ဂမ္ဘီရမှတ်တမ်း

သိဒ္ဓိရှင်(၁၃)ပါး

ဘကြီးတော် မင်းတရားခေတ်ကနေ မင်း တုန်းမင်းခေတ်အထိ၊ မင်းပေါက်စိုးပေါက်အကျော် တစ်ဆူထင်ရှားခဲ့ကြတဲ့ သိဒ္ဓိရှင်ထွက်ရပ်ပေါက် ပုဂ္ဂိုလ် ကြီးများရဲ့ စာရင်းချုပ်ကို အဲဒီခေတ်သမိုင်းစဉ် လမ်း ညွှန်မှုနဲ့ တင်ပြထားတာ ဖြစ်ပါတယ်။ နှစ်ပေါင်း ရာကျော်က ရေးထိုးသွားခဲ့တဲ့ ရှေးဟောင်း ပုရပိုက် တစ်ဆူကို မှီငြိမ်းပြုထားတဲ့ လောကီဝိဇ္ဇာဓိုရ် ကျမ်းကို ဖော်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ပုရပိုက်ထဲကအ တိုင်း ရေးမှတ်ထားတာပါ။

“သိပ္ပလောကီ ဥာဏ်ဂမ္ဘီကြောင့် ဝသီလေ့ လျက်၊ လျှံထိန်လက်၍ ဖိုလ်မဂ်နောက်ဆွယ် ပညာ ကျယ်သည် အံ့ဖွယ်ဖြစ်ရှောင်း ဆရာပေါင်းကို ကျိုး ကြောင်းကုန်စင် နိဒါန်းဆင့်လိမ့်၊ ဘုရင်မင်းကျော်၊ ဘကြီးတော်မှ ထင်ပေါ် နဂရာမန္တလာဟု ရတနာပုံ မျိုးပေါင်းစုံကို ခိုလှုံဆိုက်လေ၊ စဉ်၍ရေသော် (ဦးရွှေနီ) တက်စဉ်အဆင်ဖြင့်(ဆရာနက်ကြီး) အံ့မငြီးရှင့်၊  ခရီး မပြတ် တောမသတ်သည် (ဦးမြတ်) (ဦးတုံ) စက်ပါး လှုံက ရွှေဘုံပြောင်ပြောင် သာသနာရောင်ကြောင့်၊ ကုန်းဘောင်ပုဂံ၊ တန်ခိုးလျှံ၍ နှစ်တန်ရာဇူ၊ ကနက် ထူလျှင် ရှန်းဆူထိန်လင်း၊ (ဆရာကင်း)လည်း သတင်းပိုမို များကြည်ညို၍၊ ဈေးချိုရပ်ဋ္ဌာန်၊ အဘိုး တန်သည် နရကန်(ဦးအိ) အများသိရှင့်၊ ကဝိ ခေါ်ကြေး၊ (ဆရာလှ)နှင့်၊ အင်းဝသာခေါင်(ဦးရွှေ မောင်)သည် ဂုဏ်ရောင်ပျံ မွှေးလွန်ယဉ်ကျေး၏ (ဦးရေး) ဆင်ကျုံး၊ အံ့မဆုံး၍ တိုင်းလုံးထင်ပေါ် (ဦး ပေါ်ကြီး)မှန်တပည့်ခံဟု၊ နိုင်ငံကြေငြာ၊ သတင်းဖြာ လျက်(ဆရာဦးပိန်) ဥာဏ်ကဝိန်တို့၊ အရှိန်မညှိုး၊  (ဆရာဘိုး)လည်း၊ ကောင်းကျိုးဖွေရှာ၊ ငယ်ကြင်ယာ နှင့် ချမ်းသာဘိတောင်း၊ ရွှေတစ်ချောင်းတွင်၊ နှစ် ပေါင်းများလှ၊ ဓနဝေဖြိုး ရှေးကောင်းကျိုးဖြင့်၊ တန်ခိုး ဘိညာဉ်၊ ကဲ့အသွင်သို့ စုံလင်ဘိသော်(ဦးကံဘော်) မှာ၊ ဆရာတော်မှ သိက္ခာချ၍ ဖြူစွာဝတ်ဆင်၊ သူတော်ဝင်၏၊ ကျင့်စဉ်မမှား ကုသိုလ်ပွားလျက်၊ တရားလက်ရှိ မြောက်သိဒ္ဓိကြောင့် ကဝိတန်ဆောင်၊ နေအရောင်သို့ မြန်ဘောင်ပတ်ကုံး မိုးယံသို့ချုန်း သည်၊ ကပ်လုံး(မ)ကျေဥဒါန်းတည်။

