အကြည်ညို အပူဇော်ခံရအောင် နေတတ်ပါ။

 

“လူတွေဟာ ဘာကိုများ ကိုးကွယ်ကြတာပါ လိမ့်”ဆိုတဲ့ ခေါင်းစဉ်နဲ့ အယူလွဲ အကျင့်လွဲနေတဲ့ သူများရဲ့ အကြောင်းကို ရှေ့မှာ ဆွေးနွေးတင်ပြခဲ့ပြီး ပါပြီ။ ခု အကြည်ညိုခံ အပူဇော်ခံနေရတဲ့ သူများ အနေနဲ့ အနေတတ်ဖို့ လိုတာကို ဆွေးနွေးတင်ပြ လိုပါတယ်။

ရတနာသုံးပါးကိုတော့ အနေတတ်ပါလို့ ပြောစရာမလိုပါဘူး။ ကြည်ညိုမယ့်၊ ပူဇော်မယ့်သူ များကိုသာ ရတနာသုံးပါးကို ကြည်ညိုပူဇော်တဲ့အခါ မှာ ဂုဏ်တော်များကို သိနားလည်အောင် လေ့လာ ပြီးမှ ကြည်ကြည်ညိုညို ပူဇော်ဖို့သင့်ပါတယ်လို့ပဲ အကြံဉာဏ်ပေးလိုပါတယ်။ ဘုရားစစ် ဘုရားမှန်၊ တရားစစ် တရားမှန်၊ သံဃာစစ် သံဃာမှန်များကို ကြည်ညိုပူဇော်ရတာ အလွန်ကျေးဇူး များပါတယ်။ ကလေးဘ၀တုန်းကတော့ လူကြီးမိဘများက ဦး တော်လုပ်လိုက်ဆိုရင် လုပ်လိုက်တာပဲ။ ဘုန်းဘုန်း ကျောင်းကိုသွားပြီး ဦးတော်လုပ်ရင် ငှက်ပျောသီး တွေ၊ မုန့်ဖက်ထုပ်တွေ စားရတယ်ဆိုတဲ့အသိပဲ ရှိပါ တယ်။ အဲဒီအသိက အသက်နဲ့အမျှ လေးနက်တဲ့ ဘက်ကို ပြောင်းသွားဖို့သင့်ပါတယ်။

နို့မဟုတ်ရင်တော့ ငှက်ပျောသီးနဲ့ မုန့် လောက်သာမကတော့ဘဲ “လောကီရတနာတွေ၊ စည်းစိမ်တွေကို ဘုန်းဘုန်းက ဆောင်ကြဉ်းပေးမှာပဲ” ဆိုပြီး လောဘဦးစီးတဲ့ ဆည်းကပ်မှု၊ ကြည်ညို ပူဇော်မှုများနဲ့ ဒကာတွေ လာအောင် ဆရာက မကြိုး စားသင့်သလို၊ ဒကာများကလည်း ဒီနည်းနဲ့ ဆရာကို မဆည်းကပ်သင့်ပါဘူး။ အဲဒီလို လာဘ်ကိုမျှော်ပြီး ဆည်းကပ်ရင်တော့ ဘုရားဟောနဲ့ ညီမှာမဟုတ် ပါဘူး။

စာရေးသူအနေနဲ့ ထေရ၀ါဒီများပီပီ အနှစ် သာရပြည့်ဝတဲ့ ကြည်ညိုမှု၊ ပူဇော်မှုများကိုသာ ပွားများသင့်တယ်လို့ ယုံကြည်လို့သာ အခုလိုတင်ပြရ တာ ဖြစ်ပါတယ်။ တကယ်တော့ ကြိုက်သူက ကြိုက်ပေမယ့် မကြိုက်သူလည်း ရှိနိုင်မယ့်တင်ပြခြင်း ပဲ ဖြစ်ပါတယ်။

အခုဆက်ပြီး တင်ပြလိုတာကတော့ မိဘ များနဲ့ ဆရာများဟာ အကြည်ညိုခံရအောင်၊ အပူ ဇော်ခံရအောင် နေသင့်ပါတယ်ဆိုတဲ့ အချက်ပဲ ဖြစ် ပါတယ်။

ကျွန်မတို့ မြန်မာလူမှုအဖွဲ့အစည်းမှာ မိဘ များသာမကပါဘူး၊ မိဘများနဲ့ သက်တူရွယ်တူ များကိုတောင် လူကြီးမိဘဆိုတဲ့ ဝေါဟာရများကို အသုံးပြုပြီး တလေးတစား နေရာထားတတ်ပါတယ်။

