင်လှုပ်ရခြင်း အကြောင်းရင်း က ကိုးပါးရှိပါသတဲ့။ အင်္ဂုတ္တရပါဠိတော်မှာပါတဲ့ အတိုင်း တင်ပြရရင် –
၁။ ဓာတုက္ခောဘလို့ခေါ်တဲ့ ဓာတ်ချောက်ချား လို့ တုန်လှုပ်ခြင်း။
၂။ ဣဒ္ဓိမန္တပုဂ္ဂိုလ်ရဲ့ တန်ခိုးကြောင့် လှုပ် ခြင်း။
၃။ နေမိတ္တက ခေါ် သာမန်လူသားတွေရဲ့ ကောင်းဆိုးနိမိတ်အတွက်လှုပ်ခြင်း
၄။ ဘုရားလောင်း ပဋိသန္ဓေနေ၍လှုပ်ခြင်း
၅။ ဘုရားလောင်း ဖွားမြင်၍လှုပ်ခြင်း
၆။ ဘုရားအဖြစ်သို့ ရောက်တော်မူ၍ လှုပ် ခြင်း
၇။ ဓမ္မစကြာဒေသနာကို ဟောတော်မူ၍ လှုပ်ခြင်း
၈။ အာယုသင်္ခါရ လွှတ်တော်မူ၍လှုပ်ခြင်း
၉။ ပရိနိဗ္ဗာန်ပြုတော်မူ၍ လှုပ်ခြင်းဆိုတဲ့ ကိုး မျိုးရှိပါတယ်။
ဒီအချိန်က နောက်ထပ်ဘုရားပွင့်ချိန် မတန် သေးတဲ့ကာလမို့ လေးနံပါတ်ကနေ ကိုးနံပါတ်အထိ ခြောက်မျိုးကြောင့် လှုပ်ခတ်တာ မဟုတ်တာသေချာ ပါတယ်။ အပူဓာတ် အအေးဓာတ်လွန်ကဲပြီး ဓာတ် ချောက်ချားလို့ လှုပ်တာရယ်၊ ဣဒ္ဓိမန္တတန်ခိုးရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကြောင့် လှုပ်တာရယ်၊ လူတွေရဲ့ ကောင်းဆိုးနိမိတ်အတွက် လှုပ်တာရယ် အဲဒီ သုံးမျိုး ကြောင့် ဖြစ်ဖို့များပါတယ်။
“လောကဟိတဂမ္ဘီရကျမ်း”မှာတော့ တန်ခူး လမှာ ငလျင်လှုပ်ရင် ရန်အများပျောက်ကွယ်နိုင် တယ်လို့ ဆိုပါတယ်။ ကဆုန်လမှာ လှုပ်ရင်တော့ စပါးသီးနှံများ ပျက်စီးတတ်တယ်လို့ ဆိုပါတယ်။ နယုန်လမှာ လှုပ်ရင်တော့ မိန်းမများ ဖောက်ပြားမှု များမယ်။ မိန်းမတွေ အသေအပျောက်များမယ်လို့ ဆိုပါတယ်။ ဝါဆိုလမှာ လှုပ်ရင်တော့ မင်းမှူးမတ် တွေ အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။ ဝါခေါင်လမှာ လှုပ်ရင် အမှုအခင်းအောင်မြင် တတ်တယ်။ တော်သလင်းလ မှာလှုပ်ရင် ရဟန်းပုဏ္ဏား (ပညာရှိများ) စိတ်ချောက် ချားအောင် စိုးရွံ့ရတတ်တယ်။ သီတင်းကျွတ်လမှာ လှုပ်ရင် သူတော်သူမြတ်တို့ မင်းကတော် စိုးကတော် တို့ အနိစ္စရောက်တတ်တယ်။ တန်ဆောင်မုန်းလမှာ လှုပ်ရင် စစ်ဗိုလ်စစ်မှူးတို့ ဒုက္ခရောက်တတ်တယ်။ နတ်တော်လမှာ ရန်သူတွေ ထြွကနိုင်တယ်။ ပြာသို လမှာ လှုပ်ရင်တော့ တိုင်း ပြညြွ်ကယ်ဝပြောတတ် တယ်။ တပို့တွဲလမှာ လှုပ်ရင် နိုင်ငံရပ်ခြားမှ ပညာ ရှင်ပညာတတ်တွေရောက်လာတတ်တယ်။ တပေါင်း လမှာ လှုပ်ရင် အခွန်အကောက်တွေ များများရပြီး အဆင်ပြေတတ်တယ်။
ဒီအချက်အလက်တွေကို လေ့လာကြည့်မယ် ဆိုရင် ငလျင်လှုပ်တယ်ဆိုတိုင်း မကောင်းတဲ့ အ တိတ်နိမိတ်တွေချည်းမဟုတ်ဘဲ ကောင်းတဲ့ အတိတ် နိမိတ်တွေလည်း ဖြစ်လာနိုင်ပါတယ်။
