ကျွန်ုပ်နှင့် အမူအရာများ

ကျွန်ုပ်တို့တွင် အမူအရာဟူ၍ များများစား စားမရှိပါ။ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ် အမူအရာဟူ၍ သုံးမျိုးသာရှိလေသည်။ တစ်နည်းအား ဖြင့် ကာယကံ၊ ဝစီကံ၊ မနောကံဟူ၍ဆိုနိုင်၏။ ဤ တွင် စိတ်အမူအရာ ခေါ် မနောကံကြောင့် ကျွန်ုပ်တို့ ၏ကိုယ်အမူအရာ၊ နှုတ်အမူအရာများ ဖြစ်တည် လာခဲ့ကြလေသည်။ လူတစ်ဦးတစ်ယောက် (သို့မ ဟုတ်) သတ္တဝါ၊ ပုဂ္ဂိုလ်တို့၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာကိုကြည့်၍ ထိုသူတို့၏စိတ်ကို ခန့်မှန်း နိုင်ကြသည်။

ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့ကို တစ် ဦးနှင့်တစ်ဦး အတုခိုးမှီငြမ်းနိုင်ကြသော်ငြားလည်း၊ စိတ်အမူအရာခေါ် မနောကံကိုဖြင့် အတုခိုး မှီငြမ်းရန် မလွယ်ကူကြ။ ကျွန်ုပ်တို့ လူမှန်းသိစဉ်အချိန်မှစ၍ ရုပ်ရှင်မင်းသားကြီး မြတ်လေး၊ ဝင်းဦး၊ ကောလိပ်ဂျင် နေဝင်း၊ ကျော်ဟိန်း စသည့် သရုပ်ဆောင်တို့၏ ထင်ရှားသော ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့ကို အတုယူ လိုက်လုပ်ခဲ့ဖူးကြလေသည်။ ထို့နောက် ရာဇာနေဝင်း၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့ လည်း ရေပန်းစားခဲ့ဖူး၏။ ယခုအခါ ဂျင်းကောင်ဟု ခေါ်သော ရုပ်ရှင်မင်းသားမြင့်မြတ်၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာများကား နေရာတိုင်းလိုလို မြင်ရ၊ ကြားရနေရလေသည်။ မည်သို့ပင်ဆိုစေ ကိုယ်အမူ အရာ၊ နှုတ်အမူအရာတို့၏ ဇာစ်မြစ်သည် မနောကံ စိတ်အမူအရာ၏ စေစားချက်ဖြစ်သောကြောင့် စိတ်မှ ဖြစ်ပေါ်မလာသည့် မူရင်းမဟုတ်သော အတုအပ၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့သည် ဟန်ဆောင် နေရခြင်းပင် ဖြစ်ပေမည်။ အထက်တွင်ဖော်ပြခဲ့သော ရုပ်ရှင်သရုပ်ဆောင်များသည် သရုပ်ဆောင်နေသည် ဆိုငြားသော်လည်း သူတို့သည် သူများ အတုခိုးယူ ထားသောသူများမဟုတ်၊ မူရင်းမူလစိတ်မှ ဖြစ် ပေါ်လာသည့် ကိုယ်အမူအရာ၊ နှုတ်အမူအရာများ ဖြစ်သဖြင့် တန်ခိုးရှိလှ၏။ လူသေသော်လည်း နာမည်မသေသော သူများဖြစ်ကြလေသည်။ သူတို့ ၏ အမူအရာများသည် သူတို့ခံယူသော အနုပညာ များပင်ဖြစ်သည်။

ကျွန်ုပ်သည် ဇရာပိုင်းအရွယ်ရောက်သည့် အခါမှ လူငယ်များနှင့် အလုပ်တွဲဆက် လုပ်ကိုင်ရ သောသူ ဖြစ်လေသည်။ တစ်ခါတစ်ရံ လူငယ်တို့၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့သည် ခေတ်နှင့် အညီ နေထိုင်လုပ်ကိုင်ကြသော်လည်း အတော်ပင် သည်းညည်းခံရလေ၏။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့၏ ငယ်ဘဝတွင် ဆံပင်ရှည်ထားခြင်း၊ ခေါင်းလောင်း ဘောင်းဘီ၊ ဖလဲ ခေါ် တည့်ပွဘောင်းဘီဖားဖားကြီး များဖြင့် ကိုယ်အမူအရာ၊ ယိုယွင်းခဲ့သော်လည်း၊ နှုတ်အမူအရာ၊ ဝစီကံများအနေဖြင့် သိပ်မဆိုးလှ သေးဟုပင် ကိုယ့်မျက်ချေး ကိုယ်မမြင် ပြောရပေ လိမ့်မည်။ ခေတ်မမီဟု ဆိုချင်ဆိုကြစေတော့၊ အသက်အရွယ်အရ ပြောပြစရာများရှိလာ၏။

