သတုခိနဂါးနိုင်မင်းနှင့်ပတ်သက်ပြီး လူသိနည်းသော အတွင်းရေး

လူတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ယဉ်ကျေးမှု နယ်ပယ်များတွင် ထင်ထင်ရှားရှား နေရာယူခဲ့သော အကြောင်းအရာများထဲမှာ နဂါးသည်လည်း အပါ အဝင်တစ်ခုဖြစ်ခဲ့ပေသည်။ နဂါးကို မြင်ဖူးသူ ရှား သော်လည်း ကြားဖူးသူမှာ များလှပါသည်။

နဂါး Naga ဆိုသည်မှာ သက္ကတနှင့် ပါဠိ  ဘာသာ စကားတို့မှ ဆင်းသက်လာပြီး ပါဒေသ နဂစ္ဆာတီတိနာဂေါဟူသော ဝိဂြိုဟ်အရ ခြေဖြင့် မသွားသောကြောင့် နဂါးဟုခေါ်ဆိုကြောင်း၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ ကျမ်းဂန်များမှလည်း အလွန်ကြီးမား သော မြွေကြီးများနှင့် အဆိပ်ပြင်းထန်သော မြွေကြီး များကို ခေါ်ဆောင်ခြင်းဖြစ်ကြောင်း တွေ့ရသည်။ အနောက်တိုင်းနှင့် တရုတ် Dragon များသည်လည်း ပုံသဏ္ဌာန်နှင့် ဂုဏ်သတ္တိချင်း တူညီကြ၍ နဂါးဟု  ပင် ခေါ်ဆိုကြပေသည်။

 

နဂါးပုံသဏ္ဌာန်

နဂါးတို့၌ ပုံသဏ္ဌာန်မှာ နိုင်ငံနှင့် ဒေသများ အလိုက် ကွဲပြား ခြားနားသော်လည်း နဂါးသည် ဦးခေါင်း၌ အမောက်ပါရှိကာြွေမနှင့် ခပ်ဆင်ဆင်  တူပြီး အမောက်များ၊ အတက်များဖြင့် တန်ဆာဆင် ကာ ခံ့ညားသော သတ္တဝါအဖြစ် အားလုံးမှ ယုံကြည် ကြသည်။

တရုတ်နိုင်ငံတွင် ဟန်မင်းဆက် အုပ်ချုပ် စဉ်က ထင်ရှားသော ပညာရှိ ဝန်ဖူး၏ ရေးသား ပုံဖော်ချက်အရ နဂါး၏ ဦးခေါင်းတွင် ဒရယ်ချိုကဲ့သို့ ဦးချိုရှိပါသည်။ ဦးခေါင်းသည် ကုလားအုပ်ဦးခေါင်း နှင့်တူသည်။ မျက်လုံးမှာ ပတ္တမြားရောင် မီးဝင်းဝင်း  တောက်နေသည့် နတ်မိစ္ဆာမျက်လုံးနှင့် တူသည်။ လည်ပင်းမှာြွေမနှင့် ပုံသဏ္ဌာန်တူပြီး ဝမ်းဗိုက်တွင် ရုံးခွံအရွယ် အကြေးခွံများသည် ငါးအကြေးခွံများကဲ့ သို့ရှိပြီး လက်သည်းမှာ လင်းယုံငှက်၏ လက်သည်း ပုံသဏ္ဌာန်ဖြစ်သည်။ နဂါးများ၏ ခြေဖဝါးသည် ကျား၏ ဖဝါးကဲ့သို့ဖြစ်၍ နားရွက်သည် နွားနားရွက် များနှင့်တူသည်ဟု ဆိုခဲ့ကြရာ –

တရုတ်စာပေများနှင့် ရာဇဝင်များတွင်လည်း နဂါးပုံများကို တွေ့ရှိရပေသည်။ ယခုအခါ တရုတ် ပြည် ဘေဘီလုံမြို့ရှိ အစ်(ရှ်)တာ မုခ်ဦးတွင် ထွင်းထု ထားသော နဂါး၏ ပုံသဏ္ဌာန်ကို ထင်ရှားစွာ တွေ့ရ ပေသည်။

မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာ ဘာသာရပ် များတွင်လည်း နဂါးပုံကို လှပတင့်တယ်၍ မာန်ပါ ပါ ရေးဆွဲထုလုပ်ကြသည်ကို တွေ့ရပေသည်။ နဂါး၏ ပုံသဏ္ဌာန်ကို မှန်းဆ၍ မကိုဋ် အချွန်များ ပါးပျဉ်းပုံ များကို တန်ဆာဆင်ကာ အစိမ်းရောင်၊ အနီရောင်၊ ရွှေရောင်တို့ဖြင့် ပန်းချီ၊ ပန်းပု၊ ပန်းတမော့၊ ပညာ ရှင်များက အနုပညာမျက်စိဖြင့် ပသာဒဖြစ်အောင် လှပစွာ ဖန်တီးပြုလုပ်ကြပေသည်။

နဂါးအမျိုးမျိုး

မြန်မာတို့၏ စာပေကျမ်းဂန်လာအရ နဂါး အမျိုးပေါင်း ၁၀၂၄ မျိုးရှိသည်ဟု ဆိုသော်လည်း အဓိကအားဖြင့် အပြားသုံးမျိုးသာ ရှိပေသည်။

(၁) ရေ၌နေသော ရေနဂါး

(၂) မြေ၌နေသော မြေနဂါး

(၃) တောင်များမှာ နေသော တောင်နဂါး ဟူ၍ ဖြစ်ပေသည်။

လောကီ ရှေးကျမ်းဂန်များမှာလည်း နဂါးကို အပြား ငါးမျိုးဖြင့် ထပ်မံ၍ ခွဲခြားပြထားသည်ကို ထပ်မံတွေ့ရှိရာ ゞင်းတို့မှာ –

(၁) နတ်နဂါး

(၂) သိုက်နဂါး

(၃)ြွေမနဂါး

(၄) အာကာသနဂါး

(၅) အဂ္ဂိရတ်နဂါး ဟူ၍ပင်ဖြစ်ပါသည်။

နတ်နဂါးများဟု ဆိုရာဝယ် –

(၁) ဥရုဝေဠနဂါး

(၂) နန္ဒောပနန္ဒနဂါး

(၃) မဟာဒရနဂါး

(၄) ဓူဠအရနဂါး

(၅) ဝိရုပက္ခနဂါး

(၆) ဧရာပတနဂါး

(၇) ဆဗျာပုတ္တနဂါး

(၈) တဏှာဂေါတနဂါး

(၉) နတ်နဂါးတို့သည် တန်ခိုးအလွန်ကြီး မားသော နဂါးမျိုးများ ဖြစ်ကြပါသည်။

များစွာသော နဂါးအမျိုးမျိုးရှိရာတွင် ကဋ္ဌမုခ အမျိုးအနွယ် နဂါးအကိုက်ခံရသော သတ္တဝါသည် အဆစ်အမျက်များ မကွေးမဆန့်နိုင်တော့ဘဲ သံ တံကျင်လို ခိုင်ခန့်မာကျောသွားသည်။ ပုတိမုခ နဂါး မျိုးနွယ် အကိုက်ခံရသော် အကိုက်ခံရသော သတ္တဝါ သည် ပိန္နဲပုပ်လို အသားထဲမှ အရည်များ ယိုထွက် ကျလာပြီး သေဆုံးစေသည်။ အဂ္ဂိမုခ နဂါးမျိုးနွယ် အကိုက်ခံရသော် အကိုက်ခံရသူ၏ အသားတွေ သည် မိုးကြိုးပစ်ထားသကဲ့သို့ ကွဲပျက်ပျက်စီးသွား သည်ဟု နဂါးအမျိုးလေးပြားဖြင့် ဖွင့်ဆိုထားသည်ကို တွေ့ရပေသည်။

