တစ်လောက ဂယက်ထသွားသည့် သရဲကိစ္စနှင့် ပတ်သက်ပြီး သုံးသပ်ဝေဖန်ချက်

ဟိုရက်ပိုင်းက ဂယက်ထနေချက်ကတော့ လူနာတင်ယာဉ်ကားပေါ်မှာ ကားမောင်းသူ နှင့် သရဲကိစ္စဆိုပြီး ကယက်ထသွားခဲ့ပါသည်။ ထိုကိစ္စကိုလည်း အချို့သူတွေက မယုံကြည်ကြသလို အချို့လူတွေကတော့ ယုံကြည်စွာနဲ့ ရှယ်နေကြတာကိုလည်း တွေ့ရပါသည်။ သရဲဆိုသည်မှာ အဘယ်နည်း ။ အများက ယုံကြည်လက်ခံထားမှု အရ သရဲ ဆိုသည်မှာ သေဆုံးသွားသော လူတစ်ယောက် သို့မဟုတ် တိရိစ္ဆာန် တစ်ကောင်၏ ဝိညာဉ်ဖြစ်ပြီး သက်ရှိတို့အား ရုပ်အားဖြင့် သို့မဟုတ် အခြားသော ပုံသဏ္ဌာန် တစ်မျိုးမျိုးဖြင့် ရှိနေကြောင်း ပြတတ်သော အရာပင်ဖြစ်သည်။ သရဲ၏ ပုံသဏ္ဌန် အနေအထားမှာ အမျိုးမျိုး အစားစားကွဲပြားသည်။ သူတို့ရှိနေကြောင်း ပြတတ်သော ပုံသဏ္ဌန်မှာလည်း မမြင်ရပဲ ရှိနေကြောင်း ပြတတ်သည်မှ စ၍ အရိပ်သဏ္ဌန် အလယ် သက်ရှိတို့နှင့် ပုံစံတူ အဆုံး အမျိုးမျိုး ကွဲပြားသည်။ သေဆုံးသွားသော လူတို့၏ ဝိညာဉ်နှင့် ဆက်သွယ်ရန် ကြိုးစားသည်ကို နီခရိုမန်စီ (necromancy) ဟု ခေါ်သည်။ သေဆုံးသွားသောသူတို့ ပုံသဏ္ဌာန် တစ်မျိုးဖြင့် ရှိနေသည်ကို ယုံကြည်ကြသည်မှာ အမျိုးမျိုး ကွဲပြားခြားနားပေသည်။ စာပေ မပေါ်ပေါက်မီ ယဉ်ကျေးမှု ကာလများကပင် လူမဟုတ်သော အရာတို့၏ ဝိညာဉ်ကို ယုံကြည့်ကြသည့် အန်နီမစ်ဇင် (animism ) နှင့် ဘိုးစဉ်ဘောင်ဆက် ကွယ်လွန်ပြီးသူတို့ကို ကိုးကွယ်ခြင်းတို့မှ စ၍ တွေ့နိုင်သည်။ သရဲဆိုသည်မှာ ပကတိလူတို့၏မျက်စိဖြင့်ကြည့်ရှုခြင်းဌာမမြင်ကောင်းသော သဝိဉာဏက ပြိတ္တာများပင်ဖြစ်၍ လူ၊စသော ပုဂ္ဂိုလ်များအား ချောက်လှန့်ခြင်း၊နှိပ်စက်ခြင်း၊ပူးကပ်ဝင်ရောက်ခြင်းစသည်တို့ကိုပြနိုင်စွမ်းရှိလေသည်။ ဒါဟာ သရဲဆိုတာဘာလဲဆိုတာပါ။ နာမည်ကြီးသွားစေမည့် သရဲ Video ဖိုင်ကို သာသနာ့ဖောင်ဒေးရှင်းမှ ပဓာနဆရာတော်တစ်ပါးဖြစ်သည့် အရှင်စန္ဒာဇောတိ ၏ facebook အကောင့်ကနေ စတက်လာခြင်းဖြစ်သည်။ ထို Video ဖိုင်ကို