ကြက်ရိုးနှိုက်တဲ့လက်

ကျွန်တော်သည် အစိုးရဝန်ထမ်း အငြိမ်းစား တစ်ဦးဖြစ်ပါသည်။ ဝန်ထမ်းဘဝမှ အငြိမ်းစားယူခဲ့ ပြီးနောက်ပိုင်း တတိယအရွယ်ပိုင်းတွင် လောကုတ္တ ရာဘာသာရေးလုပ်ငန်းများကိုသာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါသည်။ ၂၀ဝ၂ ခုနှစ်ကုန်ခါနီးမှာ အငြိမ်းစားယူခဲ့ပြီး ၂၀ဝ၄ ခုနှစ်တွင် စစ်ကိုင်းတောင် ရိုး၊ ပထမဂန္ဓာရုံကျောင်းတိုက်၌ ဒုလ္လဘရဟန်းဝတ် ခဲ့ပါသည်။ ဒုလ္လဘရဟန်းအဖြစ် သုံးဝါအတွင်း၊ မန္တလေးမြို့ စိန်ပန်း မဟာစည်သာသနာ့ရိပ်သာ၌ လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဖားအောက် တောရသာသနာ့ရိပ်သာ၌လည်း ကောင်း၊ မိုးကုတ်သာသနာ့ရိပ်သာများ၌လည်း ကောင်း ရှင်တော်ဗုဒ္ဓဟောပြတော်မူခဲ့သော အဘိ ဓမ္မာ ဒေသနာ တရားတော်များနှင့်အညီ မဟာ သတိ ပဋ္ဌာန်ဝိပဿနာ ဘာဝနာတရားတော်များကို အား ထုတ်ခဲ့ပါသည်။
ကျွန်တော်နေထိုင်သည့် စစ်ကိုင်းတိုင်းဒေသ ကြီး၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းစံပြကျေးရွာရှိ ရွှေ ကူတောင်ကျောင်းတိုက်၏ မိုးကုတ်ဝိပဿနာ ၁၀ ရက်တရားစခန်းပွဲကို နှစ်စဉ်မပျက်မကွက် တရား စခန်းဝင် အားထုတ်ခဲ့ပါသည်။ တစ်ခုသော တရား စခန်းပွဲအပြီး ၂၀၁၀ ခုနှစ်တွင် ကန့်ဘလူမြို့တွင် အစိုးရဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်နေသူ သားနှင့် ချွေးမတို့က အလည်ခေါ်၍ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက် မြောက်ဝိုင်းအစွန်မှာရှိသော သား ဖြစ်သူနေအိမ်သို့ ရောက်ရှိခဲ့ပါသည်။
ရာသီအချိန်က ဆောင်းနှောင်းကာလ ပေါက်လဲငုံစ တပို့တွဲလဆန်း အချိန်ဖြစ်ပါသည်။ ထိုအချိန်မှာ ကန့်ဘလူမြို့၏ အထင်ကရဖြစ်သော မဟာရွှေစည်ကြီးစေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲ တော်ရက်လည်း ဖြစ်ပါသည်။ သားဖြစ်သူ ရဲတပ်ဖွဲ့ ဝင်မှာ ဘုရားပွဲတွင် သွားရောက်တာဝန်ထမ်းဆောင် နေရသကဲ့သို့ ချွေးမဖြစ်သူ စာရင်းစစ်ရုံး ဝန်ထမ်းမှာ လည်း မြို့နယ်အတွင်း စာရင်းစစ်တာဝန်ဖြင့် ခရီး သွားနေရသဖြင့် သား၏နေအိမ်တွင် ကျွန်တော် တစ်ဦးတည်း စာဖတ်ခြင်း၊ တရားထိုင်ခြင်း လုပ်ငန်း များကို အေးအေးလူလူ ဆောင်ရွက်နိုင်ခဲ့ပါသည်။
