သရဲသဘက္

Zawgyi Version

အစားအေသာက္၊ အေနအထိုင္၊ အေျပာ အဆို ၾကမ္းတမ္း႐ိုင္းစိုင္းသူမ်ားကို ေရွးလူႀကီး သူမမ်ားက “သရဲသဘက္ စီးေနတာ က်ေနတာပဲ” ဟုေျပာဆိုၾကသည္။ သဘက္က သရဲထက္ ၾကမ္း ပံုရေလသည္။

“အရီးေလးတို႔ကလည္းဗ်ာ၊ မိုးလင္းမွျပန္ပါ၊ ဒီညေတာ့ ဒီမွာပဲအိပ္လိုက္ေရာ္ေပါ့” ေအာင္စိန္ သည္ ေအာင့္ညစ္ညစ္ျဖင့္ ညည္းညည္းတြားတြား ေျပာေနသည္။ ေအာင္စိန္၏ အရီးေလးက ျပန္ေျပာ သည္။

“ဟဲ့ဒီမွာ ႏွစ္ညေတာင္ေနၿပီးၿပီ၊ ေတာ္ၿပီေပါ့၊ ငါ့အိမ္မွာလည္း ႏြားေတြ၊ ကြ်ဲေတြ၊ ဝက္ေတြနဲ႔။ နင့္ ဘေထြး တစ္ေယာက္တည္း ပင္ပန္းလွေပါ့”

ေအာင္စိန္၏ အရီးေလးႏွင့္ ကေလးသံုး ေယာက္သည္ ေအာင္စိန္တို႔ရြာသို႔ အလည္လာျခင္း ျဖစ္သည္။  ေအာင္စိန္တို႔၏ရြာႏွင့္ သံုးရြာျခားေသာ ဘြဲ႕ပင္ကန္ရြာမွ ျဖစ္သည္။ မိုင္အားျဖင့္ ရွစ္မိုင္ခန္႔ ေဝး၏။ သမင္လူးရြာ၊ သစ္ဖလူးရြာ၊ အိုင္ႀကီးရြာ၊ တို႔ကိုေက်ာ္၍ ပို႔ေပးရမည္ျဖစ္သည္။ ေအာင္စိန္၏အေမ ေဒၚညႇက္သည္ မီးဖိုေခ်ာင္ထဲမွ လွမ္းေျပာသည္။

“ဟဲ့ေအာင္စိန္ တားမွမရတာ။ လွည္းျပင္ၿပီး ပို႔လိုက္။ တကတည္း တစ္ညတေလေနပါဦးဆိုတာကို …”

ေအာင္စိန္တို႔ရြာမွ လွည္းစထြက္ေတာ့ မိုးခ်ဳပ္ ေနေလၿပီ။ လဆန္းခါစရက္ျဖစ္၍ လေရာင္၏ အလင္းက ရွိေန၍ေတာ္ေသး၏။ သမင္လူးရြာကို ေက်ာ္ၿပီး သစ္ဖလူးရြာအဝင္ ေညာင္ၾကပ္ပင္ႀကီးနားအေရာက္တြင္ ကေလးသံုးဦးက အရီးေလး၏အနားသို႔ အတင္းတိုးေဝွ႕ပူးကပ္ၾကေလသည္။ သူတို႔အခ်င္းခ်င္းလည္း ေျပာဆိုေနၾက၏။

“အမေလး … ေညာင္ၾကပ္ပင္ကို ျဖတ္တာ့မယ္။ ေၾကာက္လိုက္တာ”

“ေညာင္ၾကပ္ပင္မွာ သရဲရွိတယ္တဲ့၊ ကုပ္ ကို ခြစီးတယ္တဲ့”

“သရဲမဟုတ္ဘူးကြ …၊ သဘက္ သဘက္” “အေမေၾကာက္တယ္ ေၾကာက္တယ္” စသျဖင့္ တစ္ေယာက္တစ္ေပါက္ ေျပာေနၾကသည္။

“တယ္ … ဒီေကာင္ေလးေတြ ေပါက္ ေပါက္ရွာရွာ”ဟုဆို၍ ကေလးမ်ားကို ရင္ခြင္ထဲ သြင္း၍ ေပြ႕ဖက္ထားေလသည္။