မှတ်ချက်။ ။ သိဒ္ဓိရှင်အဖြစ်နဲ့ လောကအကျိုး ဆောင်ရွက်ချင်ရင် ဦးကံဘော်လို ရဟန်းဘောင်ကနေ သိက္ခာချပြီး လူဝတ်၊ လူသူတော်ဝတ်နဲ့ နေတာ အကောင်းဆုံးပါပဲ။

 

တွတ်တပတ်သီး

————————-

တချို့က တွက်တပတ်သီးကို သွတ်တပတ်သီးလို့ ခေါ်ကြတယ်။ ကတ္တီပါသီးလို အမွေးနုနုလေး တွေရှိတယ်။ မှည့်ရင် ငှက်ပျောညွန့်ရောင်ဖြစ်သွားတယ်။ စိုက်ရင် ဗောဓိပင်များကိုပဲ ပလ္လင်ခံပြီးစိုက် ရတယ်။ တွံတေးနန်းတော်ရာကုန်း ဟိန္ဒူကုလားခြံမှာ ရှိခဲ့ဖူးတယ်။ ခုနစ်ပင်လောက်ပဲရှိတယ်။ အပင်က မကြီးမငယ် ပင်လတ်မျိုးဖြစ်တယ်။ ငါးထပ်ကြီးကုန်း တော် သိမ်ကြီးကျောင်းတိုက် ဆရာတော်ရဲ့ လှေကား ရင်းမှာ ပလ္လင်ခံပြီး စိုက်ထားတာရှိခဲ့ဖူးတယ်။

တွက်တပတ်သီးမှည့်ကို စားရင် အနည်းငယ် မွှေပြီး မွှတ်တွက်တွက်ရှိတယ်။ ရှေးဘုရင်တွေအ တွက် စားသုံးဖွယ်ဖြစ်တဲ့ အတွက်စားရခဲတယ်။

 

ကျွဲမင်းဆီးဖြူ

—————-

တွံတေး-ကွမ်းခြံကုန်း ကားလမ်းနံဘေးမှာ၊ ကျွဲမင်းကုန်းစေတီကြီးရှိတယ်။ နတ်စင်ကုန်းရွာ အနောက်ဘက် တောစပ်မှာ ဆီးဖြူပင်ကြီးတစ်ပင်ရှိ ခဲ့တယ်။ ကျွဲမင်းဘုန်းတော်ကြီး ကျောင်းဝင်းထဲမှာ  ပေါက်နေတယ်။ ဆီးဖြူသီးတွေရဲ့ ဘေးမှာအချိုင့် လေးတွေပါနေတယ်။ ဘုရားအလောင်း ကျွဲမင်းဖြစ် စဉ်တုန်းက ချိုနဲ့ခတ် ကစားတဲ့အတွက် အချိုင့်ရာ လေးတွေ ပါနေတာလို့ဆိုတယ်။ အဲဒီအပင်မျိုးဟာ တစ်ပင်ပဲရှိတယ်လို့ဆိုတယ်။ အခြားအနီးအနားက ဆီးဖြူပင်တွေမှာတော့ အချိုင့်မပါကြဘူးလို့ဆိုတယ်။ ယုံကြည်ရာ ကိစ္စပါ။

 

ကျောက်ခလောက်

————————-

တွံတေးချောင်း မြောက်ဘက်ကမ်း ဆီးဖြူ ကုန်း ရွာအနားမှာ ကျောက်ခလောက် တောင်ကုန်း ရှိတယ်။ ဆီးသီးလောက်ကနေ ထန်းသီးလုံးလောက် အထိနားနားခေါက်ကြည့်ရင်အသံမြည်တဲ့(အသံပါတဲ့)  ကျောက်လုံးလေးတွေကို ကျောက်ခလောက်လို့ ခေါ် တာပါ။ ကျောက်ခလောက်ကို ရေစိမ်ပြီး သောက် မယ်ဆိုရင် ရောဂါအတော်များများ ပျောက်ကင်းတယ် လို့ဆိုတယ်။ ကျောက်ခလောက်တွေဟာ ညဘက် တွေမှာ နေရာရွှေ့လေ့ရှိတယ်လို့ ဆိုတယ်။ ဒါကို ကျောက်ခလောက်တွေ လမ်းလျှောက်တယ်လို့ ဆို ကြတယ်။

ကျောက်ခလောက်လို့ ခေါ်တဲ့အတွက် တနင်္လာ ဗုဒ္ဓဟူးအတွဲဖြစ်တဲ့အတွက် ငွေလာစေတယ် လို့ ယုံကြည်ကြတယ်။ ဈေးဆိုင်တွေမှာ ကျောက်ခလောက်ကို အဆောင်အဖြစ်ထားရင် ငွေဝင်တယ်။ လာဘ်ခေါ်ကောင်းတယ်လို့ ဆိုကြတယ်။ အချို့ရွှေ ဆိုင်းလေးတွေကပ်ပြီး အမြတ်တနိုး ဆောင်လေ့ရှိကြ တယ်။ မြန်မာတို့ရဲ့ ဂမ္ဘီရပစ္စည်းတစ်မျိုးပါပဲ။