ကိုယ်အမူအရာ၊ နှုတ်အမူအရာများနဲ့ လေး စားကြည်ညိုမှုကို ပြတတ်ပါတယ်။ ဥပမာ- လူကြီး များရှေ့မှာ ရိုကျိုးစွာ ကုန်းပြီးသွားလေ့ရှိကြတာ၊ စကားပြောရင် လေးလေးစားစား ပြောတာ၊ ရိုရို သေသေပြောတာစတဲ့ အပြုအမူများဟာ လူကြီး မိဘကို လေးစားတတ်တဲ့သဘာဝကို ပြနေတာဖြစ်ပါ တယ်။

အဲဒီ သဘာဝမရှိတော့တဲ့ ယဉ်ကျေးမှုပျက် နေတဲ့ မိန်းကလေး ယောက်ျား ကလေးများကိုလည်း မကြာမကြာဆိုသလို တွေ့တတ်ကြပါတယ်။ အစော ပိုင်းကတော့ အထင်မှားမိပါတယ်။ “ဒီကလေးနှယ်၊ ရိုင်းလိုက်လေ၊ ဒီကျောင်းသားနှယ် ရိုင်းလိုက်လေ” ပေါ့လေ။ နောက်တော့မှ စိတ်ထဲက ရိုင်းတာမဟုတ် ဘဲ အဲဒီလိုယဉ်ကျေးမှု အပြုအမူများနဲ့ ယဉ်ပါးအောင် သင်မထားလို့ ဖြစ်နေတာဆိုတဲ့အကြောင်းကို သိလာ ရပါတယ်။ အဲဒီတော့လည်း “ဒီလိုနေကွဲ့၊ ဒီလို ပြော ကွဲ့”နဲ့ သင်ပေးလိုက်ရတာပေါ့။

တစ်ခါတုန်းက နိုင်ငံရပ်ခြားမှာ သွားရောက် နေထိုင်ပြီး အလုပ်လုပ်နေကြတဲ့ သူငယ်ချင်းများနဲ့ တွေ့ဖူးပါတယ်။ သူတို့က ပြောပါတယ်။ နိုင်ငံခြား မှာ အရာရာကို ပိုက်ဆံနဲ့ပဲ အကဲဖြတ်ကြတယ်၊ တန်ဖိုးဖြတ်ကြတယ်။ မြန်မာပြည်မှာလိုလည်း မဟုတ်ဘူး၊ လူကြီးမိဘရယ်လို့ ရိုသေရကောင်းမှန်း မသိဘူး။ လူငယ်တွေက ရိုင်းသလိုပဲ၊ လူကြီးတွေ ကလည်း လူငယ်ဆိုပြီး မညှာဘူးတဲ့။

ကျွန်မစိတ်ထဲမှာ “တော်ပါသေးရဲ့၊ မြန်မာ စိတ်တွေ မဆိတ်သုဉ်းကြသေးလို့”လို့ အောက်မေ့ရ ပါတယ်။ တစ်ယောက်တော့ “သူဟာ မြန်မာပါပဲတဲ့။ သွေးအားဖြင့်ပြောရင် မြန်မာသွေးတစ်စက်မှ မပါပါ ဘူးတဲ့။ ဒါပေမဲ့ မိဘ ဘိုးဘွားကအစ မြန်မာနိုင်ငံ မှာ နေလာခဲ့တာတဲ့။ သူဟာ ဗုဒ်္ဓဘာသာဖြစ်ရုံမက ကိုရင်လည်း နှစ်ခါဝတ်ဖူးတယ်တဲ့။ သူ့ကိုယ်သူ မြန်မာလို့ပဲ ယူဆတယ်တဲ့။ စီးပွားရေးအရသာ နိုင်ငံရပ်ခြားကိုသွားပြီး အလုပ်လုပ်နေရတာ”တဲ့။

အဲဒီလို မြန်မာနိုင်ငံကို စွဲလမ်းကြတဲ့သူများ ဟာ မက်မောလောက်စရာ ချမ်းသာကြွယ်ဝမှုကြောင့် မဟုတ်ပါဘူး။ လူလူချင်း ညှာ တာထောက်ထားတတ်တဲ့ အပြန် အလှန်အရေးပေးတတ်တဲ့ မြန်မာ မှု စိတ်ဓာတ်များကြောင့်သာ ဖြစ် ပါတယ်။

