အိမ်က အလုပ်က ထွက်ပြေးချင်စိတ်ပေါ်တတ်သောနှစ်






 



 

တနင်္လာသားသမီးများ


 

အင်္ဂါသားသမီးများ


 

ဗုဒ္ဓဟူးသားသမီးများ


 

ကြာသပတေးသားသမီးများ


 

သောကြာသားသမီးများ


 

စနေသားသမီးများ


 

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

 

Unicode

လူတွေအားလုံးကတော့ သူသူကိုယ်ကိုယ် အလုပ်ကိုယ်စီ လုပ်နေကြရတာပါပဲ။ ကလေးလည်း ကလေးအလျောက်၊ လူကြီးလည်း လူကြီးအလျောက် လုပ်ရတာပေါ့ဗျာ။
အဲဒီမှာ အဆင်ပြေပြေ ရှိနေတတ်ကြသလို ဘာရယ်မဟုတ်၊ ကြီးကြီးမားမား ပြဿနာလည်း မဟုတ်ဘဲနဲ့ အိမ်က ထွက်ပြေးချင်သလိုလို၊ အလုပ်က ထွက်ပြေးချင်သလိုလို ဆိုတာမျိုးလည်း ကြုံရ တတ်ပေသပေါ့ဗျာ …။

အဲဒီလိုနှစ်တွေမှာဆိုရင် စိတ်တွေလေနေမယ်၊ စိတ်နဲ့ကိုယ်နဲ့မကပ်တွေ ဖြစ်နေမယ်၊ ဒီဟာ လုပ်ရမလိုလို၊ ဟိုဟာလုပ်ရမလိုလို ယောင်ချာချာတွေ ဖြစ်နေတတ်ပါတယ်။

အထူးသဖြင့် လက်ရှိ လုပ်နေတဲ့အလုပ်တွေကို စိတ်ကုန်နေ၊ စိတ်ပျက်နေတတ်ပါတယ်။ မိတ် ဆွေကောင်းတစ်ယောက်အနေနဲ့ အကြုံပြုချင်တာကတော့ အဲဒီလိုနှစ်တွေမှာ လုပ်လက်စအလုပ်တွေကိုပဲ  အေးအေးလူလူလေး ဆက်ပြီးလုပ်နေသင့်ပါတယ်။ ဒီအလုပ်မှာ စိတ်တိုင်းမကျလို့ နောက်အလုပ်ပြောင်း ရင်လည်း ဒီလိုပဲ ဖြစ်နေဦးမှာပါပဲ။ ဒါကြောင့် အလုပ်လည်း နေမြဲ၊ နေရာလည်းနေမြဲလေးပဲ ကောင်းသော နှစ်လို့ ပြောရပါလိမ့်မယ်။

ကျောင်းသူကျောင်းသားတွေဆိုရင်လည်း ကျောင်းကပဲ ထွက်ချင်သလိုလို၊ အလုပ်ပဲ ထွက်လုပ်ချင်သလိုလို စိတ်တွေ လေတတ်ပါတယ်။ လူ ကြီးသူမတွေဆိုရင်လည်း ဟိုသားသမီးဆီသွားနေ တော့မလိုလို၊ ဒီသားသမီးဆီမှာပဲ နေတော့မလိုလို ချီတုံချတုံတွေ ဖြစ်တတ်ကြောင်းပါဗျာ …။

တနင်္ဂနွေသားသမီးများ

အသက် ၃ နှစ်၊ ၁၁ နှစ်၊ ၁၉ နှစ်၊ ၂၇ နှစ်၊ ၃၅ နှစ်၊ ၄၃ နှစ်၊ ၅၁ နှစ်၊ ၅၉ နှစ်၊ ၆၇ နှစ်၊ ၇၅ နှစ်၊ ၈၃ နှစ်၊

တနင်္လာသားသမီးများ

အသက် ၂ နှစ်၊ ၁၀ နှစ်၊ ၁၈ နှစ်၊ ၂၆ နှစ်၊ ၃၄ နှစ်၊ ၄၂ နှစ်၊ ၅၀ နှစ်၊ ၅၈ နှစ်၊ ၆၆ နှစ်၊ ၇၄ နှစ်၊ ၈၂ နှစ်၊

အင်္ဂါသားသမီးများ

အသက် ၁ နှစ်၊ ၉ နှစ်၊ ၁၇ နှစ်၊ ၂၅ နှစ်၊ ၃၃ နှစ်၊ ၄၁ နှစ်၊ ၄၉ နှစ်၊ ၅၇ နှစ်၊ ၆၅ နှစ်၊ ၇၃ နှစ်၊ ၈၁ နှစ်၊ ၈၉ နှစ်၊

ဗုဒ္ဓဟူးသားသမီးများ

အသက် ၈ နှစ်၊ ၁၆ နှစ်၊ ၂၄ နှစ်၊ ၃၂ နှစ်၊ ၄၀ နှစ်၊ ၄၈ နှစ်၊ ၅၆ နှစ်၊ ၆၄ နှစ်၊ ၇၂ နှစ်၊ ၈၀ နှစ်၊ ၈၈ နှစ်၊

ကြာသပတေးသားသမီးများ

အသက် ၆ နှစ်၊ ၁၄ နှစ်၊ ၂၂ နှစ်၊ ၃၀ နှစ်၊ ၃၈ နှစ်၊ ၄၆ နှစ်၊ ၅၄ နှစ်၊ ၆၂ နှစ်၊ ၇၀ နှစ်၊ ၇၈ နှစ်၊ ၈၆ နှစ်၊

သောကြာသားသမီးများ

အသက် ၄ နှစ်၊ ၁၂ နှစ်၊ ၂၀ နှစ်၊ ၂၈ နှစ်၊ ၃၆ နှစ်၊ ၄၄ နှစ်၊ ၅၂ နှစ်၊ ၆၀ နှစ်၊ ၆၈ နှစ်၊ ၇၆ နှစ်၊ ၈၄ နှစ်၊

စနေသားသမီးများ

အသက် ၇ နှစ်၊ ၁၅ နှစ်၊ ၂၃ နှစ်၊ ၃၁ နှစ်၊ ၃၉ နှစ်၊ ၄၇ နှစ်၊ ၅၅ နှစ်၊ ၆၃ နှစ်၊ ၇၁ နှစ်၊ ၇၉ နှစ်၊ ၈၇ နှစ်၊

သဗ္ဗေဓမ္မာ

 

ဇင်ယော်နီ

Comments

comments

Post Author: manawmaya