ေကာ္ဖီႏွင့္ ေကာ္ဖီခြက္

ခုခ်ိန္မွာ အလုပ္အကိုင္ အသီးသီးရေနၿပီျဖစ္ၾကတဲ့ တကၠသိုလ္ေက်ာင္းသား ေက်ာင္းသူေဟာင္း တစ္စုဟာ သူတိုရဲ႕ ဆရာ ပါေမာကၡႀကီးအိမ္ကို ဂါရဝျပဳဖို႔ ေရာက္သြားၾကပါတယ္။ မေတြ႕ရတာၾကာၿပီျဖစ္တဲ့ သူငယ္ခ်င္းေတြဟာ ေရာက္တတ္ရာရာ စကားေတြ ေဖာင္ဖြဲ႕ရင္း သူတို႔ဘဝနဲ႔ လုပ္ငန္းခြင္ေတြမွာ ေတြ႕ႀကံဳရတဲ့ အခက္အခဲေတြနဲ႔ စိတ္ဖိစီးတင္းက်ပ္မႈေတြ ျဖစ္ရတဲ့အေၾကာင္းေတြ ေျပာဆိုေနၾကပါတယ္။

ပါေမာကၡႀကီးက သူ႔တပည့္ေတြကို ေကာ္ဖီတိုက္ဖို႔ ေနာက္ဘက္အခန္းထဲ ဝင္သြားျပီး မၾကာခင္မွာ ေကာ္ဖီအိုးၾကီးနဲ႔ ခြက္မ်ိဳးစံုကို ယူလာပါတယ္။ေကာ္ဖီခြက္ေတြက မ်ိဳးစံုပါ။ ေျြကခြက္၊ ဖန္ခြက္၊ ပလတ္စတစ္ခြက္၊ စကၠဴခြက္၊ ေဈးေပါတဲ့ ခြက္ေတြ ပါသလို ႏိုင္ငံျခားကလာတဲ့ ေဈးႀကီးတဲ့ခြက္၊ ေရာင္စံုလွပတဲ့ခြက္၊ ကႏုတ္ပန္းေတြနဲ႔ အလွဆင္တဲ့ ခြက္မ်ိဳးစံုပါ။ေကာ္ဖီပူပူေလး ေသာက္ဖို႔ ပါေမာကၡၾကီးက ေျပာပါတယ္။

သူတပည့္ေတြက ေကာ္ဖီခြက္ေတြကိုယူၿပီး ထည့္ေသာက္ၾကတဲ့အခါ ပါေမာကၡၾကီးက “မင္းတို႔ သတိျပဳမိၾကသလား …၊ လွပတဲ့ခြက္၊ ေဈးႀကီးတဲ့ခြက္ေတြကိုပဲ ေရြးၿပီး ထည့္ေသာက္ၾကတယ္ …၊ ေဈးေပါၿပီး အေရာင္အေသြးမလွတဲ့ ခြက္ေတြကိုေတာ့ ဘယ္သူကမွ မကိုင္ၾကဘူး …၊ မင္းတို႔ဟာ ကိုယ့္အတြက္ အေကာင္းဆံုးကိုပဲ လိုခ်င္ၾကတာ လူ႕သဘာဝပဲ …၊ မင္းတို႔ ခုႀကံဳေနၾကရတဲ့ ျပသနာေတြနဲ႔ စိတ္ဖိစီးေနတာေတြရဲ႕ အေျခခံ အေၾကာင္းရင္းေတြက ဒါပဲ …၊ မင္းတို႔ ေသာက္ခ်င္တာက ေကာ္ဖီ … ခြက္ကို မဟုတ္ဘူး …၊ ဒါေပမဲ့ အေကာင္းဆံုးခြက္ကိုမွ ေရြးၾကတယ္ …၊ ေနာက္ၿပီး ဘယ္သူခြက္က ငါ့ခြက္ထက္ ပိုေကာင္းသလဲဆိုတာ မသိမသာ လွမ္းၾကည့္ၾကေသးတယ္ …”

“ေကာင္းၿပီတပည့္တို႔ … တကယ္လို႔ ဘဝဟာ ေကာ္ဖီဆိုရင္ အလုပ္အကိုင္ေတြ၊ ေငြေၾကးေတြနဲ႔ လူအသိုင္းအဝိုင္း

မွာ အဆင့္အတန္းေတြဟာ ေကာ္ဖီထည့္တဲ့ ခြက္ေတြပဲေပါ့ …၊ ဘဝဆိုတဲ့ ေကာ္ဖီကို ဒီလို ခြက္ေတြထဲမွာ ထည့္ထားတဲ့ သေဘာ ပဲ …၊ ဘယ္ခြက္မွာပဲ ထည့္ထည့္ ဘဝအရည္အေသြးဟာ ေျပာင္းလဲသြားမွာ မဟုတ္ပါဘူး …၊ တစ္ခါတေလမွာ ေကာ္ဖီခြက္ကို အာ႐ံုစိုက္ေနရင္ ေကာ္ဖီရဲ႕အရသာကို ခံစားမိေတာ့မွာ မဟုတ္ဘူး …၊ ခြက္ကို ဦးစားေပးမယ့္အစား ေကာ္ဖီရဲ႕ အရသာကို ခံစားၾက ပါတပည့္တို႔ …”

