ဆရာဇင်ယော်နီပေးတဲ့ အရက်ဖြတ်နည်း

ယနေ့တွင် ကျွန် တော်သည် ကျွန်တော်၏ဘုရား တက်ဖက်၊ ပုတီးစိပ်ဖက် မိတ် ဆွေကြီးဖြစ်သော ဆရာ ဇင်ယော်နီ၏အိမ်သို့ အ ရောက်သွားခဲ့လေ၏။

မတွေ့ကြသည် မှာလည်း အတန်ကြာ ခဲ့ပြီဖြစ်၏။ အသက် အရွယ်ကလေးများ က ထောက်လာပြီမို့ အိမ်မှာပင် ဘုရားရှိ ခိုးခြင်း၊ ပုတီးစိပ်ခြင်း တို့ကို ပို၍ ပြုလုပ်လာ ဖြစ်သည် မဟုတ်ပါ လော။

ယနေ့တွင်တော့ သွေးကလေး အနည်းငယ်တက်၍ ခေါင်းကလေး ရိပ်တိတ်ရိပ်တိတ် နှင့် မအီမသာကလေး ဖြစ်နေ သည့်ကြားမှပင် မိတ်ဆွေကြီး ဆရာဇင်ယော်နီထံသို့ ရောက်သွားခဲ့ ပါပြီ။

မရောက်လို့ကလည်း မဖြစ်ပါ။ ကျွန်တော့်မှာ တူမကြီးတို့မိသားစုနှင့် အတူနေလာခဲ့ရသည်မှာ ကြာ ပေပြီ။ တူမကြီးမထွေးကြည်က တစ်ကိုယ်ရေ တကာ ယ ကျွန်တော့်ကို ဖခင်သဖွယ် စောင့်ရှောက်ထား ခြင်း ဖြစ်သည်။

ယခု တူမကြီး၏သား၊ ကျွန်တော်၏တူ မောင်သိန်းဒန်တစ်ယောက် အရက်စွဲနေပြီး ကျန်းမာ ရေးကိုပင် ထိခိုက်စပြုလာသောကြောင့် ထိုကိစ္စ အတွက် ကျွန်တော့်မှာ မိတ်ဆွေကြီးဆရာဇင်ယော်နီ ထံသို့ မရောက်ရောက်အောင် လှမ်းခဲ့ရခြင်း ဖြစ် လေတော့သည်။

တူမကြီးမထွေးကြည်ခမျာ ကျန်တာတွေအား လုံး အဆင်ပြေပါလျက်နှင့် ထိုသားတစ်ယောက်အ တွက်သာလျှင် ဗျာပါကြီးရရှာလေသည်။ ဆရာတွေ လည်း စုံခဲ့ပြီ။ ကျွန်တော်လည်း တတ်သမျှ မှတ်သ မျှ ကြိုးစားသော်လည်း သိပ်ပြီး အရာမထင်လှ။

နောက်ဆုံး ကောက်ရိုးတစ်မျှင်အဖြစ် ဆရာ ဇင်ယော်နီထံသို့ လှမ်းခဲ့ရခြင်း ဖြစ်ပေတော့သည်။

ဆိုက်ဆိုက်မြိုက်မြိုက်ပင် စာဖတ်နေသော မိတ်ဆွေကြီး ဆရာဇင်ယော်နီကို အခန့်သား တွေ့ရ သည်။ သူက ကျွန်တော့်အား လက်ဖက်ရည်ဖြင့် ဧည့်ခံလေသည်။ စကားစမြည် အနည်းငယ်ပြောကြ ပြီးနောက် တူတော်မောင်၏အကြောင်းကို ပြောတော့ မိတ်ဆွေကြီးက –

“ဒီလိုလုပ်ဗျာ …၊ ဘုရားတွေမှာ သိကြား မင်းရုပ်တုတွေ တွေ့လေ့ရှိတယ် …၊ အဲဒီသိကြား မင်းကို တိုင်တည်ပြီး သိကြား(၈)ဆုပ် လင်ပန်းလေး ထဲမှာထည့်ပြီး လှူဗျာ …၊ အနည်းဆုံး (၈)ခါ လှူပါ …၊ ဘယ်နေ့သား ဦးဘယ်သူ၊ မောင်ဘယ် သူ အရက်သောက်ချင်စိတ်တွေ ပျောက်သွားပါစေ၊ အရက်ပြတ်သွားပါစေ …စသဖြင့် ဆုတောင်းပေါ့ ဗျာ …” ဟု ပြောပြလေသည်။

“အဲလောက်နဲ့ရပါ့မလား မိတ်ဆွေကြီးရယ်” ဟု ပြန်မေးမိတော့ မိတ်ဆွေကြီးက စီးကရက်ကို ခဲ၍ ပြုံးနေလေသည်။

သူပြောလျှင်တော့ အကြောင်းရှိမှာပါလေဟု သာ တွေးရင်း ကျွန်တော် အိမ်သို့ပြန်လာပြီး တူမ ကြီးမထွေးကြည်ကို မိတ်ဆွေကြီး မှာလိုက်သည့်အ တိုင်း ပြောပြရပါသည်။

မထွေးကြည်ခမျာလည်း သားဇောကြောင့် ထိုနည်းကို အသည်းအသန် အလေးအနက် ပြုရှာ ပါသည်။

၁၀ ရက်ကျော်သောအခါ မည်သို့ဖြစ်သည် မသိ။ တူတော်မောင်သည် သူ့အလိုလိုပင် အရက် သောက်ချင်စိတ်များ ပျောက်သွားပြီး ယခုအခါ အရက်ကို လှည့်၍ပင် မကြည့်တော့ပါချေ။

ဤသည်မှာ ကျွန်တော်၏မိတ်ဆွေကြီးဆရာ ဇင်ယော်နီပေးလိုက်သော ကျွန်တော်တို့ကိုယ်တွေ့ အစွမ်းထက် အရက်ဖြတ်နည်းတစ်နည်း ဖြစ်ပေတော့ ကြောင်း ….။   ။

 

မှော်ရဝေ

Comments

comments

Post Author: manawmaya