ယပ္ခတ္ၿပီး ေစ်းေရာင္းပါ

အဲဒီေန႔က ကြ်န္ေတာ္ အလိုေတာ္ျပည့္ဘုရား မွာ အဓိ႒ာန္ပုတီးစိပ္ၿပီး ေဟာခန္းကို ျပန္လာခဲ့ပါ တယ္။

အိမ္ကိုေရာက္ေတာ့ ကြ်န္ေတာ့္ရဲ႕ ေဗဒင္ ောဖက္သည္ႀကီး ေဒၚေအးသြယ္တစ္ေယာက္ေရာက္ ႏွင့္ေနတာကို ေတြ႕လိုက္ရပါတယ္။ ကြ်န္ေတာ့္ကိုယ္ စား စကားတတ္ကာစ သမီးအငယ္မေလးက ဧည့္ ေထာက္ခံၿပီး ေရေႏြးၾကမ္းနဲ႔ ဧည့္ခံထားလို႔ ႏွစ္ ေယာက္သား ေလေပးေျဖာင့္ေနတာကို ေတြ႕လိုက္ ရပါတယ္။

ၿပီးေတာ့မွ ေဟာခန္းထဲကိုဝင္လာၿပီး –

“ဆရာေရ …အခုတေလာ ေရာင္းပန္းဝယ္ ပန္း ေတာ္ေတာ္မေကာင္းတာ၊ နည္းေကာင္းလမ္း ေကာင္းေလး ညႊန္ၾကားျပသေပးပါဦး”လို႔ ေျပာလာ ပါေတာ့တယ္။ ညည္းလိုက္တာကလည္း လြန္ပါေရာ ပဲ။ အဲဒါနဲ႔ ကြ်န္ေတာ္က –

“ဒီမွာေဒၚေအးသြယ္ …၊ တစ္ေလာကလံုး မွာ ခင္ဗ်ားတစ္ေယာက္တည္းပဲ စိတ္ညစ္စရာေတြ ႀကံဳရတယ္လို႔ မေအာက္ေမ့ေလနဲ႔ …၊ က်ဳပ္တို႔ ဆရာႀကီးအဘမင္းသိခၤေရးသြားတဲ့ ျဖစ္ခ်င္တာျဖစ္ ေမာင္ဘခ်စ္ဆိုတဲ့ ဝတၳဳကို ဖတ္ၾကည့္လိုက္ …၊

အဲဒီထဲမွာ ဘာေရးထားသလဲဆိုေတာ့ –

“နည္းနည္းေလးစိတ္ညစ္လာရင္ ရာဇဝင္ စာအုပ္ေတြကို ေကာက္လွန္လိုက္ပါ …၊ ႀကံဳတဲ့ စာမ်က္ႏွာကို ဖတ္ၾကည့္လိုက္ပါ …၊ ေလာကႀကီး မွာ ကိုယ္တစ္ေယာက္တည္းပဲ စိတ္ညစ္စရာ ႀကံဳရ တာမဟုတ္ပါဘူး …၊ ကိုယ့္ထက္ အမ်ားႀကီး ဆိုး တာေတြကို ရာဇဝင္နဲ႔ခ်ီၿပီး ေတြ႕ရပါလိမ့္မယ္ …” လို႔ ေရးထားပါတယ္ ေဒၚေအးသြယ္ေရ …”ဟု စိတ္ေပါက္ေပါက္ႏွင့္ ေျပာလိုက္ေတာ့မွပင္ ေဒၚေအး သြယ္၏မ်က္ႏွာမွာလည္း ၿပံဳးေယာင္ သန္းသြားပါ ေတာ့တယ္။ ထိုအခါတြင္မွ ကြ်န္ေတာ္က –

“အဲဒီလိုေနစမ္းပါ ေဒၚေအးသြယ္ရယ္ …၊ မ်က္ႏွာႀကီး ရွစ္ေခါက္ခ်ိဳးနဲ႔ စူပုပ္ၿပီး ေဈးေရာင္းမယ္ ဆိုရင္ေတာ့ က်ဳပ္ရဲ႕ယၾတာေတြမေျပာနဲ႔ သိၾကားမင္း ႀကီးေပးတဲ့ယၾတာေတာင္ စြမ္းမွာမဟုတ္ဘူးဗ်ိဳ႕”လို႔ ေျပာလိုက္ရပါတယ္။ ၿပီးေတာ့မွ –

“ဒီလိုလုပ္ဗ် …၊ စာရြက္ေလးတစ္ရြက္ေပၚ မွာ ေဟာဒီဂါထာေလးကိုေရး ..၊ ၿပီးရင္ ယပ္ေတာင္ တစ္ေခ်ာင္းမွာကပ္ …၊ ကိုယ့္ဆိုင္က ေရာင္းကုန္ ပစၥည္းေတြကို ယပ္ခပ္ေပေတာ့ဗ်ိဳ႕ …”လို႔ ေျပာျပ ၿပီး စာရြက္လြတ္တစ္ရြက္ေပၚမွာ ေအာက္ပါဂါထာ ေလးကို ေရးျပလိုက္ရေၾကာင္းပါခင္ဗ်ာ …။