 

မန်ကျည်းပါးနီ

——————-

ဒလတောင်ဘက် ကွင်းထဲမှာ ထော်အောက် ရွာဆိုတာရှိတယ်။ ကမ်းနားနဲ့တည့်တည်မှာဖြစ်တယ်။ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းရှိတယ်။ ပထမ တည်တဲ့ကျောင်းမှာ မန်ကျည်းပနီပင်ကြီးရှိတယ်။ မန်ကျည်းသီးတွေက နီရဲနေတယ်။ အဂ္ဂိရတ်ဆရာ တွေအတွက် အသုံးတည့်တဲ့ ဂမ္ဘီရရုက္ခလို့ ဆိုချင်ရင် ရပါတယ်။

 

တစ်ရိုးတည်းမှာ ငါးပွင့်ပွင့်တဲ့ကြာ

————————————-

ပျဉ်းမနားမြို့နဲ့ ရမည်းသင်းမြို့အကြားမှာ  ကွင်းကြီးရှိတယ်။ အဲဒီကွင်းထဲမှာ ကျန်စစ်သားမင်း တည်ခဲ့တဲ့ဘုရားရှိတယ်။ အဲဒီဘုရားမှာရှိတဲ့ ရေကန် ထဲမှာ ကြာပင်တွေရှိတယ်။ ဒီကြာပင်တွေက ပွင့်တဲ့ အခါ ကြာရိုးတစ်ရိုးတည်းမှာ အပွင့်ငါးပွင့် ပွင့်လေ့ ရှိကြတယ်။ မြန်မာပြည်မှာ တစ်ရိုးတည်း ငါးပွင့်ပွင့်   တဲ့ကြာဟာ အဲဒီတစ်နေရာပဲရှိတယ်။ ဘဒ္ဒကမ္ဘာရဲ့ ပွင့်တော်မူကြတဲ့ ဘုရားငါးဆူကိုပူဇော်တဲ့အနေနဲ့ အဲဒီကြာကန်ထဲကြာတွေ ပွင့်လေရော့သလား။

 

အမြီးအမောက်မတည့်ဆိုတဲ့စကား

—————————————-

သံလျင်ကျိုက်ခေါက်ဘုရားမှာရှိတဲ့ ခြင်္သေ့ ကြီးတွေဟာ ခေါင်းတွေဆောင်းနေတဲ့အတွက် လူကြီး တွေက အမြီးအမောက်မတည့်ဘူးလို့ ပြောရာက ဆိုရိုးစကားဖြစ်လာတာလို့ ဆိုပါတယ်။ အလုပ်အကိုင် အပေါက်အလမ်း မတည့်တဲ့အခါ “အမြီးအမောက် မတည့်ဘူး”လို့ပြောကြတာဟာ၊ အဲဒီခြင်္သေ့ကြီးတွေ ဆီလာတဲ့ စကားကို သက်ကြီးစကားသက်ငယ်ကြား ခဲ့ဖူးပါတယ်။

 

သဲအင်းဂူ

————

မှော်ဘီမြို့နားမှာ သဲအင်းဂူဆိုတဲ့ နေရာမှာ ရှိပါတယ်။ အဲဒီနေရာမှာ သဲတွေ အမြဲပွားနေလေ့ရှိ တယ်။ အဲဒီသဲတွေကို ခပ်ချင်သလောက်ခပ်ယူပေ မယ့် နောက်တစ်နေ့မှာပြန်ပြီး ပြည့်နေတတ်တယ်လို့ ဆိုတယ်။ အဲဒီနေရာမှာ ကိုင်းပင်တွေကလွဲပြီး အခြား အပင်မပေါက်ဘူးလို့လည်း ဆိုတယ်။ အဲဒီနားက ဘုန်းတော်ကြီးကျောင်းကို သဲအင်းငူကျောင်းလို့ ခေါ်ရာကနေ သဲအင်းဂူလို့ ကာလရွေ့လျောပြီး ပြောင်းလဲသွားလို့ သဲအင်းဂူလို့ ခေါ်ကြတာဖြစ်ပါ တယ်။ သဲအင်းဂူ ဆရာတော်ကြီးဟာ ရဟန္တာအဖြစ် ခန္ဓာဝန်စွန့်သွားတယ်လို့ ယုံကြည်ကြပါတယ်။

 