အဲဒီလောကဟိတဂမ္ဘီရကျမ်းထဲမှာပဲ ဘယ် နေ့လှုပ်ရင် ဘာဖြစ်တတ်တယ်ဆိုတာကိုလည်း ဖော် ပြထားပါတယ်။ တနင်္ဂနွေနေ့မှာ ငလျင်လှုပ်ခဲ့သော် ပြည်သူပြည်သားများ ဝပြောချမ်းသာမယ့် နိမိတ်လို့ ဆိုပါတယ်။ တနင်္လာနေ့မှာ လှုပ်ခဲ့သော် ဆီထွက် ကုန်၊ အသီးအနှံတွေ ကောင်းမယ်။ သားထူးသား မြတ်များ မွေးဖွားတတ်တယ်။ အင်္ဂါနေ့မှာလှုပ်ခဲ့ သော် လူအများဒုက္ခရောက်တတ်တယ်။ သူခိုးဓားပြ တွေ ထူပြောတတ်တယ်။ ဗုဒ္ဓဟူးနေ့မှာ လှုပ်ခဲ့သော် တိုင်းတစ်ပါးကနေ ဘဏ္ဍာသမီးရတနာစတဲ့ အရာ တွေ ဆက်လာတတ်တယ်။ ဆင်ဖြူရတနာများလည်း ရောက်ရှိလာတတ်တယ်။ ဒီခေတ်မှာတော့ ကား ဟောင်းတွေ ယန္တရားအသစ်တွေ ရရှိလာနိုင်တယ်လို့ ဆိုရင်လည်း ဖြစ်ပါလိမ့်မယ်။ ကြာသပတေးနေ့မှာ လှုပ်ခဲ့သော် ပစ္စေကဗုဒ္ဓါ၊ စကြာမင်း၊ ခေါင်းဆောင် ကောင်းတို့ သန္ဓေယူတဲ့ အချိန်ဖြစ်တတ်တယ်။ သော ကြာနေ့မှာလှုပ်ခဲ့သော် ဖျားနာသူများတတ်ပါတယ်။ စနေနေ့မှာ လှုပ်ခဲ့သော် ရဟန်းပုဏ္ဏား(ပညာရှိများ) ဒုက္ခရောက်တတ်၊ စိတ်ချောက်ချားရတတ်ပါတယ်။ ဒီလိုဆိုပါတယ်။
ကိုယ့်မှာ ယောအတွင်းဝန်မင်းကြီး ဦးဘိုးလှိုင် ရဲ့ ဓာတုသင်္ဂဟဝိနိစ္ဆယ(ခေါ်) နာမရူပဓာတ်ယတြာ အစီအရင်ပြု ကျမ်းတစ်စောင်ရှိပါတယ်။ ရှေးဟောင်း နန်းစဉ်မှုဖြစ်ပြီး ပုံနှိပ်စာမဟုတ်ဘဲ လက်ရေးစာအုပ် ကိုသာ ကူးယူသွားထားခဲ့တဲ့ စာအုပ်ပါ။ ဒီစာအုပ်ထဲ မှာ ငလျင်ဘေးဒဏ်ကာ ယတြာအကြောင်း ပါရှိပါ တယ်။
ယောအတွင်းဝန်မင်းကြီးဆိုတာ သာမည ပုဂ္ဂိုလ်မဟုတ်ပါ။ လောကီလောကုတ္တရာနှစ်ဖြာ ပညာ များကို ထုံးလိုမွှေရေလိုနှောက်နိုင်တဲ့ တစ်ခေတ်တစ် ခါက ပညာရှိကြီးပါ။ တစ်ချိန်က ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီးက ဆရာတင်ပြီး ဘာသာရေး ကိစ္စတွေ ဆွေးမြန်းရခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ထူးကြီးပါပဲ။ ဦးဖိုးလှိုင်က လယ်တီဆရာတော်ဘုရားကြီးကို ဘာ သာရေးနဲ့ ပတ်သက်ပြီး ဘယ်ကျမ်းဘယ်ကျမ်းတွေ ဖတ်ဆိုပြီး ညွှန်ကြားလျှောက်ထားခဲ့တာ သိမှတ် ဖူးပါတယ်။ မြေငလျင်ဆိုတာ လေမုန်တိုင်းတို့ ရာသီ ဥတုတို့လိုကြိုတင်ပြီး ခန့်မှန်းပြောဆိုဖို့ မလွယ်ပါဘူး။ အနီးကပ်ဆုံး ကာလဒေသတွေကို အကြမ်းဖျင်းသာ မှန်းဆလို့ရတဲ့အရာပါ။ ဒါကြောင့် ကြောက်မက်ဖွယ် အကောင်းဆုံးဘေးအန္တရာယ်လို့ ပြောရင်လည်း ရပါ တယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ မြေငလျင်ဘေး ဒဏ်က ကြိုတင်ကာကွယ်နိုင်အောင်လို့ ယောအတွင်း ဝန်မင်းကြီး ဦးဖိုးလှိုင်က ဓာတုသင်္ဂဟဝိနိစ္ဆယျကျမ်း ထဲမှာ ထည့်သွင်းဖော်ပြခဲ့တာ စိတ်ဝင်စားစရာကောင်း သလို တစ်ဦးချင်းစီပဲဖြစ်ဖြစ် အဖွဲ့လိုက်ဖြစ်ဖြစ် ဒီ ကိစ္စကို ကြိုတင်ဆောင်ရွက်မယ်ဆိုရင် အကျိုးကြီး နိုင်တယ်ထင်လို့ ဖော်ပြပေးလိုက်တာပါ။ (မူရင်းကျမ်း ပါစာသားတွေအတိုင်း တင်ပြပေးလိုက်ပါတယ်)