 

“နေမာတႆ ယေတာမဟိ၊

ဟိမေတာယ ႆတေမာန”

 

 

ေကာင္းစည္သူ(ပုဂံၿမိဳ႕သစ္)

 

Unicode Version

 

အဲဒီနေ့က ကျွန်တော် အလိုတော်ပြည့်ဘုရား မှာ အဓိဋ္ဌာန်ပုတီးစိပ်ပြီး ဟောခန်းကို ပြန်လာခဲ့ပါ တယ်။

အိမ်ကိုရောက်တော့ ကျွန်တော့်ရဲ့ ဗေဒင် ောဖက်သည်ကြီး ဒေါ်အေးသွယ်တစ်ယောက်ရောက် နှင့်နေတာကို တွေ့လိုက်ရပါတယ်။ ကျွန်တော့်ကိုယ် စား စကားတတ်ကာစ သမီးအငယ်မလေးက ဧည့် ထောက်ခံပြီး ရေနွေးကြမ်းနဲ့ ဧည့်ခံထားလို့ နှစ် ယောက်သား လေပေးဖြောင့်နေတာကို တွေ့လိုက် ရပါတယ်။

ပြီးတော့မှ ဟောခန်းထဲကိုဝင်လာပြီး –

“ဆရာရေ …အခုတလော ရောင်းပန်းဝယ် ပန်း တော်တော်မကောင်းတာ၊ နည်းကောင်းလမ်း ကောင်းလေး ညွှန်ကြားပြသပေးပါဦး”လို့ ပြောလာ ပါတော့တယ်။ ညည်းလိုက်တာကလည်း လွန်ပါရော ပဲ။ အဲဒါနဲ့ ကျွန်တော်က –

“ဒီမှာဒေါ်အေးသွယ် …၊ တစ်လောကလုံး မှာ ခင်ဗျားတစ်ယောက်တည်းပဲ စိတ်ညစ်စရာတွေ ကြုံရတယ်လို့ မအောက်မေ့လေနဲ့ …၊ ကျုပ်တို့ ဆရာကြီးအဘမင်းသိင်္ခရေးသွားတဲ့ ဖြစ်ချင်တာဖြစ် မောင်ဘချစ်ဆိုတဲ့ ဝတ္ထုကို ဖတ်ကြည့်လိုက် …၊

အဲဒီထဲမှာ ဘာရေးထားသလဲဆိုတော့ –

“နည်းနည်းလေးစိတ်ညစ်လာရင် ရာဇဝင် စာအုပ်တွေကို ကောက်လှန်လိုက်ပါ …၊ ကြုံတဲ့ စာမျက်နှာကို ဖတ်ကြည့်လိုက်ပါ …၊ လောကကြီး မှာ ကိုယ်တစ်ယောက်တည်းပဲ စိတ်ညစ်စရာ ကြုံရ တာမဟုတ်ပါဘူး …၊ ကိုယ့်ထက် အများကြီး ဆိုး တာတွေကို ရာဇဝင်နဲ့ချီပြီး တွေ့ရပါလိမ့်မယ် …” လို့ ရေးထားပါတယ် ဒေါ်အေးသွယ်ရေ …”ဟု စိတ်ပေါက်ပေါက်နှင့် ပြောလိုက်တော့မှပင် ဒေါ်အေး သွယ်၏မျက်နှာမှာလည်း ပြုံးယောင် သန်းသွားပါ တော့တယ်။ ထိုအခါတွင်မှ ကျွန်တော်က –

“အဲဒီလိုနေစမ်းပါ ဒေါ်အေးသွယ်ရယ် …၊ မျက်နှာကြီး ရှစ်ခေါက်ချိုးနဲ့ စူပုပ်ပြီး ဈေးရောင်းမယ် ဆိုရင်တော့ ကျုပ်ရဲ့ယတြာတွေမပြောနဲ့ သိကြားမင်း ကြီးပေးတဲ့ယတြာတောင် စွမ်းမှာမဟုတ်ဘူးဗျို့”လို့ ပြောလိုက်ရပါတယ်။ ပြီးတော့မှ –

“ဒီလိုလုပ်ဗျ …၊ စာရွက်လေးတစ်ရွက်ပေါ် မှာ ဟောဒီဂါထာလေးကိုရေး ..၊ ပြီးရင် ယပ်တောင် တစ်ချောင်းမှာကပ် …၊ ကိုယ့်ဆိုင်က ရောင်းကုန် ပစ္စည်းတွေကို ယပ်ခပ်ပေတော့ဗျို့ …”လို့ ပြောပြ ပြီး စာရွက်လွတ်တစ်ရွက်ပေါ်မှာ အောက်ပါဂါထာ လေးကို ရေးပြလိုက်ရကြောင်းပါခင်ဗျာ …။

“နမောတဿ ယတောမဟိ၊

ဟိမတောယ ဿတမောန”

ကောင်းစည်သူ(ပုဂံမြို့သစ်)

Comments

comments

Post Author: manawmaya