နက္ခတ်ဓာတ်စာ စားစရာ

(၂-၁-၂၀၁၈)မှ (၁၉-၁-၂၀၁၈)ထိ

ထိုရက်အတွင်း စတုရန်းတိုင်ကျရောက်သဖြင့် သည်းခြေကြိုက်အစာဖြစ်သော ချို-ချဉ်-ဖန် အစာများကို စားသုံးရမှာဖြစ်သည်။ အဖန်အုပ်စိုး သော အခါဖြစ်၍ ဓာတ်သက်ကို ကြိုက်သောတိုင် ဖြစ်ပါသည်။ ဝမ်းမချုပ်စေရန် သတိပြုရမည်ဖြစ် သည်။ ဝမ်းချုပ်ခြင်းကြောင့် အထက်ဆောင့်ပြီး ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ သွေးတက်ခြင်းများ ဖြစ်တတ်သည်။

ရင်ပြည့်ရင်ကယ်ပျို့အန်လျှင် နာနတ်သီး ပျားရည်နှင့် ခေါက်၊ အရည်ကို သောက်ပေးပါ။  အဖတ်များ မစားရပါ။ ဆီးဖျော်ရည် (သို့) သံပရာရည် သကြားနှင့် ချိုချဉ်ဖျော်သောက်ပါ။ ခေါင်းကိုက်၍ မူးဝေလျှင် ဦးခေါင်းကို သံပုရာသီးနှင့် ပွတ်၊ ခေါင်းမှ ရေလောင်းပြီးချိုးပါ။ သီးခေါက်နှင့် နံ့သာဖြူ စပ်၍ သွေးလူးပါ။

ချောင်းဆိုး၍ သလိပ်မရလျှင် ကြံရည်ကို သကြားလက်ဖက်ရည်ဇွန်း တစ်ဝက်ခန့် ထည့် သောက်ပါ။ ငါးရံ့နှင့် ဆီးသီး(သို့)ဆီးဖြူသီး ရော၍ ချက်ပေးပါ။

ဆီးချုပ်၊ ဆီးနည်း၊ ဆီးမသွားလျှင် ဓနိရည် သကြားနှင့် စပ်ပြီးတော့သောက်ပါ။ ဆေးကုလားမ  သောက်ပါ။ ဘာလီရည်သောက်ပါ။ ဝမ်းချုပ်လွန်း လျှင် မန်ကျည်းမှည့်အနှစ်၊ ပွေးကိုင်းမှုန့်အနည်း ငယ်မွှေ၊ ဖန်ဂေါ်လီလုံးခန့်စားပါ။

သွေးလေး၊ သွေးတက်၊ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်လျှင် နနွင်းမှုန့်နှင့် နံ့သာဖြူမှိုင်း ရှူပေးပါ။ သံပုရာ ရည်အကြမ်းပန်းကန်တစ်ဝက်တွင် ပျားရည်နှစ်စက်၊   သုံးစက် ထည့်၍ မျက်စဉ်းခပ်ပေးပါ။

 

သင့်သောအစာများ

ချဉ်ပေါင်နီ၊ ချဉ်ပေါင်ဖြူ၊ ကင်ပွန်းချဉ်၊ သံပုရာ၊ ရှောက်၊ ဆီးသီး၊ ဆီးဖြူသီး၊ နာနတ်သီး၊ ငှက်ပျောမျိုးစုံ၊ မာလကာသီး၊ လိမ္မော်သီး၊ ရှောက်ချို သီး၊ မရမ်းသီး၊ မင်းကွတ်သီး၊ ခရမ်းချဉ်သီး၊ နှင်း သီး၊ သလဲသီး၊ သခွားသီး၊ ဖရဲသီး၊ ဘူးသီး၊ ဇောင်း လျားသီး၊ ကြက်ပေါင်သီး၊ သကြား၊ ကြံသကာ၊ ကြံရည်၊ ဘိလပ်ရည်မျိုးစုံ၊ လင်မနစ်၊ ကျောက်ဖရုံ၊ ဟင်းနုနွယ်၊ သပြေသီး၊ ပုန်းရည်ကြီး၊ ဖန်ခါးသီး၊ ငါးမျိုးစုံအား ချိုချဉ်ချက်စားပါ။ ချိုချဉ်ဖျော်ရည်များ ရေအေးချိုးပြီး သီးခေါက်နှင့် ယမ်းစိမ်း စပ်ပြီး သွေး လူးပါ။

 

ရှောင်ရန်အစာများ

 

နွားနို့၊ ဆိတ်နို့၊ ကျွဲနို့၊ ဘဲဥ၊ လိပ်ဥ၊ ကြက်ဥ၊ ငုံးဥ၊ အုန်းသီး၊ ထောပတ်၊ ကောက်ညှင်း၊ လက်ဖက် စို/ခြောက်၊ တမာရွက်၊ မဲဇလီ၊ ဒန့်ဒလွန်သီး/ရွက်၊ ကြက်ဟင်းခါးသီး/ရွက်၊ ဂွေးတောက်၊ ဂန့်ဂလာ၊ ခံတက်၊ ပြောင်းဖူး၊ ပဲမျိုးစုံ၊ ပိန်းဥ၊ အာလူး၊ ရုံးပတီ    ချင်း၊ လေးညှင်း၊ ဖာလာ၊ ငရုတ်ကောင်း၊ ငရုတ်သီး အကြော်အလှော်၊ အေးခါး၊ ပူခါးအစာများ၊ ပူ၊ ဆိမ့်၊ ဆီကြော်အစာများ ဝက်သား၊ ဘဲသား၊ ပုဇွန်ချဉ်၊ လက်လုပ်ချဉ်များ၊ လက်သုပ်ချဉ်စပ်များ(အခါးမှန် သမျှ ဘေးဖြစ်သည်)။

ဓာတ်စာများကိုစားသုံးသောအခါ မဟာဘုတ် လေးပါး၊ သမုဋ္ဌာန်လေးပါး ညီညွတ်အောင် ချင့်ချိန် ပြီး မိမိ၏ ကိုယ်ခံစွမ်းအားကို အထူးဂရုပြု၍ စားသုံး ပါက ကျန်းမာအသက်ရှည် ရောဂါဘယကင်းဝေးမှာဖြစ်ပါတယ်။

သဗ္ဗဝေနေ ကျန်းမာစေ

 

ဆရာဓာတု

Comments

comments

Post Author: manawmaya