ထူးဆန်းသောအိပ်မက်

အိပ်မက်ကို လူတိုင်း မက်ဖူးကြပါသည်။ လူ မပြောနှင့် တိရိစ္ဆာန် (ခွေး) များပင် အိပ်မက်မက် သည်ကိုတွေ့ဖူးပါသည်။

အိပ်မက် မက်တာပဲ အထူးအဆန်းလုပ်လို့ ဟု ဝေဖန်ကြလျှင် ခံရမည်ပင်။

သို့သော် …

ယခုအိပ်မက်မှာ အဓိပ္ပာယ်တစ်မျိုးမျိုးရှိမည် ထင်၍ ရေးသားပေးပို့ရခြင်းဖြစ်ပါသည်။

ကျွန်တော် လေ့လာဖူးသမျှ အိပ်မက်ခွဲခြား ရာတွင် …

(က) ဓာတ်/လေ ချောက်ချား၍ မက်သော အိပ်မက်

(ခ) ရှေးက ကြုံဖူး/တွေ့ဖူး/လေ့လာဖူးသည် ကို စွဲ၍မက်သော အိပ်မက်

(ဂ) နတ်တို့လှည့်စား၍ မြင်မက်သောအိပ် မက်

(ဃ) အကျိုးပေးအပြစ်မဖြစ်မှီ ပုဗ္ဗနိမိတ်အ ထင်ဖြင့် မက်သော အိပ်မက် စသည်ဖြင့် ၄ မျိုး ရှိပါသည်။

၎င်းအပြင် …

– အတိတ်/အနာဂတ်ဖြစ်ရပ်များကို ပြဆို သောအိပ်မက်

– ကွယ်လွန်သွားပြီဖြစ်သော မိဘ-ဆွေမျိုး -ညီအကို အပေါင်းအဖော်များ-အဖိုးအဘွားများနှင့် ပြန်လည်ဆုံတွေ့သော အိပ်မက်

– အနာဂါတ်တွင် ကျရောက်လာမည့် ဘေး အန္တရာယ်အတွက် အချိန်မှီ သတိပေးသော အိပ်မက်

– အတွင်းစိတ်သန္တာန်၌ ကိန်းဝပ်နေသော အမှန်တရားတို့အား ထုတ်ဖော်ပြသော အိပ်မက်

– ကြုံတွေ့နေရသော ပြဿနာအပေါင်းတို့ အား ဖြေရှင်းပေးသော အိပ်မက်

– အိမ်ထောင်ဖက်ဖြစ်သူနှင့် ပတ်သက်သည့် အိပ်မက်

– ကွယ်လွန်တိမ်းပါးသွားရတော့မည့် အနေ ထားအား ကြိုတင်ပြသည့် အိပ်မက်

– ရပ်ဝေးရောက်နေသော ဆွေမျိုး/အသိုက် အဝိုင်း၏သတင်းစကားကို ကြားသိ/သတင်းပေး   သည့် အိပ်မက် အစရှိသဖြင့် အထွေထွေအပြားပြား ပင် ရှိပါသည်။ ကျွန်တော်မက်သော အိပ်မက်မှာ ဤသို့ဖြစ်၏။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ် သက်လျှက်ရှိ၏။ လေသင့်လျှင် တရားဟောသံများ ပြတ်တောင်းပြတ်တောင်းကြားနေရပါသည်။ တောင် ဘက်ခပ်လှမ်းလှမ်းတစ်နေရာတွင် မီးခိုးခေါင်းတိုင် နှင့် အဆောက်အဦးတစ်လုံးကို မြင်နေရပါသည်။ အနောက်တောင်ထောင့်တွင် ဘုန်းကြီးကျောင်းတစ်  ကျောင်းကိုလည်း လှမ်းမြင်ရပါသည်။

အရှေ့ဘက်ရှိ မြေပြင်ကွက်လပ်ကြီးတစ်ခု လုံး အမှိုက်ပုံများ ဟီးထလျှက်ရှိ၏။ အမှိုက်ပုံနှင့် တစ်ဆက်တည်း မြို့စွန်ရပ်ကွက်တစ်ခုရှိပါသည်။

မြောက်ဘက်ခြမ်းမှာ မော်တော်ကားသံများ၊ ဆိုင်ကယ်သံများ အဆက်မပြတ်ကြားနေရပါသည်။

မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်ရာ

အပါးပါး အုတ်ဂူတွေနဲ့ပါလား။ လစသတ် တော့ သင်္ချိုင်းကြီးကိုး၊ အုတ်ဂူများခေါင်းရင်းထိပ်တွင် သေသူ၏ အမည်/ရာထူး/သေသည့်ရက်စွဲများ ရေး သားဖော်ပြပြီး ဓာတ်ပုံပါကပ်ထားပါသည်။