အတုလား အစစ်လားကိုတော့ ကျွန်တော့်အတွေးအခေါ်လည်းပြောပါရစေ။ ဆရာတော်ကြီးက မွန်ပြည်နယ်မှာ ဖောင်ဒေးရှင်းထောင်ထားပြီးတော့ တရားပွဲများစွာဖြင့် နာမည်ကြီးနေပြီးသား ဆရာတော်တစ်ပါးပါ။ ဒီဆရာတော်တစ်ပါးအနေဖြင့်တော့ ဒါက Popping တစ်ခုလည်းမဟုတ်သလို ပိုပီးနာမည်ကြီးစရာတစ်ခု ပြယုဂ်လည်းမဟုတ်ပါဘူး ။ အဲ့အတွက် ဒီ Video ဖိုင်ကိုတော့ အမှန်တရားတစ်ခုပါလို့ ပြောပါရစေ။ တစ်ခုပါပဲ Video ဖိုင်ထဲမှာ ပါသည့် သရဲ နှင့် ဒရိုင်ဘာ ပြောဆိုသည့် အကြောင်းအရာများထဲမှာတော့ ဖြစ်နိုင်ခြေနည်းသည့် အကြောင်းအရာတွေရှိပါသည်။

ပထမကောက်ချက်ကတော့ ပထမဗီဒီယိုဖိုင်မှာ ကားထဲကိုဝင်ရောက်နေတဲ့ သရဲ (ဝိညာဉ်) က ဒရိုင်ဘာအား နာကျင်စေလိုသော အပြုအမူအား ပြုလုပ်သည်ကို တွေ့ရပါသည်။ ထို့အတွက် ရှိနေသောဆရာတော်များက ကားပေါ်က ကောင် အန္တရာယ်မပေးပါနဲ့ ဟု မေတ္တာရပ်ခံနေတာကို တွေ့ရပါသည်။ သရဲတစ္ဆေ တွေ ဝိညာဉ်ပြိတ္တာတွေကို လူတိုင်းမမြင်ရပါဘူး။ ယုတ်စွအဆုံး သရဲနှင် ပယောဂနှင်နေကြသော ဆရာတိုင်းအချို့ပင်လျှင် သရဲ တစ္ဆေ မမြင်ကြသည့် လူများလည်း ရှိပါသည်။ အနောက်တိုင်းမှာဆိုရင်တော့ သရဲတစ္ဆေတွေကို မြင်နိုင် သူတို့ပြောတာကိုလည်း ကြားနိုင်သည့် လူမျိုးရှိပါသည်။ ဒါကိုတော့ တစ်ဆင့်ခံ ကြားခံနယ်ဟု ဆိုလိုပြီးတော့ Medium လို့ ခေါ်ပါသည်။ ထိုအရာနဲ့ပတ်သက်ပြီးတော့ Conjuring တို့ Insidious စသည့် သရဲကားတွေမှာ လေ့လာနိုင်ပါသည်။ ထိုကားတွေက အမှန်တကယ်ဖြစ်ပျက်ခဲ့သောအကြောင်းအရာများကို ဇာတ်လမ်းပြန်ဆင်ကာ ပြန်လည်ရိုက်ကူးထားခြင်း ဖြစ်ပေသည်။ ထိုဒရိုင်ဘာကို Medium တစ်ယောက်ဖြစ်နိုင်သည်ဟု ကောက်ချက်ချထားပါသည်။ Medium ဆိုသည့်နေရာမှာတော့ သူဟာ ခဏတာ ဆက်သွယ်ပေးသူ လို့ ကောက်ချက်ထားပါသည်။ ထို့အတွက် သူဟာ ပရလောက နာမ်လောက နှင့် ပတ်သက်ပြီးတော့ အတွေ့အကြုံ မရှိသောသူဖြစ်ကြောင်းကိုလည်း ပထမဗီဒီယိုဖိုင်မှာ ကြောက်လန့်နေတာကို ကြည့်ခြင်းဖြင့် သတ်မှတ်နိုင်ပါသည်။ ခဏတာ ဆက်သွယ်ပေးသူဖြစ်ခြင်းကြောင့် နာမ်လောက ၏ ကိစ္စ နှင့် ဝိညာဉ်များ ၏ လှည့်စားမှုကိုလည်း သေချာပေါက်ခံစားရနိုင်ပါသည်။ မွေးကတည်းက Medium အဖြစ် မွေးဖွားလာသည့် ပုဂ္ဂိုလ်တွေတောင် အချို့သောအခြေအနေများတွင် နာမ်လောက၏ လှည့်စားမှုကို ခံစားရနိုင်ပါသေးသည်။ ထို့ကြောင့် နောက်ဆက်တွဲ Video များကိုလည်း လှည့်စားမှုများ ပါနိုင်သည်ဟုသော အကြောင်းပြချက်ဖြင့် ပြောကြားပါရစေ။ ဒုတိယ ဗီဒီယိုဖိုင်မှာတော့ ထူးထူးခြားခြားမတွေ့ရပါဘူး။ကျောင်းထဲကနေ ကျောင်းပြင် မုခ်ဦးအပြင်ကို ကားကိုမောင်းထွက်ရန် ပြောနေခြင်းပဲ ဖြစ်ပြီးတော့ မောင်းထွက်နေခြင်းပါပဲ။ အဲ့ ဗီဒီယိုဖိုင်နှင့်ပတ်သက်ပြီးတော့ ကွန်မန့်ထဲမှာ ကလေးလေးတစ်ယောက် မုခ်ဝနားကနေ ဝင်လာတယ်ဆိုတာလည်း ပါပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ သရဲ တစ္ဆေလို့လည်း ကောက်ချက်မချချင်ပါ။ ဒါပေမယ့်လည်း ညအချိန်ကြီးမှာတော့ ငယ်ရွယ်လှသော ကလေးတစ်ယောက်ကို ဒီအတိုင်း လွှတ်ထားတာလားဆိုတာကတော့ စဉ်းစားစရာပါပဲ။ ဆရာတော်တွေကရော ကလေးမြင်ရင်တော့ ပြောရမှာပါပဲ။ ဒါပေမယ့် ဒီကလေးရှိလား မရှိဘူးလားဆိုတာကတော့ ဆရာတော်ဘုရား နှင့် ဆက်သွယ်ပြီးတော့ မေးကြည့်ခြင်းဖြင့် သိရှိနိုင်တာမို့ ဒီကလေးကို သရဲကိစ္စထဲမှာ ထည့်သွင်းမစဉ်းစားတော့ပါ။
တတိယဗီဒိယိုဖိုင်မှာတော့ စိတ်ဝင်စားစရာလေးတွေ စပါလာပါပီ။ အမေး ၊ အဖြေ ကဏ္ဍ ရောက်သွားသလိုပါပဲ။ ဘာဖြစ်ချင်သလဲ ။ ဘာလိုချင်လဲ ဆရာတော်က မေးခိုင်းလိုက်တော့ ဘာမှ မဖြစ်ချင်ဘူးလို့ ပြန်ပြောတယ်လို့ တွေ့ရပါတယ်။
မေး ။ ။ ဘာလို့လိုက်လာတာလဲ။
ဖြေ ။ ။ ခေါ်လို့ လိုက်လာတာတဲ့။
မေး ။ ။ ဘယ်သူခေါ်လို့ လိုက်လာတာလဲ။ ဒါကိုမေးလိုက်သော ထိုသရဲက မပြောဘူးလို့ ဆိုပါသည်။ ဒါပေမယ့် ကျွန်တော်တို့ သရဲ တစ္ဆေ ဝန်းကျင်မှာတော့ ခေါ်ဆောင်သူအနေဖြင့် ထို ဒရိုင်ဘာပဲ ရှိမယ်ထင်ပါတယ်။ ထို ဒရိုင်ဘာမခေါ်ဘူးဆိုရင်တော့ ဒီ နာရေးကားထဲမှာတော့ အခြားထွေထွေထူးထူးရှိမယ်မထင်ပါဘူး။ အဲ့တော့ ဒီ ဒရိုင်ဘာလေးပဲ ပါးစပ်စည်းဆော့ပီး စသလို နောက်သလို ခေါ်လိုက်လေသလားဆိုတာတော့ စဉ်းစားစရာပါပဲ။
