ကျွန်ုပ်နှင့် အလောင်းအစားများ

ကျွန်ုပ်သည် အလောင်းအစားကိစ္စများကို ဝါသနာပါသူဖြစ်သည်။ သို့သော် အလောင်းအစား သမားသွေးနည်းသူဖြစ်၏။ ရှုံးလျှင်ရင်ခုန်တတ်သော ကြောင့် ဝါသနာအရ မသိုးမသီကလေးကစားခဲ့သည်။ ဤသို့ မသိုးမသီကစားနေရင်းမှ အရှုံးများ လာခဲ့လျှင် ရှုံးမဲမဲ၍ကစားရင်းမှ လှော်တွင်းရင်း နစ်ခဲ့ရ သည့်ဘဝများလည်း ကြုံခဲ့ဖူး၏။ ကစားဖော်ကစား ဖက်အပေါင်းအသင်းများက ဖဲသမားနှဲသမားပါး လိုပါ ကွာ ပိန်လိုက်ဖောင်းလိုက်ပါ။ ငွေမျောငွေနဲ့လိုက်၊ လှေမျော လှေနဲ့လိုက် ဟူ၍အကြံပေး၍ လိုက်လုပ် ကြည့် သောအခါ ကျွန်ုပ်နောက်လိုက်ငွေများပါ ထပ်မံ ရှုံးရပြန်တာများနှင့် ကြုံခဲ့ရလေသည်။

လောင်းကစားနှင့် ပတ်သက်၍ နိုင်လည်း နိုင်ခဲ့ဖူးသည်၊ ရှုံးလည်းရှုံးခဲ့ဖူးသည်။ သူများ၏ ပိုက်ဆံ များကိုဘေးကနေဆွဲယူဖို့လည်း ကြိုးစားခဲ့ဖူးသည်။ြွေကးလည်းတင်ဖူးသည်။ အဖမ်းမခံရစေရန် လာ ဝိုင်း၍ ပြေးခဲ့ဖူးသည်။ အဖမ်းလည်းခံခဲ့ရဖူးလေသည်။  ကျွန်ုပ်နိုင်များနိုင်နေလျှင် ကျွန်ုပ်အနားတွင် ပိုက်ဆံ ကူရေပေးမည့်သူ၊ အရက်ငှဲ့ပေးမည့်သူ ဆေးလိပ် မီးညှိပေးမည့်သူ၊ ရေခတ်ပေးမည့်သူ၊ ဇက်ကြောနှိပ်   ပေးမည့်သူများကား ဝိုင်းဝိုင်းလည်နေတတ်၏။ ပြီး လျှင် အလှူတစ်ခု၌ ပိုက်ဆံကျဲဖြန့်သကဲ့သို့ လက်ဖြန့် ရာသို့ ငါးရာမျိုး၊ တစ်ထောင်မျိုး၊ ငါးထောင်မျိုးထည့် ဝေပေးခဲ့ပြီး။ စင်တင်စားသောက်ဆိုင်ကြီးများသို့ ယွန်းကြလေသည်။ ကျွန်ုပ်များ ရှုံးခဲ့လျှင်တော့    ပြန်လည်၍ဝဋ်လည်လေတော့လေသည်။ နိုင်နေ သောလူထံချဉ်းကပ်၍ လက်တိုလက်တောင်းလုပ်ပေး ၍ လက်ဝေဖြန့်ခံရလေတော့သည်။ ကြည့်မြင်တတ်ခဲ့ လျှင် သံသရာ၏ ဝဋ်ကိုမဆိုထားဘိ၊ လောင်းကစား ဝိုင်းတွင်ပင် ဝဋ်ကို ထင်ထင်ရှားရှား မြင်တွေ့ရတတ် ၏။