ေအာင္စိန္၏ႏြားမ်ားသည္လည္း ႏွာမႈတ္သံမ်ား ျပင္းလာ၏။ ေအာင္စိန္သည္ ႏွင္တံႀကိမ္လံုး၏ ထိပ္မွ သံစူးျဖင့္ထိုး၍ –

“ဟဲ့တယ္ဒီႏြားႏွယ္”ဟု ႀကိမ္းေမာင္း၍ ခပ္ေသာ့ေသာ့ ေမာင္းႏွင္ေလသည္။

အရီးေလးတို႔ရြာသို႔ ေရာက္ေသာအခါ ညဥ္႕ေတာ္ေတာ္နက္ေလၿပီ။ ေအာင္စိန္သည္ လွည္း မျဖဳတ္ဘဲ တန္းလန္းထားၿပီး အထုပ္အပိုးမ်ားႏွင့္ ကေလးမ်ားကို ခ်ီပိုးသယ္ယူခ်ေပးလိုက္သည္။ အရီးေလးက “ဟဲ့ေအာင္စိန္ …လွည္းျဖဳတ္ေလ၊ ဒီမွာ အိပ္လိုက္ မိုးလင္းမွျပန္”

“မျဖဳတ္ေတာ့ဘူး အရီးေလး၊ ျပန္ေတာ့ မယ္”

“ေအး ေအး … နင္ကလည္း တားရမယ့္ အေကာင္ မဟုတ္ဘူး။ ျပန္ ျပန္”

ေအာင္စိန္သည္ လွည္းကို ျပန္လမ္းအတိုင္း ေမာင္းလာခဲ့သည္။

လမ္းတစ္ေလွ်ာက္တြင္ တစ္တစ္တူး ေအာ္သံ ကို တစ္ခါတစ္ရံသာ ၾကားရၿပီး လမ္းတစ္ေလွ်ာက္ တိတ္ဆိတ္ၿငိမ္သက္လ်က္ရွိသည္။ ေကာက္႐ိုးခင္း၍ ဖ်ာၾကမ္းဖပ္ထားေသာ လွည္းေပၚတြင္ လွည္းဝင္႐ိုးသံတကြ်ီကြ်ီျဖင့္ ေအာင္စိန္သည္ ငိုက္ျမည္း၍လာ၏။

“ေဟ့ လွည္းဆရာ ရပ္ဦး”

ေအာင္စိန္သည္ ငိုက္ျမည္းရာမွ လန္႔ဖ်ပ္၍ မ်က္လံုးဖြင့္ၾကည့္လိုက္သည္။ လူမည္းမည္း ႏွစ္ေယာက္ လွည္းေရွ႕မွရပ္၍ တားေနျခင္းျဖစ္သည္။

“ညႀကီးမင္းႀကီး ခင္ဗ်ားတို႔က ဘယ္လိုက္မွာလဲ”ဟု ေအာင္စိန္က ေမးလိုက္သည္။

“သမင္လူးကို” ထိုသူတို႔က ျပန္ေျဖ၏။

“ကဲ ကဲ တက္တက္”

ေအာင္စိန္က အေဖာ္ရ၍ လွည္းႀကံဳေခၚ တင္လိုက္၏။

ထိုသူႏွစ္ဦး လွည္းေပၚေရာက္ေသာအခါ တစ္ဦးက ေျပာေလသည္။

“တို႔ အိပ္ေရးပ်က္လာတာနဲ႔ အေတာ္ပဲ။ ေကာက္႐ိုးနဲ႔ ဖ်ာနဲ႔ဆိုေတာ့ အိပ္ၿပီးလိုက္မယ္၊ မင္းေနာက္ကို လွည့္မၾကည့္နဲ႔ေနာ္၊ သမင္လူးဝင္ရင္ ႏိႈးလိုက္”ဟုေျပာ၍ လွည္းေပၚတြင္ အိပ္လွဲ၍လိုက္ လာၾကေလေတာ့သည္။