တချို့အုတ်ဂူများတွင် ဓာတ်ပုံမပါပါ။ အုတ် ဂူများကြားတွင် မြေပုံမို့မို့များလည်း တွေ့ရပါသည်။ အုတ်ဂူမတတ်နိုင်သူများက အလောင်းမြှုပ်ထားသည့် နေရာများ ဖြစ်ပါလိမ့်မည်။ မီးခိုးခေါင်းတိုင်နှင့် အ ဆောက်အဦးမှာ မီးသင်္ဂြိုဟ်စက် ဖြစ်ပါလိမ့်မည်။

စောစောက တရားသံများကြားရသည်မှာ သ င်္ချိုင်းဇရပ်မှ သရဏဂုံတင်ပြီး တရားနာနေကြတာ ဖြစ်ပါသည်။ တချို့က အဆောက်အဦထဲမှာ တရား နာကြပြီး တချို့က အဆောက်အဦပြင်ဘက်တွင် မိုးတိုးမတ်တပ်ရပ်နေကြပါသည်။ သင်္ချိုင်းကုန်းထဲ တွင် ကားအစီး (၂၀) လောက် နေရာယူထားလျက်ရှိ ၏။

တစ်နေရာတွင် အုတ်ဂူအသစ်စက်စက်တစ် လုံးကို တွေ့ရပါသည်။ ခေါင်းရင်းဘက်တွင် အဝကို ဖွင့်ထား၏။ အလောင်းသွင်းရန် ဖြစ်ပါလိမ့်မည်။

သင်္ချိုင်းဇရပ်မှ အမျှဝေသံများ/သာဓုခေါ်သံ များ ကြားနေရပါသည်။ တရားနာခြင်းကိစ္စပြီးသွားပြီ ကိုး။

ဇရပ်ထဲမှ လူအများ ထွက်လာကြပါသည်။

ထွက်လာကြသည့် လူအုပ်ထဲတွင် ရှေ့ဆုံးမှ အမျိုးသမီးတစ်ဦးအား နှစ်ဘက်တွဲပြီးခေါ်လာကြပါ သည်။ ငိုထားသဖြင့် မျက်ခွံများမို့အစ်လျှက် မျက် လုံးနှစ်ဘက်လည်း နီရဲလျက် ရှိပါသည်။

၎င်း၏နောက်တွင်လည်း အမျိုးသမီး (၃)ဦး အား အထက်ပါပုံစံအတိုင်း တွေ့ရပါသည်။

အုတ်ဂူဘေးတစ်နေရာတွင် အသက်အရွယ် ငယ်သေးသည့် ယောကျာ်းလေးတစ်ယောက် မျက် ရည်တတွေတွေ စီးကျလျက်ရှိ၏။ ကျိတ်ပြီး ငိုထားပုံရ ပါသည်။

၎င်းအမျိုးသမီးများနှင့် ယောကျာ်းလေးတို့ အား ရင်းရင်းနှီးနှီး သေသေချာချာ မြင်ဖူး/သိဖူးနေ တာပဲ။

လူတစ်ချို့က အသုဘကားပေါ်က အ လောင်းအား ထုတ်ယူကာ အုတ်ဂူရှိရာသို့ သယ်လာ ကြ၏။ အသုဘရှင်များ ကြည့်ရန်အတွက် အခေါင်း ၏ ခေါင်းရင်းပိုင်းကို ဖွင့်ထားပါသည်။

လှမ်းကြည့်လိုက်ရာ …

အလောင်းမှာ ကျွန်တော်နှင့် တစ်ထေရာ   တည်းတူနေပါလား၊ အမွှာပူးဟု ပြောရအောင်က လည်း ကျွန်တော့်ကို အမေမွေးတုန်းက တစ်ယောက်တည်းပါ။

ကျွန်တော်မှ ကျွန်တော်ပါဘဲ၊ ဘယ်လိုဖြစ် တာပါလိမ့်၊ အသုဘပို့သူများ ကားနှင့်တစ်စီးပြီးတစ်စီး ပြန်သွားနေကြပါပြီ။ လူတစ်ချို့နှင့် အုတ်ဂူပိတ်မည့် သူများသာ ကျန်ခဲ့ပါသည်။ ကား ၂ စီးလည်း ကျန် သေးသည်။ အုတ်ဂူပိတ်ပြီးသွားပါက ၄င်းတို့ ပြန်မည့် ကား ဖြစ်ပါလိမ့်မည်။