ကျွန်ုပ်သည် လောင်းကစားမျိုးစုံဝါသနာပါ ၏။ စပ်စု၏။ ကြေးတမ်းဇယ်တောက်ခြင်း၊ ဘိလိ ယက်ထိုးခြင်း၊ ကျားထိုးခြင်း၊ စစ်တုရင် လောင်း ကြေးထိုးခြင်း၊ စာအုပ်လှန်ခြင်း၊ ပိုက်ဆံနံပါတ်ပွတ် ခြင်း၊ နှစ်လုံးထီ၊ သုံးလုံးထီတွက်ချက်၍ထိုးခြင်း၊ ဖဲမျိုးစုံရိုက်ခြင်း ဂျင်လောင်းခြင်း၊ ကြက်တိုက်ခြင်း၊ ဘုရားပွဲများတွင် ဂလုံးဂလုံးဆွဲခြင်း၊ ရွှေဘောလုံး ကစားခြင်း၊ ကမ္ဘာ့ကလပ် အသီးသီးအပါအဝင် ကမ္ဘာ့ ဖလား၊ နိုင်ငံအဆင့်ဘော လုံးပွဲများကို မျိုးစုံလောင်း ကစားခြင်း၊ နောက်ဆုံး မိမိတို့၏ရှေ့လမ်းမပေါ်တွင် ဖြတ်သန်းသွားလာသော ယာဉ်နံပါတ်များကို ကြည့်၍ လောင်းခြင်းများအထိ ကိုယ်တိုင်လောင်းစားခဲ့သလို ဘေးမှလည်း ဖဲမီးလှုံ၍ အချိန်ဖြုန်းခဲ့ဖူးသည်။

ကျွန်ုပ်ဝါသနာအပါဆုံး လောင်းကစားနည်း မှာ ဖဲဆယ်သုံးချပ်ပိုကာဒေါင်းခြင်းပင်ဖြစ်ခဲ့လေသည်။  မည်မျှအထိ ထိုကစားနည်းကို နှစ်သက်ခဲ့သနည်းဟု ဆိုရပါမူ နှစ်ရက်နှင့် တစ်ည ထိုင်ရာမထ ကစားခဲ့ ရာ ဆေးရုံပို့ယူ၍ ကုသရသည်အထိဖြစ်ခဲ့ဖူးသည်။ ထမင်း၊ ဟင်း၊ လက်ဖက်ရည်၊ ဆေးလိပ်၊ အရက် စသည်ဖြင့် လိုလေသေးမရှိ အနားထား၍ ဆော့က စား၏။ အပေါ့အပါးသွားရုံမှတစ်ပါး ထိုဝိုင်းတွင်းမှ မထခဲ့။ နောက်ဆုံးတွင် ဖဲပွင့်များကို မမြင်နိုင်ဖြစ်ပြီး ဒေါင်းလို့ဒေါင်းမှန်းမသိဖြင့် လူပါဒေါင်းသွားခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဆေးရုံသို့ရောက်မှန်းမသိ ရောက်သွားခဲ့ရလေတော့သည်။ နောက်ပိုင်းတွင် ကျွန်ုပ်၏ အတိတ်ကို ကျွန်ုပ် ပြန်လှန်စဉ်းစား၍ လောင်းကစားခြင်းကိစ္စရပ်များကို လျော့ပေါ့လိုက်လေ တော့သည်။

ကျွန်ုပ်သည် လောင်းကစားတွင်နိုင်လျှင် ကျွန်ုပ် နိုင်သောငွေများသည် အဖတ်မတင်၊ ကုသိုလ် မဖြစ်သည့်အပြင်၊ အရက်သောက်ခြင်း၊ အပျော်အပါး လိုက်စားခြင်းဖြင့် ကုန်ဆုံးသွားခဲ့ပြီး ရှုံးသွားသည့် ကျွန်ုပ်နှင့် ကစားဖက်များသည် ငွေရေးကြေးရေးအ တွက် မည်မျှအခက်အခဲရှိသွားမည် မခန့်မှန်းနိုင်၊ အနည်းနှင့်အများ အခက်အခဲဖြစ်ကိုဖြစ်ရပေမည်ဟု ခန့်မှန်းမိလေသည်။ အဘယ်ကြောင့်ဆိုလျှင် ကျွန်ုပ် ကိုယ်တိုင် ဖဲရှုံးခဲ့ပြီး မိမိ၏ မိသားစုပိုက်ဆံကို ကျွန်ုပ် ကိုယ်တိုင်ပြန်ခိုးပြီး ဖြဲွေကးဆပ်ခဲ့ရဖူးသောကြောင့် ဖြစ်လေသည်။ အညောင်းထိုင်သဖြင့် ကျန်းမာရေး ကိုလည်း ထိခိုက်စေလေသည်။