ေအာင္စိန္သည္ အိပ္ငိုက္၍ လွည္းေမာင္းလာရာ သမင္လူးရြာကိုေက်ာ္၍ သူတို႔ရြာနားပင္ ေရာက္လို႔ ေနေလၿပီ။ ႐ုတ္တရတ္ လန္႔ႏိုးၿပီး ေနာက္မွ ခရီးသည္ႏွစ္ဦးကို သတိတရလွမ္းၾကည့္မိရာ –

“အမေလး”ေအာင္စိန္သည္ လန္႔ဖ်ပ္ေအာ္ လိုက္မိေတာ့သည္။

လွည္းေပၚမွ ျမင္ကြင္းသည္ လ၏အလင္း ေရာင္ျဖင့္ ၾကည္ၾကည္လင္လင္ရွိလွသည္။ တစ္ဦးမွာ သူ၏နားရြက္ႀကီးတစ္ဖက္ကို ခင္း၍ နားရြက္ႀကီး တစ္ဖက္ကို ေစာင္ကဲ့သို႔ၿခံဳထားေလသည္။ ေနာက္ တစ္ဦးမွာ ေမွာက္လ်က္ အိပ္ပါလာၿပီး ဦးေခါင္း ေနာက္ေစ့တြင္ မ်က္လံုးမ်ားရွိ၍ ဖြင့္ခ်ည္မွိတ္ခ်ည္ လုပ္ျပေနသည္ကို ေက်ာခ်မ္းစြာျမင္ေတြ႕ရေလ၏။

ေအာင္စိန္သည္ မ်က္လံုးကိုစံုမွိတ္၍ ႏြား႐ိုက္ ႏွင္တံျဖင့္ တအားေအာ္၍ထိုသူႏွစ္ဦးကို ႐ိုက္ေလ ေတာ့သည္။

ႏြားမ်ားသည္လည္း လန္႔ဖ်ပ္၍ ရြာသို႔ အေျပး ႏွင္ေတာ့၏။ ရြာထဲသို႔ဝင္ေသာအခါ အ႐ုဏ္က်င္းလုလု အခ်ိန္ျဖစ္သည္။ ေအာင္စိန္၏ ဝ႐ုန္းသုန္းကား ႐ိုက္ ႏွက္သံမ်ားေၾကာင့္ ရြာသူရြာသားမ်ား လန္႔ႏိုးၾက ေလေတာ့သည္။ ေအာင္စိန္ထံသို႔ အေျပးအလႊား လာၾက၍ ႏြားလွည္းႏွင့္ ေအာင္စိန္ကို ဝိုင္းထိန္း ၾကၿပီး အေၾကာင္းစံုကို ေမးေသာအခါ ေအာင္စိန္က-

“သရဲ သဘက္ေတြ သရဲ သဘက္ေတြ” ဟု အေမာတေကာျဖင့္ ေျပာေနရွာေလေတာ့သည္။

 

ေ႒းေအာင္စိန္(အင္းမ)

 

မေနာမယဝိုင္းေတာ္ သား ဆရာဒိဗၺာန္(ဂမီၻရ)၏ ျပန္လည္သံုးသပ္ တင္ျပခ်က္ . .

ဆရာေ႒းေအာင္စိန္(အင္းမ)၏ သရဲသဘက္ ဟူ၍ နာမည္ေပးထားေသာ စာမူကို ဖတ္ရသည္မွာ ရသဝတၳဳတိုတစ္ပုဒ္ ဖတ္ရသကဲ့သို႔ပင္။ ဆရာ ေ႒းေအာင္စိန္(အင္းမ)သည္ မေနာမယႏွင့္ စိမ္းသူ မဟုတ္၊ ဆရာ့စာမူမ်ားကို ယခင္ကလည္း ေရြးခ်ယ္ ေဖာ္ျပခဲ့ဖူး ေလသည္။

ကိုယ္ေတြ႕သရဲေျခာက္သည့္က႑အတြက္ ေရးသားရေသာ စာမူ။ တနည္းအားျဖင့္ ေဘာင္ခတ္ထား ေသာစာမူကို ေရးသားရေစကာမူ ဆရာ၏စာေရးျခင္း အတတ္ပညာျဖင့္ ရသဖြဲ႕စာစုအျဖစ္ ဆရာကဆြဲယူသြားခဲ့ သည္ခ်ည္းျဖစ္ေပသည္။

