အရိုးခြောက်သရဲ

ကျွန်တော်၏ အဖေသည် တပ်မတော်မှ အရာရှိကြီး တစ်ယောက်ဖြစ်၍ တပ်မတော်မှ ပေး ထားသော အိမ်ကြီးတွင် နေထိုင်ကြပါသည်။

ကျွန်တော်သည် အခြေခံအဆင့်မြင့် အထက်တန်းစာမေးပွဲကို ဂုဏ်ထူးလေးဘာသာဖြင့် အောင်မြင်ခဲ့၍ ဆရာဝန်လိုင်းတွင် တက်ရောက် သက်ကြားနေရပါသည်။ ဆေးတက္ကသိုလ် ၂ မင်္ဂလာ ဒုံတွင် သင်ကြားရပါသဖြင့် လူအရိုးများကို အဓိက ထား၍ သင်ကြားရပါသည်။ အရိုးများကို လေ့လာလို လျှင် ဆေးတက္ကသိုလ်(၂) အရိုးဌာနတွင် သွား ရောက်လေ့လာရပါသည်။ ဤအကြောင်းကို အဖေ့ အား ပြောပြထားရာ အဖေက သူ့တပည့်တစ်ဦး၏ အဆက်အသွယ်နှင့် လူအရိုးစု အစုံအလင် ခြေဖျားမှ လက်ဖျားခေါင်းအထိပါသော အရိုးစုတစ်လုံးကို ထင်းရူးသေတ္တာတစ်လုံးတွင်ထည့်ပြီး အိမ်ရှေ့ ဝရန်တာ တွင် ထားပါသည်။ Read more about အရိုးခြောက်သရဲ

ကွင်းပိုင်ကြီးတဲ့…

အချိန်အခါသမယ ဝသန္တ မိုးဦးပင်လျှင် ကျ ရောက်ပေတော့မည်။ မုတ်သုန်လေ တရေးနိုးတော့ မိုးပြေးလေးတွေက တဖွဲဖွဲမစဲအောင်ပင် ရွာသွန်းဖြိုး နေကြပြီ ဖြစ်ပါသည်။ မိုးကိုအပြစ်တင်၍ မရပါ။ အပြစ်မြင်၍ မရပါ။ သူ့အချိန်သူ့အခါရောက်နေပြီ ဖြစ်လသည်။ Read more about ကွင်းပိုင်ကြီးတဲ့…

ချစ်၍ကွမ်းယာလာလာကျွေးတဲ့ သရဲမလေး

စာရေးသူငယ်စဉ်က ဧရာဝတီတိုင်း ဧရာ ဝတီ မြစ်ကမ်းဘေးက မြို့ကြီးတစ်မြို့ကို ဖခင်ဖြစ်သူ ပြောင်းရွှေ့၍ လိုက်ပါသွားခဲ့ပါသည်။ မြစ်ဆိပ်နှင့် လည်းနီး၊ ဆေးရုံနဲ့လည်းနီးသည့် နေခြည်မြောက်  အရပ်မှာ နေခဲ့ပါတယ်။ တိုက်ခံပျဉ်ထောင်အိမ်အကြီး ကြီးမှာ ရှေ့တစ်ခြမ်းရုံး။ နောက်ပိုင်းနှင့် အပေါ်ထပ် လူနေပါတယ်။

သည်အိမ်ကြီးက သရဲခြောက်တဲ့အိမ်ကြီးဟု နာမည်ကြီးပါသည်။ မူလအိမ်ရှင်က သင်္ဘောဆိပ်  မှာလည်း နောက်တစ်အိမ်ရှိ၍ ပြောင်းသွားပါသည်။ Read more about ချစ်၍ကွမ်းယာလာလာကျွေးတဲ့ သရဲမလေး

သရဲကို အနိုင်ယူသော ဆရာစုအကြောင်း

ကျွန်တော့်နာမည် ထွန်းဆိုင်ဟု ခေါ်သည်။ ရှမ်းလူမျိုးဖြစ်ပြီး ဗုဒ္ဓဘာသာကို ကြည်ညိုပါသည်။ ပုသိမ်သို့ တာဝန်အရပြောင်းရွှေ့ တာဝန်ထမ်းဆောင် ရပါသည်။ တောင်တန်းဒေသမှ မြေပြန့် မြစ်ဝကျွန်း ပေါ်သို့ ပြောင်းလာရသဖြင့် ရာသီဥတုပြောင်းလဲမှု၊ လူတွေနှင့် ထိတွေ့ဆက်ဆံမှုပုံစံများမှာ လုံးဝ ပြောင်း လဲသွားသည်။ မြန်မာတို့သည် ရိုးသားသော ရှမ်းတိုင်းရင်း သား ကျွန်ုပ်အား ချစ်ခင်ကြပါသည်။ တစ်ရုံးထဲနေ ဦးသိန်းရွှေနှင့် ခင်မင်ရာမှ တရားစကားများ ပြောဖြစ်  ပါသည်။ ကျွန်ုပ်မှာ ဗုဒ္ဓဘာသာဖြစ်၍ လိုက်၍ ပြောနိုင်ပါသည်။ တစ်ခါတစ်ရံ ဗုဒ္ဓနှင့်ပတ်သက်သော စာအုပ်စာပေများကို ယူဆောင်လာပြီး ကျွန်ုပ်အား ဖတ်ရှုစေပါသည်။ စာရေးဆရာကြီး ဦးသုခ ရေး သော မင်္ဂလသုတ်၊ မေတ္တသုတ် စာအုပ်များသည် ကျွန်တော်တို့ဖတ်၍ ကောင်းသော စာအုပ်များ ဖြစ်ပါ သည်။ […]