ယခုအခါ ကျွန်ုပ်၏လုပ်ငန်းခွင်တွင် ခေတ်လူ ငယ်ကလေးများစွာ ရှိသဖြင့်လည်းကောင်း၊ နိစ္စဓူဝ သွားသွား လာလာ၊ စားစား နေနေ လုပ်ကိုင်နေရသ ဖြင့်လည်းကောင်း၊ တစ်ခါတစ်ရံ ကိုယ်၊ နှုတ်၊ နှလုံး တို့အကြောင်း ပြောပြမိလေသည်။

“ဒီလိုကွ …တို့ဗုဒ္ဓဂေါတမမြတ်စွာဘုရား ဟာ ဘုရားဖြစ်တော်မူပြီး ပဉ္စဝဂ္ဂီငါးဦးကို တရားဦး ဟောပြောဖို့ရာ မိဂဓာဝုန်တောကိုြွကမြန်းခဲ့တယ်။ လမ်းမှာ ဥပက တက္ကတွန်းကြီးနဲ့ တွေ့သတဲ့၊ ဥပက တက္ကတွန်းကြီးကလည်း သူ့ကိုယ်သူ အတုမရှိဘုရား လို့ ခံယူထားသတဲ့။ သူက အဝတ်မဝတ်ဘူး၊ ကိုယ် လုံးတီးကြီးတဲ့။ ယခုခေတ်မှာလည်း အိန္ဒိယနဲ့ ဗုဒ္ဓ ဂါယာနေရာဒေသတွေမှာ ကိုယ်တုံးတီး ဂျိမ်းဘုန်းကြီး တွေ ရှိတယ်တဲ့။  သူတို့ကိုယ်သူတို့ ‘ဇိန’ အတုမရှိ ဘုရားတွေတဲ့၊ အဲဒီ ဥပကတက္ကတွန်းကြီးက ကြာ ရွက်ကြီးကို ထီးလုပ်မိုးပြီး လာရင်း လမ်းမှာ မြတ် စွာဘုရားနဲ့ တွေ့တဲ့အခါ မြတ်စွာဘုရားရဲ့ ကိုယ်အမူ အရာက သွားတာ၊ လာတာ၊ လှမ်းတာ အမူအရာ တွေက နူးညံ့သိမ်မွေ့နေတဲ့ အတွက် ‘မင်းက ဘယ် သူလဲလို့ မေးသတဲ့’ ဘုရားရှင်ကလည်း သူ နားလည်နိုင်မယ့် စကားနဲ့ပဲ ‘ငါက ဇိန’လို့ အဖြေပေးလိုက်သတဲ့။ အဲဒီအခါ သုဘန္ဒကြီးက အံ့ဩစွာနဲ့ပဲ ‘ဇိန၊ ဇိန’လို့နှုတ်က တဖွဖွရေရွတ်ပြီး လမ်းခွဲ ထွက်ခွာသွားခဲ့သတဲ့။ ဇာတ်လမ်းကို အတိုချုံ့ ပြောကြပါစို့။ ဥပကကြီးက အိမ်ထောင်သားမွေးတွေ ပြုလုပ် လောကဓံဒုက္ခတွေနဲ့ ရင်ဆိုင်တွေ့ကြုံရတဲ့ အခါ တစ်ခါက သူတွေ့ခဲ့ဖူးတဲ့ ဣနြေ္ဒအမူအရာ သိမ်မွေ့တဲ့ ‘ဇိန’ခေါ် ဗုဒ္ဓမြတ်စွာဘုရားရှင်ကို သတိ ရသွားပြီး ဘုရားရှင်ကိုတွေ့အောင်ရှာ၊ ဘုရားထံမှာ ရဟန်းအဖြစ် ခံယူတော်မူသွားခဲ့တဲ့ အထိ ဘုရားရှင်ရဲ့ အမူအရာက တက္ကတွန်းကြီးကို အကျွတ်တရား ရသွားစေတယ်တဲ့”

