အဘမင်းသိင်္ခပြောပြခဲ့သော ပညာရေးအဆောင် ရွှေသော့ကလေး

ကျွန်ုပ်   ။         ။ “အဘ ..အဘ ..၊ အခု ဖေဖော်ဝါရီလ ရောက်ပြီလေ …”

အဘ    ။         ။ “အေး ..အဲဒီတော့ ဘာပြုလဲ …”

ကျွန်ုပ်   ။         ။ “ကလေးတွေ စာမေးပွဲနီးပြီလေ အဘရဲ့ …”

အဘ    ။         ။ “အေး ..အဲဒီတော့ ဘာပြုလဲ …”

ကျွန်ုပ်   ။         ။ “အဘပဲ ကလေးတွေအတွက် ပညာရေးနဲ့ပတ် သက်တဲ့ အဆောင်လက်ဆောင်ပေးမယ်ဆို၊ အဲဒါ ဘာပေးမှာလဲ …”

အဘ    ။         ။ “အိုကွာ …သိပ်ခက်မှာတော့ မဟုတ်ပါဘူး …၊ ငါတို့ အင်မတန် အလေးအမြတ်ပြုရတဲ့ မတစ်လုံးကျေတယ်ဆိုတဲ့ မကာရ လောပ အတုလဆရာတော် ခင်ကြီးဖျော်ရဲ့ အလုံးစုံမြောက်၍ မေးမြန်းသမျှ ဖြေနိုင်လိုကြောင်းဆုတောင်းဆိုတဲ့ ဂါထာရှိတယ် …၊ မင်းတို့ငါတို့ ဘယ်လောက်ပဲ ဥာဏ်ကောင်းတယ်ပြောပြော ဆရာတော်ကိုတော့ မမီနိုင် ပါဘူးကွာ …၊ အဲဒီတော့ ကလေးတွေကို ဆရာတော်ရဲ့ ဂါထာလေးပဲ ရွတ်ခိုင်းလိုက်ကြတာပေါ့ …၊ အဲဒါလေး ကွန်ပျူတာစီပြီး မိတ္တူကူးကွာ …”

ကျွန်ုပ်  ။         ။ “ဟုတ်ကဲ့အဘ …၊ ဟုတ်ကဲ့ …ဟုတ်ကဲ့ …”

အဘ   ။         ။ “ပြီးတော့ကွာ …တစ်ခါတည်းမှတ်ထားလိုက် …၊ ၁၉၆၂ ခုနှစ်မှာ ထုတ်ခဲ့တဲ့ ပရီဒစ်ရှင်း မဂ္ဂဇင်း အတွဲ(၂၈)၊ အမှတ်(၅)မှာ သော့လေးတစ်ချောင်းအကြောင်း ရေးထားတယ် …၊ ဒီသော့လေးဟာ အောက်ကိုစိုက်ပြီးထားလိုက်ရင် နက္ခတ်ဗေဒင်ပညာမှာသုံးတဲ့ ဗုဒ္ဓဟူး ဂြိုဟ်ရဲ့အမှတ်တံဆိပ်နဲ့ သွားပြီးတူနေတယ် …၊ အဲဒါကို ပညာရေးအဆောင်အဖြစ် စီရင်ပြီး သုံးလေ့ရှိကြတယ်ကွ …၊ မာကျူရီရယ်ကီး လို့လည်း ခေါ်ကြတယ် …၊

ငါ ဗေဒင်ဆရာလုပ်ခဲ့တဲ့ သက်တမ်း နှစ် ၃၀ နီးပါးမှာ စာမေးပွဲနီးတိုင်း အဲဒီ မာကျူရီရယ်ကီး(ခေါ်)ဂိုးဒင်း ကီးလေးကိုပဲ အဆောင်အဖြစ် စီရင်ပေးနေကျပဲဟာ၊ ဒီသော့လေးက စိတ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေ၊ စာပေရေးသားခြင်းတို့၊ စာမေးပွဲဖြေဆိုခြင်းတို့ …အဲဒီကိစ္စတွေမှာ ကောင်းကောင်း အစွမ်းပြတယ် …၊ အင်တာဗျူးဖြေမယ့်လူတို့၊ အလုပ်လျှောက်မယ့်သူတို့ သုံးနိုင်တာပေါ့ကွာ …၊ ခြုံပြီးပြောရရင်တော့ ပိတ်နေတာတွေ ပွင့်စေချင် တဲ့ကိစ္စအားလုံးမှာ သုံးနိုင်တာပေါ့ကွာ …”

ကျွန်ုပ်  ။         ။ “ဟုတ်ကဲ့အဘ …ဟုတ်ကဲ့ …ဟုတ်ကဲ့ …၊ အဲဒီရွှေသော့လေးလည်း ကျွန်တော် ရှာပြီး မိတ္တူကူးထားလိုက်ပါမယ် အဘ …”

 

 

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

Comments

comments

Post Author: manawmaya