ယခု ဆရာေ႒းေအာင္စိန္(အင္းမ)၏ သရဲ သဘက္ အမည္ရေသာစာမူတြင္ ေက်းလက္အေငြ႕ အသက္မ်ားျဖင့္ ထံုမြမ္းထားသည္ကို ေတြ႕ရ၏။ ဖတ္ေကာင္းသည့္ စာမူတစ္ပုဒ္ျဖစ္ပါသည္။

ေအာင္စိန္အမည္ရွိ လွည္းသမားေလးက အသြား ရွစ္မိုင္ အျပန္ ရွစ္မိုင္ရွိေသာ ေက်းရြာလမ္း ကို အခ်ိန္မေတာ္လွည္းေမာင္း၍သြားခဲ့သည္။ လမ္း ခရီးတြင္ နာနာဘာဝ သရဲတေစၦမ်ား ေနထိုင္က်က္ စားသည္ဟု နာမည္ႀကီးေသာ ေညာင္ၾကပ္ပင္ႀကီး ေအာက္မွ ျဖတ္သြားရသည္။ ေအာင္စိန္ဆိုသူက အေၾကာက္အလန္႔ ရွိသူမဟုတ္။

အသြားတြင္တစ္ခါ ေညာင္ၾကပ္ပင္ေအာက္ ေရာက္ေသာ္လည္း ၾကက္သီးမထ၊ အျပန္ တစ္ေယာက္ တည္းျပန္ေသာအခါတြင္လည္း အသြားတုန္းကကဲ့သို႔ပင္ ေၾကာက္လန္႔ မႈမရွိ။ ေအးေဆးပင္ လွည္းေမာင္းျပန္ခဲ့၏။ လမ္းတြင္ လူမည္းမည္း ႏွစ္ေယာက္က တား၍ လွည္း ႀကံဳလိုက္ သည္။ ေအာင္စိန္ကလည္း တင္ေခၚခဲ့သည္။

စင္စစ္တြင္ အဆိုပါ လူမည္းမည္းႏွစ္ေယာက္သည္ သာမန္လူစင္စစ္မ်ား မဟုတ္ပါ။ သရဲသဘက္မ်ား ျဖစ္၏။ အေၾကာက္အလန္႔မရွိေသာ ေအာင္စိန္ကို  ပညာျပ ရန္ျဖစ္၏။ ေအာင္စိန္႔လိုလူကို ပညာစမ္းသည့္ သရဲသဘက္ႏွစ္ဦးမွာ ႏြား႐ိုက္ႀကိမ္ျဖင့္ တအား လႊဲ႐ိုက္ခံရေသာေၾကာင့္ ေနာက္ေနာင္ ေအာင္စိန္ဆို လွ်င္ နားေၾကာက စိမ့္ေအာင္ေၾကာက္လန္႔သြားလိမ့္ မည္ဟု ယူဆရေပသည္။

 

ဒိဗၺာန္(ဂမၻီရ)

 

Unicode Version

သရဲသဘက်
** ဋ္ဌေးအောင်စိန်(အင်းမ) **

 

