ဝင်လေထွက်လေ ဂမ္ဘီရ

ဝင်လေထွက်လေဟာ လူမှာအရေးကြီးဆုံး ကိစ္စတစ်ခုပဲ။ ဝင်လေထွက်လေကြောင့် လူတွေ အသက်ရှင်နေတာ ဝင်လေထွက်လေရပ်ဆိုင်းသွား တဲ့အချိန်မှာ လူဟာ အသက်နဲ့ခန္ဓာရပ်ဆိုင်းသွားတော့ တယ်။ လူတစ်ယောက် သေမသေစမ်းသပ်ချင်ရင် ငှက်မွှေးကလေးဖြစ်ဖြစ် ဂွမ်းစဖွာဖွာလေးကိုပဲဖြစ်ဖြစ် သေအံ့မူးမူးလူရဲ့ နှာခေါင်းဝမှာ အသာလေးတေ့ပြီး ထားကြည့်လိုက်ရင် ငှက်မွှေးဒါမှမဟုတ် ဂွမ်းစလေးဟာ လုံးဝမလှုပ်တော့တဲ့အခါ အသက်မရှိတော့ဘူး လို့ ဆုံးဖြတ်ကြတယ်။ မသိမသာလေး လှုပ်နေရင် အသက်ရှိသေးတယ်လို့ ယူဆကြတယ်။

ဒါကြောင့် ဝင်လေ ထွက်လေဟာ လူရဲ့အသက်ပဲ။ ခန္ဓာကိုယ်တည်မြဲရေးအတွက် အဓိကအ ချက်ပဲ။ ဒါကြောင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ကြီးဟာ ထွက်လေ ဝင်လေကို စောင့်ကြည့်ခိုင်းပြီး စိတ်ကိုငြိမ်သက်အောင် လုပ်ခိုင်းခဲ့တယ်။ ငြိမ်သက် တဲ့ စိတ်ဖြစ်ပေါ်လာရင် သမာဓိတရားရလာတယ်။ သမာဓိကြာရှည်လာရင် ပညာလို့ခေါ်တဲ့ ငြိမ်းအေးစေ တဲ့တရား ရောက်လာတော့တာပဲ။

အဲသလို ငြိမ်းအေးတဲ့တရားရလာရောက်လာ ရင် စစ်မှန်ငြိမ်းချမ်းတဲ့ သန္တိသုခလို့ ခေါ်တဲ့ နိဗ္ဗာန် မဂ်ဖိုရ်ကို ရလာရောက်လာတော့တာပဲ။ ဒါက အမြင့်ဆုံးတရားအတွက် ဝင်လေထွက်လေက ပံ့ပိုး ပေးတာ ဒီလိုပဲ လောကီစီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ အရေးကိစ္စတွေမှာလည်း ဝင်လေထွက်လေဟာ အရေးပါအရာရောက်ပါတယ်။

ထွက်လေဝင်လေ(ထွက်သက်၊ ဝင်သက်)ကို အမှီပြုပြီး လူတွေဟာ သုခနဲ့ဒုက္ခ၊ အောင်မြင်ခြင်း နဲ့ရှုံးနိမ့်ခြင်း၊ ကျန်းမာခြင်းနဲ့ ဖျားနာခြင်း ကံကောင်း ခြင်းနဲ့ ကံဆိုးခြင်းတွေဖြစ်ပျက်လာတတ်ပါတယ်။ ဝင်လေထွက်လေကို စောင့်ကြည့်ပြီးဒုက္ခကနေ သုခ ကို ပြောင်းလဲနိုင်ဖို့ ဖျားနာရာကနေကျန်းမာလာနိုင် ဖို့ ကံဆိုးရာကနေ ကံကောင်းလာဖို့ ပြုပြင်ဆောင် ရွက်နိုင်တယ်လို့ တချို့သော “လောကဓာတ်ကျမ်း ကြီးများ”မှာ ဖော်ပြနည်းပေးထားတာတွေကို လေ့လာဖူးပါတယ်။

