စကားပြောကြပါသည်

 

မိမိတို့ပြုခဲ့သော အတိတ်ကုသိုလ်ကံအ ကြောင်းတရားတို့ကြောင့် သေသည်၏အခြားမဲ့၌ ဘုံဋ္ဌာနအသီးသီးသို့ ရောက်ရှိခံစား၊ စံစားကြရကုန် ၏ဟု ကြားဖူးပါသည်။

၁၉၉၄ ခုနှစ် မော်လမြိုင်မြို့ ရခိုင်ကုန်းရှိ အမှတ် (၅၁၅) ဆက်သွယ်ရေးတပ်ရင်းတွင် တာဝန် ထမ်းဆောင်စဉ် ကြုံတွေ့ခဲ့ရသော အဖြစ်တစ်ခုကို ပြောပြချင်ပါသည်။

တစ်ခုသောည သန်းခေါင်ချိန်ခန့်တွင် တပ် ရင်းလူပျိုစားရိပ်သာဘက်မှ လူနှစ်ဦး သာမန်ပြော ရိုးပြောစဉ်စကားများ ပြောဆိုကာ လူပျိုအိပ်ဆောင် ပေါ်သို့ လှမ်းတက်လာခဲ့ပါသည်။

လူပျိုစားရိပ်သာမှ လူပျိုအိပ်ဆောင်အဝင် ဘယ်ဘက်ခြမ်းထောင့်တွင် အိပ်ဆောင်မှူးစခန်း သီးသန့်ရှိပြီး ညာဘက်ခြမ်းနံရံကပ်ခုတင်တွင် ရဲ ဘော်တစ်ဦး အိပ်ပျော်နေကာ ဒုတိယခုတင်တွင် ခြင်ထောင် မထောင်ရသေးသော တာဝန်ကျ ရဲဘော် တစ်ဦး အိပ်ရာသာရှိပါသည်။ တတိယခုတင်တွင် စာရေးသူနှင့် စတုတ္ထခုတင်တွင် ရဲဘော်တစ်ဦးအိပ် ပျော်လျက်ရှိပြီး အိပ်ဆောင်တွင်း ကျန်ခုတင်များ တွင်လည်း ရဲဘော်များကျိုးတိုးကျဲတဲ အိပ်ပျော်လျက် ရှိပါသည်။

ကျွန်တော်သည် ရင်းနှီးပြီးသား ゞင်းတို့အသံ များကို အံ့အားသင့်လျက် နားထောင်ရင်းကြည့်နေစဉ် အိပ်ဆောင်ပေါ်သို့ လှမ်းတက်လာသော လွန်ခဲ့သည့် တစ်နှစ်ခန့်က ကျဆုံးခဲ့သော ဆရာတစ်ဦးနှင့် ရဲ ဘော်တစ်ဦးတို့ကို မီးရောင်ထိန်ထိန်လင်းနေသည့် အိပ်ဆောင်အတွင်း ထင်ရှားစွာ တွေ့လိုက်ရပါသည်။

ကျွန်တော်သည် ခြင်ထောင်တွင်း ပက်လက် အိပ်လျက်အနေအထားမှ မျက်စိမှေးကာ သေချာ စွာကြည့်နေမိပါသည်။

၎င်းတို့လည်း ဖြည်းဖြည်းမှန်မှန်စကားပြော လှမ်းဝင်လာရင်း ကျွန်တော့်ခြေရင်းခြင်ထောင်စကို ကိုင်ကာ တစ်ချက်ချောင်းကြည့်ပြီး အရပ်မြင့်မြင့်နှင့် ဆရာဖြစ်သူမှ ဒီကောင်အိပ်နေတယ်ဟု ပြောဆိုကာ လှည့်ထွက်သွားပါသည်။

၎င်းတို့ ဘေးခုတင်ကွယ်သည်နှင့် ကျွန်တော် လည်း ဖြည်းညင်းစွာထကာ သေချာစွာ ရပ်ကြည့်နေ ရင်း မိမိကိုယ်မိမိ အိပ်မက် မက်နေသလား ဆန်းစစ် နေမိပါသည်။

၎င်းတို့အိပ်ဆောင်အလယ် တံခါးမကြီးအ ရောက် တာဝန်ချိန်ပြီးဆုံး၍ အိပ်ဆောင်သို့ ပြန်လာ ကြသော ရဲဘော်လေးများ ခြေသံနှင့်အတူ ၄င်းတို့ နှစ်ဦးလည်း ပျောက်ကွယ်သွားပါတော့သည်။

