ကေလာသ​တောင်​ဆရာ​တော­်ကြောင့် လေယာဉ်ပျက်ကျမယ့်ဘေးက­ ထူးဆန်းအံ့သြဖွယ် လွတ်ခဲ့သောခရီးစဉ်

“လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာကြသော

ခရီးသည်အပေါင်းတို့ရှင် …

ကျွန်မတို့လေယာဉ်သည်

မကြာခင်မှာပင် ခန္တီးလေဆိပ်သို့ ဆင်းသက်တော့မည်ဖြစ်ပါ၍

ထိုင်ခုံခါးပတ်များအား ပတ်ထားကြပါရန် မေတ္တာရပ်ခံပါသည်ရှင် …”

လေယာဉ်မယ်လေး၏ချိုမြိန်သော သတိပေးသံနှင့်အတူ

လိုက်ပါလာကြသော ခရီးသည်များမှာ ထိုင်ခုံခါးပတ်များကို မိမိတို့ခါးသို့ပတ်လျက်အနေအထားဖြင့်

လေယာဉ်နှင့် လေယာဉ်ပြေးလမ်းတို့၏ထိတွေ့မည့်အချိန်ကို ငံ့လင့်နေကြသည်။

မိနစ်များစွာကြာသည်အထိ လေယာဉ်နှင့် လေယာဉ်ပြေးလမ်းထိတွေ့ရိုက်ခတ်ခြင်း မရှိခဲ့ပါ။

သို့ဖြစ်၍ ခရီးသည်များ တစ်ဦးနှင့်တစ်ဦး ကြည့်လျက် ဘယ်လိုပါလိမ့်ဟု အတွေးကိုယ်စီရှိနေခိုက် …

“ခရီးသည်များရှင့် ကျွန်မတို့လေယာဉ်သည် ခန္တီးလေဆိပ်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ရာသီဥတုဆိုးရွား၍ မိုးနှင်းများ အဆက်မပြတ်ကျရောက်ပိတ်ဖုံးနေပါသဖြင့်

လေယာဉ်ဆင်းသက်ရန် ခက်ခဲနေပါ၍

သည်းခံစောင့်ဆိုင်းနေကြပါရန်နှင့် ထိုင်ခုံခါးပတ်များကို တင်းတင်းပတ်ထားကြပါရန် သတိပေးအပ်ပါသည်ရှင့်”

“တီ… တီ… တီ”

လောယာဉ်မယ်၏သတိပေးသံအဆုံး အချက်ပေးသံမြည်လာသဖြင့်

လေယာဉ်မယ်သည် လေယာဉ်မှူးရှိရာ ဦးခန်းသို့ ခပ်သွက်သွက်လျှောက်၍ သွားပါတော့သည်။

“ဟာ.. ဒုက္ခပါပဲဟေ့”

“ဘယ်လိုလုပ်ကြမလဲ”

“အိုဗျာ … ကိုယ့်နေရာကိုယ် ငြိမ်ငြိမ်ထိုင်နေကြစမ်းပါ”

ခရီးသည်များ စိုးရိမ်ပူပန်စိတ်များဖြင့် ပြောဆိုနေကြစဉ်

လေယာဉ်မယ်နှင့် လေယာဉ်မောင်နှစ်ဦး လေယာဉ်မှူးအခန်းမှ ထွက်လာကြသည်ကို တွေ့ကြရ၍ သိလိုစိတ်ဖြင့် ကြည့်နေမိကြပါတော့သည်။

လေယာဉ်မောင်သည် လက်အုပ်ချီ ရှိခိုး၍

“အရှင်ဘုရား တပည့်တော်များ လေယာဉ်ပေါ်တွင် ဆရာတော်တစ်ပါး ပါလာကြောင်း သိရပါတယ်ဘုရား

ယခု တပည့်တော်များ လေယာဉ်မှာ ရာသီဥတု ဆိုးရွားလှ၍ လေယာဉ်ကွင်းကိုလည်း မမြင်ရ၊ ယောဉ်ပြေးလမ်းကိုလည်း မမြင်ရသည့်အပြင် မြစ်ကြီးနားသို့ ပြန်လှည့်ရန်မှာလည်း လေယာဉ်ဆီ မလုံလောက်သည့်အခြေအနေမှာ ရှိနေပါတယ်ဘုရား

