ဆယ္မိနစ္ဖုန္းေရႊ

၀င္ေပါက္ခန္းမ

 

တံခါးမႀကီးက ဝင္ဝင္ခ်င္းအခန္းကလည္း သိပ္ အေရးႀကီးပါတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ မိမိကို အက်ိဳး ျပဳမယ့္ ခ်ီဓာတ္ဝင္လာရာလမ္းကို ႀကိဳတဲ့ေနရာမို႔ပါ။ ဒီေနရာ ကို သန္႔သန္႔ရွင္းရွင္းထားရမယ္။ ေနခ်င့္စဖြယ္ ျပင္ ဆင္ထားရမယ္။ အ႐ႈပ္အေထြး၊ အေဟာင္းအျမင္း၊ အမိႈက္သ႐ိုက္ေတြ မရွိေစရဘူး။ ေမွာင္မိုက္မေနဖို႔ အလင္းေရာင္ ေကာင္းေကာင္းရပါေစ။ မီးထိန္ထိန္ ထြန္းေပးပါ။ အိမ္ထဲကို စဝင္လာ သူ ခ်က္ခ်င္းစိတ္ခ်မ္းသာ ေအးၿငိမ္းသြားမယ့္ ပံုစံ မ်ိဳးလုပ္ထားရပါမယ္။ ႐ႈေမွ်ာ္ခင္းလွလွ၊ ပင္လယ္ ကမ္းေျခစတဲ့ ဓာတ္ပံု ပန္းခ်ီကားေတြ ရွိသင့္ပါ တယ္။ စိမ္းလန္းစိုျပည္တဲ့ ပန္းပင္သစ္ပင္ေလးေတြ စိုက္ပ်ိဳးထားသင့္တယ္။

 

ဝင္ေပါက္ခန္းမကို ပိုမိုေကာင္းမြန္ေစဖို႔

ဖုန္းေရႊအစီအရင္မ်ား

လံုေလာက္ေသာ အလင္းေရာင္ရပါေစ။

အဝါေရာင္(သို႔) လိေမၼာ္ေရာင္ေဆးမ်ား သုတ္ ပါ။

အိမ္အဝင္ဝတြင္ ႐ႈပ္ေထြးတားဆီးေနေသာ အရာဟူသမွ်ကို ဖယ္ရွားပါ။

ေလွကားမ်ား၊ တံခါးမ်ားကို မပ်က္ယြင္းပါ ေစႏွင့္။

ဧည့္သည္အတြက္ မ်က္မွန္၊ ထီး၊ ေသာ့၊ အေပၚအက်ႌ စသည္တို႔ထားရန္ ေနရာသီးသန္႔ေပး ထားပါ။

ဧည့္ခန္း

 

ဧည့္ခန္းဟာ မိမိနဲ႔ မိသားစု အနားယူ အပန္း ေျဖရာ ေနရာျဖစ္တဲ့အျပင္ ဧည့္သည္ေတြကို ဧည့္ခံ ေနရာလည္း ျဖစ္လို႔ မိမိရဲ႕ လူမႈဘဝနဲ႔ ဆက္ႏႊယ္ ပတ္သက္ေနပါတယ္။ ဒါေၾကာင့္ ဧည့္ခန္းကို ႐ုပ္ပ်က္ ဆင္းပ်က္ ျဖစ္ေစႏိုင္မယ့္အရာ ဟူသမွ်ကို ဖယ္ရွား ထားပါ။ တစ္ခ်ိန္တည္းမွာပဲ ဧည့္ခန္းကို က်က္သေရ ရွိေစ၊ အလွဆင္ေစႏိုင္တဲ့ အရာမွန္သမွ်ကို ထားပါ။ ဧည့္ခန္းကို ရွင္းရွင္းလင္းလင္း သပ္သပ္ရပ္ရပ္ ထား ပါ။

 

ဧည့္ခန္းကို ပိုမိုေကာင္းမြန္ေစဖို႔

ဖုန္းေရႊအစီအရင္မ်ား

ပရိေဘာဂကို ေသေသခ်ာခ်ာ ေနရာခ်ထား ပါ။ တံခါးမႀကီးကို ေက်ာေပးထားတဲ့ ထိုင္ခံုေနရာ မရွိပါေစနဲ႔။ အိမ္ထဲဝင္လာသူ မည္သူကိုမဆို မိမိက  အရင္ဆီးၿပီး ျမင္ႏိုင္ပါေစ။

ဧည့္ခန္းအဝင္ေပါက္ဝကို ပိတ္ဆို႔ေစတဲ့ ဆိုဖာ ဒါမွမဟုတ္ ဝတၳဳပစၥည္း ႀကီးႀကီးမားမားေတြ ရွိရင္ ဖယ္ပစ္ပါ။

ထိုင္ခံုေတြကို တစ္ခုနဲ႔တစ္ခု အေဝးႀကီးမွာ မထားပါနဲ႔။ တစ္ေနရာက တစ္ေနရာကို စကား က်ယ္က်ယ္ လွမ္းေျပာရေလာက္တဲ့ ေနရာေတြ မျဖစ္ပါေစနဲ႔။

ဧည့္ခန္းမွာ ေလွ်ာက္လမ္းကိုလည္း ေနရာ က်ယ္က်ယ္ေပးထားပါ။ ဒါမွ ျပတင္းေပါက္ဖြင့္ တာ၊ ဗီ႐ိုဖြင့္တာေတြမွာ သက္ေသာင့္သက္သာ ရွိ ေစႏိုင္မွာပါ။

