ကုိယ့္သခ်ႋဳင္း ကုိယ္တူးသူမ်ား

‘ဒိုင္း’

‘ဒိုင္း’

ေသနတ္သံႏွစ္ခ်က္ဆင့္၍ ၾကားလိုက္ရတာ နဲ႔ အသက္လုေျပးလာတဲ့ ေအာင္မင္းနဲ႔ ဘတိုးတို႔ ႏွစ္ေယာက္ ႐ုတ္တရက္ ေျမျပင္မွာ ေမွာက္ခ်လိုက္ရ တယ္။

‘ရႊီး’

‘ရႊီး’

က်ည္ဆန္ႏွစ္ေတာင့္ သူတို႔ေခါင္းေပၚကေန ေလထုကို ျဖတ္သန္းသြားတယ္။

ေမွာင္ႀကီးမည္းမည္း မီးစႏွစ္စ ေရွ႕က သစ္ ပင္မည္းမည္းႀကီးထဲ စိုက္ဝင္သြားပံုရတယ္။

ဒီသစ္ပင္ႀကီးဟာ အုတ္ဖိုစုသခ်ႋဳင္းက ရြာ တည္ရပ္တည္ ေညာင္ပင္ႀကီးပဲ။ ေညာင္ပင္ႀကီးရဲ႕ ေနာက္မွာ အုတ္ဂူေတြ ေျမပံုေတြ အထပ္ထပ္ရွိေန တဲ့သခ်ႋဳင္းကုန္းႀကီးက ေအာင္မင္းနဲ႔ ဘတိုးကို တစ္ အားတက္သြားေစေလရဲ႕။

သူ႕ေဘးက ေမွာက္လ်က္ ေျမျပင္မွာ ရင္ ဘတ္အပ္ၿပီး ေၾကာက္လန္႔ေနတဲ့ ဘတိုးကို ေအာင္ မင္းက ေလသံတိုးတိုးနဲ႔ –

“ေနာက္ကလူေတြ လိုက္လာတာ မနည္း ဘူး။ သခ်ႋဳင္းကုန္းထဲ ဝင္ပုန္းမွျဖစ္မယ္”

“ေအး”

ဘတိုးက ေလသံခပ္အုပ္အုပ္နဲ႔ ေအးလို႔ အာ လုပ္သံနဲ႔ ေျပာၿပီး ေမွာက္ခ်ထားလ်က္က ေလးဖက္ ျပင္ေထာက္တယ္။

ဒူးနဲ႔ တံေတာင္အသံုးျပဳၿပီး ေရွ႕ကိုတိုးတယ္။

ေရွ႕မွာ ေညာင္ပင္ႀကီးက အုပ္ဆိုင္းၿပီး အ ေမွာင္ထုက ႀကီးစိုးထားတာေၾကာင့္ ဒုစ႐ိုက္သား ႏွစ္ေကာင္ လြတ္ေအာင္ေျပးဖို႔ တအား တက္ေစေန ေလရဲ႕။

“ဓားျပႏွစ္ေကာင္ကို မိေအာင္ဖမ္း။ မိရင္ အဲဒီေနရာမွာတင္ တံစို႔ထိုးၿပီး မီးၿမႇိဳက္ပစ္မယ္”

ေနာက္ကလိုက္လာတဲ့ ရြာသားေတြရဲ႕ ႀကိမ္း ေမာင္းသံေတြက ေၾကာက္စရာလန္႔စရာႀကီး။

ဒါေပမဲ့ သူတို႔ႏွစ္ေယာက္ ေၾကာက္လန္႔ၿပီး ေနာက္တြန္႔ေနလို႔ မျဖစ္။

ေရွ႕ကို ေလးဖက္ေထာက္ေျပးရင္းက ေညာင္ ပင္ႀကီးဆီ အေရာက္လာခဲ့တယ္။

စိမ္းစိုေဝေမွာင္ေနတဲ့ ေညာင္ပင္ႀကီးေအာက္ ေရာက္ေတာ့ ရြာသားေတြလိုက္လာရာဘက္နဲ႔ တစ္ ဖက္ဆီျဖစ္တဲ့ ေညာင္ပင္ႀကီးအေနာက္ဘက္ ပင္စည္ ႀကီးမွာ ခိုကပ္လိုက္ၾကတယ္။

ေအာင္မင္းနဲ႔ ကတိုးတို႔ ႏွစ္ေယာက္စလံုး ေမာဟိုက္ေနၾကၿပီ။

ႏွစ္ေယာက္စလံုး စစ္လြယ္အိတ္ စလြယ္ သိုင္း လြယ္ထားၾကတယ္။

ေမွာင္ထဲမွာ တစ္ေယာက္လြယ္အိတ္ တစ္ ေယာက္လက္တစ္ဖက္ဆီနဲ႔ စမ္းကိုင္ရင္း သူတို႔ ဓားျပ တိုက္ရာက ပါလာတဲ့ ေရႊ၊ ေငြ၊ စိန္ေက်ာက္ေတြအ တြက္ ေလာဘေဇာက တက္လိုက္ေသးတယ္။

