တစ်ပတ်စာ မနောမယဟောစာတမ်း

မိတ်ဆွေတို့ ချိန်ဆနိုင်ရန် တစ်ပတ်စာ မနောမယဟောစာတမ်း မတ်လ ၁၄ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ ကံ ဥာဏ် ၀ီရိယ သုံးချက်လုံးအားကောင်းအောင် ကြိုးပမ်းတော်မူနိုင်ကြပါစေသော် … #ဇင်ယော်နီ #H_A_A #မနောမယဂမ္ဘ္ဘီရဂျာနယ်              

သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်

ကုန်းဘောင်မင်းဆက် ရှစ်ဆက်မြောက် သာယာဝတီမင်းလက်ထက်တွင် မိဖုရားခေါင်ကြီး မယ်နုနှင့် စလင်းမင်းသား မောင်အိုတို့သည် ကွက် မျက်ခံကြရသည်။ မယ်နုမှာ နန်းမတော်မယ်နုဟူ၍ သမိုင်းတွင် ထင်ရှားပြီး မယ်နုအုတ်ကျောင်း၏ ကျောင်းအစ်မကြီးလည်းဖြစ်သည်။ မဟာအောင်မြေ ဘုံစံအုတ်ကျောင်းတိုက်တွင် သီတင်းသုံးနေသော  ဆရာတော်မှာ ဆရာတော်ဦးဗုစ်ဖြစ်သည်။ နောင်တွင် အမရပူရမြို့ အရှေ့မြောက်ဘက်ရှိ မင်္ဂလာဘုံကျော်  ညောင်ကန်ကျောင်းတိုက်တွင် ပြောင်းရွှေ့သီတင်းသုံး ရသည်။ Read more about သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်

ကျွန်ုပ်နှင့် အမှိုက်များ

ကျွန်ုပ်တို့သည် အမှိုက်များနှင့် ကင်းကြသူ များ မဟုတ်ကြပါ။ ကမ္ဘာကြီးတည် ရှိနေသမျှ ကာလပတ်လုံး အမှိုက် သည် ရှိနေမည်ဖြစ်လေသည်။ အမှိုက်ဆိုသည်မှာ မရှင်းလင်းရသေးသည့် အရှုပ်ထုပ်များ ဖြစ်လေ သည်။ အချို့က အမှိုက်များကို တတ်အားသရွေ့ ရှင်းလင်းကြ၏။ သို့သော် အချို့မှာကား အမှိုက်များကို မရှင်းလင်းသည့် အပြင် ထပ်၍ထပ်၍ အမှိုက်များ ရှုပ်သည်ထက်ရှုပ် အောင်လုပ်ကြလေသည်။ အမှိုက် ကို ရှင်းရကောင်း မှန်းလည်း မသိကြ။ သို့သော် အမှိုက်ဟုဆိုလျှင် ရှင်းရမည့် အရှုပ်အထွေးများပင် ဖြစ်လေသည်။ Read more about ကျွန်ုပ်နှင့် အမှိုက်များ

စကားစကားပြောပါများ စကားထဲက ဇာတိပြ

ဂေါတမမြတ်စွာဘုရားရှင်သည် လွန်လေပြီး သောဘဝတစ်ခု၌ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ် မင်းအား ဆိုဆုံးမရသော အမတ်တစ်ဦးဖြစ်ခဲ့ဖူးပါ သည်။ ထိုမင်းသည် စကားအလွန်များ၏။ အလောင်း တော်အမတ်သည် စကားအလွန်များသော ထိုမင်း အား တစ်ခုခုသော ဥပမာကိုပြ၍ ဆိုဆုံးမရန်စဉ်းစား တွေးတောလျက်ရှိနေပါသည်။ Read more about စကားစကားပြောပါများ စကားထဲက ဇာတိပြ

ပညာစက်၊ သိုက်ဆက်

ပြဿနာရဲ့အစကတော့ သူတို့မိသား စုတွင်း မှာ တစ်ယောက်နဲ့တစ်ယောက်ကြည့် မရတာက စခဲ့ တာပါတဲ့။

“ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး ဆရာရယ် …၊ ကျွန်မတို့မိသားစုတွေက ပတ်ဝန်း ကျင်က ပြောစမှတ်ဖြစ်လောက်အောင် တစ်ယောက် နဲ့တစ်ယောက် မိသားစုလိုက် အဆင်ပြေနေကြ တာပါ …၊ ဒါပေမဲ့ ခု လေးငါးလလောက်အတွင်းမှာ ဘာတွေက ဘယ်လို ဖြစ်လာမှန်းမသိ ပါဘူးအရင်က အပြစ်လို့ မထင်တာတွေကိုလည်း အပြစ်ကြီးလုပ်ပြီး ပြောကြတယ် …၊ ရန်တွေဖြစ်ကြ အော်ကြီးဟစ် ကျယ်တွေနဲ့ ရှက်ဖို့တောင် ကောင်းပါတယ်”

သူပြောလိုက်ကတည်းက ဘယ်သူ နှောက် နေတယ်ဆိုတာ သတိထားမိလိုက်ပါတယ်။ ဒါပေ မဲ့ ကျွန်ုပ်ရဲ့လုပ်ထုံးလုပ်နည်းအတိုင်း မစစ်ဆေးရ သေးဘဲ ဘာမှမပြောတတ်တာကြောင့် စစ်ဆေးဖို့ ပြောလိုက်ရပါတယ်။

“ခင်ဗျားတို့မှာရှိနေတဲ့ပြဿနာ ဘာဆိုတာ မှန်းကြည့်လို့တော့ရပါတယ် …၊ ဒါပေမဲ့ မှန်း ကြည့်တာထက်စစ်ဆေး ကြည့်ပြီးမှပြောတာ ပိုသ ဘာဝကျမယ်လေ …၊ ဒါကြောင့် အရင်စစ်လိုက်ရ အောင် …” Read more about ပညာစက်၊ သိုက်ဆက်

မိုးကြိုးပစ်ခံရသော ဒေါ်အုန်းစိန်အကြောင်း

ဒေါ်အုန်းစိန်သည် သန်းကြီးကုန်းရွာတွင် နေ ၏။ သန်းကြီးကုန်းရွာသည် မန္တလေးတိုင်း မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် တည်ရှိသည်။ ကျောက်ပန်းတောင်း-ပုပ္ပား-တောင်သာ ကားလမ်း မကြီး၏ အရှေ့ဘက် ပုပ္ပားတောင်၏ အရှေ့ဘက် တောင်ခြေမှ ရွာတစ်ရွာ ဖြစ်ပါသည်။ ဦးစံဦးနှင့် ဒေါ်ပုတို့မှ ၁၂၆၈ ခုနှစ်တွင် တစ်ဦးတည်းသောသမီး လေးကို မွေးဖွားခဲ့သည်။ အမည်ကို ရွာဦးကျောင်း ဆရာတော်က တနင်္ဂနွေသမီး “အုန်းစိန်”ဟု အမည် ပေးခဲ့၏။ Read more about မိုးကြိုးပစ်ခံရသော ဒေါ်အုန်းစိန်အကြောင်း

ချစ်သူပြန်လာစေသော အစီအရင်များ

၁။ ဖဲထုပ်တစ်ထုပ်ထဲမှ ညင်းဖဲနံပါတ် (၉)၌ မိမိချစ်သူအမည်ကို ရေးပါ။ သင်္ချိုင်းသို့သွား၍ ဂူ တစ်ဂူကို ထိုဖဲချပ်ဖြင့် ခုနစ်ချက်ထိပါ။ မိမိချစ်သူ မိမိဆီ ပြန်လာ၏။ ယောပညာဖြစ်ပါသည်။ အောက် လမ်းပညာမဟုတ်ပါ။ Read more about ချစ်သူပြန်လာစေသော အစီအရင်များ