မေး ။ ။ ဘယ်က လိုက်လာတာလဲ။
ဖြေ ။ ။ ဆေးရုံကတဲ့။ ဆေးရုံဆိုတော့ လိုက်လာစရာအများကြီးရှိမှာပဲလေ။ ပိုဆိုးတာကတော့ ခေါ်လို့ လိုက်လာတယ်လည်းပြောသေး ဆေးရုံလို့ပြောသေးဆိုရင် ဒါဟာ သိပ်ပြီး မညီတာတော့ တွေ့ရပါတယ်။ တစ်ယောက်ယောက်ပျင်းရင်လိုက်ခဲ့ကွာဆိုပီး ခေါ်လိုက်သလိုပါပဲ။ သရဲကတော့ ပျင်းရင်တော့ လိုက်လာစရာရှိမှာမဟုတ်ဘူး။ ပီးတော့ ဒီ ဒရိုင်ဘာကိုလည်း ထိသလို ရိုက်သလို ပုံစံမျိုးလည်း လုပ်နေတာကို ဒရိုင်ဘာရဲ့ အပြောတွေ အခြေအနေတွေက ထင်ဟပ်နေတာဆိုတော့လေ။ အဲ့အတွက် ဒီနေရာမှာတော့ ကားပေါ်က သက်ရှိထင်ရှားလူတစ်ယောက်က ဒီကားပေါ်ကို လိုက်ခဲ့ဖို့ ခေါ်ခဲ့လို့ လိုက်လာရတဲ့အနေအထားမျိုးပါပဲ။ တစ်ကွက်ချင်းစီနားထောင်ပြီး ကောက်ချက်ချမှုတွေပါ။ အားလုံးပီးသွားတော့မှ အချုပ်ကောက်ချက်ချခြင်းကို ပြန်ပြောပေးပါ့မယ်။
မေး ။ ။ ယောင်္ကျားလေးလား မိန်းကလေးလား။ အသက်ဘယ်လောက်လဲ ။
ဖြေ ။ ။ (ကိုယ်ထင်ပြတယ်လို့ပြောလို့ ဒရိုင်ဘာကတော့ ယောင်္ကျားလေးတဲ့) ယောင်္ကျားလေး ၊ အသက်ဘာလုပ်ဖို့မေးတာလဲဆိုပီး ပြန်ဟောက်နေတဲ့ပုံပါပဲ။ ဘာမှမလုပ်ပါဘူးဆိုမှ ၂၈ နှစ်လို့ ပြောတယ်။
မေး ။ ။ ဘယ်သွားချင်တာလဲ။ ဘယ်ပို့ပေးရမလဲ။ ကျွန်တော်တို့ လိုက်ပို့ပေးမယ်။
ဖြေ ။ ။ ဒီပေါ်မှာပဲ နေချင်တာတဲ့။
မေး ။ ။ ဒီပေါ်မှာနေလို့မရဘူး။
ဖြေ ။ ။ (ဘာမှမပြောဘူး ပြန်ထိုင်နေတယ်) ဒီနေရာမှာတော့ ပြောစရာရှိလာတာကတော့ ထိုသရဲအနေနဲ့ နေစရာမရှိလို့ နာရေးကားလည်းဖြစ် ဒရိုင်ဘာကလည်း Psycho အနည်းငယ်ရှိနေတာရော ကြောက်တတ်တာရောကြောင့် လိုက်လာတာဖြစ်နိုင်ပါတယ်။ ဒရိုင်ဘာအနေဖြင့် ဒီသရဲ ဒီဝိညာဉ်ကို တစ်ခုခုပြောဆို ခေါ်ပြောလုပ်လို့လည်း ဖြစ်နိုင်နေပါတယ်။
မေး ။ ။ အမျှဝေပေးမယ် သာဓုခေါ်နိုင်မလား။