ရဲဘော်တစ်ဦးက ကျွန်တော့်အား –

“ဆရာ မအိပ်ရသေးဘူးလား”

“အေး တစ်ရေးနိုးတာပါကွာ”

ကျွန်တော်လည်း ထိုမျှသာပြောပြီး ခုတင် သို့ ပြန်လာခဲ့ပါသည်။ ၄င်းကိစ္စကို မည်သူ့မျှ မပြောပြခဲ့ပါ။

သို့သော်လည်း ကျွန်တော့်ရင်မှ အတွေးတစ် ခုကမူ ဤမမြင်အပ်သော အပါယ်ဘုံသားတို့ကို တပ် အပ်ထင်ထင် ရုပ်သွင်သာမက အသံကိုပါ နားနှင့် ဆတ်ဆတ် ကြားခဲ့ရသဖြင့် …

ကျွန်တော်သည် ကံဆိုး၍လား။ ကံပဲကောင်း ၍လားဟူမူ ကံကောင်း၍ဟူ၍သာ။

 

စိုးညွန့်မိုး

 

မနောမယဝိုင်းတော် သား ဆရာဒိဗ္ဗာန်(ဂမ္ဘီရ)၏ ပြန်လည်သုံးသပ် တင်ပြချက် . .

ဆရာစိုးညွန့်မိုး၏ စကားပြောကြပါသည် အမည်ပေးထားသော စာမူမှာ ထူးဆန်းသည်ဟုပင် ဆိုရပါမည်။ လူတို့သည် သရဲခြောက်လှန့်ခံရရာတွင် ကြောက်စရာလန့်စရာ ရုပ်သွင်များကို မကောင်းဆိုး ဝါးများကပြ၍ ခြောက်လှန့်ခြင်း၊ ကြောက်လန့်စရာ အသံနက်ကြီးများဖြင့် ဟစ်အော်ခြောက်လှန့်ခြင်းများ ကိုသာ အများအားဖြင့် ခံကြရသည်ဟုသာ ကြားဖူးပါသည်။

ယခု ဆရာစိုးညွန့်မိုး တွေ့မြင်ရသော နာနာဘာဝ ဝိညာဉ်များမှာ ဆရာစိုးညွန့်မိုးအားခြောက်လှန့် ခြင်းလည်း မမည်ပါ။ သူတို့ဘာသာ ပြောရိုးပြောစဉ် စကားများပြော ဆိုလာကြသည်ကို ဆရာစိုးညွန့်မိုးက မြင်တွေ့ ကြား သိရခြင်းဖြစ်သည်ဟု ဆိုပါသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဆရာစိုးညွန့်မိုးက  ကျွန်တော်ကံဆိုး၍လားကံကောင်း၍လားဟု မေးခွန်း ထုတ်လာပါသည်။ တစ်ဖန် သူကိုယ်တိုင်ကပင် သူ့ကိုယ် သူအထင်ဖြင့် ကံကောင်း၍ကြုံရခြင်းဖြစ် သည်ဟူ၍လည်း မှတ်ချက်ပြုထားပါသည်။ စင်စစ်တွင် ဆရာစိုးညွန့်မိုး မေးသကဲ့သို့ ကံကောင်း၍လား ကံဆိုး၍လားဟူသည့် မေးခွန်းနှင့် ကံကောင်း၍သာဟူသာ ထင်မြင်ယူဆ ချက်အား ဖြေကြားရမည်ဆိုလျှင် ကံကောင်း၍လည်း မဟုတ်ပါ။ ကံဆိုး၍လည်း မဟုတ်ပါ။ မတော်တဆ ကြုံကြိုက်သဖြင့် တွေ့ရမြင် ရကြားရခြင်းမျိုးသာ ဖြစ်ပါသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သင်ခန်းစာယူ ရန်မှာ မသေခင်ကောင်းမှု ကုသိုလ်များ ပြုလုပ်ခြင်း၊ အကုသိုလ်အလုပ်များကို ကြိုးစားရှောင်ကြဉ်ခြင်းဖြင့် မိမိဘဝသေသည်၏ အခြားမဲ့၌ ကောင်းရာဘုံဘဝသို့ ချက်ချင်းကူးပြောင်း နိုင်ရန်ကြိုးစားသင့်ပါကြောင်း။

ဒိဗ္ဗာန်(ဂမ္ဘီရ)

Comments

comments

Post Author: manawmaya