မြေငလျင်ဘေးဒဏ် ယတြာ ဥပဒေသ

ပထဝီဓာတ်ဖြင့် မှည့်ခေါ်ဘွဲ့သတော်မူသော ဘုရားတစ်ဆူဆူတွင် မြောက်ဘက်မုခ်ဝမှ သံပုရာ သီးတစ်လုံးကို နှစ်ခြမ်းခြမ်း၍ တစ်ခြမ်းလျှင် ၁၅ တစ်ဆယ့်ငါးစိတ်စီဖြင့် နှစ်ခြမ်းပေါင်း အစိတ် ၃၀ သုံးဆယ်ကို ဘုရားငါးဆူအား တစ်ဆူခြောက်စိပ်ကျ စီကပ်လှူ၍ ကပ်လှူချိန်မှစ၍ မှတ်ထားပြီး မိနစ် သုံးဆယ်ပြည့်သော် ပြန်စွန့်ပြီး တစ်ဆယ့်ငါးစိပ်ကို မိမိအိမ်ရှိ မိသားစုကုန်အောင်စားရမည်။
ကျန်ရှိနေသော ၁၅ တစ်ဆယ့်ငါးစိပ်ကို တောင်ဘက်အရပ်တွင် “ငါတို့၌ ကြုံလာဆုံလာလတံ္တ့ ကုန်သော ဘေးဆိုးဘေးဒဏ်ရန်မာန်အန္တရာယ်တို့ကို ငါတို့ကိုယ်စားနင် သံပုရာသီးစိပ်များ ကျေအောင် ခံစေ”ဟု ဆိုကာ မြေမြှုပ်၍ ဖနောင့်ဆောင့်ပြီး ပြန် ခဲ့ရမည်။ ပြန်လှည့်၍ မကြည့်ရ။

မှတ်ချက်။ ။ ဤသံပုရာသီးစိပ်ကပ်လှူနည်း မှာ မြေငလျင်ဘေးဒဏ်ကာ ယတြာဖြစ်၏။ အန္တရာယ် ကပ်ကျော် သံပုရာသီးစိပ် ကပ်လှူနည်းဟူ၍လည်း ရှိသေး၏။ ကျမ်းလေးမည်စိုး၍ မဖော်ပြတော့ပြီ။