ဖြေ ။ ။ နာမည်မမေးဘဲ နာမည်ပြောပြနေတယ်တဲ့ ။ ထိန်လင်းအောင်တဲ့ ။ ဒီနေရာမှာတော့ ဝိညာဉ်တွေအနေနဲ့ ကျွန်တော်တို့ တွေု့ဘူး ကြုံဘူးသမျှထဲမှာတော့ အတင်းအကြပ်မေးမှသာ အမည်နာမကို ထုတ်ဖော်ပြောပြလေ့ရှိတာပါ။ သာမန်ဆိုရင် ငါက ဘယ်သူပါ နာမည်ဘယ်လိုခေါ်ပါတယ်ဆိုတာ အရမ်းရှားပါတယ်။ အချို့ ဆရာတွေအနေဖြင့် ထိုနာမည်သိရုံဖြင့် ထိုသရဲအား ဖမ်းချုပ်ကာ ခိုင်းစားနေတာတွေလည်း ရှိတာမို့လို့ ကူညီနိုင်မဲ့သူရှိမှ နာမည်ပြောတာပါ။ ဒီနေရာမှာ သူ နာမည်ပြောတာက ကူညီနိုင်မယ်ထင်လို့ ပြောတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ထိန်လင်းအောင်ဆိုတာကရော အဲ့ဒီ ဝိညာဉ် အဲ့ သရဲ အတွက် တကယ်နာမည်အစစ်အမှန်ရော ဟုတ်ရဲ့လားဆိုတာကတော့ ဒွိဟဖြစ်စဉ်ပါပဲ။
မေး ။ ။ ဘာဖြစ်ပြီး သေတာလဲ။ ဘာရောဂါလဲ သေတာလဲ။
ဖြေ ။ ။ ကားကြိတ်ပြီးသေတာတဲ့။ ကားကြိတ်ပြီးသေတာဆိုတော့ အစိမ်းသေပေါ့။
မး ။ ။ ဘယ်နေရာမှာ အကြိတ်ခံရတာလဲ။
ဖြေ ။ ။ ရေး နဲ့ ကော့ကရိတ်သွားတဲ့ လမ်းမှာတဲ့။ ဒီဗီဒီယိုဖိုင်အဆုံးသတ်လေးမှာတော့ ဒရိုင်ဘာအနေဖြင့် ကြောက်နေပြီလို့ ပြောလာပါတယ်။ ဒါပေမယ့် ကားကြိတ်ပြီးသေတဲ့သူက သူ့ရဲ့ပုံရိပ်ကို နောက်ဆုံးကားကြိတ်တဲ့ ဖြစ်စဉ်အတိုင်းပဲ ရုပ်ပျက်ဆင်းပျက်မြင်ရမှာပါ။ ဒါပေမယ့် ကားသမားအနေဖြင့်တော့ အဲ့ဂလို ရုပ်ပျက်ဆင်းပျက်ကြီး မမြင်ရဘူးလားဆိုတော့ စဉ်းစားစရာပါပဲ။ စတုတ္ထဗီဒီယိုဖိုင်မှာတော့ တံခါးဖွင့်ပြီးတော့ ဘုန်းကြီးတစ်ပါး ကားပေါ်တက်ဖို့လုပ်တော့ မတက်လာဖို့ပြောတယ်။ ပီးတော့ သူ့ဘာသာသူသွားမယ်လို့လည်း ပြောတယ်။ ဘယ်သွားမှာလဲ ဒီနားက ရပ်ကွက်တွေမှာနေလို့မရဘူးလို့ ပြောလိုက်တဲ့အခါမှာတော့ သွားချင်တဲ့နေရာသွားမယ်လို့ ပြောလေတယ်။ ကောင်းမှုအမျှပေးမယ် ။ အမျှဝေလက်ခံပြီးမှ သွားပါလားဆိုတော့ ဘာမှပြန်မပြောသလို ကိုယ့်ဘာသာသွားချင်တဲ့နေရာသွားမယ်လို့ ပြောနေပါတော့တယ်။။ ဒီနေရာမှာ တွေးမိတာ စဉ်းစားမိတာကတော့ ခေါ်လို့လိုက်လာတယ်။ အခုကျတော့ ကိုယ့်ဘာသာသွားချင်တဲ့နေရာသွားမယ်။ အမျှဝေပေးမယ်လို့ပြောနေလည်း သိပ်ပြီး ဂရုမထားဘူး။ အရမ်းကြပ်တည်းတဲ့ သရဲတစ်ကောင်ဆိုရင်တော့ အမျှဝေချင်မှာပဲလေ။ အစပိုင်းက ခေါ်တာလို့ပြောထားတော့ ဒီနေရာမှာ ဥပါဒန်အစွဲတစ်ခုကြောင့် လိုက်လာတာလား သို့ တစ်ယောက်ယောက်ကများ နေစရာမရှိ အဲ့ကားနဲ့ လိုက်သွားဆိုပီး ဆေးရုံက တစ်ယောက်ယောက်များ ချွန်လိုက်တာလားဆိုတာ စဉ်းစားရပီလေ။ အဲ့အတွက် စကားတွေက ရှေ့ နောက် မညီတာလေးတွေ တွေ့ရနေတာပေါ့။
ဘယ်ပြန်သွားမလဲဆိုတော့ ဆေးရုံပဲ ပြန်သွားမယ်တဲ့။ ဘုန်းကြီးက အမျှဝေပေးမယ် ကောင်းမှုကုသိုလ်လုပ်ပေးမယ် အမျှဝေပီးမှသွားပါဆိုတော့လည်း သေတာကြာပီ အခုအချိန်ထိ သူ့အိမ်က ကောင်းရာမွန်ရာမလုပ်ပေးသေးဘူးဟု ပြောလာပါတယ်။ အိမ်ကိုအကြောင်းကြားပေးမယ် အဲ့ဆို အိမ်ကရော ဘယ်မှာလဲ။ လိပ်စာပြောဆိုတော့ ဘာမှမပြောဘဲ ကားသမားကို သူ့နာမည်နဲ့ ဆွမ်းကပ် အမျှဝေပေးလို့ ပြောနေတာပဲ။ အခုကပ်ပေးမယ် သာဓု ခေါ်မလားဆိုတော့ သာဓုခေါ်မယ်လို့ ပြောပါတယ်။ အဲ့ကနေ ဆရာတော်ကနေ ဘုန်းကြီးငါးပါးကို သင်္ကန်းလှူပေးမယ် အကယ်၍ ကားထဲမှာရှိရင် ကားကိုလှုပ်ပြပါလားဆိုတော့လည်း မလှုပ်ချင်လို့ ပြောတယ်။ အဲ့ကနေ စတုတ္ထ Video ဖိုင်ပီးတယ် နောက်ဆုံး Video ဖိုင်မှာတော့ ဘုန်းကြီးကို သင်္ကန်း မောင်ထိန်လင်းအောင်နာမည်နဲ့ ကပ်လှူပေးပြီးတော့ အမျှပေးဝေတယ်။ ပြီးတော့ ပျောက်သွားတယ်။ ဟုတ်ပြီ ဖြစ်စဉ်တစ်ခုလုံးကို သုံးသပ်ကြည့်လိုက်တဲ့အခါမှာတော့ သရဲကတော့ အစစ်အမှန်ဖြစ်ကြောင်း ဖြစ်နိုင်ပေမယ့် အဲ့ သရဲကတော့ စကားပြောတာဟာ သိပ်ပြီး မရေရာသလို လမိုင်းလည်းဖြစ်နိုင်ပါသေးတယ်။ လမိုင်းလား သရဲလား တစ္ဆေလား တစ်ခုခုလားဆိုတာကတော့ ကိုယ်တိုင်မမြင်ရသောကြောင့် ယတိပျက် ကောက်ချက်ချလို့တော့ မရနိုင်ပါ။ ဒါပေမယ့် ဒီဗီဒီယိုဖိုင်ကတော့ အစစ်အမှန်ဖြစ်ပြီးတော့ ပြောနေတာကတော့ အလုံးစုံမမှန်ဘူးလို့ ကောက်ချက်ချပါတယ်။ အချို့ သရဲကနေ ပြန်ပြောတာတွေက