ကျောက်အောင်စေသော အစီအရင်

ကျောက်အောင်စေသော အစီအရင်

တစ်နေ့တွင် ကျွန်မထံသို့ မတွေ့တာကြာပြီ ဖြစ်သော ကျောင်းနေဖက်သူငယ်ချင်းမိသားစု ရောက်လာပါသည်။ သူတို့ လင်မယားနှစ်ယောက်လုံးမှာ ကျောင်းနေဖက်များဖြစ်၍ တွေ့တွေ့ချင်း ရှေးဟောင်းနှောင်းဖြစ်များကို ရေပက်မဝင်အောင် ပြောခဲ့ကြပါသည်။

ပြီးတော့မှ သူတို့က ကျွန်မထံ ဗေဒင်လာမေးခြင်း ဖြစ်ကြောင်း၊ လာရင်းကိစ္စကို ပြောပါတော့သည်။ ယောကျာ်းဖြစ်သူက မိုးကုတ်ဘက်တွင် ကျောက်လုပ်ငန်း လုပ်သည့်အကြောင်း၊ မိန်းမဖြစ်သူက အကြီးဆုံးသားနှင့်အတူ ကြက်မွေးမြူရေးခြံ လုပ်ကိုင်နေသည့်အကြောင်း ပြောပြပါသည်။

ကျွန်မသည် သူတို့မိသားစုအတွက် တစ်ဦး ချင်းစီကို တွက်ချက်၍ ဟောပြောပေးခဲ့လေသည်။ ထို့အပြင် ကျောက်လုပ်ငန်းနှင့် ကြက်မွေးမြူရေးခြံ လုပ်ငန်း အောင်မြင်ရန်အတွက်လည်း သီးသန့် ယတြာနည်းတစ်ခုကို ပြောပြပေးခဲ့ပါသည်။ ထိုနည်းကို ကျောက်လုပ်ငန်း၊ ကားလုပ်ငန်း၊ ငါးလုပ်ငန်း၊ ကြက်မွေးမြူရေးလုပ်ငန်း… စသည် ဖြင့် တနင်္လာနံလုပ်ငန်းများ အောင်မြင်ရန်၊ တည်တံ့ခိုင်မြဲရန် ပြုလုပ်နိုင်ပါသည်။

နည်းမှာ လွယ်လွယ်ကလေးပင် ဖြစ်ပါသည်။ မိမိတို့၏ လုပ်ငန်းဆောင်တာနှင့်ပတ်သက်သော ရုံး ခန်း၊ အလုပ်ခန်း၊ နေရာဌာနများ၌ အိုးစည်ကလေး တစ်လုံးကို ချိတ်ဆွဲထားလိုက်ရန် ဖြစ်ပါသည်။ မကြာမကြာ ထိုအိုးစည်ကလေးကိုလှုပ်၍ ကျောက်လုပ်ငန်းအောင်မြင်ရန်၊ ကြက်မွေးမြူရေးလုပ်ငန်း တိုးတက် အကျိုးပေးရန်… စသည်ဖြင့် ဆုတောင်းရန် ဖြစ်ပေတော့သည်။

ရွှေပပအောင်(အယူတော်မင်္ဂလာ)
(ထန်းတစ်ပင်)

Comments

comments

Post Author: manawmaya