ဂမ္ဘီရမှတ်တမ်း

သိဒ္ဓိဆယ်ပါး

(၁) အာရောဂျသိဒ္ဓိ – အနာရောဂါကင်းခြင်း။

(၂) ယာဗ္ဗနသိဒ္ဓိ – အိုရာမှ ပြန်ပြီးပျိုရွယ် သွားခြင်း။

(၃) အာယုသိဒ္ဓိ – အသက်ရှည်ခြင်း။

(၄) ကာယသိဒ္ဓိ – ဓားပြီး လှံပြီး သေနတ်ပြီး ခြင်း။

(၅) ပီယသိဒ္ဓိ – လူအများက ချစ်ခင်ခြင်း။

(၆) ဓနသိဒ္ဓိ – ရွှေငွေ ရရှိပေါများလာခြင်း။

(၇) ပထဝီသိဒ္ဓိ – မြေကြောရှုံ့နိုင်ခြင်း။

(၈) ဥဒကသိဒ္ဓိ – ရေပေါ်၌ လမ်းလျှောက် နိုင်ခြင်း။

(၉) အာကာသသိဒ္ဓိ – ကောင်းကင်ပျံနိုင်ခြင်း။

(၁၀) ဣဒ္ဓိပိဓသိဒ္ဓိ – အထူးထူး အပြားပြား တန်ခိုးပြနိုင်ခြင်း။

(ဤသိဒ္ဓိဆယ်ပါးကို ပြီးစီးစေနိုင်သော မြစ် ချင်းပြီး ဆေးပင်တွေအား ဟိမဝန္တာတော၌ လွန်စွာ များပြားလှ၏။)

 

အာဟာရ

အာဟာရသည် ခံတွင်းမှ စားသောက်မျို သွင်းမှသာမဟုတ်။ ကိုယ်မှာ လိမ်းကျံအပ်သော အာဟာရ ရည်သည်လည်း ကိုယ်တွင်း၊ အူတွင်းသို့ စိမ့်ဝင်၍ ပါစက မီးပေါင်း နွှေးပြီးလျှင် ကိုယ်၌ ပျံ့နှံ့၍ အာဟာရဇရုပ်ကိုဖြစ်စေနိုင်၏။ ပါစက မီး မပေါင်း နွှေးမိသော်ကား မဖြစ်စေတတ်၊ မဖြစ်စေ နိုင်။ ထို့ကြောင့် အာဟာရမစားနိုင်သော လူမမာတို့ အား ဗိုက်ကို ထမင်းအုံ၍ အာဟာရကိစ္စကိုပြီးစေရ၏။

အမိက စားမျို သောက်သွင်းအပ်သော အာဟာရ ရည်သည်လည်း ပဋိသန္ဓေ နေသော သူငယ်ကိုယ်တွင်းသို့ ချက်ကြော ချက်ပေါက်မှ စိမ့်ဝင်၍ အာဟာရဇရုပ်ကို ဖြစ်စေ၏။

 

ဘယ်ပန်းကန်၊ ဘယ်ခွက်၊ ဘယ်အိုးနဲ့မှ စားမှာလဲ

ရွှေပန်းကန်၊ ရွှေခွက်၊ ရွှေအိုးဖြင့် စားခဲ့သော် လေ၊ သည်းချေ၊ သလိပ်တို့ကို ပက်ဖျက်စေနိုင်၏။ မျက်စိအကြည်ဓာတ်တို့ကို ပွားစေ၏။ နူနာရောဂါကို ပင် နိုင်စေ၏။ သွေးကို သန့်စေ၏။

ငွေပန်းကန်၊ ငွေခွက်၊ ငွေအိုးတို့ဖြင့် ချက် ပြုတ်စားသောက်ခဲ့သည်ရှိသော် မျက်စိကို အကျိုး ပြု၏။ အေးမြစေ၏။ အပူဓာတ်ကို ပယ်ဖျက်ပြီး အေးမြသော အကျိုးကိုရစေ၏။