ကျွန်မကိုယ်တိုင်လည်း လူကြီးမိဘအရွယ်ကို ရောက်လာ တာ အတန်တောင်မှ ကြာခဲ့ပါပြီ။ အဲဒါကြောင့် ရဲရဲတင်းတင်း ပြော ချင်တဲ့အချက်တစ်ချက်ရှိပါတယ်။ “ငါတို့က မိဘတွေပဲ၊ ငါတို့က လူကြီးတွေပဲ”ဆိုတဲ့ အထက်စီးအ စွဲနဲ့ “လူငယ်တွေက ဘာပဲဖြစ်ဖြစ် တို့ကိုလေးစားရမှာပဲ”လို့မအောက် မေ့ပါနဲ့။ သူတို့ကလေးတွေမှာ လည်းစဉ်းစားတတ်တဲ့စိတ်၊ ဆန်း စစ်ဝေဖန်တတ်တဲ့စိတ်တွေ ရှိပါ တယ်။ အဲဒါကြောင့် ထုံးစံဖြစ်လို့ သာ လေးစားနေရတာ၊ ပူဇော်နေ ရတာ နေပုံထိုင်ပုံကို နည်းနည်း ကလေးမှ မကြိုက်ပါဘူးလို့ စဉ်း စားမိအောင် ထုတ်ဖော်မိအောင် မနေကြစေလိုပါဘူး။

နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံ၊ စေတနာထားပုံ၊ ဆုံးမသြ၀ါဒပေးပုံ၊ သက်ညှာပုံ၊ ကရုဏာထားပုံ တွေနဲ့ မိမိတို့ဟာ ကြည်ညိုထိုက်တဲ့၊ ပူဇော်ထိုက် တဲ့သူများ ဖြစ်တယ်ဆိုတာကို ပြသကြစေလိုပါတယ်။

အထူးသဖြင့်ကတော့ ကောင်းတဲ့ အကြောင်း ကို ပြောတယ်၊ နည်းပေးလမ်းပြ ပြုတယ်ပဲထားပါဦး။ “မင်းက အဖေလား၊ ငါက အဖေလား”ဆိုတဲ့ အပြော မျိုးနဲ့ အမိန့်ချမှတ်တာထက် မိမိရဲ့စေတနာကို သားသမီးများ နားလည်အောင် ရှင်းလင်းဆွေးနွေး သင့်ပါတယ်။

မိဘများဟာ သားသမီးများအတွက် တစ် လျှောက်လုံး အနစ်နာခံခဲ့ ကြရတာ များပါတယ်။ မိမိတို့ရဲ့ သားသမီးများကို ကောင်းစားစေချင်တဲ့စိတ် လည်း မိဘများမှာ အပြည့်ရှိတယ်ဆိုတာကို ကျွန်မ မငြင်းလိုပါဘူး။

ဒါပေမဲ့ မိဘဆိုတာလည်း များသောအားဖြင့် ပုထုဇဉ်တွေပဲကိုး။ အဲဒီတော့ သားသမီးထံက ပြန်ပြီး မျှော်လင့်တတ်ကြပါတယ်။ သားသမီးကို စေတနာ ထားသလိုလိုနဲ့ (မိမိကိုယ်မိမိ မဆန်းစစ်မိရင်) မိမိ အလိုကျ ကြိုးဆွဲနေမိတတ်ကြပါတယ်။

သားသမီးထံက စေတနာအရ၊ ပစ်္စည်းဝတ်္ထု အရ၊ ပြုစုလုပ်ကျွေးမှုအရ ပြန်လည်တုံ့ပြန်မှုကို တောင်းဆိုနေရပြီဆိုကတည်းက တစ်ခုခုမှားခဲ့ပြီ ဆိုတာ သိသာပါတယ်။ မိမိတို့ဘက်က အဆုံးအမ လိုနေခဲ့တာလား၊ မိမိတို့စေတနာကို သားသမီး သိအောင် မကြိုးစားခဲ့ဘဲ ဘာသိဘာသာ နေခဲ့မိ တာလား၊ တစ်ခုခုတော့ တစ်ခုခုပါပဲ။

မိမိတို့ရဲ့စေတနာကို မိမိတို့သားသမီးများ နား လည်သဘောပေါက်အောင် တရားသဖြင့်ရှိဖို့ လိုအပ် ပါတယ်။ အလွန်အရေးကြီးပါတယ်။