“ေတာ္ေသးတာေပါ့ လြယ္အိတ္ေတြ မက်န္ ခဲ့လို႔”

“အသက္နဲ႔ရင္းၿပီး တိုက္ခဲ့ရတာ က်န္လို႔ ျဖစ္မလား”

အႏၱရာယ္ၾကားထဲမွ ရမၼက္မီးေတာက္ေတြ ေလာင္ၿမိဳက္ေနတာ မဆင္ျခင္ႏိုင္ဘူး။ ေနာက္က လိုက္လာတဲ့ သူႀကီးနဲ႔ ရြာသားအုပ္စုက လယ္ကန္ သင္း႐ိုးတစ္ခုကို ေက်ာ္ၿပီး ေခ်ာင္း႐ိုးကို ျဖတ္ေတာ့ မယ္။

ေခ်ာင္းက သခ်ႋဳင္းကုန္းေဘးက ျဖတ္ၿပီး စီးဆင္းေနတဲ့ ေတာင္က်ေခ်ာင္းဆိုေတာ့ မိုးေရာေႏြ ပါ ေရမျပတ္ဘူး။ မိုးရာသီမွာ ေရျပည့္ေနၿပီး ေႏြရာ သီမွာေတာ့ ေရစပ္စပ္စီးဆင္းေနတာပဲကြာတယ္။

ရြာလယ္ကြက္ေတြနဲ႔ သခ်ႋဳင္းကုန္းကို အဲဒီ ေတာင္က်ေခ်ာင္းက ျခားထားေလရဲ႕။ ေခ်ာင္းေပၚက ျဖတ္ၿပီး သစ္သားတံတားတစ္ခု ထိုးထားတာက လည္း ေဟာင္းေျမ႕လို႔ႏြမ္းလွၿပီ။ ေႏွာင္းလူေတြ သဒၶါ နည္းလွလို႔ ေဟာင္းႏြမ္းေနတဲ့ အဲဒီတံတားအိုေလးကို ျပင္ရေကာင္းမွန္း မသိၾက။ သူႀကီးနဲ႔ ရြာသားေတြ လက္ႏွိပ္ဓာတ္မီး ဟိုထိုးသည္ထိုးလုပ္ၿပီး ဓားျပ ႏွစ္ ေယာက္ကို ေခ်ာင္း႐ိုးတစ္ဝိုက္ ဟိုရွာဒီရွာ လုပ္ေန တုန္း ဓားျပႏွစ္ေယာက္က တံတားထိပ္ေညာင္ပင္ ႀကီးအရိပ္ကေန သခ်ႋဳင္းထဲကို ဝင္ေျပးၾကၿပီ။

အုတ္ဖိုစုရြာက ရြာႀကီးဆိုေတာ့ သခ်ႋဳင္းက လည္း ႀကီးတယ္။ လူမ်ိဳးစံု ဘာသာစံုေနထိုင္ေတာ့ သခ်ႋဳင္းႀကီးတစ္ခုထဲမွာတင္ အပိုင္းအျခားအမွတ္ အသားလုပ္ထားၿပီး ကုလားမသာ၊ တ႐ုတ္မသာ အစံု ျမႇဳပ္ႏွံသၿဂႋဳဟ္ၾကတာမို႔ တ႐ုတ္၊ ကုလား၊ ဗမာ၊ အုတ္ဂူေပါင္းစံု၊ ေျမပံုေပါင္းစံု အထပ္ထပ္အစီအရီ။

ေအာင္မင္းနဲ႔ ဘတိုး ေျမပံုေတြၾကားကေန အုတ္ဂူေတြဆီ တိုးဝင္လာခဲ့တယ္။ အဲဒီအခ်ိန္မွာ သူႀကီးနဲ႔ ရြာသားေတြက ေခ်ာင္း႐ိုးတစ္ေလွ်ာက္ လက္ႏွိပ္ဓာတ္မီးနဲ႔ထိုးၿပီး ဓားျပႏွစ္ေယာက္ကို သဲသဲ မဲမဲ ရွာေနၾကၿပီ။ ဘတိုးနဲ႔ ေအာင္မင္းဂူႀကီးေတြၾကား ထဲမွာ ခိုကပ္ထားၾကရာက အေမာအပန္းေျဖရင္း စိုးရိမ္ေၾကာက္လန္႔ေနၾကရာက မီးေတြတဝင္းဝင္း တလက္လက္ျဖစ္ေနတဲ့ ရြာသားေတြဆီ လွမ္းၾကည့္ ၿပီး တုန္လႈပ္ေခ်ာက္ခ်ားေနၾကေလရဲ႕။

