လိမ္မာ ပါးနပ်တဲ့ မြေခွေး

ရှေးရှေးတုန်းက တောနက်ကြီးတစ်ခုရဲ့ ဂူကြီး တစ်ဂူအတွင်းမှာ တောဘုရင်ခြင်္သေ့ကြီးဟာ ဇနီးဖြစ် သူ ခြင်္သေ့မတစ်ကောင်နဲ့အတူ နေထိုင်ပါသတဲ့။ တစ်နေ့တော့ ခြင်္သေ့မက ခြင်္သေ့ကြီးကို “သင့်ပါးစပ် က အနံ့ဆိုးတွေ ထွက်နေတယ်၊ ကိုယ့်ကိုယ်ကိုယ် လည်း သတိထားဦး” လို့ ပြောလိုက်သတဲ့။ ခြင်္သေ့ မရဲ့ စကားကို ခြင်္သေ့ကြီးက သိပ်မယုံတာနဲ့ ဂူပြင် ထွက်ပြီး တွေ့တဲ့တောတိရစ္ဆာန်ကို မေးကြည့်မယ် လို့ ဆုံးဖြတ်လိုက်တယ်။ Read more about လိမ္မာ ပါးနပ်တဲ့ မြေခွေး

ရတနသုတ်လာ နိဗ္ဗာနဂုဏ်ရည်

“အလိမ္မာ စာမှာရှိသည်” “ငယ်ရွယ်စဉ်ခါ ပညာရှာ”ဟူသော ဆိုရိုးစကားများရှိလေသည်။ ယင်းဆိုရိုးစကားများနှင့် အညီ ကျွန်တော်သည် ငါးနှစ်သားအရွယ်တွင် စတင်၍ ကျောင်းတက်ခဲ့ရပေ သည်။ ကျွန်တော် တက်ခဲ့ရသော ကျောင်းမှာ ကျေးရွာ မူလတန်းကျောင်းမဟုတ်၊ မိဘများကိုးကွယ်သည့် ဘုန်းတော်ကြီးကျောင်းဖြစ်လေသည်။ ကျွန်တော်၏ ပညာရေးဘဝကို ဘုန်းကြီးကျောင်းပညာရေး (Monastic Education)ဖြင့် စတင်ခဲ့ရခြင်းဖြစ်ပေသည်။ Read more about ရတနသုတ်လာ နိဗ္ဗာနဂုဏ်ရည်

ဗေဒင်အရ ရှေးတုန်းက ဆရာကြီးတစ်ဦးရဲ့ ဝေါဟာရ အသုံးအနှုန်းအယူအဆ

ရမည်းသင်းမြို့က ဆရာကြီးဦးသန်းမောင် ရေးခဲ့တဲ့ နက္ခတ်ဗေဒင်ကိန်း ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရပါတယ်။ ၁၃၀၉ ခုက ရေးခဲ့တာဆိုတော့ ခရစ် နှစ်အားဖြင့် ၁၉၄၇ ခုနှစ်က ရေးခဲ့တာပါ။ မြန်မာ နိုင်ငံလွတ်လပ်ရေးရတာ ၁၉၄၈ ခုနှစ်ဆိုတော့ ဒီ ဆောင်းပါးကို ဆရာကြီးဟာ လွတ်လပ်ရေးမရခင် မှာ ရေးသွားခဲ့တာပါ။ မြန်မာ့အလင်းသတင်းစာ အချပ် ပိုမှာ ရေးခဲ့တာပါ။ ဆရာကြီးရဲ့ ဆောင်းပါး ခေါင်း စဉ်က ‘ဗေဒင်အရ ဖဆပလနှင့် ကွန်မြူနစ် ပြဿနာဒ တဲ့။ နက္ခတ်ဗေဒင်ကိန်းအရ ညီညွတ်ရေးကို ဖန်တီး ပေးနေသော်လည်း အကြီးအကျယ်ချို့ယွင်းချက် တစ်ခုကိုမူ နက္ခတ်ဗေဒင်ပညာနှင့် အဖြေပေးလို သည်။ ကြိုတင်၍ ဟောခဲ့ပြီလို့ အစချီရင်း အခုလို ရေးခဲ့ပါတယ်။ Read more about ဗေဒင်အရ ရှေးတုန်းက ဆရာကြီးတစ်ဦးရဲ့ ဝေါဟာရ အသုံးအနှုန်းအယူအဆ