အစားအသောက်၊ အနေအထိုင်၊ အပြော အဆို ကြမ်းတမ်းရိုင်းစိုင်းသူများကို ရှေးလူကြီး သူမများက “သရဲသဘက် စီးနေတာ ကျနေတာပဲ” ဟုပြောဆိုကြသည်။ သဘက်က သရဲထက် ကြမ်း ပုံရလေသည်။
“အရီးလေးတို့ကလည်းဗျာ၊ မိုးလင်းမှပြန်ပါ၊ ဒီညတော့ ဒီမှာပဲအိပ်လိုက်ရော်ပေါ့” အောင်စိန် သည် အောင့်ညစ်ညစ်ဖြင့် ညည်းညည်းတွားတွား ပြောနေသည်။ အောင်စိန်၏ အရီးလေးက ပြန်ပြော သည်။
“ဟဲ့ဒီမှာ နှစ်ညတောင်နေပြီးပြီ၊ တော်ပြီပေါ့၊ ငါ့အိမ်မှာလည်း နွားတွေ၊ ကျွဲတွေ၊ ဝက်တွေနဲ့။ နင့် ဘထွေး တစ်ယောက်တည်း ပင်ပန်းလှပေါ့”
အောင်စိန်၏ အရီးလေးနှင့် ကလေးသုံး ယောက်သည် အောင်စိန်တို့ရွာသို့ အလည်လာခြင်း ဖြစ်သည်။ အောင်စိန်တို့၏ရွာနှင့် သုံးရွာခြားသော ဘွဲ့ပင်ကန်ရွာမှ ဖြစ်သည်။ မိုင်အားဖြင့် ရှစ်မိုင်ခန့် ဝေး၏။ သမင်လူးရွာ၊ သစ်ဖလူးရွာ၊ အိုင်ကြီးရွာ၊ တို့ကိုကျော်၍ ပို့ပေးရမည်ဖြစ်သည်။ အောင်စိန်၏ အမေ ဒေါ်ညှက်သည် မီးဖိုချောင်ထဲမှ လှမ်းပြော သည်။
“ဟဲ့အောင်စိန် တားမှမရတာ။ လှည်းပြင်ပြီး ပို့လိုက်။ တကတည်း တစ်ညတလေနေပါဦးဆိုတာ ကို …”
အောင်စိန်တို့ရွာမှ လှည်းစထွက်တော့ မိုးချုပ် နေလေပြီ။ လဆန်းခါစရက်ဖြစ်၍ လရောင်၏ အလင်းက ရှိနေ၍တော်သေး၏။ သမင်လူးရွာကို ကျော်ပြီး သစ်ဖလူးရွာအဝင် ညောင်ကြပ်ပင်ကြီးနား အရောက်တွင် ကလေးသုံးဦးက အရီးလေး၏အနား သို့ အတင်းတိုးဝှေ့ပူးကပ်ကြလေသည်။ သူတို့အချင်း ချင်းလည်း ပြောဆိုနေကြ၏။
“အမလေး … ညောင်ကြပ်ပင်ကို ဖြတ် တော့မယ်။ ကြောက်လိုက်တာ”
“ညောင်ကြပ်ပင်မှာ သရဲရှိတယ်တဲ့၊ ကုပ် ကို ခွစီးတယ်တဲ့”
“သရဲမဟုတ်ဘူးကွ …၊ သဘက် သဘက်” “အမေကြောက်တယ် ကြောက်တယ်” စသဖြင့် တစ်ယောက်တစ်ပေါက် ပြောနေကြသည်။
“တယ် … ဒီကောင်လေးတွေ ပေါက် ပေါက်ရှာရှာ”ဟုဆို၍ ကလေးများကို ရင်ခွင်ထဲ သွင်း၍ ပွေ့ဖက်ထားလေသည်။
အောင်စိန်၏နွားများသည်လည်း နှာမှုတ်သံ များ ပြင်းလာ၏။ အောင်စိန်သည် နှင်တံကြိမ်လုံး၏ ထိပ်မှ သံစူးဖြင့်ထိုး၍ –
“ဟဲ့တယ်ဒီနွားနှယ်”ဟု ကြိမ်းမောင်း၍ ခပ်သော့သော့ မောင်းနှင်လေသည်။
အရီးလေးတို့ရွာသို့ ရောက်သောအခါ ညဉ့်တော်တော်နက်လေပြီ။ အောင်စိန်သည် လှည်း မဖြုတ်ဘဲ တန်းလန်းထားပြီး အထုပ်အပိုးများနှင့် ကလေးများကို ချီပိုးသယ်ယူချပေးလိုက်သည်။ အရီးလေးက “ဟဲ့အောင်စိန် …လှည်းဖြုတ်လေ၊ ဒီမှာ အိပ်လိုက် မိုးလင်းမှပြန်”
“မဖြုတ်တော့ဘူး အရီးလေး၊ ပြန်တော့ မယ်”