သားသမီးနဲ့ ဆက်ဆံရာမှာတင်မကဘဲ သူ တစ်ပါးနဲ့ ဆက်ဆံရာမှာရော တရားသဖြင့် ရှိဖို့လို ပါတယ်။ ဒါမှ သားသမီးက မိမိတို့ကို ကြည်ညို နိုင်မှာပါ။ ခြုံပြီးပြောရရင်တော့ သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံရင် သားသမီးများအတွက်ရော မိဘများအတွက်ပါ ကံကောင်းတတ်ကြပါတယ်။

အဲဒီလိုဖြစ်လာဖို့က သားသမီး ငယ်စဉ် ကတည်းက စရမှာဖြစ်ပါတယ်။ သားသမီးတွေသာ မိဘမျက်စိရှေ့မှာနေရင်း ကြီးလာတာမဟုတ်ပါဘူး။ မိဘများလည်း သားသမီးတွေရဲ့ မျက်စိရှေ့မှာတင် ကြီးရင့်လာရတာပါ။ အမှားတွေ လုပ်နေတာ၊ အမှားတွေပြောနေတာကို သားသမီးများ အတုယူ ရင်လည်း မကောင်းပါဘူး။ သားသမီးက အဲဒီအပြု အမူတွေကြောင့် မိမိတို့အပေါ်မှာ အရိုအသေတန် သွားရင်လည်း မကောင်းပါဘူး။

ဆရာ။ ဆရာဆိုတာလည်း တစ်ခါတော်ခဲ့ ဖူးရင် ကျွန်မတို့တစ်သက်လုံး ဆရာအဖြစ် လေးစား ချစ်ခင်နေတာပါ။ အဲသည်လိုလည်း နေခဲ့ကြတာများ ပါတယ်။ ကဲ ကျွန်မကတောင် နေခဲ့ကြတာ များပါ တယ်လို့ပြောရင် အဲသည်လိုတစ်သက်လုံး လေးစား ချစ်ခင်ခြင်းမရှိနိုင်တဲ့ ဆရာများရော ရှိသလား လို့မေးရင် “ဟုတ်ကဲ့၊ ရှိပါတယ်”လို့ ဖြေရမှာပါပဲ။ ဒါပေမယ့် ကျွန်မတို့ခေတ်မှာ နည်းပါတယ်။

ဆရာဖြစ်ပြီး ကျောသားရင်သားခွဲခြားကာ ချမ်းသာ ဆင်းရဲ ခွဲခြားတာ၊ မိမိသင်ကြားပို့ချတဲ့ သင်ခန်းစာကို မပိုင်နိုင်တာတွေဟာ အကြည်ညိုကင်း မဲ့စေတဲ့ အပူဇော်တာရှည်မခံရတဲ့ ဆရာများရဲ့ လုပ် ရပ်များဖြစ်ပါတယ်။

တချို့ဆရာများကို တပည့်ဖြစ်သူက ဒီလို ဆရာရဲ့ တပည့်ဖြစ်ရတာ ကြာလေလေ ကံကောင်း မှန်း သိလေလေပဲဆိုတဲ့ အတွေးမျိုး အပြောမျိုးနဲ့ ကြည်ညိုလို့မ၀ ဖြစ်လေ့ရှိပါတယ်။ တချို့ဆရာ များကျတော့ တပည့်တွေက သူနဲ့မကင်းသေးတဲ့ အချိန်မှာ အောင့်အီးသည်းခံပြီး ကင်းတာနဲ့ အတင်း တွေ တသီကြီးပြောတတ်ကြပါတယ်။

တပည့်က ဆရာ့အတင်းပြောတာများကို တော့ ဆရာအချင်းချင်း နားလည်း မထောင်သင့် ပါဘူး။ အားလည်း မပေးသင့်ပါဘူး။ ဒါပေမဲ့ ကျောင်း တွင်းမှာသာ မပြောနဲ့လို့ တားထားလို့ ရချင်ရမယ်၊ တခြားနေရာမှာတော့ ဘယ်လိုခြောက်ပြီး စားတာ၊ ဘယ်လိုရိုက်ပြီးစားတာ စတာတွေ ပြောနေတာ ကျွန်မတို့ဆီ ပြန်ကြားရတဲ့အထိပါပဲ။

ဒါဟာ ဘာကြောင့်လဲ။ ဆရာ့ဘက်က အမှား တွေရှိနေလို့ပါပဲ။ စေတနာ ဆရာရဲ့အလုပ်ကို မလုပ် ဘဲ မိမိအတန်းမှာ တက်နေတုန်း မိမိလိုချင်တာကို ဖြည့်ဆည်းခိုင်းတတ်တဲ့ ဆရာမျိုး၊ မိမိကို ဆည်း ကပ်မှု မပြုရင် မိမိက နိုင်သလို ကိုင်လိုက်တာမျိုး မလုပ်သင့်ပါဘူး။