ဒါကြောင့်မို့ ဆရာတော်မှ အတတ်နိုင်ဆုံး စောင့်ရှောက်တော်မူပါရန် ရိုသေစွာ လျှောက်ထားပါတယ်ဘုရား”

လေယာဉ်မောင်သည် အားကိုးကြီးစွာဖြင့် လေယာဉ်ဦးပိုင်းထိုင်ခုံရှိ ဆရာတော်တစ်ပါးကို လျှောက်ထားနေသည်ကို တွေ့ကြရသဖြင့်

အားလုံးငြိမ်သက်လျက် ရင်တမမဖြင့် ကြည့်နေကြသည်။

ထိုအချိန်တွင်

“ကောင်းပြီလေ။ ဘုန်းကြီး လေယာဉ်ခန်းကို ကြွလို့ရမလား”

“မှန်လှပါဘုရား၊ ရပါတယ် ကြွတော်မူပါဘုရား”

လေယာဉ်မောင်၏လျှောက်ထားသံအဆုံး ကြေးတောင်ဝှေးကို ညာလက်မှကိုင်လျက် လေယာဉ်မှူးအခန်းသို့ ကြွသွားသည်ကို တွေ့ကြရသည်။

လေယာဉ်ပေါ်ရှိ ခရီးသည်များလည်း တထိတ်ထိတ်နှင့်ရှိနေကြလျက် ဆုမွန်ကောင်းများ တောင်းကာ

မိမိတို့ ရသမျှ ဂါထာမန္တာန်များကိုရွတ်လျက် ။

သို့ရှိစဉ် …

“ခရီးသည်များအားလုံး သတိထားပါ။

ခန္တီးလေယာဉ်ကွင်းကို လေယာဉ်ဆင်းသက်နေပြီဖြစ်ပါတယ်”

စကားသံအဆုံး သိပ်မကြာမီ လေယာဉ်ဘီးနှင့် လေယာဉ်ပြေးလမ်းထိသံကြားလိုက်ရကာ လေယာဉ်မှာ တသိမ့်သိမ့် တုန်ခါသွားပါတော့သည်။

လေယာဉ်သည် ချောမောစွာ ဆင်းသက်နိုင်ခဲ့ပေပြီ။

အန္တရာယ်မှ လွတ်ခဲ့ရပြီဖြစ်ပါသည်။

လေယာဉ်မှူးမှ

“ခရီးသည်များခင်ဗျာ … ဆရာတော်ကြွပြီှး နောက်ကလိုက်ပါဆင်းကြပါခင်ဗျ။

ယနေ့ ကျွန်တော်တို့အားလုံးသည် အင်မတန်ကံကောင်းခဲ့ကြပါတယ်။

ဒီလိုကံကောင်းခြင်းမှာလည်း ဆရာတော်ရဲ့ကျေးဇူးကြောင့်လို့ ပြောလိုပါတယ်”

ထိုသို့ပြောနေရာမှ လေယာဉ်မှူးသည် ဆရာတော်အား ရှိခိုးလျက် …

“ဆရာတော်ဘုရားမှ လက်တစ်ဖက်က တောင်ဝှေးကိုင်ပြီး လက်တစ်ဖက်က လေယာဉ်အရှေ့ဘက်ကို လက်ညှိုးထိုးပြီး ဂါထာများကို ရွတ်ဆိုနေရာ မကြာခင်မှာပဲ မိုးနှင်းထုကြားမှ ဆလိုက်မီးမောင်းထိုးပြလိုက်သလို ခန္တီးလေယာဉ်ကွင်းပြေးလမ်းကို ထင်ထင်ရှားရှားတွေ့မြင်ခဲ့ရပါတယ်။