အုတ်ဂူပိတ်ပြီး ဓာတ်ပုံကပ်၊ နာမည်ရေးမည့် သူများကြားတွင် ကျွန်တော်၏ ယောက်ဖတစ်ဦးရှိ နေပါ၏။ ယောက်ဖမှ ဓာတ်ပုံတစ်ခုကို အုတ်ဂူပိတ် မည့်သူများအား လှမ်းပေးပြီး စကားပြောနေသည်ကို တွေ့နေရပါသည်။

အုတ်ဂူလည်း ပိတ်ပြီးသွားပါပြီ၊ ဓာတ်ပုံတော့ မကပ်ရသေးပါ။ စာတန်းလည်း မကပ်ရသေးပါ။ သေချာသိချင်လို့ အနီးကပ်သွားကြည့်ရာ တပ်ကြပ် ကြီးရာထူးနှင့် ရိုက်ထားသည့် ကျွန်တော့်ဓာတ်ပုံ ဖြစ် နေပါသည်။

ဒါငါ့ပုံလား ဘယ်လိုဖြစ်တာပါလိမ့်ဟု တွေး ပြီး ရေးထားသည့်စာတန်းကို လှမ်းကြည့်ရာ …

တပ်ကြပ်ကြီး-ထက်အောင် (ငြိမ်း)

(ခ)

လင်းမြတ် (မင်းတပ်) (စာရေးဆရာ)

အသက် (     ) နှစ်

-/ -/ – ရက်နေ့တွင် ကွယ်လွန်သည်ဟု စာတန်းထိုးထားပါသည်။

အော်— လတ်စသတ်တော့ ငါသေသွား တာကိုး/ ဘယ်လိုသေသွားတာပါလိမ့်ဟု စဉ်းစား  လိုက်ရာ ကျွန်တော်စီးသည့် (CYCLE ACCIDENT) ဖြစ်ပြီးသေသွားတာဘဲ။

ငါဒီကပြန်ရင် ဘယ်ကိုသွားရပါ့မလဲ။

ကြားဖူးတာကတော့ သေသွားပြီးလျှင် အိမ် က အိမ်စောင့်နတ်/ ခြံစောင့်နတ်တို့ လက်မခံတော့/ အဝင်မခံတော့။ ဒီလိုဆိုရင် ငါ ဘယ်ကိုသွားပြီး ဘယ်မှာနေရပါ့မလဲ။ ငါ ဘယ်ဘဝ ရောက်နေတာ လဲ ဆိုတာလဲ မသိရသေး။

စောစောက အမျိုးသမီးအုပ်စုနှင့် ယောကျာ်း လေးတစ်ဦးမှာ ငါ့ဇနီး-ငါ့သမီးများနှင့် ငါ့သားဖြစ်နေ ကြတာကိုး-ဒါကြောင့် ရင်းရင်းနှီးနှီး သေသေချာချာ မြင်းဖူး/သိဖူးတယ် ထင်နေရတာပေါ့။

အင်း ငါဒီက ပြန်ရင်ဘယ်ကိုသွားရမှာပါလိမ့်

ဤကဲ့သို့ တွေးတောနေတုန်း ကြောင်နှစ် ကောင် ရန်ဖြစ်သံကြောင့် နိုးလာခဲ့ရပါသည်။ ကျွန် တော်လည်း ချက်ချင်းထပြီး ကြည့်လိုက်ရာ အိမ်က ကြောင်ထီးလေးကို ကြောင်ထီးကြီးတစ်ကောင်က အပေါ်စီးကနေ အသကိုက်နေတာကိုး။ ကျွန်တော်က လည်း ကြောင်ထီးကြီးကို အရဖမ်းရာတွင် ကျွန်  တော့်ကို လှည့်ကိုက်သဖြင့် ကြောင်သွားရာရော လက်သည်းနဲ့ကုတ်ခြစ်တဲ့ဒဏ်ရာပါ ရခဲ့ပါသည်။

၎င်းကြောင်ကိုလည်း အုတ်နံရံနှင့် တအား ရိုက်လိုက်ရာ ကြောင်ထီးကြီးလည်း သေသွားပါ သည်။

ဤကဲ့သို့ အိပ်မက်မက်သဖြင့် …

ကွယ်လွန်တိမ်းပါးသွားရတော့မည့် အနေအ ထားအား ကြိုတင်ပြသည့် အိပ်မက်ဟုထင်ကာ ဗေ ဒင်တွက်ပြီး ယတြာချေပါသည်။ ကိုယ်စားလည်း ပစ်ပါသည်။ ယတြာကောင်းလျှင် မင်းလောင်းတောင် ပျောက်သည်ဟု ရှေးစကားရှိသည် မဟုတ်ပါလား။

