လူများရဲ့ စကားပြောသံကို လေ့လာခြင်း

ကျွန်တော် လူတွေစကားပြောတဲ့အသံကို သတိပြုပြီး လေ့လာခဲ့တာကြာပါပြီ။ ကျွန်တော် အသက် ၃၅ နှစ်လောက်ကစပြီး လေ့လာခဲ့ပါတယ်။ နိုင်ငံခေါင်းဆောင်တွေ၊ အဆိုတော်တွေ၊ ပညာရှင် တွေ၊ ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ၊ သူဋ္ဌေးသူြွကယ်တွေ၊ လူလတ်တန်းစားတွေ၊ ဆင်းရဲသားတွေရဲ့ အသံတွေကိုပါ လေ့လာခဲ့ပါတယ်။ Read more about လူများရဲ့ စကားပြောသံကို လေ့လာခြင်း

မှော်ပညာဆိုသည်မှာ

မှော်ပညာဆိုသည်မှာ တစ်ဦးတည်းဖြစ်စေ အုပ်စုလိုက်ဖြစ်သော မှော်၊ စုန်းကဝေအတတ်နှင့် သဘာဝလွန်ပညာရပ်များကို လက်တွေ့အသုံးချနိုင် သောပညာ သို့မဟုတ် ယုံကြည်ကိုးကွယ်မှုစာရင်းထဲ တွင် ထည့်နိုင်သော ပညာရပ်တစ်ခုလည်း ဖြစ်သလို Read more about မှော်ပညာဆိုသည်မှာ

သစ်တို့အရှင် သစ်မင်းသခင်

အတွေးကြောင့် စိတ်လေးမိ၏။ ညရောက် မည်ကို ကြောက်တော့သည်။ အိမ်ဆောက်ပြီးက တည်းက ညဥ့်စဉ်လိုလို တတောက်တောက်နှင့် တောက်ခေါက်သလို အသံက နေ့စဉ်ညတိုင်းကြားရ ၏။ လက်တွေ့မကြုံခဲ့ဘူးသည်မို့ အချို့လူများပြော သောစကားကို ရယ်စရာဟု အယုံအကြည်မရှိ စိတ်တွင် ဖြစ်ခဲ့ဖူးလေသည်။ Read more about သစ်တို့အရှင် သစ်မင်းသခင်

ပယောဂကုကြရာတွင်

ကျွန်ုပ်ဆီရောက်လာကြသူတွေထဲမှာ အချို့ က သူများအတိုက်ကြောင့် ရောက်လာကြသူများရှိပြီး အချို့ကတော့ ကိုယ့်အတိုက်ကိုယ်မိနေကြသူတွေ နဲ့ သိုက်ဆက်တစ်ခုတည်းလောက်ပဲ ရှိတဲ့သူတွေ လည်း လာတတ်ကြပါတယ်။ Read more about ပယောဂကုကြရာတွင်

ဆိုင်ကိုတိုက်တဲ့ ပညာစက်

ကျွန်ုပ်ဆီ ရောက်လာကြသူများထဲမှာ လူမျိုး ပေါင်းစုံ၊ ဖြစ်ရပ်ပေါင်းစုံ၊ အောက်လမ်းရွာသူ၊ စုန်း၊ နတ်၊ ကဝေ၊ မှော်အစုံရောက်လာလေ့ရှိကြပါသည်။ အဲဒီလူများတဲ့အထဲက ဟိုတစ်နေ့ကလာသွားတဲ့တစ် ယောက်အကြောင်း ရေးပါ့မယ်။ အမျိုးသမီးတစ်ယောက်က အင်္ဂါသမီးတစ် ယောက်ပါ။ သူမကို မစစ်ဆေးခင်မေးကြည့်လိုက်မိ ပါတယ်။ “ကဲပြောပါဦး ဘာဖြစ်လို့လဲ” “ကျွန်မအိမ်မှာလည်း တစ်ယောက်နဲ့တစ် ယောက် အဆင်မပြေကြဘူး။ ဆိုင်မှာလည်းလူမမြဲ အရောင်းအဝယ်တွေလည်း မကောင်းလို့ပါဆရာ။ အဲဒါတစ်ယောက်ယောက်ကများ လုပ်ထားသလား သိချင်လို့ပါ ဆရာ” “အင်း ဒီလိုကိစ္စမျိုးက မကျေနပ်သူတစ် ယောက်ယောက် လုပ်ထားရင်လည်း ဖြစ်တတ်သလို ကိုယ့်ရိုးရာနတ်တွေ မကျေနပ်ရင်လည်း ဖြစ်တတ် တာမျိုး …ဘာပဲဖြစ်ဖြစ် စစ်ကြည့်လိုက်မယ်လေ” ကျွန်ုပ်လည်း အင်္ဂါသမီးကို စစ်ဆေးကြည့် လိုက်ပါတယ်။ သူမဆီမှာ အောက်လမ်း၊ သရဲတိုက်၊ ဘီလူးတိုက် တွေ့ရပါတယ်။ နောက်ပြီး […]