အိမ်နံရံရှိ သံစုံနာရီမှ ည ၁၂ နာရီထိုးသံကို ဂရုပြုလိုက်မိပါသည်။ သံစုံနာရီ၏ ည ၁၂ နာရီ အချက်ပေးသံ နားစွင့်နေခိုက် အိမ်ရှေ့လမ်းပေါ်မှ ‘ဘုတ်ဘုတ်’ ‘ဘုတ်ဘုတ်’ဟူသော ထူးခြားသော အသံကိုပါ ကြားလိုက်မိပါသည်။ ထို’ဘုတ်ဘုတ်’ မြည်သောအသံမှာ ရပ်မသွားဘဲ စည်းချက်ကျကျ ပေါ်ထွက်နေသဖြင့် မိနစ်အနည်းငယ်ကြာ နားစွင့် လိုက်မိရင်း ‘ခြံစည်းရိုးပေါ်မှ သတ္တဝါတစ်စုံတစ်ရာ ခုန်ချလေသလား၊ သူခိုးသူဝှက်များလေလား’ဟု တွေးတောရင်း အိမ်အပေါ်ထပ် ပြတင်းတံခါးချပ်ကို ဖွင့်ကြည့်လိုက်မိပါသည်။
ဝင်းပထိန်ထိန်သာနေသော လရောင် အောက်ရှိ အိမ်ရှေ့လမ်းပေါ်တွင် မည်းမည်းသဏ္ဌာန် (လူပုံသဏ္ဌာန်လို) သတ္တဝါတစ်ကောင်မှာ ဖားခုန်ခုန် လျက် ခုန်ဆွခုန်ဆွ သွားနေသည်ကို ဘွားခနဲ တွေ့ မြင်လိုက်ရပါသည်။ ကျွန်တော်က အံ့အားသင့်စွာ ကြည့်နေရင်းမှ ゞင်းမည်းမည်းသတ္တဝါသည် ဝါးတစ် ပြန်ခန့် ဖားခုန် ခုန်သွားနေရင်းမှ ရုတ်တရတ် လက် နှစ်ဖက်ကို မြေပြင်ပေါ်ထောက်လျက် ခြေနှစ်ချောင်း မိုးပေါ်ထောင်ကာ ကင်းမြီးကောက် ထောင်သွားနေ သည်ကို မြင်ရပြန်ပါသည်။ ကျွန်တော့်သား နေထိုင် သော နေအိမ်မှာ ရပ်ကွက်အစွန်ဆုံးကျပြီး ယခုလို ညသန်းခေါင်ယံအချိန် လူသွားလူလာ လုံးဝမရှိသည့် အပြင် အနီးအနားမှ နေအိမ်များကလည်း အိပ်မော ကျနေချိန်၊ ပတ်ဝန်းကျင်သည် ပကတိ တိတ်ဆိတ် ငြိမ်သက်နေချိန်မှာ အိမ်ရှေ့လမ်းပေါ်က ဖားခုန် ခုန်လိုက်၊ ကင်းမြီးကောက်ထောင်သွားလိုက်နှင့် ဆပ် ကပ်ပြနေသလို လှုပ်ရှားနေသည့် အမည်မသိ မည်း မည်းသတ္တဝါကို အတန်ကြာအောင် မှင်သက် ငေး မောကြည့်နေမိရာမှ သတိဝင်လာကာ ゞင်းသတ္တဝါမှာ လူလား နာနာဘာဝ ဆိုတာများလား စသည့် လား ပေါင်းများစွာနှင့် အနီးကပ် စူးစမ်းလေ့လာလိုစိတ်က စေ့ဆော်လာသဖြင့် အိမ်အောက်ထပ်သို့ အမြန် ဆင်းကာ အိမ်ရှေ့တံခါးပေါက်ဖွင့်ကာ ခြံစည်းရိုး တံခါးအနီးကပ်ကာ သေသေချာချာ ထပ်မံ အကဲ ခတ် ကြည့်ရှုပါသည်။ ကျွန်တော် ရပ်ကြည့်နေသော ခြံစည်းရိုးတံခါးနှင့် မည်းမည်းသတ္တဝါ ခုန်ဆွခုန်ဆွ သွားနေသော လမ်းမှာ အကွာအဝေး ပေ ၂၀ ခန့် ထက်မပိုပါ။ လဆန်း ၁၃ ရက် ည၏ ဝင်းပရွှန်းမြ နေသော လရောင်ဖွေးဖွေးအောက်မှာ အနက်ရောင် ဘောင်းဘီလိုလိုဝတ်ဆင်ထားသော မဟူရာ မည်း မည်း သတ္တဝါမှာ ဖားခုန် ခုန်သွားလိုက်၊ လက်နှစ်ဖက် မြေပြင်ထောက်ကာ ကင်းမြီးကောက် ထောင်သွား လိုက်နှင့် အိမ်ရှေ့လမ်းပေါ်မှာ နှစ်ခေါက်ခန့် ခေါက် တုန့်ခေါက်ပြန် လမ်းသလား အစွမ်းပြသွားနေရာမှ အနည်းငယ် မောပန်းသွားသည်ထင့်၊ လမ်းပေါ်ရှိ ၁၀ ပေခန့်အရှည် သစ်သားတံတားပေါ်၌ ကျွန်တော့် အိမ်ဘက်မျက်နှာမူကာ ရှည်လျားလှသော လက် မောင်း နှစ်ဖက်ကို ဒူးပေါ်မှတစ်ဆင့်မြေပေါ်ထောက် ကာ ခေါင်းငုံ့လျက် ဆောင့်ကြောင့်ထိုင်အနေအထား ဖြင့် တိရစ္ဆာန်ရုံထဲမှ မျောက်လွဲကျော်ကြီးအလား ထိုင်နေသော သဏ္ဌာန်ကို ထင်ရှားစွာ မြင်လိုက်ရ ပါသည်။