ထိုမှတစ်ဖန် ဒဋ္ဌဝတီနဂါးမျိုးသည် ကိုက်ရုံမျှ ဖြင့် အထက်ပါ အခြင်းအရာတို့ကို ဖြစ်စေတတ် သည် ဒိဋ္ဌိဝီသ နဂါးမျိုးသည်လည်း ကြည့်ရုံမြင်ရုံ ဖြင့် အထက်ပါ အခြင်းအရာတို့ကို ဖြစ်စေသည်။ ဖုဋ္ဌဝီသနဂါးမျိုးသည် ထိရုံမျှဖြင့်လည်းကောင်း၊ အထက်ပါ အချင်းအရာတို့ကို ဝါတဝီသနဂါးမျိုးသည် လေမှုတ်ရုံဖြင့်လည်းကောင်း အထက်ပါ အခြင်း အရာတို့ကို ဖြစ်စေရာ အဆိပ် နဂါး လေးပြားဖြင့် ၁၆ ပြားဖြစ်လေသည်။ ထို ၁၆ ပြားမှ တစ်ဖန် လျင် မြန်စွာ အဆိပ်လာသော်လည်း အဆိပ်မပြင်းသော အာဂတဝီသဃောရဝီသ နဂါးမျိုး အဆိပ်လည်း ပြင်း သော်လည်း လျင်မြန်မစွာ အဆိပ်မလာသော ယော ရဝီသနအာဂတနဂါးမျိုး အဆိပ်လည်းပြင်း၍ လျင် မြန်စွာလည်း လာသော အာဂတဝီသယောရ ဝီသ နဂါးမျိုး အဆိပ်လည်း မပြင်း၊ လျင်မြန်မစွာလည်း မလာသော နအာဂတဝိသယော ရဝီသနဂါးမျိုးဟူ၍ လေးပါးစီပြားပြန်ရာ နဂါးအပြား ၆၄ ပါး ဖြစ်သွား သည်။

ထိုမှတစ်ပါး ဥ၌ဖြစ်သော အဏ္ဌဇ နဂါး၊ ရေကြည်၌ဖြစ်သော ဖလာဗုဇ နဂါးအညှိကို စွဲ၍ဖြစ် သော သံသေဒဇ နဂါး၊ ကိုယ်ထင်ပြသော ဩပပါ တိက နဂါး ဟူ၍ ပဋိသန္ဓေအားဖြင့် လေးပါးပြန်သော ကြောင့် နဂါးအပြား ၂၅၆ ပြား ဖြစ်ပေသည်။ ထို နဂါးများအား ရေနေ နဂါးနှင့် ကုန်းနေနဂါး နှစ် ပြားပြန်သဖြင့် နဂါးအပြား ၅၁၂ ပါးဖြစ်ပေသည်။ ထို ၅၁၂ ပါးတွင် ကာမဂုဏ်ခံစားရသော ကာမရူပိ နဂါးမျိုးနှင့် ကာမဂုဏ် မခံစားရ သော အကာမရုပ နဂါးမျိုး ဟူ၍ အဖုံဖုံ ကွဲပြားလာပြန်ရာမှ နဂါး မျိုး စုစုပေါင်း ၁၀၂၄ ပါးရှိသည် ကို တွေ့ရှိရပေသည်။

 

ဂဠုန်ဘေးမှ ကင်းဝေးသော နဂါးခုနစ်မျိုး

နဂါးနှင့်ဂဠုန်သည် ကမ္ဘာ့ ရန်ဖက်များ ဖြစ်ကြပေသည်။ နဂါးကို နိုင်သူမှာ ဂဠုန်ဖြစ် သည်။ ဂဠုန်တို့သည် နဂါးတို့ကို ထိုးသုတ်သည်ဟုဆိုငြားသော် လည်း နဂါးတိုင်းကိုမူ ထိုးသုတ် လို့ မရနိုင်ပေ။ ဂဠုန်တို့သည် မိမိထက် ယုတ်ညံ့သော နဂါး များနှင့် တူမျှသော နဂါးတို့ကိုသာ ထိုးသုတ်သာ၊ ထိုးသုတ်နိုင် စွမ်း ရှိပြီး အလွန်မြင့်မြတ်သော နဂါး များ၊ ကမ္မဇိဒ္ဓိတန်ခိုးရှိသော နတ် နဂါးတို့ကိုမူ ထိုးသုတ်ခြင်းငှာ မစွမ်းနိုင်ပေ။