အင်ကြင်းတစ်ကိုင်း ပျဉ်းတစ်ကိုင်း

—————————————

မန္တလေးမြို့ ဆည်တော်ကြီးမှာ အင်ကြင်း တစ်ကိုင်း ပျဉ်းတစ်ကိုင်း သစ်ပင်ကြီးရှိခဲ့တယ်။ သစ်ပင် တစ်ပင်တည်းက အင်ကြင်းပွင့်ချိန်မှာ အင်ကြင်းပန်းတွေပွင့်ပြီး ပျဉ်းမပွင့်ချိန်မှာလည်း ပျဉ်းမပွင့်တွေပွင့်တယ်လို့ ဆိုကြတယ်။ နတ်ကြီးတဲ့ သစ်ပင်လို့ ယုံကြည်ကြတယ်။ လူတွေမခူးရဲ သစ် ကိုင်းကို မခုတ်ရဲကြဘူး။ အပင်ရဲ့ အနေအထား ကတော့ ပျဉ်းမပင်နဲ့ ပိုပြီး တူတယ်လို့ဆိုတယ်။

 

ခဲလိပ်ရုပ်ကလေး

——————-

ကျိုတ်လတ်မြို့နယ်တွင်းမှာရှိတဲ့ ချောင်းတစ် ချောင်းကို ထလုချောင်းလို့ခေါ်တယ်။

“ထလုချောင်း တွင်း ရုပ်ကိုးတင်း”လို့အဆိုရှိတယ်။ အဲဒီချောင်းထဲ မှာ ခဲရုပ်ကလေးတွေ အများကြီးရှိတယ်လို့ဆိုတယ်။ အမျိုးစုံရှိနေတယ်လို့ ဆိုတယ်။ ဆန်းလိုက်အသက် အာမခံကိုယ်စားလှယ် ဆန်းလိုက်ဦးမောင်ကြီးဆီမှာ    ခဲလိပ်ရုပ်ကလေးတစ်ရုပ်ရှိတယ်လို့ဆိုတယ်။ အဲဒီခဲ လိပ်ရုပ်လေးကို လုံထဲထည့်ပြီး အရည်ကျိုပြီးပြန် လောင်းလိုက်တဲ့အခါ လိပ်ရုပ်ကလေးပဲပြန်ဖြစ်တယ် လို့ဆိုပါတယ်။

 

ခမောက်ဆောင်းတဲ့ ဓာတ်လုံး

——————————–

တွံတေးသား ဆရာမောင် ထိုးခဲ့တဲ့ ဓာတ်လုံး လေးတစ်လုံးဟာ ထူးဆန်းတယ်။ အလုံးလေးပေါ်မှာ ခမောက်လေးဆောင်းထားသလို ပုံသဏ္ဌာန်မျိုးဖြစ် ပေါ်နေတယ်။ အမြဲတမ်းဓာတ်လုံးနဲ့ ခမောက်တွဲလျက် ရှိနေတယ်။ ခမောက်ရဲ့သဘောက ဂဗ္ဗေဓာတ်ရဲ့ အစွမ်းရှိပုံရတယ်။ ခိုင်မြဲတဲ့ သဘော၊ မိတ်ဓာတ် သဘော ဆိုင်တယ်။ မိတ်ကောင်းဆွေကောင်း ခိုင်မြဲ စေမယ်။ အသက်ရှည်နိုင်တယ်လို့ ယူဆမိပါတယ်။

တွင်းပိုး

———–

မုံရွာမြို့အထက်နားမှာ မီးတောင်ဟောင်းက နေ ရေကန်ကြီးဖြစ်နေတာရှိတယ်။ အဲဒီကန်ကြီးထဲ မှာ ငါးလုံးဝမရှိဘူး။ တစ်နှစ်တစ်ကြိမ် ပိုးကောင်လေး တွေပေါ်တယ်။ ခပ်ချင်သလောက် ခပ်ယူလို့မကုန်နိုင် ဘူး။ ဆောင်းဦးပေါက် လသာရက်တွေမှာ ခပ်လို့ရ တယ်။ လက်ဖက်နဲ့စားရင် သိပ်ဆိမ့်တယ်။ တွင်းပိုး လို့ လူသိများတယ်။ ငါးတွေမရှိတာ ကန့်ဓာတ်အား ကြီးလို့ဖြစ်တယ်။

 

ဇေယျတုသဗ္ဗမင်္ဂလံ

လင်းရောင်တင်

အရာရာအောင်မြင်စေတဲ့ ရတနာဒီပံ ရွှေဖယောင်းတိုင်ကိစ္စ အခြားကိစ္စများအတွက် ဆွေးနွေးလိုပါက တိုက်အမှတ်(၁၀၆၀) ယဿဝတီ ၁၆ လမ်း၊ တောင်ဥက္ကလာ(၁၃)ရပ်ကွက် ရန်ကုန်မြို့။

ဖုန်း ဝ၉ ၄၂၀ဝ ၁၄ ၆၁၄

Comments

comments

Post Author: manawmaya