လဆန်းရက်တွေဖြစ်တဲ့ တနင်္လာနေ့၊ ဗုဒ္ဓဟူး နေ့၊ ကြာသပတေးနေ့နဲ့ သောကြာနေ့တွေမှာ လက်ဝဲနှာခေါင်းပေါက်နဲ့ အသက်ရှူနေတဲ့အချိန်မျိုး မှာကောင်းတဲ့အကြံအစည်တွေ ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။

လူတွေနဲ့ စကားပြောတဲ့အခါ အသက်ရှူ သွင်း ရှူထုတ်လုပ်နေတဲ့ဘက်မှာ လူများကိုထား ပြီး စကားပြောရင် ကိုယ်ပြောတဲ့စကားအောင်မြင် တတ်ပါသတဲ့။ အလုပ်ကိစ္စအတွက် ဆောင်ရွက်စရာ တစ်ခုခုရှိတဲ့အခါ သွားတော့မယ်ဆိုရင် အဓိက အဝင်အထွက်ပြုလုပ်  (အသက်ရှူနေတဲ့) နှာခေါင်း ဘက်က ခြေလှမ်းကို ပထမဦးဆုံးစတင်ပြီး သွားရ မယ်လို့ အကြံပြုထားပါတယ်။

နှာခေါင်းပေါက်နှစ်ဖက်ကို သေသေချာချာ စူးစိုက်သတိပြုမယ်ဆိုရင် စုံရှူသွင်းရှူထုတ်လုပ်နေ တဲ့အချိန်ဟာ မရှိသလောက်ရှားပါတယ်။ သို့မဟုတ် ညာဘက်က အဓိကထားပြီး ရှူရှိုက်နေတာ အစဉ် အမြဲပါပဲ။ သေသေချာချာ စောင့်ကြည့်ရင် ရှင်းရှင်း လင်းလင်း သိသာနိုင်ပါတယ်။

အိပ်ရာကနိုးနိုးခြင်း မိမိရဲ့နှာခေါင်းပေါက် ဘယ်ဘက်က ရှူနေတာလဲဆိုတာ သတိထားကြည့် လိုက်ပါ။ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သော ကြာနေ့တွေမှာ (ဝဲ)ဘက်(ဘယ်ဘက်)က နှာခေါင်းက အသက်ရှူနေရင် ကြံတိုင်းအောင်ပြီး ဆောင်တိုင်း မြောက်မှာ ဖြစ်ပါတယ်။

တကယ်လို့ အင်္ဂါ၊ စနေ၊ တနင်္ဂနွေနေ့တွေ မှာ လကျာ်ဘက် နှာခေါင်းပွင့်ပြီး အသက်ရှူသွင်းရှူ ထုတ်နေမယ်ဆိုရင် ကြံတိုင်းအောင်ဆောင်တိုင်း မြောက်မှာ ဖြစ်ပါတယ်။ တကယ်လို့များ နောက် တစ်နေ့ရဲ့ ဆန့်ကျင်ဘက်အပေါက်က ရှူနေမယ် ဆိုရင် အကြံအစည် မအောင်မြင်ဘဲရှိတတ်ပါတယ်။ ရှူရမယ့် အပေါက် နည်းနည်းအဆင်မပြေဖြစ်တာ များများအဆင်မပြေ ဖြစ်တာတွေကို ကြိုသိနိုင်ပါ လိမ့်မယ်။

သားကောင်းရတနာ ရချင်တယ်ဆိုရင် အစီ အရင်လေးလုပ်ပြီး ကြိုးပမ်းကြည့်နိုင်ပါတယ်။ မိန်းမ ရာသီလာပြီးနောက် ငါးရက်နေ့ည ခုနစ်ရက်နေ့ည   ကိုးရက်နေ့ညတွေမှာ လင်က လကျာ်ဘက်နှာခေါင်း ပွင့်ပြီး မယားက လက်ဝဲဘက်နှာခေါင်းပွင့်နေတဲ့အ ခါ “သားကောင်းရတနာ ရလိုပါတယ်”လို့ စိတ်က တောင့်တဆုတောင်းပြီး ကိုယ်လက်နှီးနှောသွားမယ် ဆိုရင် အလိုရှိအပ်တဲ့ သားမြတ်ရတနာကိုကောင်း မွန်စွာရလိမ့်မယ်လို့ ဆိုတယ်။