ထို့ကြောင့် သာရတ္ထ သင်္ဂဟ၌ အထာဟိ ထိုစကားမှန်၏၊ လောဗုဇော သုပဏ္ဍော ဇလဗုဇ ဂဠုန်သည်၊ အတ္တနား မိမိတို့နှင့်၊ သာမကံ ညီမျှ သော သဘော၊ ဇလာဗုဇနာဂံ ဇလာဗုဇမျိုးဖြစ်သော နဂါးကိုလည်းကောင်း၊ ဟိနံ-ယုတ်၍ အဏ္ဍဇနဂဉ္ဇ အဏ္ဍဇမျိုးဖြစ်သော နဂါးတို့ကိုလည်းကောင်း ဂဏှာဟိ – ယူစေနိုင်၏။ အတ္တနာ မိမိထက်၊ ဥတ္တမံ မြင့်မြတ် သော၊ သံသေဒဇ နာဂံ သံသေဒဇမျိုးဖြစ်သော၊ ဩပပါတိ ကဉ္စ နာဂံ- ဥပပတ်မျိုးဖြစ်သော နဂါး တို့ကိုလည်းကောင်း၊ တဏှာဟိ ယူဆောင်ခြင်းငှာ၊ နသတ္တောတိ မစွမ်းဆောင်နိုင်ဟု ဖွင့်ဆိုထားသည်ကို တွေ့ရှိရပေသည်။

နဂါးစစ်သူကြီး၏ ဗိုလ်မှူး စစ်ဘုရင်များဖြစ် ကြသော –

(၁) ကမ္ဗလနဂါးတစ်မျိုး

(၂) အသဝ တရနဂါးတစ်မျိုး

(၃) ဓတရဠာ စတရဠ မည်သော နဂါးတစ် ဘုရင်တစ်မျိုး

(၄) သတ္တသိဒန္တရဝါသိနော-တောင်စဉ်သီတာ မဟာသမုဒ္ဒရာ၌ နေကြကုန်သော နဂါးတစ်မျိုး

(၅) ပထဝိဋ္ဌကာ မြေတွင်း၌ မှီတင်းပုန်း အောင်းကာ နေလေ့ရှိကြကုန်သော မြေအောင်း  နဂါးတစ်မျိုး

(၆) ပဗ္ဗတဋ္ဌကာ-တောင်ခေါင်းအတွင်း၌ မှီတင်း နေထိုင်ကြကုန်သော တောင်တွင်းနဂါးတစ် မျိုး

(၇) ဝိမာနဋ္ဌကာ-ဘောဂဝတီ နဂါးပြည်၌ စံပျော်နေကြကုန်သော နတ်နဂါး တို့သည်လည်း တစ်မျိုး ထိုထိုသော နဂါးတို့ကို ဂဠုန်တို့ ထိုးသုတ် ခြင်းငှာ စွမ်းဆောင်နိုင်ခြင်းမရှိပေ။

 

နဂါးတို့၏ ဌာနေ

နဂါးများသည် အိုင်ကြီးများ၊ တောင်ကြီးများ ၏ အောက်ဘက် ဂူကြီးများထဲတွင် နေထိုင်တတ်ကြ ပြီး ရေနတ်နဂါးတို့သည် ဇမ္ဗူဒိပ်ကျွန်း၏ မြောက် ဘက် သမုဒ္ဒရာတို့နှင့် သီဟိုဠ်ကျွန်း အစရှိသော ကျွန်းငယ်တို့၏ သမုဒ္ဒရာအပြင်ဘက်၌ နေထိုင်ကြ သည်။ ထိုမှတစ်ဖန် တောင်စဉ် ခုနစ်ထပ်တို့၏ အကြားဖြစ်သော သီတာမြစ်နှင့် မြင်းမိုရ်တောင်၏ ပထမ အာလိင်ပြင်တို့၌ ရတနာအတိပြီးသော ဗိမာန် တို့ဖြင့် နေသည်ဟု ဆိုပေသည်။