ဘေးနှစ်ဖက် မှောင်မြဲမှောင်နေပြီး လေယာဉ်ပြေးလမ်းတည့်တည့်ကိုသာ မီးမောင်းထိုးထားသလို တွေ့မြင်ရလို့ အံ့သြ၀မ်းသာစွာနဲ့ အခုလို ဘေးကင်းစွာ ဆင်းသက်နိုင်ပါကြောင်း ပြောကြားအပ်ပါတယ်”

လေယာဉ်မှူးစကားအဆုံး ခရီးသည်အားလုံးမှ လက်အုပ်ကိုယ်စီချီ၍ ရှိခိုးလိုက်ကြပါသည်။

ခန္တီးမြေကို ခြေချလျှင်ပဲ ခရီးသည်နှင့် လာကြိုသူတို့သည် အဖြစ်အပျက်များကို အပြန်အလှန်ပြောဆိုသံ တီးတိုးဖြင့် ဆရာတော်အား လက်ညှိုးတထိုးထိုးရှိနေပေတော့သည်။

ထိုအခိုက် လေယာဉ်မှူးနှင့် လေယာဉ်မောင်မယ်တို့သည် ဆရာတော်နား ချဉ်းကပ်လျက် “ဆရာတော်ဘုရား ခေတ္တအနားယူရန် ကြွတော်မူပါ့ဘုရား”ဟု လျှောက်ထားလျက် နားနေဆောင်သို့ ပင့်ဆောင်သွားပါတော့သည်။

ခန္တီးမြို့လေယာဉ်ကွင်းတွင် ဆရာတော်အား ပင့်ဆောင်ကြိုဆိုရေးအဖွဲ့များ၊ လေယာဉ်မှူးနှင့် လေယာဉ်မောင်မယ်များ၊ လေယာဉ်ပေါ်မှာပါလာသည့် ခရီးသည်အချို့ပရိသတ်သုံးဆယ်ခန့်သည် မိမိတို့တွင် ပါလာကြသော လှူဖွယ်ဝတ္ထုတို့ဖြင့် ဆက်ကပ်လှူဒါန်းကြရင်း မေးလျှောက်ကြလေသည်။

ထိုသို့မေးလျှောက်ရာတွင် လေယာဉ်မှူးကြီးမှ

“ဆရာတော်ဘုရားရဲ့ ကျေးဇူးကြီးမားလှပါတယ်ဘုရား”

“ဘာကြောင့်လဲဒကာ”

“ဆရာတော်ဂါထာရွတ်ဆို အဓိဌာန်ပြုသဖြင့် လေယာဉ်ဆင်းသက်နိုင်ခဲ့လို့ ခရီးသည်နဲ့တပည့်တော်တို့ အသက်ဘေးမှ လွတ်မြောက်ခဲ့ရတယ်မဟုတ်လားဘုရား။

ဒါကြောင့် ကျေးဇူးကြီးမားလှပါတယ်လို့ လျှောက်တာပါဘုရား”

“ဒါယကာကြီးတို့ ကျေးဇူးတင်ချင်လည်း မြတ်စွာဘုရားကို ကျေးဇူးတင်ပါ။

လေယာဉ်ပေါ်မှာ အရေးကြုံလို့ ဘုန်းကြီးရွတ်ခဲ့တဲ့ဂါထာက ဘုရားရှင်ရဲ့ပရိတ်တော်မို့ပါ”

“မှန်လှပါ အဲဒီလိုဆိုရင် မြတ်စွာဘုရားကိုရော ဆရာတော်ကိုပါ ကျေးဇူးတင်လှပါတယ်ဘုရား”

“တပည့်တော်တို့မှာလည်း အမြဲလိုလို လေယာဉ်နဲ့သွားနေရပါတယ်ဘုရား။ အခုလို အရေးကြုံလာရင် တပည့်တော်တို့နှင့် ခရီးသည်များ ဘေးရန်ကင်းဝေးစေရန် လေယာဉ်ပေါ်မှာ ရွတ်ဆိုခဲ့တဲ့ဂါထာအား သနားသဖြင့် ချီးမြှင့်တော်မူပါရန် လျှောက်ထားအပ်ပါသည်ဘုရား”ဟု လေယာဉ်မှူးကြီးမှ လျှောက်ထားရာ