“ေဟာ ေခ်ာင္း႐ိုးကိုေက်ာ္ၿပီး ေညာင္ပင္ႀကီး ဘက္ေရာက္လာၿပီ။ ဆက္ေျပးၾကမွတူတယ္”

“ဆက္ေျပးလို႔ ျဖစ္မလားကြ၊ သခ်ႋဳင္းထဲကို အခ်ိဳ႕ရြာသားေတြဝင္လာၿပီ”

“ဒါဆိုသခ်ႋဳင္းေစာင့္ အေမ မဖဲဝါႀကီးကို တိုင္တည္အားကိုးရမွာေပါ့”

“ေအး အဲဒါေကာင္းတယ္။ အေမ မဖဲဝါ ခင္ဗ်ား၊ မလိမ္မိုးမလိမၼာ သားေလးႏွစ္ေယာက္ကို အေမ့ပိုင္နက္ သခ်ႋဳင္းထဲမွာ သူႀကီးနဲ႔ ရြာသားေတြ မျမင္ေအာင္ ဝွက္ေပးပါခင္ဗ်ား။ သူတို႔အႏၱရာယ္က လြတ္ရင္ အေမမဖဲဝါကို အုတ္ဖိုစုေဈးထိပ္က တ႐ုတ္ အလွ်ံဆိုင္က ေခါက္ဆြဲေၾကာ္နဲ႔ ပူေဇာ္ပသမယ္လို႔ ကတိျပဳပါတယ္”

ႏွစ္ေယာက္သား အားကိုးတႀကီး တိုင္တည္ေရရြတ္ၾကရင္း သခ်ႋဳင္းထဲကို ရြာသားေတြ ဝင္ေရာက္လာတာကို ေတြ႕လိုက္မွ ေလသံမထြက္ရဲ ေအာင္ ပါးစပ္ပိတ္လိုက္ရတယ္။ မပိတ္လို႔လည္း မျဖစ္ဘူး သူတို႔လက္ထဲမွာ ဓားေတြလွံေတြ ကိုယ္စီ ကိုယ္စီနဲ႔ကိုး။

ရြာသားနဲ႔သူႀကီးေတြ သူတို႔ပုန္းကြယ္ေနရာ အုတ္ဂူေတြၾကား လက္ႏွိပ္ဓာတ္မီး ဟိုထိုးသည္ထိုး လုပ္ၿပီးရွာေဖြၾကတယ္။ သူတို႔ႏွစ္ေယာက္ကို အလြယ္ တကူ ရွာေဖြလို႔ ေတြ႕မသြားၾကဘူး။ အုတ္ဂူေတြထက္ ကေန သခ်ႋဳင္းဇရပ္ႀကီးဘက္ ေရာက္သြားၾကေတာ့မွ ဓားျပႏွစ္ေကာင္ ျပန္ေခါင္းေထာင္လာႏိုင္တယ္။ ဒါေပမဲ့ ရြာသားေတြ ဇရပ္ႀကီးဘက္က ျပန္လွည့္လာ ျပန္ေတာ့ သူတို႔ႏွစ္ေယာက္ စိုးရိမ္သြားၾကျပန္တယ္။ အုတ္ဂူေတြကို ေက်ာ္ျဖတ္ၿပီး သခ်ႋဳင္းထဲက ထြက္ သြားၾကမွ စိတ္ခ်လက္ခ် ဟင္းခ်ႏိုင္ေတာ့တယ္။

သူတို႔ႏွစ္ေယာက္ ခ်က္ခ်င္းအုတ္ဂူေဘးက ထမထြက္ရဲၾကေသးဘူး။ စစ္လြယ္အိတ္ထဲမွာပါတဲ့ အရက္ပုလင္းကို ထုတ္ၿပီး တစ္ေယာက္တစ္ငံုစီ ေသာက္လိုက္ၾကတယ္။ ဒုစ႐ိုက္သမားအတြက္ အရက္ဟာ ရဲေဆးပဲ မဟုတ္လား။

“ေတာ္ေတာ္ေလးၾကာရင္ မင္းနဲ႔ ငါနဲ႔ သခ်ႋဳင္း ဟိုဘက္ကေန ကားလမ္းကိုကူးၿပီး တို႔ေဆြမ်ိဳးေတြရွိ တဲ့ သရက္ေတာရြာကိုသြားၿပီး တစ္လတန္သည္ ႏွစ္လတန္သည္ ေျခရာေဖ်ာက္ခိုေနၾကရေအာင္”