 

ေက်ာ္ေဌး(ဘီေအစီ)

 

Unicode Version

ကော်ဖီနှင့် ကော်ဖီခွက်
** ကျော်ဌေး(ဘီအေစီ) **

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

ခုချိန်မှာ အလုပ်အကိုင် အသီးသီးရနေပြီဖြစ်ကြတဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူဟောင်း တစ်စုဟာ သူတိုရဲ့ ဆရာ ပါမောက္ခကြီးအိမ်ကို ဂါရဝပြုဖို့ ရောက်သွားကြပါတယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေဟာ ရောက်တတ်ရာရာ စကားတွေ ဖောင်ဖွဲ့ရင်း သူတို့ဘဝနဲ့ လုပ်ငန်းခွင်တွေမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ စိတ်ဖိစီးတင်းကျပ်မှုတွေ ဖြစ်ရတဲ့အကြောင်းတွေ ပြောဆိုနေကြပါတယ်။
ပါမောက္ခကြီးက သူ့တပည့်တွေကို ကော်ဖီတိုက်ဖို့ နောက်ဘက်အခန်းထဲ ဝင်သွားပြီး မကြာခင်မှာ ကော်ဖီအိုးကြီးနဲ့ ခွက်မျိုးစုံကို ယူလာပါတယ်။ကော်ဖီခွက်တွေက မျိုးစုံပါ။ ြွေကခွက်၊ ဖန်ခွက်၊ ပလတ်စတစ်ခွက်၊ စက္ကူခွက်၊ ဈေးပေါတဲ့ ခွက်တွေ ပါသလို နိုင်ငံခြားကလာတဲ့ ဈေးကြီးတဲ့ခွက်၊ ရောင်စုံလှပတဲ့ခွက်၊ ကနုတ်ပန်းတွေနဲ့ အလှဆင်တဲ့ ခွက်မျိုးစုံပါ။ကော်ဖီပူပူလေး သောက်ဖို့ ပါမောက္ခကြီးက ပြောပါတယ်။
သူတပည့်တွေက ကော်ဖီခွက်တွေကိုယူပြီး ထည့်သောက်ကြတဲ့အခါ ပါမောက္ခကြီးက “မင်းတို့ သတိပြုမိကြသလား …၊ လှပတဲ့ခွက်၊ ဈေးကြီးတဲ့ခွက်တွေကိုပဲ ရွေးပြီး ထည့်သောက်ကြတယ် …၊ ဈေးပေါပြီး အရောင်အသွေးမလှတဲ့ ခွက်တွေကိုတော့ ဘယ်သူကမှ မကိုင်ကြဘူး …၊ မင်းတို့ဟာ ကိုယ့်အတွက် အကောင်းဆုံးကိုပဲ လိုချင်ကြတာ လူ့သဘာဝပဲ …၊ မင်းတို့ ခုကြုံနေကြရတဲ့ ပြသနာတွေနဲ့ စိတ်ဖိစီးနေတာတွေရဲ့ အခြေခံ အကြောင်းရင်းတွေက ဒါပဲ …၊ မင်းတို့ သောက်ချင်တာက ကော်ဖီ … ခွက်ကို မဟုတ်ဘူး …၊ ဒါပေမဲ့ အကောင်းဆုံးခွက်ကိုမှ ရွေးကြတယ် …၊ နောက်ပြီး ဘယ်သူခွက်က ငါ့ခွက်ထက် ပိုကောင်းသလဲဆိုတာ မသိမသာ လှမ်းကြည့်ကြသေးတယ် …”
“ကောင်းပြီတပည့်တို့ … တကယ်လို့ ဘဝဟာ ကော်ဖီဆိုရင် အလုပ်အကိုင်တွေ၊ ငွေကြေးတွေနဲ့ လူအသိုင်းအဝိုင်း
မှာ အဆင့်အတန်းတွေဟာ ကော်ဖီထည့်တဲ့ ခွက်တွေပဲပေါ့ …၊ ဘဝဆိုတဲ့ ကော်ဖီကို ဒီလို ခွက်တွေထဲမှာ ထည့်ထားတဲ့ သဘော ပဲ …၊ ဘယ်ခွက်မှာပဲ ထည့်ထည့် ဘဝအရည်အသွေးဟာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး …၊ တစ်ခါတလေမှာ ကော်ဖီခွက်ကို အာရုံစိုက်နေရင် ကော်ဖီရဲ့အရသာကို ခံစားမိတော့မှာ မဟုတ်ဘူး …၊ ခွက်ကို ဦးစားပေးမယ့်အစား ကော်ဖီရဲ့ အရသာကို ခံစားကြ ပါတပည့်တို့ …”

ကျော်ဌေး(ဘီအေစီ)

Comments

comments

Post Author: manawmaya