“လောင်းကစားခြင်းကိစ္စများသည် ငါးပါး သီလ၊ ဆယ်ပါးသီလ၊ စသည်ဖြင့် မည်သည့်သီလ တွင်မျှ မပါခဲ့သဖြင့် အပြစ်မရှိ”ဟု ကျွန်ုပ်ကိုယ် တိုင်ကပ်သီးကပ်ဖဲ့ ဆိုခဲ့သော်ငြားလည်း ဖဲနိုင်၍ အရက်သောက်ခြင်း၊ အပျော်ကျူးခြင်းမှအစ ဖဲရှုံး လျှင် မိမိပစ္စည်း မိမိကိုယ်တိုင်ပြန်ခိုးခဲ့ခြင်းဖြစ်ခဲ့ရ လေသည်။ လောင်းကစားရှုံးခြင်း၏နောက်ဆက်တွဲ အဖြစ် မုသာဝါဒ မဟုတ်မမှန်စကားများဆိုခြင်း အပြင် နောက်ဆုံး၌ အချင်းချင်းစကားများ၌ ရိုက်မှု၊  လုယက်သတ်ဖြတ်မှုများ ကျူးလွန်နိုင်ကြကြောင်းကို ကျွန်ုပ် ဆင်ခြင်မိလေတော့သည်။

သို့သော် ဘဲသတ္တဝါတို့သည် ရေမြင်လျှင် ကူးချင်သည်ဟု ဆိုရိုးရှိသကဲ့သို့ ကျွန်ုပ်၏ ဆယ့် သုံးချပ်ပိုကာဒေါင်းခြင်းမှာ ကျွန်ုပ်၏ ဝါသနာထူး ကြီးဖြစ်သဖြင့် လူကြီးဝိုင်းအပျင်းပြေ ကလေးဆော့ ကစားပြန်လေသည်။ တစ်နေ့သ၌ ကျွန်ုပ်သည် ပိုကာရှုံးလွန်းသဖြင့်ြွေကးမြီများစွာ တင်လေတော့ သည်။ ကိစ္စမရှိ ကျွန်ုပ်တွင် ကျွန်ုပ်မိသားစု ပိုင် မည်သည့်နေရာတွင်ငွေရှိနေကြောင်း သိနေသဖြင့်    အသင့်ယူ၍ ဖြဲွေကးဆပ်လိုက်သည်။ သို့သော် ကျွန်ုပ် သည် လောင်းကစားသမား သွေးနည်းသောကြောင့် တနုံ့နုံ့ဖြင့် ခံစား၍နေရတော့လေသည်။ တစ်နေ့တွင် ကျွန်ုပ်အချီကြီး ပြန်နိုင်လေသည်။ ဖဲသမားများနှဲ သမားပါးလို ပိန်လိုက်၊ ဖောင်းလိုက် ဟူသော ဆို စကားကပင် မှန်သယောင်ယောင်ရှိနေ၏။ တစ်ဝိုင်း လုံးသိမ်းယူ၍ ကြွေးမြီများကိုပင် အသီးသီးမှတ်သား ထားနိုင်သူဖြစ်နေလေသည်။ သို့သော် ကျွန်ုပ်သည် မည်သူထံကိုမျှ ကြွေးပြန်၍ မတောင်းခံခဲ့ပါ။ သို့သော် အလွန်ရိုးသား၍ အမည်ပျက်မရှိသော ကစားဖော် တစ်ဦးသည် ကျွန်ုပ်ကို တွေ့မြင်တိုင်း သူ၌ခံစားနေရ ကြောင်း ကျွန်ုပ်စိတ်၌ သိနှင့်နေသည်။ သို့ဖြစ်၍ ကြွေးမြီအတွက်ကိစ္စမရှိကြောင်း  ပြောဆိုနှစ်သိမ့်ပေး နေရသည်မှာ ကျွန်ုပ်၏ အလုပ်  ပိုတစ်ခုဖြစ်နေလေတော့သည်။ ထိုသူသည် ကြွေးဆပ်နိုင်ရန် နိုင်လိုနိုင် ငြားအခြားသူများထံမှ ငွေချေးငှား၍ ဆော့ကစားသော်လည်း ရှုံးမြဲရှုံးနေလေ၏။ နောက်ဆုံးတွင်စိတ်ရောဂါ ကိုပါ ခံစားသွားခဲ့တာတို့နှင့် ကျွန်ုပ်ကြုံတွေ့ခဲ့ဖူးသည်။