“အေး အေး … နင်ကလည်း တားရမယ့် အကောင် မဟုတ်ဘူး။ ပြန် ပြန်”
အောင်စိန်သည် လှည်းကို ပြန်လမ်းအတိုင်း မောင်းလာခဲ့သည်။
လမ်းတစ်လျှောက်တွင် တစ်တစ်တူး အော်သံ ကို တစ်ခါတစ်ရံသာ ကြားရပြီး လမ်းတစ်လျှောက် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ ကောက်ရိုးခင်း၍ ဖျာကြမ်းဖပ်ထားသော လှည်းပေါ်တွင် လှည်းဝင်ရိုးသံ တကျွီကျွီဖြင့် အောင်စိန်သည် ငိုက်မြည်း၍လာ၏။
“ဟေ့ လှည်းဆရာ ရပ်ဦး”
အောင်စိန်သည် ငိုက်မြည်းရာမှ လန့်ဖျပ်၍ မျက်လုံးဖွင့်ကြည့်လိုက်သည်။ လူမည်းမည်း နှစ် ယောက် လှည်းရှေ့မှရပ်၍ တားနေခြင်းဖြစ်သည်။
“ညကြီးမင်းကြီး ခင်ဗျားတို့က ဘယ်လိုက်မှာလဲ”ဟု အောင်စိန်က မေးလိုက်သည်။
“သမင်လူးကို” ထိုသူတို့က ပြန်ဖြေ၏။
“ကဲ ကဲ တက်တက်”
အောင်စိန်က အဖော်ရ၍ လှည်းကြုံခေါ် တင်လိုက်၏။
ထိုသူနှစ်ဦး လှည်းပေါ်ရောက်သောအခါ တစ်ဦးက ပြောလေသည်။
“တို့ အိပ်ရေးပျက်လာတာနဲ့ အတော်ပဲ။ ကောက်ရိုးနဲ့ ဖျာနဲ့ဆိုတော့ အိပ်ပြီးလိုက်မယ်၊ မင်းနောက်ကို လှည့်မကြည့်နဲ့နော်၊ သမင်လူးဝင်ရင် နှိုးလိုက်”ဟုပြော၍ လှည်းပေါ်တွင် အိပ်လှဲ၍လိုက် လာကြလေတော့သည်။
အောင်စိန်သည် အိပ်ငိုက်၍ လှည်းမောင်းလာ ရာ သမင်လူးရွာကိုကျော်၍ သူတို့ရွာနားပင် ရောက် လို့ နေလေပြီ။ ရုတ်တရတ် လန့်နိုးပြီး နောက်မှ ခရီးသည်နှစ်ဦးကို သတိတရလှမ်းကြည့်မိရာ –
“အမလေး”အောင်စိန်သည် လန့်ဖျပ်အော် လိုက်မိတော့သည်။
လှည်းပေါ်မှ မြင်ကွင်းသည် လ၏အလင်း ရောင်ဖြင့် ကြည်ကြည်လင်လင်ရှိလှသည်။ တစ်ဦးမှာ သူ၏နားရွက်ကြီးတစ်ဖက်ကို ခင်း၍ နားရွက်ကြီး တစ်ဖက်ကို စောင်ကဲ့သို့ခြုံထားလေသည်။ နောက် တစ်ဦးမှာ မှောက်လျက် အိပ်ပါလာပြီး ဦးခေါင်း နောက်စေ့တွင် မျက်လုံးများရှိ၍ ဖွင့်ချည်မှိတ်ချည် လုပ်ပြနေသည်ကို ကျောချမ်းစွာမြင်တွေ့ရလေ၏။
အောင်စိန်သည် မျက်လုံးကိုစုံမှိတ်၍ နွားရိုက် နှင်တံဖြင့် တအားအော်၍ထိုသူနှစ်ဦးကို ရိုက်လေ တော့သည်။
နွားများသည်လည်း လန့်ဖျပ်၍ ရွာသို့ အပြေး နှင်တော့၏။ ရွာထဲသို့ဝင်သောအခါ အရုဏ်ကျင်းလုလု အချိန်ဖြစ်သည်။ အောင်စိန်၏ ဝရုန်းသုန်းကား ရိုက် နှက်သံများကြောင့် ရွာသူရွာသားများ လန့်နိုးကြ လေတော့သည်။ အောင်စိန်ထံသို့ အပြေးအလွှား လာကြ၍ နွားလှည်းနှင့် အောင်စိန်ကို ဝိုင်းထိန်း ကြပြီး အကြောင်းစုံကို မေးသောအခါ အောင်စိန်က-
“သရဲ သဘက်တွေ သရဲ သဘက်တွေ” ဟု အမောတကောဖြင့် ပြောနေရှာလေတော့သည်။