ရန်သူကို မိတ်ဆွေပြုလိုတဲ့အခါမှာတော့ အဲဒီ သူနဲ့ စကားပြောရင် ပွင့်နေတဲ့နှာခေါင်းဘက်က အဲဒီ့ လူကို ထားပြီးစကားပြောပါ။ ပြန်ပြီးချစ်ခင်လာမယ်။ မိတ်ကောင်းဆွေကောင်းဖြစ်လာမယ်လို့ဆိုပါတယ်။

ကျန်းမာရေးကောင်းချင်ရင်တော့ ကိုယ့်အစာ အိမ်က လက်ခံနိုင်တဲ့ အစာရဲ့တစ်ဝက်ပဲစားပါ။ အစာ ကြေလောက်မှ ရေသောက်ပါ။ ရေကိုသုံးပုံတစ်ပုံ လောက် ဝမ်းဝအောင်သောက်နိုင်တယ်လို့ဆိုပါတယ်။ အစာစားပြီးရင် ဖြည်းဖြည်းနဲ့မှန်မှန် လမ်းလျှောက် ပေးဖို့လိုပါတယ်။ ပြီးရင် လက်ဝဲဘက်ကိုစောင်းပြီး လကျာ်နှာခေါင်းပေါက်ပွင့်စေဖို့ ခေတ္တလှဲနေရပါမယ်။ အပေါ့အလေးသွားချင်တာကို ဘယ်တော့မှမအောင့် ထားပါနဲ့။ ထမင်းစားတဲ့အခါနဲ့ အခင်းကြီးသွားတဲ့အခါ  ဝဲဘက် နှာခေါင်းပေါက်ပွင့်နေပါစေ။ ရေသောက်တဲ့ အခါနဲ့ အခင်းလေးသွားတဲ့အခါ(အပေါ့သွားတဲ့အခါ) ယာဘက်နှာခေါင်းပေါက်ပွင့်နေရင် အကောင်းဆုံးပါ ပဲ။

အလုပ်အကိုင်သွားမယ့် ခြေလှမ်းရဲ့ ပထမ ဆုံးခြေလှမ်းဟာ ဝင်လေထွက်လေရှူသွင်းရှု ထုတ် နေတဲ့ဘက်ကနေ စတင်ပြီး လှမ်းရပါမယ်။ တကယ် လို့များ ဝဲဘက်နှာခေါင်းပေါက်က ရှူနေရင် အရှေ့နဲ့ မြောက်အရပ်ကို စမသွားရပါဘူး။ ယာဘက် နှာခေါင်းပွင့်နေရင်တော့ အနောက်နဲ့ တောင်အရပ်ကို စမသွားရပါဘူး။ ဆိုလိုတာကတော့ မိမိအိမ်ရှေ့က ဘယ်ဘက် လှည့်ထားသလဲဆိုတာ သတိပြုဆင်ခြင် ရမှာပေါ့။

အိပ်ရာက နိုးနိုးချင်း ပွင့်နေတဲ့နှာခေါင်း ပေါက်ဘက်က လက်နဲ့ မိမိရဲ့ ပါးစပ်ကိုထိကိုင် သုံးသပ်ပါ။ အဲသလိုဆိုရင် အဲဒီနေ့မှာ မိမိရဲ့လိုအင် ဆန္ဒတွေ ပြည့်ဝစေမယ်လို့ ဆိုပါတယ်။ (ပါးစပ်ကို သုံးသပ်ရမယ်ဆိုတော့ ညအိပ်ရာဝင်ရင် လက်နှစ် ဖက်စလုံး ဆပ်ပြာနဲ့ စင်စင်ဆေးပြီးအိပ်ပေါ့။ ပြီး တော့ ဟိုကိုင် သည်ကိုင် မလုပ်နဲ့ပေါ့)