ကြွက်သေတစ်ခု အရင်းပြု၍ သူဌေးဖြစ်အောင် လုပ်နည်း

“ကြွက်သေတစ်ခု အရင်းပြု၍  ကြွယ်ဝမှု ဇာတ်ဆုံး၊ သူဋ္ဌေးထုံးကို နှလုံးမူလျက် ကြံစည်နက်၍ သူ့ထက်လွန်ကုံ၊ ကြွယ်စေမင်း”

အထက်ဖော်ပြပါ ပျို့လင်္ကာမှာ ကန်တော် မင်ကျောင်း ဆရာတော်၏ လောကသာရပျို့မှ ကောက်နုတ်ချက်ဟု ထင်ပါသည်။ အလယ်တန်း ကျောင်းသားအရွယ်ခန့်က ကျက်မှတ်ခဲ့ရသော ပျို့ ကဗျာ၊ လင်္ကာများဖြစ်၍ အတိအကျ မမှတ်မိတော့ ပါ။ ကြွက်သေတစ်ခုကို အရင်းပြုလျှင်ပင် ချမ်းသာ နိုင်ကြောင်း ဆိုဆုံးမထားခြင်း ဖြစ်ပေသည်။ ယခု ခေတ်စာဖတ်သူများ ယုံချင်မှယုံပေမည်။ ယုံသည် မယုံသည်မှာ စာဖတ်သူ၏ အလိုဆန္ဒအတိုင်းသာ ဖြစ်ပါသည်။ Believe it or not ဟူသော အင်္ဂလိပ် စကားအတိုင်း ယုံချင်လည်း ယုံနိုင်ပေသည်။ မယုံ လျှင်လည်း ပုံပြင်ဟုသာ မှတ်ယူကြရန်ဖြစ်ပေသည်။  အဖြစ်အပျက်ကတော့ အမှန်ပင် ရှိခဲ့၍ အရင်းအနှီး မရှိ၍ စိတ်ညစ်နေသူများ၊ စိတ်ပျက်နေသူများအ တွက် စိတ်ဓာတ်မကျကြစေရန် ရေးသားတင်ပြ လိုက်ရပေသည်။ Read more about ကြွက်သေတစ်ခု အရင်းပြု၍ သူဌေးဖြစ်အောင် လုပ်နည်း

ငခွေး

(၁)

“ဟဲ့ …သမီး၊ နေ့ခင်းကြောင်တောင်ကြီး ရွာထဲမှာ ခွေးတွေ အူလိုက်တာမှ ညံနေရောပဲအေ့”

“ဟိုအကောင်လေ …ဟိုအကောင်ပေါ့”

“အိုအေ …နေ့ခင်းကြီးကိုပဲ၊ ဘယ်လို လုပ် နာနာဘာဝတွေ ဖြစ်နိုင်မှာတုန်း …”

“မဟုတ်ဘူး အမေရဲ့…”

“ဘာမဟုတ်တာတုန်းအေ့ …ပြောစမ်းပါ ဟဲ့ မြန်မြန် …”

ဒေါ်မြရီက စိတ်မရှည်တော့သလိုဟန်နဲ့ သမီးဖြစ်သူ မလှရီလေးကို မေးလိုက်တယ်။ အမှန် က ဒေါ်မြရီတစ်ယောက် စိတ်ဝင်စားလွန်းလို့ အလောကြီးနေတာပါ။ Read more about ငခွေး

လူကြမ်းလျှင် နတ်ကြမ်းမခံနိုင်

ကျွန်တော်ကိုယ်တိုင် ကြုံရသည်တော့မဟုတ် ပါ။ ကိုယ်တွေ့မဟုတ်သော်လည်း စိတ်ကူးယဉ် လည်း မဟုတ်ပါ။ ကိုယ်တိုင်ကြုံရသူက ကျွန်တော် ၏အမေ့အစ်ကို ဦးရီး ဦးပြားမောင်ဖြစ်သည်။ Read more about လူကြမ်းလျှင် နတ်ကြမ်းမခံနိုင်