ယင်းသို့ ကြည့်နေချိန်မှာ မေတ္တာစိတ်ဖြင့် ဘာဝနာပွားများနေသူ ကျွန်တော်၏ စိတ်ဘဝင်တွင် တစ်စုံတစ်ရာ စိုးရိမ်ကြောင့်လန့်မှု၊ ကြက်သီးမွေး ညင်းထမှုများ မရှိခဲ့ပါ။ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း တရားများကို အရှိန်မပျက် အားထုတ်နေဆဲ ကာလ ဖြစ်ချိန်မို့ ၃၁ ဘုံသားထဲမှာ အပါအဝင်ဖြစ်နိုင်သည့် (လူဖြစ်စေ၊ ပရလောကသားဖြစ်စေ)သနားကရုဏာ မေတ္တာစိတ်ဖြင့်သာ အာရုံညွတ်ခါ ကြည့်နေမိပါ သည်။ ကျွန်တော် စဉ်းစားမိသည်မှာ ၄င်းမည်းမည်း သတ္တဝါသည် ပရလောကသားတစ်ဦးဖြစ်ငြားအံ့။ ည သန်းခေါင်ယံအချိန်၊ ကျွန်တော်တစ်ဦးတည်းသာ မြင် သာသည့်အချိန် ခုန်ဆွ ခုန်ဆွနှင့် လျှောက်ပြန်သံပေး လုပ်ပြနေခြင်းမှာ အကြောင်းမဲ့တော့ မဟုတ်တန်ရာ။ တစ်စုံတစ်ခုသော အကျိုးရလဒ်ကို မျှော်ကိုး၍ လုပ် ဆောင်ပြနေခြင်းဟု တွေးထင်ဆင်ခြင်မိပါသည်။
ထိုအတွေးနှင့် ကျွန်တော်အိမ်အပေါ်ထပ် ပြန် တပ်ခဲ့ကာ အိမ်ပေါ်ထပ် ပြတင်းပေါက်မှသည် ကျွန်ုပ် ရှိရာ လှည့်ကာ ခေါင်းငုံ့လျက် လက်နှစ်ဖက်တွဲ လောင်းချထိုင်နေသော မာည်းမည်းသတ္တဝါအား သေသေချာချာ စူးစိုက်အာရုံညွတ်ပြီးနောက် “ဘုရား ဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် ပါဠိတော်များနှင့် သရဏဂုံ”ကို ရွတ်ဆိုပြီးနောက် “ကျွန်ုပ်သည် ဘဝအဆက်ဆက်မှသည် ယခုဘဝ တိုင်အောင် ပြုလုပ် အားထုတ်ခဲ့ရသော ဒါန၊ သီလ၊ ဘာဝနာကုသိုလ်အစု မြတ်ကောင်းမှုတို့၏ အဖို့ ဘောဂတို့ကို သင့်အား အမျှပေးဝေပါ၏။ ဘဝ ဟောင်းတစ်နေရာမှ ဆွေမျိုးတော်စပ်ခဲ့ရ၍ ယခုလို ဆုံတွေ့ရသော အသင့်အနေဖြင့် ကျွန်ုပ် ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုအဖို့ဘာဂတို့ကို အသင်ရရှိ ခံစား နိုင်ပါစေ။ အကျွန်ုပ်၏ အမျှဝေခြင်းကိုလည်း အသင် ကြားနိုင်၍ သာဓုခေါ်ဆိုနိုင်ပါစေ”ဟု ရွတ်ဆိုကာ အမျှသုံးကြိမ်ပေးဝေလိုက်ရာ အိမ်ရှေ့တံတားပေါ်မှ မည်းမည်းသတ္တဝါမှာ တဖြည်းဖြည်း မတ်တပ်ရပ်ကာ ကျွန်တော့်ကို ကျောပေးကာ လမ်းအတိုင်း မြောက် အရပ်သို့ တရွေ့ရွေ့လှမ်းသွားရာ ငါးလှမ်း ခြောက် လှမ်းခန့်အရောက် မြင်ကွင်းမှ ပျောက်ကွယ်သွား ပါတော့သည်။