“အဲဒီလိုခိုတာဟုတ္ပါၿပီ။ ေစာေစာက အေမ မဖဲဝါကို ရြာသားေတြ မျမင္ေအာင္ဝွက္ခိုင္းၿပီး ေခါက္ ဆြဲေၾကာ္နဲ႔ မနက္က်ရင္ပူေဇာ္ပသပါ့မယ္ဆိုတဲ့ ကတိ ဘယ္လိုဆပ္မလဲ”

ဘတိုးရဲ႕ အေမးကို ေအာင္မင္းက သိပ္ၿပီး အေလးအနက္ ထားပံုမရဘဲ ေပါ့ေပါ့တန္တန္ျပန္ ေျပာလိုက္တယ္။ သူ႔သေဘာက ၿပီးၿပီးေရာ သေဘာ မ်ိဳး။

“မင္းကြာ လူဆိုးဓားျပစကား အမွန္ထားလို႔  ျဖစ္မလားကြ၊ ေျပာမိေျပာရာေျပာလိုက္တာပဲ။ ေနာင္ တစ္ခ်ိန္ေနာက္ခါေဈးေပါ့ကြာ။ အား အမယ္ေလး”

ေအာင္မင္းေျပာရင္းက အလန္႔တၾကားေအာ္ ဟစ္ၿပီး ႐ုတ္တရက္ ထခုန္လိုက္တယ္။ ေၾကာက္လန္႔ တၾကားထခုန္လိုက္လို႔ ေျမႀကီးေပၚက ျမင့္တက္သြား တဲ့သူ႔ေျခေထာက္ရဲ႕ ေျခဖမိုးကို သဲသဲမဲမဲ ကိုက္ထား ၿပီး ပါလာတဲ့ တစ္ေတာင္ေလာက္ရွိတဲ့ ေျမြေပြးႀကီး ကို ဘတိုးမယံုႏိုင္စရာ ေတြ႕လိုက္ရတယ္။

ေျမြေပြးအကိုက္ခံရတဲ့ ေအာင္မင္းကိုယ္လံုး ႀကီး ေျမာက္တက္သြားရာက ဂူေတြၾကားထဲ ဝုန္း ခနဲ ျပန္ျပဳတ္က်လာေတာ့ သခ်ႋဳင္းထဲက ထြက္သြား တဲ့ ရြာသားေတြဆီက သူတို႔ေအာ္သံေတြ ၾကားၿပီး လက္ႏွိပ္ဓာတ္မီးေရာင္ေတြ ျဖာက်လာတာကို ႐ုတ္ တရက္ ေတြ႕လိုက္ရတယ္။

ဘတိုးလည္း ႀကံဳရာမရေျပးမလို႔ အထမွာ ရြာသားေတြဆီက ေသနတ္သံတစ္ခ်က္ၾကားလိုက္ရ ၿပီး ေျမြေပြးအကိုက္ခံရတဲ့ ေအာင္မင္းအေလာင္းေပၚ ေမွာက္က်သြားတယ္။

“ဓားျပေတြမိၿပီေဟ့။ တစ္ေကာင္ေတာ့ ေသ နတ္မွန္သြားတယ္။ အေသလား အရွင္လားပဲ”

အဲဒီအသံေတြဟာ ေသနတ္မွန္သြားတဲ့ဘတိုး ေနာက္ဆံုးၾကားလိုက္ရတဲ့ ရြာသားေတြဆီက အသံ ေတြ။

သူႀကီးနဲ႔ ရြာသားေတြ အုတ္ဂူေတြၾကားထဲကို ေရာက္လာေတာ့ ဓားျပႏွစ္ေကာင္ျဖစ္တဲ့ ဘတိုးနဲ႔ ေအာင္မင္းတို႔ ႏွစ္ေယာက္ကို အေသေတြ႕လိုက္ရတာ ပဲ။

အဲဒီမွာ ရြာသားတစ္ေယာက္ဆီက –

“တစ္ေယာက္ကေသနတ္ဒဏ္ရာနဲ႔ အသက္ ထြက္ၿပီး၊ တစ္ေယာက္က ေသနတ္ဒဏ္ရာမရွိဘဲ အသက္ထြက္ေနပါလား”

ထူးဆန္းအံ့ဩတႀကီး ေျပာလိုက္တဲ့ စကား သံႀကီး အုတ္ဖိုသခ်ႋဳင္းကုန္းထဲမွာ ထိတ္လန္႔ ေခ်ာက္ ခ်ားစရာႀကီး ေပၚထြက္သြားေလရဲ႕။

ဒါကို ေရွးလူႀကီးပီပီ အယူသီးတဲ့သူႀကီးက-

“ဒီေနရာက သခ်ႋဳင္းကုန္းပဲ။ မေကာင္းဆိုး ဝါး နာနာဘာဝေတြ ျပည့္ေနတာ။ ဒီလို ဒုစ႐ိုက္ ေကာင္ေတြကို အခ်ိန္မေရြး အပမွီႏိုင္တာပဲ”