ပါရာဇိကဏ်အဋ္ဌအထာ စတုတ္ထပါရာဇိက တပေါ်ဒါ ဝတ္ထုတွင် ဝေဘာရတောင်၏ အောက်ခြေ တွင်ြွေမနဂါးတို့သည် ယူဇနာပေါင်း ၅၀ဝ ကျယ် ဝန်းသော နဂါးပြည်ရှိပြီး ထိုနဂါးပြည်သည် အရံ ဥယျာဉ်တို့ဖြင့် သာယာလှပပြီး နတ်ပြည်တမျှ ခမ်းနားလှပေသည်။ ပဏ္ဍကနဂါးမင်းသည် အနောဝတ္တ အိုင်တွင် ゞင်းမုစလိန္ဒ နဂါးမင်းသည် မုစလိန္ဒအိုင်၌ လည်းကောင်း၊ ဥရုဝေလ နဂါးသည် ဥရုဝေလမြစ်၌ လည်းကောင်း၊ အဂ္ဂိဒဃ နဂါးများသည် ဂယာမြစ်၌ လည်းကောင်း နေထိုင်ကြကြောင်း ဓမ္မပဒနှင့် ဗုဒ္ဓ ဘာသာ ကျမ်းဂန်များတွင် ဖော်ပြထားသည်ကို တွေ့ရှိရပေသည်။

 

ဇာတ်တော်ထဲမှ မဟာနဂါးများ

ဂေါတမမြတ်စွာဘုရားရှင်၏ ဖြစ်တော်မူ ပေါင်းတွင် နဂါးဘဝ သုံးဘဝ ဖြစ်ခဲ့ရပေသည်။ ထိုသို့ ၅၅၀ ဇာတ်တော်ထဲတွင် ဒုကနိပါတ် ဥရဂ ဇာတ်၌ နဂါးနှင့်ဂဠုန်တို့အကြောင်း ပကိဏ္ဍကနိပါတ်၊ မဟာဝါဏိဇဇာတ်၌ နဂါးမင်းနှင့် ကုန်သည်များ အကြောင်း၊ ဝီသတိနိပါတ် မမ္ပေယျဇာတ်၌ နဂါးမင်း နှင့် အလမ္ပာယ်အကြောင်း၊ စတ္တာလီသနိပါတ်- သင်္ခပါလ ဇာတ်၌ နဂါးမင်းနှင့် သူကြွယ်အကြောင်း၊ မဟာနိပါတ် ဘုရဒတ္တန ဘူရဒတ္တ နဂါးမင်းတို့သည် ဇာတ်တော်လာ ထင်ရှားသော နဂါးများပင်ဖြစ်ပေ သည်။

 

နဂါးတို့၏ ကမ္မဇိဒ္ဓိတန်ခိုး

မြတ်စွာဘုရားရှင်၏ အရံ အတားအဖြစ် ရွက်ဖတ်အပ်သော ပရိတ်ကြီး ၁၁ သုတ်မှ အာဋာနာ ဋ္ဌိယသုတ်တွင် ဒေဝါနာဂါမဟိဒ္ဓိကာ စသည်ဖြင့် နတ်နဂါးတို့၏ ဘုန်းကံ တန်ခိုးကြီးပုံကို ပြဆိုထားပါ သည်။

ထိုသို့တန်ခိုးရှိခြင်းမှာ နဂါး ၏ အမောက်တွင် ပတ္တမြားရှိ သောကြောင့်ဟု ဆိုကြပေသည်။ စာပေကျမ်းဂန်များတွင် နဂါး သည် သူ၏မျက်စိဖြင့် သတ္တဝါ တို့အား စူးစိုက်၍ မျက်စောင်း ထိုးကြည့် လိုက်ရုံမျှဖြင့် သတ္တဝါ များ သေစေနိုင်၍ နဂါးတို့ မျက် စောင်းအကြောင်း မရွေး ဟူသော ဆိုစကား ဖြစ်ပေါ်လာလေသည်။