မုန့်လက်ဆောင်းကို ရွှေရင်အေးဖြစ်အောင် လုပ်နိုင်ပါစေ

တစ်ခုသော နံနက်ပိုင်း၌ အဘသည် ဝတ္ထု ရှည်ကြီးတစ်ပုဒ်ကို ရေးသားနေရာမှ ခေတ္တနား၍ မုန့်ဟင်းခါးစားလေ၏။ ထို့နောက် လက်ဖက်ရည် သောက်လေ၏။ ထိုသို့ လက်ဖက်ရည်သောက်ရင်း-
“မင်းအနေနဲ့ ဘာဖြစ်ချင်တယ်ဆိုတာကို လည်းဆုံးဖြတ်ပြီးပြီ။ ဘယ်အဆင့်ထိဖြစ်ချင်တာလဲ ဆိုတာကိုလည်း သတ်မှတ်ပြီးပြီ။ အဲဒီအဆင့်ထိ ရောက်လာအောင် အချိန်ဘယ်လောက် ယူပြီး ကြိုး စားမယ်ဆိုတာကိုလည်း သတ်မှတ်ပြီးပြီ။ ဒါပေမဲ့ ဒီအတိုင်းလေး ရည်ရွယ်ရုံ၊ သတ်မှတ်ထားရုံနဲ့တော့ မပြီးသေးဘူး ကိုယ့်လူရေ … အလုပ်နဲ့ သက်သေပြ ရဦးမယ်” Read more about မုန့်လက်ဆောင်းကို ရွှေရင်အေးဖြစ်အောင် လုပ်နိုင်ပါစေ

ဘယ်နေ့ သား / သမီး မဆို လာဘ် ပိတ်၍ စိတ်ညစ် နေပါ သ လား …?

မိမိ မွေးနေ့ ၏ နံနက်ပိုင်း ၉:၄၅ မိနစ် (သို့ ) ၁၀:၁၀ မိနစ် တွင် ဆောင်ရွက်ရပါမည် ။ ထူးခြားစွာ လ်ာဘ် ပွင့် ၍ ငွေ ရွှင် စေ နိုင်ပါ သည် ။ ပြုလုပ် ရန် … ကြေးအိုး (သို့) အောင် အိုး (သို့) မြေ အိုး ပတ်လည် တွင် ” စ,ဓ,ဗ,ဝ .. အောင် .. လာဘ်ရွှင်စေ ငွေဝင်စေ ရန်ကင်းစေ အောင်မြင်စေ ဟု ရေးပါ ။ ဈေးဆိုင် ကုမ္ပဏီ ဆိုင် ဖြစ်ပါက ရောင်းကောင်းစေပါ သည် ။ ထို့ […]

