ကြွက်သေတစ်ခု အရင်းပြု၍ သူဌေးဖြစ်အောင် လုပ်နည်း

“ကြွက်သေတစ်ခု အရင်းပြု၍  ကြွယ်ဝမှု ဇာတ်ဆုံး၊ သူဋ္ဌေးထုံးကို နှလုံးမူလျက် ကြံစည်နက်၍ သူ့ထက်လွန်ကုံ၊ ကြွယ်စေမင်း”

အထက်ဖော်ပြပါ ပျို့လင်္ကာမှာ ကန်တော် မင်ကျောင်း ဆရာတော်၏ လောကသာရပျို့မှ ကောက်နုတ်ချက်ဟု ထင်ပါသည်။ အလယ်တန်း ကျောင်းသားအရွယ်ခန့်က ကျက်မှတ်ခဲ့ရသော ပျို့ ကဗျာ၊ လင်္ကာများဖြစ်၍ အတိအကျ မမှတ်မိတော့ ပါ။ ကြွက်သေတစ်ခုကို အရင်းပြုလျှင်ပင် ချမ်းသာ နိုင်ကြောင်း ဆိုဆုံးမထားခြင်း ဖြစ်ပေသည်။ ယခု ခေတ်စာဖတ်သူများ ယုံချင်မှယုံပေမည်။ ယုံသည် မယုံသည်မှာ စာဖတ်သူ၏ အလိုဆန္ဒအတိုင်းသာ ဖြစ်ပါသည်။ Believe it or not ဟူသော အင်္ဂလိပ် စကားအတိုင်း ယုံချင်လည်း ယုံနိုင်ပေသည်။ မယုံ လျှင်လည်း ပုံပြင်ဟုသာ မှတ်ယူကြရန်ဖြစ်ပေသည်။  အဖြစ်အပျက်ကတော့ အမှန်ပင် ရှိခဲ့၍ အရင်းအနှီး မရှိ၍ စိတ်ညစ်နေသူများ၊ စိတ်ပျက်နေသူများအ တွက် စိတ်ဓာတ်မကျကြစေရန် ရေးသားတင်ပြ လိုက်ရပေသည်။ Read more about ကြွက်သေတစ်ခု အရင်းပြု၍ သူဌေးဖြစ်အောင် လုပ်နည်း

ငခွေး

(၁)

“ဟဲ့ …သမီး၊ နေ့ခင်းကြောင်တောင်ကြီး ရွာထဲမှာ ခွေးတွေ အူလိုက်တာမှ ညံနေရောပဲအေ့”

“ဟိုအကောင်လေ …ဟိုအကောင်ပေါ့”

“အိုအေ …နေ့ခင်းကြီးကိုပဲ၊ ဘယ်လို လုပ် နာနာဘာဝတွေ ဖြစ်နိုင်မှာတုန်း …”

“မဟုတ်ဘူး အမေရဲ့…”

“ဘာမဟုတ်တာတုန်းအေ့ …ပြောစမ်းပါ ဟဲ့ မြန်မြန် …”

ဒေါ်မြရီက စိတ်မရှည်တော့သလိုဟန်နဲ့ သမီးဖြစ်သူ မလှရီလေးကို မေးလိုက်တယ်။ အမှန် က ဒေါ်မြရီတစ်ယောက် စိတ်ဝင်စားလွန်းလို့ အလောကြီးနေတာပါ။ Read more about ငခွေး

လူကြမ်းလျှင် နတ်ကြမ်းမခံနိုင်

ကျွန်တော်ကိုယ်တိုင် ကြုံရသည်တော့မဟုတ် ပါ။ ကိုယ်တွေ့မဟုတ်သော်လည်း စိတ်ကူးယဉ် လည်း မဟုတ်ပါ။ ကိုယ်တိုင်ကြုံရသူက ကျွန်တော် ၏အမေ့အစ်ကို ဦးရီး ဦးပြားမောင်ဖြစ်သည်။ Read more about လူကြမ်းလျှင် နတ်ကြမ်းမခံနိုင်

ကဏန်းသရဲ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့ ၏တောင်ဘက်အစွန်ဆုံးတွင် ခွေးတောက်ချောင်း ကျေးရွာနှင့် လဟာကျယ် ကျေးရွာနှစ်ရွာရှိပါတယ်။ Read more about ကဏန်းသရဲ

ကြက်ရိုးနှိုက်တဲ့လက်

ကျွန်တော်သည် အစိုးရဝန်ထမ်း အငြိမ်းစား တစ်ဦးဖြစ်ပါသည်။ ဝန်ထမ်းဘဝမှ အငြိမ်းစားယူခဲ့ ပြီးနောက်ပိုင်း တတိယအရွယ်ပိုင်းတွင် လောကုတ္တ ရာဘာသာရေးလုပ်ငန်းများကိုသာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါသည်။ ၂၀ဝ၂ ခုနှစ်ကုန်ခါနီးမှာ အငြိမ်းစားယူခဲ့ပြီး ၂၀ဝ၄ ခုနှစ်တွင် စစ်ကိုင်းတောင် ရိုး၊ ပထမဂန္ဓာရုံကျောင်းတိုက်၌ ဒုလ္လဘရဟန်းဝတ် ခဲ့ပါသည်။ ဒုလ္လဘရဟန်းအဖြစ် သုံးဝါအတွင်း၊ မန္တလေးမြို့ စိန်ပန်း မဟာစည်သာသနာ့ရိပ်သာ၌ လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဖားအောက် တောရသာသနာ့ရိပ်သာ၌လည်း ကောင်း၊ မိုးကုတ်သာသနာ့ရိပ်သာများ၌လည်း ကောင်း ရှင်တော်ဗုဒ္ဓဟောပြတော်မူခဲ့သော အဘိ ဓမ္မာ ဒေသနာ တရားတော်များနှင့်အညီ မဟာ သတိ ပဋ္ဌာန်ဝိပဿနာ ဘာဝနာတရားတော်များကို အား ထုတ်ခဲ့ပါသည်။ ကျွန်တော်နေထိုင်သည့် စစ်ကိုင်းတိုင်းဒေသ ကြီး၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းစံပြကျေးရွာရှိ ရွှေ ကူတောင်ကျောင်းတိုက်၏ မိုးကုတ်ဝိပဿနာ ၁၀ […]

ဆားပုလင်းနှင်းမောင်နှင့် ဂျူးမျက်လှည့်ဆရာသတ်မှု

ကျွန်ုပ်သည် မျက်နှာဖြူအစိုးရလက်ထက် တွင် အမှုလိုက်ရာတွင် အလွန်အမင်းကျွမ်းကျင်လှ သော ဆားပုလင်းနှင်းမောင်နှင့် တွဲဖက်ကာ အမှု ပေါင်းများစွာ လိုက်ခဲ့ဖူးပါသည်။ Read more about ဆားပုလင်းနှင်းမောင်နှင့် ဂျူးမျက်လှည့်ဆရာသတ်မှု