သူႀကီးရဲ႕ ေနာက္ဆံုးစကားကို ဘယ္သူကမွ ထပ္အတြန္႔မတက္ရဲေတာ့ဘူး။ သူတို႔ရြာလာတိုက္တဲ့ ဓားျပႏွစ္ေယာက္ကို အေသဖမ္းမိတဲ့ပြဲနဲ႔ပဲ ရြာသား ေတြအားလံုး ေအာင္ပြဲခံေအာ္ဟစ္ေနၾကတာ သခ်ႋဳင္း တစ္ခုလံုး ၿခိမ့္ၿခိမ့္ကို ညံေနေလရဲ႕။

 

ေက်ာ္မင္းႏိုင္

 

Unicode Version

 

ကိုယ့်သင်္ချိုင်း ကိုယ်တူးသူများ
** ကျော်မင်းနိုင် **
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

‘ဒိုင်း’
‘ဒိုင်း’
သေနတ်သံနှစ်ချက်ဆင့်၍ ကြားလိုက်ရတာ နဲ့ အသက်လုပြေးလာတဲ့ အောင်မင်းနဲ့ ဘတိုးတို့ နှစ်ယောက် ရုတ်တရက် မြေပြင်မှာ မှောက်ချလိုက်ရ တယ်။
‘ရွှီး’
‘ရွှီး’
ကျည်ဆန်နှစ်တောင့် သူတို့ခေါင်းပေါ်ကနေ လေထုကို ဖြတ်သန်းသွားတယ်။
မှောင်ကြီးမည်းမည်း မီးစနှစ်စ ရှေ့က သစ် ပင်မည်းမည်းကြီးထဲ စိုက်ဝင်သွားပုံရတယ်။
ဒီသစ်ပင်ကြီးဟာ အုတ်ဖိုစုသင်္ချိုင်းက ရွာ တည်ရပ်တည် ညောင်ပင်ကြီးပဲ။ ညောင်ပင်ကြီးရဲ့ နောက်မှာ အုတ်ဂူတွေ မြေပုံတွေ အထပ်ထပ်ရှိနေ တဲ့သင်္ချိုင်းကုန်းကြီးက အောင်မင်းနဲ့ ဘတိုးကို တစ် အားတက်သွားစေလေရဲ့။
သူ့ဘေးက မှောက်လျက် မြေပြင်မှာ ရင် ဘတ်အပ်ပြီး ကြောက်လန့်နေတဲ့ ဘတိုးကို အောင် မင်းက လေသံတိုးတိုးနဲ့ –
“နောက်ကလူတွေ လိုက်လာတာ မနည်း ဘူး။ သင်္ချိုင်းကုန်းထဲ ဝင်ပုန်းမှဖြစ်မယ်”
“အေး”
ဘတိုးက လေသံခပ်အုပ်အုပ်နဲ့ အေးလို့ အာ လုပ်သံနဲ့ ပြောပြီး မှောက်ချထားလျက်က လေးဖက် ပြင်ထောက်တယ်။
ဒူးနဲ့ တံတောင်အသုံးပြုပြီး ရှေ့ကိုတိုးတယ်။
ရှေ့မှာ ညောင်ပင်ကြီးက အုပ်ဆိုင်းပြီး အ မှောင်ထုက ကြီးစိုးထားတာကြောင့် ဒုစရိုက်သား နှစ်ကောင် လွတ်အောင်ပြေးဖို့ တအား တက်စေနေ လေရဲ့။
“ဓားပြနှစ်ကောင်ကို မိအောင်ဖမ်း။ မိရင် အဲဒီနေရာမှာတင် တံစို့ထိုးပြီး မီးမြှိုက်ပစ်မယ်”
နောက်ကလိုက်လာတဲ့ ရွာသားတွေရဲ့ ကြိမ်း မောင်းသံတွေက ကြောက်စရာလန့်စရာကြီး။
ဒါပေမဲ့ သူတို့နှစ်ယောက် ကြောက်လန့်ပြီး နောက်တွန့်နေလို့ မဖြစ်။
ရှေ့ကို လေးဖက်ထောက်ပြေးရင်းက ညောင် ပင်ကြီးဆီ အရောက်လာခဲ့တယ်။
စိမ်းစိုဝေမှောင်နေတဲ့ ညောင်ပင်ကြီးအောက် ရောက်တော့ ရွာသားတွေလိုက်လာရာဘက်နဲ့ တစ် ဖက်ဆီဖြစ်တဲ့ ညောင်ပင်ကြီးအနောက်ဘက် ပင်စည် ကြီးမှာ ခိုကပ်လိုက်ကြတယ်။