အမူအရာများကို ဣနြေ္ဒအနေဖြင့်ဆိုလျှင်မူ ခြောက်မျိုး ရှိသည်။ လွယ်ကူစေရန်ဆိုရပါမူ မျက် စိအကြည့်အရှုများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ နားအကြားအာရုံ၊ နှာခေါင်းမှအနံ့ခံအာရုံ၊ လျှာ၏အရ သာခံအာရုံ၊ ကိုယ်ခန္ဓာလှုပ်ရှားမှုနှင့် စိတ်မတည်ငြိမ် မလှုပ်ရှားစေရန် ထိန်းသိမ်း တည်ငြိမ်စေခြင်းတို့ပင် ဖြစ်ကြ၏။ ထိုသို့အမူအရာဣနြေ္ဒများကို သတိဖြင့် လေ့ကျင့်စောင့်ရှောက်ထားနိုင်သူတို့မှာ ထူးမြတ်သူ များပင် ဖြစ်လေသည်။ ဤသို့ဖြင့် ကျွန်ုပ်မှတ်သား လေ့လာထားမိသော သာဓကတစ်ခုကိုလည်း ထပ် ထုတ်ဖော် ပြောပြမိပြန်သည်။

“ဒီလိုကွဲ့ …ဟိုတုန်းက အသောကဆိုတဲ့ မင်းဧကရာဇ်တစ်ပါး ရှိခဲ့ဖူးတယ်။ ယခုလည်း သူ့မှတ် တမ်း၊ သူ့ကဗ္ပည်းကျောက်တိုင်ကို ဗုဒ္ဓဂါယာ မဟာ မြေမြတ်မှာ ရှိတယ်လို့ပြောကြတယ်။ သူက စစ်ပွဲ တိုင်း အောင်မြင်ပြီး ဘုန်းတန်ခိုး အလွန်ကြီးမားခဲ့ တယ်။ အာသောကမင်းကြီးက သူ့ရဲ့နန်းတော်ထဲမှာ တိတ္ထိ ခြောက်သောင်းကို နေ့စဉ် ဆွမ်းကပ်ပြီး ဒါန လုပ်လေ့ရှိတယ်။ တိတ္ထိတွေက အစားအစာကို ဣနြေ္ဒနဲ့မစားကြဘူးတဲ့။ တစ်ဦးအပေါ်တစ်ဦး ကျော် ခွ၊ ပြေးလွှားစားကြသတဲ့။ တစ်နေ့မှာ အသောက ဘုရင်ကြီးက တိတ္ထိတွေကို ဆွမ်းကပ်ရင်း ဝရန်တာမှ နန်းတော်အပြင်ဘက်လမ်းမပေါ်ကို ကြည့်မိသတဲ့။ အဲဒီမှာ နိဂြောဓ ကိုရင်လေးဟာ ဣနြေ္ဒအမူအရာ ငြိမ်သက်စွာလှမ်း၍ ဆွမ်းခံနေတာကို လှမ်းမြင်လိုက်ရ သတဲ့။ အဲဒါနဲ့ နန်းတော်ထဲက မှူးကြီးမတ်ရာတွေကို ကိုရင်လေးကို ပင့်ခိုင်းလိုက်တယ်ကွဲ့။ ကိုရင်လေး ကလည်း ကိုယ်အမူအရာ သိမ်သိမ်မွေ့မွေ့ ဣနြေ္ဒ ရရပဲ နန်းတော်ထဲ လိုက်ြွကလာသတဲ့။ နန်းတော်ထဲ ရောက်တဲ့အခါ အသောက ဧကရာဇ်မင်းကြီးက “အရှင်ဘုရားအား ဆွမ်းလောင်း လှူပါသဖြင့် သင့် တော်ရာနေရာတွင် နေရာယူတော်မူပါ”ဟု ဆို သတဲ့။ အဲဒီအခါ နိဂြောဓကိုရင်လေးက ဘုရင်ကြီးရဲ့ ပလ္လင်ပေါ်ကို တန်းတန်းမတ်မတ် တက်သွားပြီး ထိုင် တော်မူ၍ ဆွမ်းအလှူခံယူတော်မူသတဲ့။ အတိုင်း တိုင်း၊ အပြည်ပြည်၊ နိုင်ငံအဝန်း စစ်အောင်နိုင်ခဲ့ပြီး ဘုရင်ဧကရာဇ်အချင်းချင်းပင် ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရွံ့ခဲ့ရပြီး ပလ္လင်ပေါ်မဆိုထားနှင့် ရှေ့တော် မှောက်တွင် ဒူးထောက်ခစားခံရသော အသောက ဘုရင်မှာ လွန်စွာအံ့ဩတုန်လှုပ်သွားသတဲ့။ အတိုချုံ့ ပြောပြရင်ဖြင့် နောက်ဆုံးမှာ အသောက ဘုရင် မင်းကြီးဟာ တိတ္ထိများရဲ့ ဣနြေ္ဒအမူအရာနဲ့ နိဂြောဓ ကိုရင်ငယ်လေးရဲ့ဣနြေ္ဒ အမူအရာ၊ စိတ်အမူအရာ၊ ခံယူချက်တွေနဲ့နှိုင်းယှဉ် ဆန်းစစ်ပြီး ဗုဒ္ဓဘာသာဝင် သာသနာပြုဘုရင်တစ်ပါး ဖြစ်သွားခဲ့လေတော့တယ် တဲ့။ ကိုယ်အမူအရာ ဣနြေ္ဒတစ်ခုရဲ့ အကျိုးကျေးဇူး များဟာ ဘယ်လောက်အထိ ကြီးကျယ်မြင့်မြတ်သွား ခဲ့တယ်ဆိုတာ သာဓကကြီးတစ်ခုပဲကွယ်”