ဤကဲ့သို့ အိပ်မက်မက်ပြီး တစ်လနီးပါး အ ကြာတွင် …

ကျွန်တော်၏ မယားညီအစ်ကို ဆုံးသွားရှာပါ သည်။ ၄င်းမယားညီအစ်ကိုအား လှည်းကူးမြို့ရှိ သ င်္ချိုင်းသို့ သွားရောက်ပို့ဆောင်ရာ ကျွန်တော်မက်သည့် အိပ်မက်အတိုင်း တစ်ထပ်တည်း တူညီနေပါသည်။  ကျွန်တော် လှည်းကူးသင်္ချိုင်းသို့ တစ်ခါမှ မရောက်ဖူး ပါ။ ယခုမှ ရောက်ဖူးခြင်းဖြစ်ပါသည်။

သင်္ချိုင်းသို့ ရောက်ခါစတွင် ဒီသင်္ချိုင်း ငါ ရောက်ဖူး/မြင်ဖူးသလိုဘဲဟု ထင်ခဲ့ရာ အိပ်မက်ထဲမှာ ရောက်ဖူးနေတာပဲကိုး။

အိပ်မက်ထဲကအတိုင်းဆိုလျှင် သေရမည့်သူ မှာ ကျွန်တော်ဖြစ်ပါသည်။ အမှန်တကယ် သေဆုံး သွားသူမှာ ကျွန်တော်၏မယားညီအစ်ကို ဖြစ်နေပါ သည်။

ထို့ကြောင့် ထူးဆန်းသည်ဟုထင်ပြီး ရေး သားပေးပို့ရခြင်းဖြစ်ပါသည်။ ကျွန်တော် ဘယ်လို နားလည်ရမှန်းလည်း မသိတော့ပါ။

ကျွန်တော်သည် လှည်းကူးသင်္ချိုင်းကို တစ် ခါမှ မရောက်ဖူးပါ။ အိပ်မက်ထဲမှာ ရောက်ဖူးပြီး ကျွန်တော်၏ မယားညီအကို သေဆုံးသောအခါတွင် သာ တစ်ခေါက်ရောက်ဖူးခြင်းဖြစ်ပါသည်။ ထိုအခါ ကျွန်တော်အိပ်မက်အတိုင်း တစ်သွေမတိမ်း တူညီ လျှက်ရှိ၏။

အမှန်တကယ် ကျွန်တော်သေဆုံးခဲ့သော် ကျွန်တော်လက်ရှိနေသည့်ရွာ၏ သင်္ချိုင်းကုန်းသို့သာ သွားရမည်ဖြစ်ပါသည်။ လှည်းကူးသင်္ချိုင်းနှင့် ကျွန် တော်နေသည့်ရွာ၏ သင်္ချိုင်းကုန်းမှာ ဆန့်ကျင်ဘက် ဖြစ်၏။

လှည်းကူးသင်္ချိုင်းကုန်းသည် ရန်ကုန်-မန္တ လေး လမ်းမကြီးဘေးမှာရှိ၏။ ရန်ကုန်ဘက်မှလာ လျှင် ညာဘက် ကျွန်တော်တို့၏ သင်္ချိုင်းကုန်းသည် ဘယ်ဘက်။

လှည်းကူးသင်္ချိုင်းကုန်းနားတွင် အမှိုက်ပုံကြီး ဟီးထလျက်ရှိ၏။ ကျွန်တော်တို့၏ သင်္ချိုင်းကုန်း၏ ပါတ်ပါတ်လည် လယ်ကွင်းများ-လှည်းကူးသင်္ချိုင်း ကုန်း၏ မီးသင်္ဂြိုဟ်စက်သည် အဆောက်အဦရှိ၏။ ကျွန်တော်တို့ သင်္ချိုင်း၏ မီးသင်္ဂြိုဟ်စက်သည် အ ဆောက်အဦမရှိ။ (အုဋ်နှင့် ခေါင်းတိုင်လေးလုပ် ထားခြင်းသာဖြစ်သည်) ဘေးတွင် ဘုန်းကြီးကျောင်း ရှိတာတော့ တူညီပါသည်။

ထို့ကြောင့် ကျွန်တော်တကယ်လို့ သေသွား ခဲ့သော် လုပ်ပေးနိုင်ရေးအတွက် သေတမ်းစာပုံစံမျိုး ရေးထားကာ ချိတ်ပိတ်ထားပြီး သားတော်မောင် ပေး ထားကာ သေတ္တာတွင် သိမ်းထားခဲ့ပါသည်။

လင်းမြတ်(မင်းတပ်)

Comments

comments

Post Author: manawmaya