အောင်မင်းနဲ့ ကတိုးတို့ နှစ်ယောက်စလုံး မောဟိုက်နေကြပြီ။
နှစ်ယောက်စလုံး စစ်လွယ်အိတ် စလွယ် သိုင်း လွယ်ထားကြတယ်။
မှောင်ထဲမှာ တစ်ယောက်လွယ်အိတ် တစ် ယောက်လက်တစ်ဖက်ဆီနဲ့ စမ်းကိုင်ရင်း သူတို့ ဓားပြ တိုက်ရာက ပါလာတဲ့ ရွှေ၊ ငွေ၊ စိန်ကျောက်တွေအ တွက် လောဘဇောက တက်လိုက်သေးတယ်။
“တော်သေးတာပေါ့ လွယ်အိတ်တွေ မကျန် ခဲ့လို့”
“အသက်နဲ့ရင်းပြီး တိုက်ခဲ့ရတာ ကျန်လို့ ဖြစ်မလား”
အန္တရာယ်ကြားထဲမှ ရမ္မက်မီးတောက်တွေ လောင်မြိုက်နေတာ မဆင်ခြင်နိုင်ဘူး။ နောက်က လိုက်လာတဲ့ သူကြီးနဲ့ ရွာသားအုပ်စုက လယ်ကန် သင်းရိုးတစ်ခုကို ကျော်ပြီး ချောင်းရိုးကို ဖြတ်တော့ မယ်။
ချောင်းက သင်္ချိုင်းကုန်းဘေးက ဖြတ်ပြီး စီးဆင်းနေတဲ့ တောင်ကျချောင်းဆိုတော့ မိုးရောနွေ ပါ ရေမပြတ်ဘူး။ မိုးရာသီမှာ ရေပြည့်နေပြီး နွေရာ သီမှာတော့ ရေစပ်စပ်စီးဆင်းနေတာပဲကွာတယ်။
ရွာလယ်ကွက်တွေနဲ့ သင်္ချိုင်းကုန်းကို အဲဒီ တောင်ကျချောင်းက ခြားထားလေရဲ့။ ချောင်းပေါ်က ဖြတ်ပြီး သစ်သားတံတားတစ်ခု ထိုးထားတာက လည်း ဟောင်းမြေ့လို့နွမ်းလှပြီ။ နှောင်းလူတွေ သဒ္ဓါ နည်းလှလို့ ဟောင်းနွမ်းနေတဲ့ အဲဒီတံတားအိုလေးကို ပြင်ရကောင်းမှန်း မသိကြ။ သူကြီးနဲ့ ရွာသားတွေ လက်နှိပ်ဓာတ်မီး ဟိုထိုးသည်ထိုးလုပ်ပြီး ဓားပြ နှစ် ယောက်ကို ချောင်းရိုးတစ်ဝိုက် ဟိုရှာဒီရှာ လုပ်နေ တုန်း ဓားပြနှစ်ယောက်က တံတားထိပ်ညောင်ပင် ကြီးအရိပ်ကနေ သင်္ချိုင်းထဲကို ဝင်ပြေးကြပြီ။
အုတ်ဖိုစုရွာက ရွာကြီးဆိုတော့ သင်္ချိုင်းက လည်း ကြီးတယ်။ လူမျိုးစုံ ဘာသာစုံနေထိုင်တော့ သင်္ချိုင်းကြီးတစ်ခုထဲမှာတင် အပိုင်းအခြားအမှတ် အသားလုပ်ထားပြီး ကုလားမသာ၊ တရုတ်မသာ အစုံ မြှုပ်နှံသင်္ဂြိုဟ်ကြတာမို့ တရုတ်၊ ကုလား၊ ဗမာ၊ အုတ်ဂူပေါင်းစုံ၊ မြေပုံပေါင်းစုံ အထပ်ထပ်အစီအရီ။
အောင်မင်းနဲ့ ဘတိုး မြေပုံတွေကြားကနေ အုတ်ဂူတွေဆီ တိုးဝင်လာခဲ့တယ်။ အဲဒီအချိန်မှာ သူကြီးနဲ့ ရွာသားတွေက ချောင်းရိုးတစ်လျှောက် လက်နှိပ်ဓာတ်မီးနဲ့ထိုးပြီး ဓားပြနှစ်ယောက်ကို သဲသဲ မဲမဲ ရှာနေကြပြီ။ ဘတိုးနဲ့ အောင်မင်းဂူကြီးတွေကြား ထဲမှာ ခိုကပ်ထားကြရာက အမောအပန်းဖြေရင်း စိုးရိမ်ကြောက်လန့်နေကြရာက မီးတွေတဝင်းဝင်း တလက်လက်ဖြစ်နေတဲ့ ရွာသားတွေဆီ လှမ်းကြည့် ပြီး တုန်လှုပ်ချောက်ချားနေကြလေရဲ့။