ကျွန်ုပ်သည် လောင်းကစားကိစ္စရပ်များကို  ဆင်ခြင်ကြည့်ရာတွင် နောက်ဆုံး၌ အကောက်၊ ကောက်ခံသူသာ ပိုက်ဆံရသွားလေသည်။ လောင်း ကစားသမားများမှာ နိုင်လည်းရှုံး ရှုံးလည်းရှုံးဖြင့်သာ ဖြစ်ရ၏။ အကောက်မကောက်ခံသော အပျော်တမ်း ဝိုင်းများကစားကြသောအခါ ကစားစဉ်ဝိုင်းအတွင်းမှ ပိုက်ဆံများနှင့် ဝယ်ခြမ်းစားကြသောက်ကြဖြင့် ပျော် ပျော်ပါးပါး ရှိခဲ့သော်လည်း ဝိုင်းသိမ်းလိုက်သောအခါ    ပြဿနာဖြစ်ကြတော့သည်။ ရှုံးသူမှသူသည် မည်မျှ ရှုံးသွားကြောင်း ပြောဆိုသော်လည်း နိုင်သူမှာ ပြ စရာမရှိ။ အဘယ်ကြောင့်ဆိုသော် ကစားနေစဉ်တွင် ပျော်ပျော်ပါးပါးဖြင့် ဝိုင်းတွင်းမှ ပိုက်ဆံများကို သုံး ဖြုန်းစားသောက်လိုက်ကြခြင်းကြောင်းဖြစ်လေသည်။ သည့်ထက်ကြီးမားသည့် ပြဿနာတစ်ရပ် ကြုံခဲ့ရ ဖူးသေး၏။