ကျွန်တော့်မှာ မည်းမည်းသတ္တဝါ၏ ကျောပြင် ကို မျက်စိတစ်ဆုံး ကြည့်နေရင်းမှ ရင်ထဲမှ ဖော် မပြနိုင်သော ပီတိထူးကို ခံစားရမိပါသည်။ မိမိသည် နိုင်ငံ့ဝန်ထမ်းဘဝဖြင့် နယ်စပ်ဒေသများအထိ နှစ် ပေါင်း ၃၀ နီးပါး တာဝန်ထမ်းဆောင်ခဲ့ရစဉ်အတွင်း ရတနာသုံးပါး၊ အနန္တောအနန္တငါးပါးကို မမေ့မလျော့ ဘဲ နေ့စဉ်ဝတ်မပျက် ဆည်းကပ်ခဲ့ခြင်း၊ အချိန်ရသမျှ သရဏဂုံနှင့် ဂုဏ်တော်ကိုးပါးကို ပုတီးစိပ်ပွားများ ခြင်း၊ သမ္ဗုဒ္ဓေဂါထာတော်၊ ပြည်တော်ပြန်ဘုရား ဓမ္မစက်ဂါထာတော် အပါအဝင် မေတ္တသုတ် စသည် တို့ကို နိစ္စဓူဝ ရွတ်ဆို ပူဇော်ခဲ့ခြင်း။ ဝန်ထမ်းဘဝ အတွင်း သေဘေးမှ ငါးကြိမ်တိုင်တိုင် လွတ်ကင်းခဲ့ ရပုံ၊ အငြိမ်းစားဝန်ထမ်းဘဝတွင် ဒုလ္လဘရဟန်း ဝတ်ကာ ဗုဒ္ဓစာပေများ လေ့လာ သင်ကြားရင်း တရားရိပ်သာကြီးများ၌ ဝိပဿနာ ဘာဝနာကို အားထုတ်ကျင့်ကြံခဲ့ရခြင်း၊ ညစဉ်အိပ်ရာဝင် စီးဖြန်း နေသော မေတ္တာကမ္မဋ္ဌာန်းအကျိုးတို့ကြောင့် မိနစ် ပိုင်းမျှ မြင်လိုက်ရသော ပရလောကဘုံသားမှာ ရုပ်ဆင်းသဏ္ဌာန် လှုပ်ရှားမှုပြသကာ (ခြောက်လှန့် ခြင်း မဟုတ်ပါဘဲ) ကျွန်ုပ်ပြုခဲ့ရသော ကုသိုလ် ကောင်းမှုတို့၏ အဖို့ဘာဂကို ဝေမျှခံယူလို၍သာလျှင် လာရောက်ခြင်းဖြစ်တန်ရာသည်ဟု တွေးထင်မိပါ သည်။ ကျွန်တော်၏ အမျှဝေခြင်းကို ခံယူရရှိသွားသူ ပရလောကသားမှာ တစ်စုံတစ်ခုသော အတိုင်းအတာ အထိ ကုသိုလ်အကျိုးကို ရရှိသွားမည်ဟု ယုံကြည်မိ ပါသည်။ သို့အတွက်လည်း ကျွန်တော့်မှာ သူမတူ အောင် ဝမ်းသာကြည်နူးမှုကို ချမ်းမြေ့စွာ ခံစားရ ပါသည်။
မည်သို့ပင်ဆိုပါစေ သံသရာခရီးလမ်းပေါ် တွင် ဆွေမျိုးမတော်စပ်ဘူးသူ မရှိ ဟူသော သူတော် ကောင်းတို့၏ အဆိုအမိန့်နှင့် လျော်ညီစွာ ကံ ကံ၏ အကျိုးကိုယုံကြည်သော ကျွန်ုပ်တို့အနေဖြင့် ခဏ တာ လူ့ဘဝ ရနေစဉ်အခိုက်အတန့်အတွင်း လော ဘ၊ ဒေါသ၊ မောဟဆိုသည့် တရားဆိုး သုံးပါးကို လုံးဝ မကင်းစင်နိုင်စေကာမူ နည်းအောင် ပါးလျား စေရန် ရှင်တော်ဗုဒ္ဓဟောကြားခဲ့သည့် သတိပဋ္ဌာန် လေးပါး အကျင့်တရားကိုသာ အချိန်မလပ်ပွားများ အားထုတ်နေပါလျှင် လူသားအချင်းချင်းပင် မဆို ထားဘိ၊ အပါယ် လေးဘုံသားများက ရန်မူဒုက္ခ ပေးနိုင်ခြင်း မရှိကြောင်း မိမိကိုယ်တိုင်နှင့် ၃၁ ဘုံ သားတို့ကို ကျင့်ကြံပွားများခဲ့သည့် ဘာဝနာ ကုသိုလ် တရားဖြင့် သံသရာ ခရီးတစ်ကွေ့မှာ ကယ်တင်ပေး နိုင်မည်ဖြစ်ပါကြောင်း ကိုယ်တွေ့ကြုံဆုံမှုကို မေတ္တာရည်ကာ မျှဝေလိုက်ရပါသည်။

တေဇာမောင်

မနောမယဝိုင်းတော် သား ဆရာဒိဗ္ဗာန်(ဂမ္ဘီရ)၏ ပြန်လည်သုံးသပ် တင်ပြချက် . .