“ဟော ချောင်းရိုးကိုကျော်ပြီး ညောင်ပင်ကြီး ဘက်ရောက်လာပြီ။ ဆက်ပြေးကြမှတူတယ်”
“ဆက်ပြေးလို့ ဖြစ်မလားကွ၊ သင်္ချိုင်းထဲကို အချို့ရွာသားတွေဝင်လာပြီ”
“ဒါဆိုသင်္ချိုင်းစောင့် အမေ မဖဲဝါကြီးကို တိုင်တည်အားကိုးရမှာပေါ့”
“အေး အဲဒါကောင်းတယ်။ အမေ မဖဲဝါ ခင်ဗျား၊ မလိမ်မိုးမလိမ္မာ သားလေးနှစ်ယောက်ကို အမေ့ပိုင်နက် သင်္ချိုင်းထဲမှာ သူကြီးနဲ့ ရွာသားတွေ မမြင်အောင် ဝှက်ပေးပါခင်ဗျား။ သူတို့အန္တရာယ်က လွတ်ရင် အမေမဖဲဝါကို အုတ်ဖိုစုဈေးထိပ်က တရုတ် အလျှံဆိုင်က ခေါက်ဆွဲကြော်နဲ့ ပူဇော်ပသမယ်လို့ ကတိပြုပါတယ်”
နှစ်ယောက်သား အားကိုးတကြီး တိုင်တည်ရေရွတ်ကြရင်း သင်္ချိုင်းထဲကို ရွာသားတွေ ဝင်ရောက်လာတာကို တွေ့လိုက်မှ လေသံမထွက်ရဲ အောင် ပါးစပ်ပိတ်လိုက်ရတယ်။ မပိတ်လို့လည်း မဖြစ်ဘူး သူတို့လက်ထဲမှာ ဓားတွေလှံတွေ ကိုယ်စီ ကိုယ်စီနဲ့ကိုး။
ရွာသားနဲ့သူကြီးတွေ သူတို့ပုန်းကွယ်နေရာ အုတ်ဂူတွေကြား လက်နှိပ်ဓာတ်မီး ဟိုထိုးသည်ထိုး လုပ်ပြီးရှာဖွေကြတယ်။ သူတို့နှစ်ယောက်ကို အလွယ် တကူ ရှာဖွေလို့ တွေ့မသွားကြဘူး။ အုတ်ဂူတွေထက် ကနေ သင်္ချိုင်းဇရပ်ကြီးဘက် ရောက်သွားကြတော့မှ ဓားပြနှစ်ကောင် ပြန်ခေါင်းထောင်လာနိုင်တယ်။ ဒါပေမဲ့ ရွာသားတွေ ဇရပ်ကြီးဘက်က ပြန်လှည့်လာ ပြန်တော့ သူတို့နှစ်ယောက် စိုးရိမ်သွားကြပြန်တယ်။ အုတ်ဂူတွေကို ကျော်ဖြတ်ပြီး သင်္ချိုင်းထဲက ထွက် သွားကြမှ စိတ်ချလက်ချ ဟင်းချနိုင်တော့တယ်။
သူတို့နှစ်ယောက် ချက်ချင်းအုတ်ဂူဘေးက ထမထွက်ရဲကြသေးဘူး။ စစ်လွယ်အိတ်ထဲမှာပါတဲ့ အရက်ပုလင်းကို ထုတ်ပြီး တစ်ယောက်တစ်ငုံစီ သောက်လိုက်ကြတယ်။ ဒုစရိုက်သမားအတွက် အရက်ဟာ ရဲဆေးပဲ မဟုတ်လား။
“တော်တော်လေးကြာရင် မင်းနဲ့ ငါနဲ့ သင်္ချိုင်း ဟိုဘက်ကနေ ကားလမ်းကိုကူးပြီး တို့ဆွေမျိုးတွေရှိ တဲ့ သရက်တောရွာကိုသွားပြီး တစ်လတန်သည် နှစ်လတန်သည် ခြေရာဖျောက်ခိုနေကြရအောင်”
“အဲဒီလိုခိုတာဟုတ်ပါပြီ။ စောစောက အမေ မဖဲဝါကို ရွာသားတွေ မမြင်အောင်ဝှက်ခိုင်းပြီး ခေါက် ဆွဲကြော်နဲ့ မနက်ကျရင်ပူဇော်ပသပါ့မယ်ဆိုတဲ့ ကတိ ဘယ်လိုဆပ်မလဲ”
ဘတိုးရဲ့ အမေးကို အောင်မင်းက သိပ်ပြီး အလေးအနက် ထားပုံမရဘဲ ပေါ့ပေါ့တန်တန်ပြန် ပြောလိုက်တယ်။ သူ့သဘောက ပြီးပြီးရော သဘော မျိုး။