တချို့တပည့်များကတော့ အပေးအယူ အပြန်အလှန်လုပ်ပြီး နောက်တစ်နှစ်မှာ လမ်း၌ တွေ့သော် မခေါ်စတမ်း လုပ်တတ်ကြပါတယ်။ ကျွန်မ ဒီစာကို ရေးနေတာဟာ စိတ်မကောင်းစွာနဲ့ ရေးနေတာပါ။ ဒီလိုအဖြစ်မျိုးဟာ ဆရာကောင်းများ မှာလည်း လာရောက်ထိခိုက်နိုင်ပါတယ်။ ပြီးတော့ မင်္ဂလာတရား ဆိတ်သုဉ်းသွားတာလည်း ဖြစ်ပါတယ်။ ရိုသေထိုက်သူကို မရိုသေတာ၊ ဂါရ၀နဲ့ ဆက်ဆံတတ် တတ်သူများကို အဂါရ၀ပြုတာဟာ ယဉ်ကျေးမှုကိုပါ ထိခိုက်နေတာ ဖြစ်ပါတယ်။

“မိဘပဲ၊ မွေးထားတာ ကျွေးရမှာပေါ့”ဆိုတဲ့ ကျေးဇူးမဲ့ စကားမျိုးကို မကြားရအောင် “တန်ရာ တန်ကြေးပေးပြီး သင်တာ၊ ဒီလောက်တော့ လုပ်ပေး ရမှာပေါ့”ဆိုတဲ့ ကျေးဇူးမဲ့စကားများကို မကြား ရလေအောင် ကျွန်မတို့ လူကြီး မိဘများ၊ ဆရာ သမားများကလည်း ကျေးဇူးတင်ထိုက်သူများ လေး စားထိုက် သူများဖြစ်အောင် နေကြဖို့ လိုပါတယ်။

မြန်မာနိုင်ငံမှာ ဂါရ၀တရား မဆိတ်သုဉ်းပါ ဘူး။ မဆိတ်သုဉ်းသေးပါဘူးလို့ပဲ ပြောရမှာပေါ့လေ။ သိပ်ပြီးအနိုင်ကျင့်တဲ့ဆရာ မဟုတ်လို့ကတော့ လူငယ် တွေက တလေးတစားပဲ ဆက်ဆံလေ့ရှိတတ်ကြ ပါတယ်။

ကျွန်မကိုယ်တိုင် တစ်ခါမှ ကျူရှင်ပြမစားဖူး ပါဘူး။ အကြောင်းကြောင်းကြောင့် ကျူရှင်ပြတဲ့သူ များကို ကျွန်မ သတိထားမိတာ ရှိပါတယ်။ တတ် သည့် ပညာနဲ့ မိမိတပည့်များကို စေတနာထားပြီး တတ်အောင်သင်ပေးတဲ့သူများက ကျူရှင်ဆရာများ ဖြစ်ပေမယ့် တလေးတစား ဆက်ဆံတာကို ခံရ ပါတယ်။ ဖြစ်ကတတ်ဆန်း သင်လို့ကတော့ ပိုက်ဆံ ရှိလေလေ တန်ရာတန်ကြေးဖြစ်အောင် ဆရာကို စိစစ်လေလေပါပဲ။ ပြီးတော့ စေတနာမထားတဲ့ ဆရာဆိုရင် တစ်နှစ်က တစ်နှစ်ကိုကူးရင် နှုတ် မဆက်ချင်ကြတော့ပါဘူး။

အရေးကြီးတာကတော့ သီလ၊ သမာဓိ၊ ပညာ မိမိဘက်မှာ ပြည့်စုံအောင် ကြိုးစားပြီးမှ တခြားသူ (သားသမီးများပင်ဖြစ်ပါစေ)ထံက အလို အလျောက် စေတနာနဲ့ ပေးအပ်လာတဲ့ ကြည်ညိုမှု၊ ပူဇော်မှုတို့ကို လက်ခံပါ၊ ဒါမှမဟုတ်လို့ကတော့ ကြာရှည်မြဲမည်မဟုတ်ပါ။

ဒေါက်တာမတင်ဝင်း

(ပညာရေးတက်္ကသိုလ်)

Comments

comments

Post Author: manawmaya