နောက်ဆုံးအနေနဲ့ ထုတ်ပြဖြစ်ခဲ့သော သာဓ ကတစ်ခုလည်း ရှိခဲ့ပါသည်။

“ဒီလိုကွဲ့ …တို့ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ လက်ယာတော်ရံ အရှင်သာရိပုတ္တရာအလောင်းလျာနဲ့ လက်ဝဲအရံ အရှင်မောဂ္ဂလန် အလောင်းအလျာကိုယ် တော်မြတ်ကြီးတို့ဟာ တရားစစ်၊ တရားမှန်ပုဂ္ဂိုလ်ကို ရှာဖွေနေစဉ်မှာပေါ့။ တစ်နေ့သောအခါမှာ ရှင်သာရိ ပုတ္တရာ အလောင်းအလျာဟာ ပဉ္စဝဂ္ဂီငါးဦးအနက်မှ အငယ်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ အရှင်အဿဇိ ကိုယ်တော် လေး ဆွမ်းခြွံကအလာနဲ့ ဆုံမိသတဲ့။ အရှင်အဿဇိ ကိုယ်တော်ကလေးရဲ့ သွားလာ၊ လှုပ်ရှား၊ ဆွမ်းခံပုံ အမူအရာများဟာ ပကတိသိမ်မွေ့တည်ငြိမ်နေသတဲ့။ ကိုယ်တော်လေးကို မြင်တွေ့ရတဲ့ခဏမှာပဲ အရှင် သာရိပုတ္တအလောင်းလျာဟာ ကိုယ်တော်အရှင် အဿဇိ ထံသွားပြီး အရှင်အဿဇိ၏ အယူအဆ၊ အရှင်အဿဇိ၏ ယုံကြည်ချက်၊ ခံယူချက်၊ ဘာသာ အယူဝါဒတို့ကို မေးလျှောက်သတဲ့။ ဒါနဲ့အရှင် အဿဇိက ‘ယေ ဓမ္မာ၊ ဟေတုပ္ပဘဝါ’အစရှိတဲ့ ဂါထာဖြင့် အဖြေပေးပြီး သစ္စာတရားကို ဟောဖော် ပြောပြနိုင်သည့် မြတ်စွာဘုရားထံခေါ်သွားပြီး တရား နာစေသတဲ့။ အရှင်သာရိပုတ္တရလောင်းလျာဟာ ဘုရားရှင်ရဲ့ တရားတော်များနာယူပြီး ဗုဒ္ဓကိုလက်ခံ တော်မူကာ သူငယ်ချင်းဖြစ်သူ ရှင်မောဂ္ဂလန် ကိုယ် တော်ကြီးကိုပါ တရားနာယူစေပြီး ဗုဒ္ဓဘာသာများ အဖြစ်ခံယူပြီး နောင်တွင် လက်ယာတော်ရံ၊ လက်ဝဲ တော်ရံများပင် ဖြစ်ခဲ့ကြရတယ်။ ကဲ  … ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ အမူအရာဟာ ဘယ်လောက် ထိ အရေးကြီးတယ်ဆိုတာ သိရှိကြရောပေါ့ …’