ဆရာတေဇာမောင်၏ ရငြားပါစေအမျှဝေ၏ ဟူ၍အမည်ပေးထားသည့် စာမူပါ အကြောင်းအရာ များမှာ စိတ်ဝင်စားဖွယ်ပင်ဖြစ်ပါသည်။ နာနာဘာဝ မကောင်း ဆိုးဝါး ပရလောကသားများတွင် လူတို့အား ခြောက်လှန့် တတ်သော အစိမ်းသရဲများရှိသကဲ့သို့ စားရမဲ့ သောက်ရမဲ့ ဘဝ ရောက်နေရှာသောကြောင့် စားချင်သောက်ချင်သဖြင့် ခြောက်လှန့်တောင်းခံ တတ်သော ပရလောကသားများ လည်း ရှိသည်။
ထို့ပြင် ရောက်ရှိခံစားနေရသော ဘုံဘဝမှ ကျွတ် လွတ်ချင်သဖြင့် အမျှအတန်းပေးဝေစေချင်သော ဆန္ဒ ကြောင့် ကိုယ်ထင်ပြခြင်းများလည်းရှိ တတ်ပေသည်။
ယခု ဆရာတေဇာမောင်အား ခြောက်လှန့် သော ပရလောကသားမှာ အမျှအတန်းပေးဝေခြင်းကို ခံယူချင်စိတ်ဖြင့် ကာယကံရှင်စိတ်ဝင်တစားရှိ စေရန် ကိုယ်ထင်ပြခြင်းဖြစ်၏။ လူတို့အနေဖြင့်မူ အကာလ ညအခါတွင် မည်သည့်ပုံသဏ္ဌာန်နှင့်ပင် လူတို့သိစေရန် အသိပေးခြင်းဖြစ်စေကာမူ ခြောက် လှန့်ခြင်းပင် ဖြစ်သည်ဟု ယူဆရမည်ဖြစ်၏။ ကြောက်တတ်သူဖြစ်လျှင် လိပ်ပြာလွင့်မတတ် အကြောက်လွန်၍ လူကိုပင် အန္တရာယ် ဖြစ်စေနိုင်ပေသည်။
ယခု ဆရာတေဇာမောင် ပြောသော မည်းမည်း သတ္တဝါမှာ မြေပြင်ပေါ်တွင် ဖားခုန်သွား လိုက်၊ လက် နှစ်ဖက်မြေပြင်ထောက်ခါ ကင်းမြီးကောက် ထောင်လိုက် စသည်ဖြင့် ပုံသဏ္ဌာန်အမျိုးမျိုး လုပ်ပြခြင်းဖြင့် ကာယကံရှင်၏ စိတ်ဝင်စားမှုကို ဖမ်းစားခြင်းဖြစ်၏။ အသည်းငယ်သူဆိုလျှင် ကြောက်လန့်မှုကြောင့် ရဲရဲပင် ကြည့်ရဲမည်မဟုတ်သော်လည်း တရားရှိသူ ဆရာက အမျှအတန်းပေးလိုက်ခြင်းဖြင့် နာနာဘာဝပုဂ္ဂိုလ်မှာ လိုရာဆန္ဒပြည့်ဝသွားသည်ဟု ယူဆရပေသည်။

ဒိဗ္ဗာန်(ဂမ္ဘီရ)

Comments

comments

Post Author: manawmaya