ကြေးဝါ ပန်းကန်၊ ကြေးဝါခွက်၊ ကြေးဝါ အိုးတို့ဖြင့် ချက်ပြုတ်စားသောက်ခဲ့သည်ရှိသော် စိတ်ကိုတက်ြွကစေ၏။ အပူဓာတ်ကိုရစေ၏။ သလိပ် ကို တိုးပွားခြင်းငှာ ပယ်ဖျက်တတ်၏။

ကြေးနီပန်းကန်၊ ကြေးနီခွက်၊ ကြေးနီအိုး တို့ဖြင့် ချက်ပြုတ်စားသောက်ခဲ့သော် ကြေးဝါနှင့် သုံးသကဲ့သို့ အကျိုးများပင်ရမည်ဖြစ်၏။ သို့သော် ကြေးနီပစ္စည်းများကိုသုံးပါက မန်ကျည်းသီးမှည့်ကဲ့ သို့ အချဉ်ဓာတ်ဖြင့် တိုက်ချွတ် ဆေးကြောရပါမည်။  မဟုတ်လျှင် အစာဆိပ်သင့်ရောဂါဖြစ်တတ်သည်။

သံ၊ သံမဏိ(Steel)ပန်းကန်၊ ခွက်၊ အိုးတို့ ဖြင့် ချက်ပြုတ်စားသောက်ပါက ခွန်အားဗလ တိုး ပွားစေ၏။ အသားဝါရောဂါနှင့် အသားရောင်ညိုလိုက် ပြာလိုက် ဖြစ်တတ်တဲ့ Blue Baby ရောဂါများကို ပျောက်ကင်းစေနိုင်၏။

ကြွေပန်းကန်၊ ကြွေခွက်၊ ကြွေအိုးတို့ဖြင့် ချက်ပြုတ်စားသောက်ခဲ့သော် နှုတ်ကိုမြိန်စေ၏။ သွေးနှင့်သည်းခြေတို့ကို သန့်ရှင်းကြည်လင်စေ၏။ ဥာဏ်ပညာများတိုးပွားစေ၏။

ပလတ်စတစ်၊ မယ်လမင်းပန်းကန်ခွက်၊ အိုး တွေနှင့် စားသောက်မယ်ဆိုရင် အေးမြခြင်းကို ပေး စေနိုင်၏။

သစ်သားပန်းကန်၊ သစ်သားခွက်တွေနဲ့ စား မယ်ဆိုရင်တော့ သလိပ်ကို ပွားစေ၏။ နှုတ်ကို မြိန် စေ၏။

ယွန်းပန်းကန် ယွန်းခွက် တွေနဲ့ စားမယ်ဆိုရင်တော့ နှုတ် ကိုမြိန်စေ၏။ ကျက်သရေရှိ၏။

မှတ်ချက်။ ။ ကျောက်ပန်း ကန်၊ ကျောက်ခွက်၊ ကျောက်အိုး တွေနဲ့တော့ထည့်ပြီးမစား ကောင်း ဘူး။ဆင်းရဲတတ်တယ်လို့ဆိုတယ်။

 

မင်းရဲကျော်စွာအလောင်း

တွံတေးကားလမ်းနားမှာ လာကပုမ်ရွာရယ် လို့ရှိတယ်။ အဲဒီ ရွာနားမှာ မင်းရဲကျော်စွာ ဆင်ပေါ် မှ ကျဆုံးသွားတယ်လို့ ဆိုတယ်။ အဲဒီနေရာမှာစေတီတစ်ဆူရှိတယ်။ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိ တယ်။ ဂူရယ်လို့တော့ မရှိဘူး။ ရှုမဝမဂ္ဂဇင်းမှာ ဆောင်းပါးတစ် ပုဒ်ပါခဲ့ဖူးတယ်။ ရေးသူကို မမှတ် မိတော့၊ သူ့အဆိုအရ မင်းရဲ ကျော်စွာရဲ့ အလောင်းဟာ အင်္ဂ လန်ကို ရောက်သွားတယ်လို့ဆို တယ်။ အိုးထဲမှာဆီစိမ်ထားတဲ့အ လောင်းဖြစ်တယ်။ အလောင်းကိုအိုးနဲ့အတူ တွံတေး က တူးယူခဲ့တယ်လို့ ဆိုတယ်။ ထိုင်လျက်သား အနေ အထားလို့ဆိုတယ်။ လက်ထဲမှာ ပုဝါစတစ်စကို ဆုပ် ကိုင်ထားတယ်။ အရွယ်ငယ်သေးပြီးဆံပင်မှာ သျှောင် ထုံးနဲ့ဖြစ်တယ်။ အသားညိုတယ်ဆိုတယ်။ တွေ့ခဲ့ဖူး သူရှိတယ်။ သံတော်ဆင့် ဦးသိန်းမောင်(သတင်းစာ ဆရာကြီး) ကတော့ မင်းရဲကျော်စွာရဲ့အလောင်းဖြစ် တယ်လို့ ဆိုခဲ့ဖူးသတဲ့။