ကျွန်ုပ် အလယ်တန်းကျောင်းသားဘဝတွင်   ကျွန်ုပ်တို့မြို့၌ ဘုရားပွဲအကြီးအကျယ် ကျင်းပသော ပွဲနှင့် ကြုံဆုံရလေသည်။ ကျွန်ုပ်တို့ သူငယ်ချင်း တစ်စုသည် ဘုရားပွဲတွင် ညဥ့်နက်အောင်နေခဲ့ပြီး မအိပ်ချင်ကြသေးသဖြင့် လူစုလည်းမခွဲချင်သော ကြောင့် ကျွန်ုပ်၏ မိဘပိုင်ကုန်လှောင်ဂိုဒေါင်အ တွင်း ဖဲစုရိုက်ရန် ကြံစည်ကြလေတော့၏။ ကျွန်ုပ်တို့ အဖွဲ့ သည် ဘုရားပွဲဈေးတွင် ဝယ်ခြမ်းစားသောက်  ပြီးခဲ့ ကြသောကြောင့် လက်တွင် အြွေကစေ့များသာရှိကြ လေသည်။ ထိုခေတ်အခါက ငါးပြား၊ ဆယ်ပြား တစ်မတ်၊ ငါးမူးအြွေကစေ့သုံးနိုင်သေးသော အချိန် ဖြစ်ခဲ့၏။ သို့ဖြင့် ကျွန်ုပ်တို့သည် ဂိုဒေါင်တွင်း အလုပ် သမားများဆော့ကစားထားရစ်ခဲ့သော ဖဲထုတ်မစုံမ လင် အနွမ်းအဖတ်များနှင့် ဝိုင်းတည်ကစားကြလေ တော့သည်။ လျှပ်စစ်မီးများလည်း မသွယ်တန်းရ သေးသဖြင့် ဖယောင်းတိုင်မီးရောင်ဖြင့် ကစားရလေ ၏။ မကြာသောအချိန်တွင် ပြတ်သားသော အသံ တစ်ခုအား တိတ်ဆိတ်နေသော ညဥ့်ယံအတွင်း၌  ကျွန်ုပ်တို့ ကြားလိုက်ရလေသည်။ ကျွန်ုပ်တို့၏ ဂို ဒေါင်တံခါးကို ဖွင့်ခိုင်းနေသော အသံဖြစ်လေသည်။   ကျွန်ုပ်တို့ သူငယ်ချင်းတစ်စုမှာလည်း လုံးဝဖွင့်မ ပေးဘဲလျက် အသာအယာနားစွင့်ပြီး အခြားသူငယ် ချင်းများလာ၍ နောက်သည်အထင်နှင့် ဆဲဆိုလွှတ် ကြလေ၏။ သို့သော် ဝုန်းဆိုသော ဂိုဒေါင်တံခါးကို  ဆောင့်ကန်လိုက်သံကြားရသည်နှင့် တစ်ပြိုင်နက်၊ ကျွန်ုပ်တို့သည်လည်း ဖယောင်းတိုင် မီးကိုမှုတ်၍ ဟိုကြား၊ သည်ကြားတွင်းသို့ ခိုဝင်ပုန်းလျှိုးကြလေ တော့သည်။ သို့သော် အမှောင်တွင်း၌ တိုးလျှိုးရ သောကြောင့် လုံခြုံမှုများ မရခဲ့ကြ။ တိုးဝင်လာသူ လူစုသည် အားကောင်းသော ဓာတ်မီးများကို အသုံး ပြုလျက်၊ ကျွန်ုပ်တို့တစ်ဦးချင်းစီကို ရှာဖွေ၍ သေ နတ်များဖြင့် ထိုးချိန်ထားလိုက်လေ၏။ ကျွန်ုပ်တို့ အားဝိုင်းကြီးကစားနေသည်ဟု သတင်းပေးသော ကြောင့် ရဲများလာရောက်ဝိုင်း၍ အဖမ်းခံရခြင်းဖြစ် လေတော့သည်။ ထို့နောက်ကျွန်ုပ်တို့ ကစားနေသော ဝိုင်းတွင်းမှ ပိုက်ဆံအြွေကများနှင့် ဖဲထုပ်မစုံမလင်   အစောင်းအနွမ်းများကိုကြည့်၍ ငိုအားထက်ရယ် အား သန်ကြလေတော့သည်။

သို့သော် ဝိုင်းအတွင်းမှ ဖဲထုတ်မစုံမလင် အနွမ်းနှင့် ငွေအကြွေစေ့အရေအတွက် စုစုပေါင်း တစ်ကျပ်ပြားကိုးဆယ်ကိုဖြင့် သက်သေခံပစ္စည်းအ ဖြစ် သိမ်းယူသွားသဖြင့် နောက်နေ့တွင် ရုံးသို့လာ ခဲ့ကြရန် စာရင်းယူသွားကြလေတော့သည်။ အကြီး အကျယ် စိတ်ညစ်ရလေသည်။

နောက်တစ်နေ့သည် ဘုရားလှည့်ပွဲအကြီးအ ကျယ်ကျင်းပမည့်နေ့ဖြစ်နေခြင်း ကျွန်ုပ်တို့သည် အ လယ်တန်းကျောင်းသားအရွယ်သာ ရှိနေကြခြင်း၊ ထို နေ့တွင် ရုံးသို့မသွားဘဲလျက် ဘုရားပွဲတွင်သာ ဆက် လက်ပျော်ပါးနေခြင်း၊ ရဲစခန်းနှင့် ကျွန်ုပ်တို့  ကျောင်း ဝန်းသည် နီးကပ်စွာတည်ရှိနေခြင်း၊ ရဲစခန်းဝင်း သည် ကျွန်ုပ်တို့၏ ကစားကွင်းဖြစ်နေခြင်း၊ ကျွန်ုပ် တို့အားလုံးနှင့် ရဲစခန်းတစ်ဝန်းလုံးရှိ အရာရှိအရာ ခံပါမကျန်သိကျွမ်းနေခြင်းစသည့်အကြောင်းကြောင်း များကြောင့် ကျွန်ုပ်တို့သည် ဖဲဝိုင်းဖမ်းခံရခြင်းအမှုမှ လွတ်မြောက်ခဲ့ရလေတော့သည်။