နှစ်တစ်နှစ်ရဲ့ နှစ်ဆန်း ၁ ရက်၊ ၂ ရက်၊ ၃ ရက်တွေမှာ လက်ဝဲနှာခေါင်းပေါက်ကနေ နေထွက် ချိန်မှာ ဝင်သက်ထွက်သက်ဖြစ်ပေါ်နေရင် အဲဒီတစ် နှစ်တာပတ်လုံး ပျော်ရွှင်ကြည်နူးရမယ်။ စုတ်တွေ လာဘ်တွေ ဝင်တတ်တယ်လို့ မှတ်ယူရပါမယ်။ အဲသလို မဟုတ်ရင်တော့ ဆန့်ကျင်ဘက်ယူဆရမှာ ပေါ့။ ဝဲဘက်က ရှူသွင်းရှူထုတ်လုပ်နေရင် အောင် မြင်မှုတွေရမယ်။ မိတ်ဆွေများသွားရတဲ့နှစ်ဖြစ်မယ်။ ကျော်ဇောထင်ရှားမယ်။ လူအများ ရိုသေကိုင်းရှိုင်း မယ်လို့လည်း ယူသော်ရပါတယ်။

ဗေဒင်ဆရာများ အကြားအမြင်ဆရာများ သတိထားရမယ့်အချက် လွယ်လွယ်လေးနဲ့ ကောင်း တာရှိပါတယ်။ ကိုယ့်ဆီကို မေးမြန်းတဲ့လူရောက်လာ ရင် ကိုယ့်ရဲ့နှာခေါင်းဘယ်ဘက်က အသက်ရှူနေသ လဲ သတိထားလိုက်ပါ။ ဝဲဘက်ကရှုနေတယ်ဆိုရင် ကောင်းကြောင်း သင့်တော်ကြောင်း ဟောရမယ်။ ယာဘက်က ရှူနေရင်တော့ ညံ့ကြောင်း မသင့်တော် ကြောင်း ဟောရမှာဖြစ်ပါတယ်။

လှူနေဒါနပြုနေစဉ်အချိန်အတောအတွင်းမှာ ဝင်လေရှူသွင်းနေစဉ်လှူပါ။ အဆပေါင်းများစွာ လှူ နိုင်လာပါလိမ့်မယ်။ အကျိုးရှိပါလိမ့်မယ်။ တချို့သော လောကီပညာရပ်တွေဟာ လွယ်လွယ်လေးတွေလို့ ထင်ရပေမယ့် လူတွေဟာ သေသေချာချာ စွဲစွဲမြဲမြဲ မကျင့်ကြံဖြစ်ကြဘူး။ တကယ်တမ်း စွဲစွဲမြဲမြဲကျင့်ကြံ ဖြစ်ပြီဆိုရင် အမှန်တကယ် အောင်မြင်အကျိုးရှိလာ တာကို ဒိဋ္ဌဓမ္မ မြင်တွေ့ကြရမှာဖြစ်တယ်။

ကိုယ်တွေ့ကို ပြောရမယ်ဆိုရင် မနက်အိပ် ရာက နိုးနိုးချင်းအချိန်မှာ အသက်ရှူသွင်းရှူထုတ်နေ တဲ့ နှာခေါင်းပေါက်ဘက်က လက်နဲ့ ကိုယ့်ပါးစပ်ကို သုံးသပ်တဲ့ကိစ္စကို စွဲစွဲမြဲမြဲလုပ်ဆောင်ကြည့်တဲ့အခါ အမှန်တကယ် လိုအင်ဆန္ဒတွေပြည့်လာတာကို ကိုယ် တွေ့ ကြုံရတယ်။ ထူးထူးခြားခြားဖြစ်လာခဲ့တာတွေ အများကြီးရှိပါတယ်။

နည်းကားမခက်၊

လုပ်ပုံခက်၏။

ဇေယျတုသဗ္ဗမင်္ဂလံ

လင်းရောင်တင်

အရာရာအောင်မြင်စေတဲ့ ရတနာဒီပံရွှေ ဖယောင်းတိုင်ကိစ္စ၊ အခြားကိစ္စများအတွက် လာ ရောက်ဆွေးနွေးလိုပါက တိုက်အမှတ်(၁၁၀၇) ယဿဝတီ၁၈လမ်း၊ တောင်ဥက္ကလာ ၁၃ ရပ်ကွက် ရန်ကုန်မြို့။ ဖုန်း – ဝ၉ ၄၂၀ဝ ၁၄၆၁၄

Comments

comments

Post Author: manawmaya