 

ဂမ္ဘီရပညာများကို လေ့လာလျှင်

လျှို့ဝှက်နက်နဲတဲ့ ဂမ္ဘီရပညာတွေကို လေ့ လာမယ်ဆိုရင်တော့ ကြက်သွန်ဖြူ၊ ခါးတဲ့ အစား အစာတွေနဲ့ အက်စစ်ဖြစ်နိုင်တဲ့ အစားအစာတွေကို ရှောင်ရမယ်လို့ ဆိုတယ်။ ဘာကြောင့် ရှောင်ရတယ် လို့တော့ ဆိုမထားဘူး။

 

ဂမ္ဘီရပညာရှင်တို့ရဲ့ ဘုမန္တအတွင်းစခန်း

(၁) မဟာမြိုင်စခန်း (၂) အဋ္ဌင်္ဂတိုင်းစခန်း (၃) ဝိဇ္ဇာဌာနီအလုံကြည်စခန်း (၄) ဇေယျာသိဒ္ဓိ စခန်း (၅) နဝင်္ဂတိုင်းစခန်း (၆) ရသေ့မြို့အတွင်းစ ခန်း (၇) ပုပ္ပားကျောက်နွားသိုး ကိုးကောင်စခန်း (၈) ဇင်းကျိုက်ဂွေးဖြူပင်စခန်း (၉) ကျိုက်ထီးရိုးနတ် တောင်စခန်း (၁၀) ကေလာသ ကျောက်နဂါးသိုက် စခန်း (၁၁) အပြင်ထူပါရုံ လေးစခန်း (၁၂) အတွင်း ထူပါရုံကြီးစခန်း (၁၃) မြစိမ်းတောင်ညို ရွှေပုရပိုက် သုံးဆူစခန်း (၁၄) အလောင်းတော် ကဿပ ကျောက်လိုဏ်ဂူစခန်း (၁၅) မြသပိတ်မြေကြီးကန့်လန့် စခန်း (၁၆) သုဝဏ္ဏဘူမ္မိ ယက္ခညီနောင်စခန်း (၁၇) တောင်ကိုးလုံးစခန်းကြီး ၁၈ ခန်း၊ စခန်းငယ်ကိုးခန်း။

 

ဆရာလက်ဆုပ်ပညာ

ဆရာကမိမိသေကာနီးမှ ချစ်သောတပည့် အားသင်ပြမည်ဟု လျှို့ဝှက်၍ မသင်ပြသေးဘဲထား သောပညာကို ဆရာလက်ဆုပ်ပညာဟု ခေါ်သည်။ မှန်ထုပ်လို့လည်း ခေါ်ကြသေးသည်။

 

ဥုံဖွဖွငှက်

ဥုံဖွဖွ ဥုံဖွဖွ ဆိုပြီး မည်သံထွက်တဲ့ငှက်တစ် မျိုးရှိတယ်။ ငှက်ဆေးသမားလို့လည်း ခေါ်တယ်။ (ဆေးသမားငှက်) တချို့ကလည်း တောလုံငှက်လို့ခေါ် ကြတယ်။ တောနက်ကြီးများမှာမှ ရှိတတ်တယ်။ အဲဒီ ငှက်ရဲ့ မြည်သံကြားရရင် အန္တရာယ်မရှိကြောင်း သိ ကြရတယ်။