ဧည့္ခန္းထဲမွာ စာဖတ္လို႔ရေအာင္ မီးေကာင္း ေကာင္းထြန္းေပးထားပါ။

 

ဟိန္းလတ္

Unicode Version

၀င်ပေါက်ခန်းမ

တံခါးမကြီးက ဝင်ဝင်ချင်းအခန်းကလည်း သိပ် အရေးကြီးပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မိမိကို အကျိုး ပြုမယ့် ချီဓာတ်ဝင်လာရာလမ်းကို ကြိုတဲ့နေရာမို့ပါ။ ဒီနေရာ ကို သန့်သန့်ရှင်းရှင်းထားရမယ်။ နေချင့်စဖွယ် ပြင် ဆင်ထားရမယ်။ အရှုပ်အထွေး၊ အဟောင်းအမြင်း၊ အမှိုက်သရိုက်တွေ မရှိစေရဘူး။ မှောင်မိုက်မနေဖို့ အလင်းရောင် ကောင်းကောင်းရ ပါစေ။ မီးထိန်ထိန် ထွန်းပေးပါ။ အိမ်ထဲကို စဝင်လာ သူ ချက်ချင်းစိတ်ချမ်းသာ အေးငြိမ်းသွားမယ့် ပုံစံ မျိုးလုပ်ထားရပါမယ်။ ရှုမျှော်ခင်းလှလှ၊ ပင်လယ် ကမ်းခြေစတဲ့ ဓာတ်ပုံ ပန်းချီကားတွေ ရှိသင့်ပါ တယ်။ စိမ်းလန်းစိုပြည်တဲ့ ပန်းပင်သစ်ပင်လေးတွေ စိုက်ပျိုးထားသင့်တယ်။

ဝင်ပေါက်ခန်းမကို ပိုမိုကောင်းမွန်စေဖို့
ဖုန်းရွှေအစီအရင်များ
လုံလောက်သော အလင်းရောင်ရပါစေ။

အဝါရောင်(သို့) လိမ္မော်ရောင်ဆေးများ သုတ် ပါ။

အိမ်အဝင်ဝတွင် ရှုပ်ထွေးတားဆီးနေသော အရာဟူသမျှကို ဖယ်ရှားပါ။

လှေကားများ၊ တံခါးများကို မပျက်ယွင်းပါ စေနှင့်။

ဧည့်သည်အတွက် မျက်မှန်၊ ထီး၊ သော့၊ အပေါ်အင်္ကျီ စသည်တို့ထားရန် နေရာသီးသန့်ပေး ထားပါ။

ဧည့်ခန်း

ဧည့်ခန်းဟာ မိမိနဲ့ မိသားစု အနားယူ အပန်း ဖြေရာ နေရာဖြစ်တဲ့အပြင် ဧည့်သည်တွေကို ဧည့်ခံ နေရာလည်း ဖြစ်လို့ မိမိရဲ့ လူမှုဘဝနဲ့ ဆက်နွှယ် ပတ်သက်နေပါတယ်။ ဒါကြောင့် ဧည့်ခန်းကို ရုပ်ပျက် ဆင်းပျက် ဖြစ်စေနိုင်မယ့်အရာ ဟူသမျှကို ဖယ်ရှား ထားပါ။ တစ်ချိန်တည်းမှာပဲ ဧည့်ခန်းကို ကျက်သရေ ရှိစေ၊ အလှဆင်စေနိုင်တဲ့ အရာမှန်သမျှကို ထားပါ။ ဧည့်ခန်းကို ရှင်းရှင်းလင်းလင်း သပ်သပ်ရပ်ရပ် ထား ပါ။

ဧည့်ခန်းကို ပိုမိုကောင်းမွန်စေဖို့
ဖုန်းရွှေအစီအရင်များ
ပရိဘောဂကို သေသေချာချာ နေရာချထား ပါ။ တံခါးမကြီးကို ကျောပေးထားတဲ့ ထိုင်ခုံနေရာ မရှိပါစေနဲ့။ အိမ်ထဲဝင်လာသူ မည်သူကိုမဆို မိမိက  အရင်ဆီးပြီး မြင်နိုင်ပါစေ။

ဧည့်ခန်းအဝင်ပေါက်ဝကို ပိတ်ဆို့စေတဲ့ ဆို ဖာ ဒါမှမဟုတ် ဝတ္ထုပစ္စည်း ကြီးကြီးမားမားတွေ ရှိရင် ဖယ်ပစ်ပါ။

ထိုင်ခုံတွေကို တစ်ခုနဲ့တစ်ခု အဝေးကြီးမှာ မထားပါနဲ့။ တစ်နေရာက တစ်နေရာကို စကား ကျယ်ကျယ် လှမ်းပြောရလောက်တဲ့ နေရာတွေ မဖြစ်ပါစေနဲ့။

ဧည့်ခန်းမှာ လျှောက်လမ်းကိုလည်း နေရာ ကျယ်ကျယ်ပေးထားပါ။ ဒါမှ ပြတင်းပေါက် ဖွင့် တာ၊ ဗီရိုဖွင့်တာတွေမှာ သက်သောင့်သက်သာ ရှိ စေနိုင်မှာပါ။

ဧည့်ခန်းထဲမှာ စာဖတ်လို့ရအောင် မီးကောင်း ကောင်းထွန်းပေးထားပါ။

ဟိန်းလတ်

Comments

comments

Post Author: manawmaya