စသည်ဖြင့် လူတစ်ဦး၊ ပုဂ္ဂိုလ်တစ်ဦးတစ် ယောက်တို့ရဲ့ အမူအရာများဟာ ဘယ်မျှအရေးကြီး ကြောင်းကို ကျွန်ုပ်သည်အလျဉ်းသင့်သလို ပြောပြမိ လေသည်။

ကျွန်ုပ်တို့သည် အိပ်ရာမှနိုးထ၍ မျက်စိ နှစ်လုံး ပွင့်သည်မှစတင်၍ ညအိပ်ရာဝင် နားနေသည့် အချိန်အတွင်း နိစ္စဓူဝ ကိုယ်အမူအရာ၊ နှုတ်အမူအရာ တို့ဖြင့် နေကြရလေသည်။ ထိုကိုယ်အမူအရာ၊ နှုတ် အမူအရာတို့သည် ကျွန်ုပ်တို့၏စိတ်မှ စေခိုင်းသော ကြောင့် ဖြစ်ပေါ်လာရလေသည်။ စိတ်နှလုံးသိမ်မွေ့ နူးညံ့လျှင် ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့လည်း သိမ်မွေ့နူးညံ့လေသည်။ ကိုယ်အမူအရာ၊ နှုတ်အမူ အရာများ မယဉ်ကျေးလျင် ကျွန်ုပ်တို့စိတ် အရိုင်းစိတ် များ ဝင်နေလေ၏။ ထို့ကြောင့် ကျွန်ုပ်တို့၏အမူအရာ များကို သတိဖြင့် ဆန်းစစ်နေရပေမည်။ စိတ်ကောင်း ဝင်သည့်အခါ စိတ်ကောင်းဝင်နေကြောင်း၊ စိတ်ရိုင်း ဝင်နေသည့်အခါ စိတ်ရိုင်းဝင်နေကြောင်း၊ အမူအရာ များလည်း တစ်ခုနှင့်တစ်ခုမတူညီကြောင်း သတိချပ် သင့်၏။ စိတ်မှဖြစ်သော ကိုယ်အမူအရာ၊ နှုတ်အမူ အရာများကို စိတ်ဖြင့်သာ ထိန်းသိမ်းစောင့်ရှောက်ရ ပေလိမ့်မည်။ လောဘဖြစ်လျှင် လောဘ၏အမူအရာ များ၊ ဒေါသဖြစ်လျှင် ဒေါသ၏အမူအရာများ၊ မောဟ ဖြစ်လျှင် မောဟ၏အမူအရာများ ပေါ်လွင်ကြသည် မှာ ဓမ္မာတာပင်ဖြစ်သည်။ ထို့ကြောင့် လောဘ၊ ဒေါသ၊ မောဟများ နည်းပါးသည်ထက် နည်းပါး ကြရန် ဘုရား၏ဂုဏ်တော်၊ တရား၏ဂုဏ်တော်၊ သံဃာတော်မြတ်တို့၏ ဂုဏ်တော်များကို ပွားများ၍ လည်းကောင်း၊ မေတ္တာဘာဝနာများ ပွားများ ထုံမွှန်း၍ လည်းကောင်း အချိန်အခါရတိုင်း၊ သတိရတိုင်း ရွတ်ဖတ်သြွကယ်နေကြခြင်းဖြင့် …။

(ချမ်းသာခြင်းကိုရကြပါစေ)

ဌေးအောင်စိန်

(အင်းမ)

Comments

comments

Post Author: manawmaya