 

သံဝေဂရစေတတ်သော ဌာနကြီးလေးပါး

စတုသံဝေဇနိယဌာနလို့လည်း ခေါ်တယ်။ အဲဒီ ဌာနကြီး လေးပါးကတော့ (၁) လုမ္ဗိနီဥယျာဉ် မစ္ဆိမဘဝ ဘုရားလောင်းဖွားမြင်တော်မူသောဌာန (၂) မဟာဗောဓိ ဘုရားအဖြစ်သို့ ရောက်တော်မူရာဌာန (၃) ဣသိပတန မိဂဒါဝုန်တော ဓမ္မစကြာတရားဦး ဟောတော်မူရာဌာန (၄) ကုသိနာရုံ ပရိနိဗ္ဗာန် စံတော်မူရာဌာန။

တချို့က ပူဇနိယ ဌာနကြီးလေးပါး၊ တချို့က  စေတိယ ဌာနကြီးလေးပါးလို့လည်း ခေါ်ကြသေး တယ်။ ဤဌာနကြီးလေးခုရှိရာသို့ သမ္မာဒိဋ္ဌိအယူရှိတဲ့ သဒ္ဓါတရားနှင့် ပြည့်စုံသူတွေ ဖူးမြော်ဖို့ အလွန်သွား ရောက်သင့်ပါသည်။ မဟာပရိနိဗ္ဗာန သုတ်တော်မှာ မြတ်စွာဘုရားက အောက်ပါအတိုင်း ဟောကြားခဲ့ပါ တယ်။

“ယေဟိ ကေစိ အာနန္ဒ စေတိယ စာရိကံ အာဟိဏ္ဍန္တာ ပသန္နစိတ္တာ ကာလံ ကရိဿတိ သဗ္ဗေ တေ ကာယဿ ဘေဒါပရံ မရဏာသုဂတိံ သဂ္ဂံ လောကံ ဥပ္ပဇ္ဇိဿန္တီတိ”

ဤအထက်ပါဌာန ကောင်းကြီးလေးခုသို့ ကြည်ညိုမြတ်နိုးရှိခိုးကော်ရော် ပူဇော်ကြကုန်သော၊ ရဟန်းရှင်လူများဗိုလ်သူတို့ သွားရောက်လိုသူ ဟူ သမျှတို့သည် သေသည်၏ နောက်ကာလ၌ အပါယ် လေးဘုံသို့ မရောက်ကြဘဲ နတ်ပြည်သို့ဧကန်မုချ ထုတ်ချောက် အမှန်ရောက်ကြကုန်လိမ့်လတ္တံ့လို့ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံကာနီး ဘုရားရှင်ကိုယ် တော်တိုင် အထက်ပါ ပါဠိတော်အတိုင်း ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့ပါသည်။ ဒါကြောင့် သက်တော်ထင် ရှား ငါဘုရားနှင့်အတူ အရေးတယူ အလေးမူလျက်  ကြည်ဖြူကော်ရော် ပူဇော်ဖူးမြော်ရစ်ကြပါလေတော့ လို့ တိုက်တွန်းတော်မူခဲ့ပါတယ်။

 

ဇေယျတု သဗ္ဗမင်္ဂလံ

လင်းရောင်တင်

(အရာရာအောင်မြင်စေတဲ့ ရတနာဒီပံရွှေဖယောင်းတိုင်ကိစ္စ၊ အခြားကိစ္စများအတွက် ဆွေးနွေးလိုပါက တိုက်အမှတ် (၁၀၆၀)၊ ယဿဝတိ (၁၆)လမ်း၊ တောင်ဥက္ကလာ (၁၃)ရပ် ကွက်၊ ရန်ကုန်မြို့။ ဖုန်း – ဝ၉ ၄၂၀ဝ၁၄၆၁၄)

Comments

comments

Post Author: manawmaya