ထို့ပြင် နဂါးတို့၏ ကမ္မဇိဒ္ဓိ တန်ခိုးများ၏ အစွမ်းဖြင့် ခပ် သိမ်းသော ရန်တို့ကို အောင်နိုင် စေသည်ဟု အယူရှိကြပေသည်။ ဘုရားရှင် ဟောကြားတော်မူသော ဝိသတိနိပါတ် ဓမ္ပေယျဇာတ်၌ အင်္ဂမင်းနှင့် မဂဋ္ဌမင်းတို့ စစ်ခင်း ကြသောအခါ နဂါးမင်းမှ မဂဓ မင်းတို့၏ဘက်မှ စစ်ကူသော ကြောင့် အင်္ဂမင်းတို့ စစ်ရှုံး ကြရ သည်။ ထို့ကြောင့် မာဂဓမင်းသည် နှစ်စဉ် မဏ္ဍပ် ကြီးများ ဆောက်လုပ်၍ လှူဒါန်းခြင်းဖြင့် နဂါးတို့၏ ကျေးဇူးဆပ်ခြင်းအားဖြင့် ပူဇော်ကြသည်။ မြန်မာ တို့၏ ရာဇဝင်တွင်လည်း နဂါးကို တကောင်းခေတ် (သမိုင်းခေတ်ဦးကာလ)တွင်လည်း ကိုးကွယ် ဆက် စပ်မှုအများအပြားကိုတွေ့ရှိရသည်။

တကောင်း ခေတ်တွင် နဂါးကိုးကွယ်မှုရှိ ကြောင်း မှန်နန်း ရာဇဝင်တော်ကြီး၌ ဓလေ့အားဖြင့် ပြည်သူ ရွာသားအပေါင်းတို့သည် နဂါးကို အမြတ် တနိုး ပူဇော်ရိုးဖြစ်ကြောင်း နေ့စဉ်မပြတ် ကိုးကွယ် ပူဇော်ခြင်းဖြင့် သားဆုကို တောင်းစမှတ်ပြုကြ ကုန်၏ဟု ရေးသားခဲ့ပေသည်။

သတိုးနဂါးနိုင်မင်းသည် ယနေ့တိုင် လူသိ များသော မောင်ပေါက်ကျိုင်းရာဇဝင်မှ မောင်ပေါက် ကျိုင်းပင်ဖြစ်ပြီး တကောင်းခေတ် ရာဇဝင်တွင် ထင် ရှားခဲ့သည်။

သရေခေတ္တရာမြို့တည်ရာတွင် နဂါးမင်းမှ နဂါးစက်ကြိုးဖြင့် မြို့ကိုလှည့်ကာ သရေခေတ္တရာ မြို့တော်ကို တည်သည်ဟု မှန်နန်းရာဇဝင်တွင် တွေ့ ရှိရသည်။ ဦးကုလား၏ မဟာရာဇဝင်ကြီးတွင် ကျန် စစ်မင်းကြီးအား ပဉ္စကလျာနီမင်းသမီးနှင့်နဂါးလုလင် တို့မှ ဖွားမြင်သောသားဟုဆိုရာ ခေတ်အဆက်ဆက် မှ နဂါးတို့၏အကြောင်းအဖုံဖုံသည် ရေး၍ပင် မကုန် နိုင်အောင် များပြားလှပါသည်။

 

ဟန်သိန်း(သဇ္ဇန)

ကျမ်းကိုးစာရင်း။   ။

(၁) မှန်နန်းရာဇဝင်တော်ကြီး (ပ-၁၃၁၇-၁၃၁၉)

(၂) ဦးကုလား မဟာရာဇဝင်ကြီး(၁၉၆၁)

(၃) ခန္ဓဝဂ္ဂသံယုတ်။ ပါ။ ၂၀၂။ ဋ္ဌ။ ၃၁၉။ အပဒါန်။ ဋ္ဌ။ ပအုပ်။ ၂၆၇၊ သုတ္တနိပါတ်။ ပါ။ ၂၇၉၊ ဋ္ဌ။ ပအုပ်။ ၁၂-၁၃

(၄) ပါရဇိကဏ် အဋ္ဌကထာ၊ စတုတ္ထပါရာဇိ က

(၅) လောကဒီပနီကျမ်း

(၆) ဓမ္မပဒ အဋ္ဌကထာ

(၇) စာရေးဆရာကြီး ဝန်ဖူး

(၈) နဂါးဆောင်းပါးများ

Comments

comments

Post Author: manawmaya