ဋ္ဌေးအောင်စိန်(အင်းမ)

မနောမယဝိုင်းတော် သား ဆရာဒိဗ္ဗာန်(ဂမ္ဘီရ)၏ ပြန်လည်သုံးသပ် တင်ပြချက် . .
ဆရာဋ္ဌေးအောင်စိန်(အင်းမ)၏ သရဲသဘက် ဟူ၍ နာမည်ပေးထားသော စာမူကို ဖတ်ရသည်မှာ ရသဝတ္ထုတိုတစ်ပုဒ် ဖတ်ရသကဲ့သို့ပင်။ ဆရာ ဋ္ဌေးအောင်စိန်(အင်းမ)သည် မနောမယနှင့် စိမ်းသူ မဟုတ်၊ ဆရာ့စာမူများကို ယခင်ကလည်း ရွေးချယ် ဖော်ပြခဲ့ဖူး လေသည်။
ကိုယ်တွေ့သရဲခြောက်သည့်ကဏ္ဍအတွက် ရေးသားရသော စာမူ။ တနည်းအားဖြင့် ဘောင်ခတ်ထား သောစာမူကို ရေးသားရစေကာမူ ဆရာ၏စာရေးခြင်း အတတ်ပညာဖြင့် ရသဖွဲ့စာစုအဖြစ် ဆရာကဆွဲယူသွားခဲ့ သည်ချည်းဖြစ်ပေသည်။
ယခု ဆရာဋ္ဌေးအောင်စိန်(အင်းမ)၏ သရဲ သဘက် အမည်ရသောစာမူတွင် ကျေးလက်အငွေ့ အသက်များဖြင့် ထုံမွမ်းထားသည်ကို တွေ့ရ၏။ ဖတ်ကောင်းသည့် စာမူတစ်ပုဒ်ဖြစ်ပါသည်။
အောင်စိန်အမည်ရှိ လှည်းသမားလေးက အသွား ရှစ်မိုင် အပြန် ရှစ်မိုင်ရှိသော ကျေးရွာလမ်း ကို အချိန်မတော်လှည်းမောင်း၍သွားခဲ့သည်။ လမ်း ခရီးတွင် နာနာဘာဝ သရဲတစ္ဆေများ နေထိုင်ကျက် စားသည်ဟု နာမည်ကြီးသော ညောင်ကြပ်ပင်ကြီး အောက်မှ ဖြတ်သွားရသည်။ အောင်စိန်ဆိုသူက အကြောက်အလန့် ရှိသူမဟုတ်။
အသွားတွင်တစ်ခါ ညောင်ကြပ်ပင်အောက် ရောက်သော်လည်း ကြက်သီးမထ၊ အပြန် တစ်ယောက် တည်းပြန်သောအခါတွင်လည်း အသွားတုန်းကကဲ့သို့ပင် ကြောက်လန့် မှုမရှိ။ အေးဆေးပင် လှည်းမောင်းပြန်ခဲ့၏။ လမ်းတွင် လူမည်းမည်း နှစ်ယောက်က တား၍ လှည်း ကြုံလိုက် သည်။ အောင်စိန်ကလည်း တင်ခေါ်ခဲ့သည်။
စင်စစ်တွင် အဆိုပါ လူမည်းမည်းနှစ်ယောက်သည် သာမန်လူစင်စစ်များ မဟုတ်ပါ။ သရဲသဘက်များ ဖြစ်၏။ အကြောက်အလန့်မရှိသော အောင်စိန်ကို ပညာပြ ရန်ဖြစ်၏။ အောင်စိန့်လိုလူကို ပညာစမ်းသည့် သရဲသဘက်နှစ်ဦးမှာ နွားရိုက်ကြိမ်ဖြင့် တအား လွှဲရိုက်ခံရသောကြောင့် နောက်နောင် အောင်စိန်ဆို လျှင် နားကြောက စိမ့်အောင်ကြောက်လန့်သွားလိမ့် မည်ဟု ယူဆရပေသည်။

ဒိဗ္ဗာန်(ဂမ္ဘီရ)

Comments

comments

Post Author: manawmaya