သိပ်ပီးတော့ ပိုလွန်ရာလည်းရောက်သလိုပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ပယောဂကု သရဲနှင်တဲ့အလုပ်တွေလုပ်တာမို့လို့ ကျွန်တော်တို့ ကြုံခဲ့ဘူးတာတွေနဲ့ ယှဉ်တဲ့အခါကျရင်တော့ ဒါဟာ အရမ်းကို ရိုးရှင်းပီးတော့ ဖြစ်စဉ်တစ်ခုလုံးကိုတော့ လိုနေတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် အများသူငှာထဲမှာတော့ တကယ်လို့ ယုံကြည်တယ်သူလည်းရှိသလို ထို ကားသမားကိုလည်း စိတ်ရောဂါတစ်ခုဖြစ်နေတယ်လို့ ပြောတဲ့သူတွေကလည်း ရှိနေတာပဲ။ ကားသမားက စိတ်ရောဂါဖြစ်လား မဖြစ်လားကတော့ သွားရောက်စစ်ဆေးကြည့်မှာပဲ သိနိုင်မှာပဲလေ။ ဒါပေမယ့်လည်း သရဲတွေကို မြင်နိုင် ကြားနိုင်တဲ့သူတွေကတော့ ငယ်စဉ်တုန်းက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်လာတာကြောင့်မို့ မြင်နိုင်ကြားနိုင်တာမို့လို့လည်း ဒါကို အထူးပြောဆိုလို့ မရနိုင်ပါချေ။ အဲ့အတွက် ကျွန်တော့်၏ အယူအဆ နဲ့ ကျွန်တော်မြင်သလောက်ကိုတော့ ဝေဖန်သုံးသပ်ပြီးပါပီ။ ကျန်တာကတော့ စာရှုသူတို့ ၏ စဉ်းစားဆုံးဖြတ် ယုံကြည်ရမဲ့ အပိုင်းပါပဲ။ ကျွန်တော်ဟာ လောကီဆရာတစ်ယောက်ဖြစ်နေတာမို့လို့ ဒီဖြစ်စဉ်ကိုတော့ အလုံးစုံယုံကြည်ဖို့ကတော့ ဒီ Video တစ်ခုတည်းနဲ့ ယုံကြည်နိုင်မည်မဟုတ်ပါ။ 
နောက်ပြီးတော့ လိုင်းပေါ်မှာတွေ့ရသည့် မောင်ထိန်လင်းအောင်နာမည်နဲ့ သေဆုံးနေမှုသည်လည်း ဒီ Video ထဲက သရဲမဟုတ်ပါဟု ပြောပါရစေ။ လိုင်းပေါ်မှာတက်လာသည့် မောင်ထိန်လင်းအောင်က ကျောက်မဲမှာ ကားတိုက်ခံရတာဖြစ်ပြီး Video ဖိုင်ထဲမှာတော့ ရေး နဲ့ ကော့ကရိတ်လမ်းလို့ပြောပါတယ်။ မြန်မာပြည်၏ အထက် နှင့် အောက်ပိုင်းက အရမ်းဝေးပါတယ်။ ပီးတော့ မန်းဆေးရုံမှာ သွားပီးပို့ဆောင်တာကြောင့် အရှင်စန္ဒာဇောတိ ၏ ကားကတော့ မွန်ပြည်နယ်ထဲက ဆေးရုံပဲသွားမှာပါ။ မန်းဆေးရုံကိုသွားမှာမဟုတ်လောက်ပါဘူးဗျာ။
#လင်းညို့တာရာ (မနောမယဂျာနယ်)

Comments

comments

Post Author: manawmaya