“မင်းကွာ လူဆိုးဓားပြစကား အမှန်ထားလို့ ဖြစ်မလားကွ၊ ပြောမိပြောရာပြောလိုက်တာပဲ။ နောင် တစ်ချိန်နောက်ခါဈေးပေါ့ကွာ။ အား အမယ်လေး”
အောင်မင်းပြောရင်းက အလန့်တကြားအော် ဟစ်ပြီး ရုတ်တရက် ထခုန်လိုက်တယ်။ ကြောက်လန့် တကြားထခုန်လိုက်လို့ မြေကြီးပေါ်က မြင့်တက်သွား တဲ့သူ့ခြေထောက်ရဲ့ ခြေဖမိုးကို သဲသဲမဲမဲ ကိုက်ထား ပြီး ပါလာတဲ့ တစ်တောင်လောက်ရှိတဲ့ မြွေပွေးကြီး ကို ဘတိုးမယုံနိုင်စရာ တွေ့လိုက်ရတယ်။
မြွေပွေးအကိုက်ခံရတဲ့ အောင်မင်းကိုယ်လုံး ကြီး မြောက်တက်သွားရာက ဂူတွေကြားထဲ ဝုန်း ခနဲ ပြန်ပြုတ်ကျလာတော့ သင်္ချိုင်းထဲက ထွက်သွား တဲ့ ရွာသားတွေဆီက သူတို့အော်သံတွေ ကြားပြီး လက်နှိပ်ဓာတ်မီးရောင်တွေ ဖြာကျလာတာကို ရုတ် တရက် တွေ့လိုက်ရတယ်။
ဘတိုးလည်း ကြုံရာမရပြေးမလို့ အထမှာ ရွာသားတွေဆီက သေနတ်သံတစ်ချက်ကြားလိုက်ရ ပြီး မြွေပွေးအကိုက်ခံရတဲ့ အောင်မင်းအလောင်းပေါ် မှောက်ကျသွားတယ်။
“ဓားပြတွေမိပြီဟေ့။ တစ်ကောင်တော့ သေ နတ်မှန်သွားတယ်။ အသေလား အရှင်လားပဲ”
အဲဒီအသံတွေဟာ သေနတ်မှန်သွားတဲ့ဘတိုး နောက်ဆုံးကြားလိုက်ရတဲ့ ရွာသားတွေဆီက အသံ တွေ။
သူကြီးနဲ့ ရွာသားတွေ အုတ်ဂူတွေကြားထဲကို ရောက်လာတော့ ဓားပြနှစ်ကောင်ဖြစ်တဲ့ ဘတိုးနဲ့ အောင်မင်းတို့ နှစ်ယောက်ကို အသေတွေ့လိုက်ရတာ ပဲ။
အဲဒီမှာ ရွာသားတစ်ယောက်ဆီက –
“တစ်ယောက်ကသေနတ်ဒဏ်ရာနဲ့ အသက် ထွက်ပြီး၊ တစ်ယောက်က သေနတ်ဒဏ်ရာမရှိဘဲ အသက်ထွက်နေပါလား”
ထူးဆန်းအံ့ဩတကြီး ပြောလိုက်တဲ့ စကား သံကြီး အုတ်ဖိုသင်္ချိုင်းကုန်းထဲမှာ ထိတ်လန့် ချောက် ချားစရာကြီး ပေါ်ထွက်သွားလေရဲ့။
ဒါကို ရှေးလူကြီးပီပီ အယူသီးတဲ့သူကြီးက-
“ဒီနေရာက သင်္ချိုင်းကုန်းပဲ။ မကောင်းဆိုး ဝါး နာနာဘာဝတွေ ပြည့်နေတာ။ ဒီလို ဒုစရိုက် ကောင်တွေကို အချိန်မရွေး အပမှီနိုင်တာပဲ”
သူကြီးရဲ့ နောက်ဆုံးစကားကို ဘယ်သူကမှ ထပ်အတွန့်မတက်ရဲတော့ဘူး။ သူတို့ရွာလာတိုက်တဲ့ ဓားပြနှစ်ယောက်ကို အသေဖမ်းမိတဲ့ပွဲနဲ့ပဲ ရွာသား တွေအားလုံး အောင်ပွဲခံအော်ဟစ်နေကြတာ သင်္ချိုင်း တစ်ခုလုံး ခြိမ့်ခြိမ့်ကို ညံနေလေရဲ့။

ကျော်မင်းနိုင်

Comments

comments

Post Author: manawmaya