ပထဝီဓာတ်ဖြင့် မှည့်ခေါ်ဘွဲ့သတော်မူသော ဘုရားတစ်ဆူဆူတွင်ဆိုတဲ့နေရာမှာ ပထဝီဆိုတာ ဓာတ်ကျမ်းအလိုအရ ဂမ္ဘေဓာတ် ဖြစ်ပါတယ်။ ဒါ ကြောင့် ဂမ္ဘေဖြစ်လို့ တနင်္လာနဲ့ ကြာသပတေး နှစ်နံ ပေါင်းထားတဲ့ ဘုရားကိုဆိုလိုတာဖြစ်မယ်လို့ ယူဆ ရပါတယ်။ ရန်ကုန်မှာဆိုရင်တော့ မိုးကောင်းဘုရား မှာ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ပုဂံမှာဆိုရင်တော့ ပုထိုးတော်ကြီးလို ဘုရားမျိုးမှာ ဖြစ်နိုင်ပါတယ်။
မြန်မာဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ငလျင်ဒဏ် မခံရအောင် ငလျင်ဒဏ်ဘေးကင်းဝေးရအောင် ဂါထာ တစ်ပုဒ်ကို ယုံယုံကြည်ကြည် ရွတ်ဆိုပူဇော်ကြပါ တယ်။ ဒီဂါထာကတော့ ပရိသတ်တွေထဲ အတော်ပျံ့ နှံ့နေပါပြီ။ တချို့က ဒီငလျင်ဒဏ်ကို ကာကွယ်နိုင်တဲ့ ဂါထာကို ကူးယူရေးသားပြီး (မိတ္တူဆွဲပြီး)တိုက်နံရံ၊ အိမ်နံရံတွေမှာ (ခေါင်းရင်းဘက်မှာ) ယုံကြည်လေး စားစွာ ကပ်ထားမယ်ဆိုရင်တောင် ငလျင်ဘေးက ကင်းဝေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်။
မြေငလျင်လှုပ်သော်လည်း

မပျက်စီးနိုင်သည့်ဂါထာ

“ယောဒေတိ ဒေဝဒေဝေါဂ္ဂံ၊ ဓမ္မ မဂ္ဂဖလံ ဒဒေါ။
နမာမိ၊ တံအရဟံ မဂ္ဂံ နောသော ပါလေတု ပါတုရဟော။

ယုံကြည်မှုဆိုတာ တန်ခိုးတွေဖြစ်ပေါ်လာစေ ပါတယ်။ ရှေးလူကြီးများရဲ့ စေတနာဆန္ဒကို အဟော သိကံ မဖြစ်စေသင့်ပါဘူး။

လင်းရောင်တင်
ဖုန်း ဝ၉ ၄၂၀ဝ ၁၄၆ ၁၄
မှတ်ချက်။ ။အထက်ပါဆောင်းပါးကို (၂၆-၁-၂၀၁၈)သောကြာနေ့ထုတ် စံတော်ချိန် နေ့စဉ် သတင်းစာမှာဖော်ပြပါရှိပြီး စာရေးသူရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ငလျင်ဘေးဒဏ်ကြောက်လန့်နေရတဲ့ ခုလို ကာလမှာ ဂမ္ဘီရပညာရှင်၊ စေတနာရှင်များ အများအတွက် ယတြာလုပ်ဆောင်နိုင်ရန်အတွက် ထပ်မံဖော်ပြလိုက်တာဖြစ်ပါတယ်။ မနောမယ စာ ဖတ်ပရိသတ်များ ငလျင်ဒဏ်ဘေးကင်းဝေးကြပါစေ။
ရတနာဒီပံ ရွှေဖယောင်းတိုင်ကိစ္စ အခြား ကိစ္စများ ရောဂါကြီးငယ်ကိစ္စများအတွက် ဆက် သွယ်ရန် တိုက်၁၀၆၀၊ ယဿဝတီ ၁၆ လမ်း၊ တောင်ဥက္ကလာ ၁၃ ရပ်ကွက်၊ ရန်ကုန်။

Comments

comments

Post Author: manawmaya