ကျွန်ုပ်နှင့် အနှိပ်သည်များ

ကျွန်ုပ်သည် အသည်းယားတတ်သူဖြစ်သည်။ ကျွန်ုပ်ငယ်စဉ်အခါက ကျွန်ုပ်ကို အသားထိ ၍ ကလိထိုး ကျီစယ်လျှင် မနေနိုင်မထိုင်နိုင် အောင်ပင် အူတက်အောင် ရယ်မောခံစားရ၏။ နောင်တွင် အသားကိုမထိဘဲ ကျွန်ုပ်၏ရှေ့မှ ကလိ ထိုးမည့် အမူအရာပြရုံဖြင့်ပင် ကျွန်ုပ်မှာ အနေခက်လှ သည်။ လူရွယ် လူလတ်ပိုင်းသို့ ရောက်လာသော အခါ အားကစားနည်း ပေါင်းစုံကို အပျော်အပါး အဖြစ်လည်းကောင်း၊ ကိုယ်စားပြုအနေဖြင့်သော် လည်းကောင်း ကစားသောအခါ ကိုယ်လက်နာကျင် ကိုက်ခဲမှုများ ရှိခဲ့သော်လည်း နင်းနှိပ်အကြောဖြေ အညောင်းဖြေရသည်ဟူ၍ မရှိ။ ဆရာများ၏ သွေးပူလေ့ကျင့်ခန်း၊ သွေးအေး လေ့ကျင့်ခန်းများ ဖြင့်သာ ပြီးစီးသွားခဲ့သည်။ သွေးသားလည်ပတ်အား ကောင်းသည့်အရွယ်လည်းဖြစ်၊ တက်ြွကလန်းဆန်း သည့် အရွယ်လည်းဖြစ်သောကြောင့် ညောင်းသည် လည်း မရှိ၊ ညာသည်လည်း မရှိခဲ့။ နဂိုကတည်းက အသားထိလျှင် ယားတတ်သူဖြစ်သဖြင့် အနင်းအနှိပ် ခံရမှာကို ကြောက်၍ ကျွန်ုပ်တို့ ငယ်ရွယ်စဉ်အခါက လူကြီးမိဘများက အနင်းအနှိပ် ခိုင်းစေသောအခါ ကျွန်ုပ်သည် စိတ်မပါ လက်မပါနှင့် လုပ်ပေးခဲ့ရလေ သည်။ သူတို့သည် အဘယ်ကြောင့် ညောင်းညာ နေရပါသနည်းဟု ငြိုငြင်မိ၏။ ကြောက်၍သာ နင်းနှိပ်ပေးခဲ့ရသော်လည်း မနင်းချင်၊ မနှိပ်ချင်ခဲ့ပါ။ ချို့ယွင်းချက်အနေဖြင့် ကျွန်ုပ်၏ ဦးကြီးတော်သူ တစ်ဦးမှာ လုံးဝ အနင်းအနှိပ်မခံသူဖြစ်သောကြောင့် သူ့ကို စိတ်ဝင်တစား မေးကြည့်ခဲ့ဘူး၏။ Read more about ကျွန်ုပ်နှင့် အနှိပ်သည်များ

တောင်းသူ ပေးသူ မညီတူ ငိုသူဟူ၍ မှတ်

မြတ်စွာဘုရားရှင်သည် အာဠဝီပြည်၊ အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူစဉ် ကုဋိကာရ (တဲ၊ တင်းကုပ်ကိုပြုခြင်း) သိက္ခာပုဒ်ကို အကြောင်းပြု၍ ဤဇာတ်တော်ကို ဟောပြတော်မူခဲ့ပါသည်။

ထိုစဉ်က အာဠဝီပြည်သား ရဟန်းတို့သည်  မိမိတို့နေထိုင်ရန် ကုဋီ(တဲ၊ တင်းကုပ်)တို့ကို ကိုယ် တိုင်ပြု၍ နေထိုင်ကြသည်။ ထိုသို့ပြုလုပ်ရာတွင် ယောကျာ်းသားများကို ခေါ်ယူ(ချောဆွဲ)၍ ကာယစွမ်း အား၊ ဥာဏစွမ်းအားတို့ဖြင့် တည်ဆောက်ခဲ့ကြပါ သည်။ ဤသို့ စကားဆို၍ လုပ်အားတောင်းခံခြင်း ဝိညတ်(ကိုယ်ဖြင့် သိစေခြင်း၊ နှုတ်ဖြင့်သိစေခြင်း) တို့သည် ထိုအရပ်၊ ထိုဒေသ၌ အများအပြားဖြစ် တည်လျက်ရှိနေခဲ့သည်။ ထို့ကြောင့် လူအများသည် ထိုတောင်းခြင်း ဝိညတ်၏ နှိပ်စက်မှုကြောက်ရွံ့၍ ရဟန်းတို့ကို မြင်တိုင်းရှောင်တိမ်းသွားခဲ့ကြပါသည်။ Read more about တောင်းသူ ပေးသူ မညီတူ ငိုသူဟူ၍ မှတ်