သို့သော် ကျွန်ုပ်၏ ဝါသနာအရ ဖဲရိုက်ခြင်း၊ လောင်းကစားလုပ်ခြင်းများသည် ငါးပါးသီလ၊ ဆယ် ပါးသီလ စသည်ဖြင့် ဘယ်သီလထဲမှာမှ မပါဝင် သဖြင့် အပြစ်မရှိ၊ လောင်းကစားခွင့်ရှိသည်ဟူ သော လက်သုံးစကားဖြင့် ဆက်လက်လောင်းမြဲ  စားမြဲပင် နေခဲ့လေသည်။ သို့သော် ကျွန်ုပ်တို့ လူသားများတွင် ဒုစရိုက်၁၀ပါး၊ သို့တည်းမဟုတ် အကုသိုလ် ကံ ၁၀ ပါးဖြစ်သော ကာယကံသုံးပါး၊ ဝစီကံ လေးပါး   မနောကံသုံးပါး အပြစ်ကြီးထဲတွင် ဖဲရိုက်ခြင်း လောင်း ကစားပြုခြင်းများသည် ကာယကံနှင့် ဝစီကံတို့၌ မထင်ရှားသော်လည်း လွန်စွာအပြစ်ကြီးလေးသော မနောကံသုံးပါးတွင် တိုက်ရိုက် အကျုံးဝင်နေလေ တော့၏။

ကျွန်ုပ်တို့၏ စိတ်၊ နှလုံး၊ မနောတို့သည် ရုပ်တို့ကဲ့သို့ အမြဲတမ်းမနားမနေကံဟူသော အလုပ် ကို လုပ်နေလေသည်။ ထိုစိတ်နှလုံးမနောကံတွင်

၁။ အဘိဇ္ဈာ ဟူသော သူတစ်ပါးပစ္စည်း မိမိလိုချင် မိမိပစ္စည်းဖြစ်စေရန်၊ မတရားသော နည်း၊ သမ္မာအာဇီဝမဖြစ်သော နည်းများဖြင့် ကြံစည်နေ ခြင်း။

၂။ ဗျာပါဒ-သူတစ်ပါး၏ ရွှေ၊ ငွေ၊ ဥစ္စာ ပစ္စည်းများကို လျော့ပါးစေရန်နှင့် ပျက်စီးစေရန် ကြံစည်နေခြင်း

၃။ မိစ္ဆာဒိဋ္ဌိ-အထက်ပါအမှားများကို အမှန် ဟူ၍ အထင်ရောက်နေခြင်း စသည့် မနောကံ အပြစ် ကြီးသုံးပါးတွင် ဖဲရိုက်ခြင်း၊ လောင်းကစားပြုခြင်း များသည် တိုက်ရိုက် အကုသိုလ်ဖြစ်နေသော အကု သလကမ္မတရားကြီးပင်ဖြစ်ကြောင်း ဖတ်မှတ် သိရှိ လိုက်ရလေတော့သတည်း။ ငရဲသို့ကျနိုင်သောကံများ ပင်ဖြစ်သည်။

သို့သော်လည်း ဝါသနာနှင့် ဗီဇာတို့သည် အထက်ဘဝဂ်တိုင်အောင်ထိ လူ၊ နတ်၊ ဗြဟ္မာတို့ ၌ ကပ်ငြိတွယ်တာသည်ဟုဆိုသောအခါ ဘဲသတ္တဝါ နှင့်တူသော ကျွန်ုပ်တို့သည် ရေကိုမြင်လျှင်ဖြင့် …

ချမ်းသာခြင်းကို ရကြပါစေ

 

ဋ္ဌေးအောင်စိန်(အင်းမ)

Comments

comments

Post Author: manawmaya