ဆရာတော်မှ “ကောင်းပြီလေ။ ဒါယကာ၊ ဒါယကာမတို့ အရကျက်မှတ်ပြီး နေ့စဉ် ရွတ်ဆိုကြပါ။ ဂါထာဆိုတာ အရေးကြုံမှ ရွတ်ဆိုရတာ မဟုတ်ဘူး။ အမြဲတမ်း၊ အချိန်တိုင်း သတိရတိုင်း ရွတ်ဆိုနေရမယ်။ ဒါမှ အလေ့အကျင့်နဲ့ အထုံဖြစ်ပြီး အရေးကြုံလို့ ရွတ်ဆိုတဲ့အခါ တည်ငြိမ်လေးနက်ပြီး အာနိသင်ထက်ပါတယ်/

 

မွေးနေ့တိုင်း သတ္တ၀ါတွေကို ဘေးမဲ့ဒါနပြုတဲ့အနေနဲ့ သက်သတ်လွတ် ကြပါ။

 

သူများအသက်ကို ဘေးမဲ့ပေး သက်သတ်လွတ် စားထားတဲ့ ပုဂ္ဂိုလ်များဟာ ကိုယ့်အသက်ဘေးကြုံလို့ ဂါထာမန္တာန်တွေရွတ်ဆိုရာမှာ အာနိသင်ပိုပြီး ထက်မြက်စေပါတယ်”

 

ဆရာတော်သည် ထိုကဲ့သို့ မိန့်တော်မူပြီး

အောက်ဖော်ပြပါ ပရိတ်တော်ကို ချီးမြှင့်တော်မူသည်။

“ကဲ… အခု ဘုန်းကြီးရွတ်ပြခဲ့တဲ့ ဓဇဂ္ဂသုတ်တော်ကို ရွတ်ဆိုကြရင် ကုန်းဘေး၊ ရေဘေး၊ လေဘေးတို့မှ ကင်းပျောက်စေနိုင်ပါတယ်”

 

ထိုအခါ လေယာဉ်မှူးကြီးမှ …

“မှန်လှပါဘုရား။ တကယ်တမ်း အနီးကပ် ဘေးရန်ကြုံတွေ့ပြီး ဓဇဂ္ဂသုတ်ကို အရကျက်ပြီး နေ့စဉ်ရွတ်ဆိုပါ။ လေယာဉ်ပေါ်လည်း ရွတ်ဆိုပါ”

 

အရေးအကြောင်းကြုံပြီဆိုရင်ဖြင့် ကိုယ်အမြဲရွတ်ဆိုနေတဲ့ ဓဇဂ္ဂသုတ်တော်ကို ယုံကြည်အားထားစွာ သတိရပြီး

***ဓဇဂ္ဂသုတ္တံ၊ မံရက္ခံတု***

လို့ ရွတ်ဆိုလိုက်ရင်ပဲ ဘေးရန်ကင်းပါလိမ့်မယ်။

 

ဒီသုတ်တော်ကို အမြဲရွတ်ဆိုပါ။

အာကာသကောင်းကင်တွင်ပင် ရပ်တည်နိုင်စွမ်းရှိကြောင်း ဘုရားဟောထားပါတယ်။

“ကဲ ကဲ ဘုန်းကြီးတို့လည်း ညတရားပွဲရှိသေးတယ်။ လာကြိုသူများလည်း စောင့်ရတာ ကြာလှပြီ သွားလိုက်ဦးမယ်”

မှန်လှပါဘုရားဟု အားလုံးပြိုင်တူပြောဆို၍ ဆရာတော်အား ကန်တော့လိုက်ကြပါတော့သည်။

 

ထိုဆရာတော်ကား ကျွန်ုပ်၏ဆရာသခင်

**ကေလာသတောင် ဆရာတော် အရှင် အရိယဓမ္မသိဒ္ဓိ** ပင် ဖြစ်ပါတော့သည်။

 

သိဒ္ဓိအဖုံဖုံ ကုံလုံကြပါစေ။

ရေးသားသူ ၀ိမနုဿအား Credit ပေးပါသည်။

Comments

comments

Post Author: manawmaya