ဒေါ်ဝါယောနှင့် ကျောက်ရောင်းချင်သော် မလွယ်လော

တစ်နေ့သ၌ ကမာရွတ် အေးရိပ်မွန်(၁)လမ်း၊ အမှတ်(၁၅)၊ မြေညီထပ်ရှိ ကျွန်ုပ်၏ဗေဒင်ဟောခန်း လေးရှိရာသို့ ဒေါ်ဝါယောဆိုသည့် လွန်စွာစကားများ လှသည့် မိန်းမကြီးတစ်ဦးသည် ဆောင့်ကြီးအောင့် ကြီး ခြေလှမ်းမျိုးဖြင့် ရောက်ရှိလာလေ၏။

၎င်းရောက်ရှိလာသောအချိန်မှာ နေ့လယ် နှစ်နာရီထိုးလုလုဖြစ်၏။ ကျွန်ုပ်၏ဟောခန်းမှာ နေ့ လယ်နှစ်နာရီတွင် ပိတ်သည်ဖြစ်ရကား ဗေဒင်မေး ရန် ကျန်နေသော လူခုနစ်ယောက်ကို မနည်းတက် သုတ်ရိုက်၍ ဟောပေးနေရသောအချိန်ဖြစ်၏။

ဒေါ်ဝါယောကြီးသည် ခြေပစ်လက်ပစ် ဘုန်း ခနဲ ထိုက်ချလိုက်ပြီးသည့်နောက် – Read more about ဒေါ်ဝါယောနှင့် ကျောက်ရောင်းချင်သော် မလွယ်လော

ဆေးဘုရားပုံတော်နှင့် အသက်ရှည်ဂါထာ

လူတိုင်းအသက်ရှည်ရေးအတွက် ကျန်းမာ ပျော်ရွှင်စွာ နေထိုင်ချင်ကြပါသည်။ သို့သော် လူတို့ သည် ကံအကြောင်းတရားအရ ကြီးငယ်မရွေး အသေစောကြရပါသည်။ သေခြင်းတရား လေးမျိုး တွင် ကံကုန်၍ သေကြရသည်။ အသက်နှင့်ကံကုန် ၍လည်း သေကြရသည်။ ရုတ်တရက် မတော်တဆ ဖြစ်၍လည်း သေကြရပါသည်။
“အသက်ကလေးရယ် ရှည်စေလို မန်း တောင်ရိပ်ခို”ဆိုသည့် တေးသီချင်းစာသားကလေးကို လူအတော်များများ ကြားဖူးကြပေလိမ့်မည်။ ရည် ညွှန်းစကားမှာ ဓမ္မနှင့် ဆက်နွှယ်ပေသည်။ မန်း တောင်ရိပ် စစ်ကိုင်းချောင်သည် သူတော်စင်တို့ တရားအားထုတ်ရာ နေရာဒေသဖြစ်သည်။ အသက် ကလေးရှည်ရှည်နေရအောင်(စိတ်ချမ်းသာအောင်) တရားအားထုတ်ပါဟု ဆိုညွှန်းသယောင်ရှိသည်။ Read more about ဆေးဘုရားပုံတော်နှင့် အသက်ရှည်ဂါထာ

အပါယ်မကျရလေအောင်

အပါယ်လေးဘုံဆိုတာ အင်မတန် ကြောက် စရာကောင်းတဲ့နေရာတစ်ခုပါ။
ကျွန်မတို့ လူသားတွေဟာ ကိုယ်ရနေတဲ့လူ့ ဘဝမှာ ကောင်းသောအကျင့်၊ ကောင်းသော အကြံ တွေနဲ့အတူ အကုသိုလ်ကင်းတဲ့ ဘဝရှင်သန်နေထိုင် ခြင်းတွေ ရယူပြီး အပါယ်မကျဖို့ ကြိုးစားကြရမှာ ဧကန်မုချပါပဲ။
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဘုံ ဆိုတဲ့ အဲဒီအပါယ်လေးဘုံကို ရောက်သွားတဲ့သူတိုင်း ဟာ ကုသိုလ်ကောင်းမှုတွေကို လုပ်နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ Read more about အပါယ်မကျရလေအောင်