Ouija Board ဝိညာဉ်ခေါ်ဘုတ်ပြား -လင်းညို့တာရာ-

မြန်မာနိုင်ငံရှိ လူတော်တော်များများကတော့ ရုပ်ရှင်ကားတွေရဲ့ကောင်းကျိုးကြောင့် Ouija Board ပြား အကြောင်းကိုတော့ သိပ်ပြီးမစိမ်းလောက်ပါဘူး။ ဟုတ်ပါတယ် Ouija Board ပြားကတော့ ဝိညာဉ်တွေနဲ့ ဆက်သွယ်တဲ့ ကြားခံဘုတ်ပြားတစ်ခုပါ။ အချို့က Spirit Board (ဝိညာဉ်ဘုတ်ပြား) ၊ အချို့ကတော့ Talking board (ဆက်သွယ်ခြင်းဘုတ်ပြား) ဆိုပြီး အခြားအမျိုးအမည်တပ်ပြီး ခေါ်ဆိုပါသော်ငြားလည်း လူတွေကတော့ Ouija Board ဆိုတာနဲ့ စိတ်ထဲ သရဲတစ္ဆေ နာနာဘာဝတွေနဲ့ ချိတ်ဆက်တယ်ဆိုတာကတော့ ခေါင်းထဲပြေးမြင်မိနေမှာပါပဲ့။ Read more about Ouija Board ဝိညာဉ်ခေါ်ဘုတ်ပြား -လင်းညို့တာရာ-

ရေငန်ပိုင်ဦးရှင်ကြီးနှင့် တောင်စောင့်နတ်ကြီး -ဆရာဝင်း (သာကီနွယ်)-

 

၂၀ဝ၈ ခုနှစ် မေလ ဧရာဝတီတိုင်းနှင့် ရန် ကုန်တိုင်းမှာ နာဂစ်မုန်တိုင်းကြီး ကျရောက်ခဲ့ပါရာ နာဂစ်မုန်တိုင်းကြီးကြောင့် လူတွေ သိန်းနဲ့ချီသေပြီး မြို့တွေ ရွာတွေ များစွာ ပျက်စီးခဲ့ရပါတယ်။ တချို့ ရွာတွေဆိုလျှင် ရွာလုံးကျွတ် ပင်လယ်ထဲပါသွားခဲ့ပါ တယ်။ မိသားစုအားလုံး သေဆုံးတာတွေလည်း ရှိပါ တယ်။ မုန်တိုင်းကြီးနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေ လည်း အများကြီးကျန်ခဲ့ပါတယ်။ အထက်ပိုင်း ရွှေဘို ကန့်ဘလူမြို့နယ်က ဆံပင်ဝယ်တဲ့ အမျိုးသမီးတချို့ လည်း လပွတ္တာမြို့နယ်ထဲ ဆံပင်သွားဝယ်ရင်း မုန် တိုင်းကြီးအတွင်းမှာ သေဆုံးခဲ့ရပါတယ်။ Read more about ရေငန်ပိုင်ဦးရှင်ကြီးနှင့် တောင်စောင့်နတ်ကြီး -ဆရာဝင်း (သာကီနွယ်)-

Facebook သုံးတဲ့ သရဲ – ခွန်လှိုင်း –

 

၂၀၁၁ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ကျွန်မရဲ့ တစ်ဦးတည်းသောသမီးဖြစ်သူ အသက် ၁၅ နှစ်အရွယ် သမီးလေး ‘ဆူဇန်’ (Suzanne) ဟာ လူ မဆန်လောက်အောင် ရက်စက်တဲ့နည်းနဲ့ အသတ် ခံခဲ့ရပါတယ်။ လူမဆန်လောက်အောင် ရက်စက်တဲ့ နည်းနဲ့သတ်ခဲ့တာဖြစ်တဲ့အပြင် လူသားလူသတ် သမားတစ်ယောက်က သတ်ခဲ့တာမဟုတ်ဘဲ ၀ိညာဉ် လောကသား (သရဲ) တစ်ယောက်က သတ်ခဲ့တာ လို့တောင် ယူဆစရာဖြစ်ခဲ့ပါတယ်။ Read more about Facebook သုံးတဲ့ သရဲ – ခွန်လှိုင်း –

စိတ်ကို စိတ်နှင့် ကုစားခြင်း – စိန္တာမယဆရာပိုင်

ကျွန်ုပ် တွေ့ကြုံခဲ့ရတဲ့ ပယောဂအကြောင်း တွေရေးရင်း ကျွန်ုပ်အကြောင်းလေးလည်း အနည်း ငယ် ထည့်ရေးနေခဲ့တာပါ။ တကယ့် အဓိက ရေးရ မှာ လေးကို မေ့နေလို့ ဒီဆောင်းပါးအစမှာ ထည့် ရေးတာပါ။

ကျွန်ုပ် ဆေးကုသမှုကို ဘုရားခန်းမှာပဲလုပ်ပါ တယ်။ အချို့က ဆရာ့ဆေးခန်း၊ ဆရာ့ဓာတ်ခန်း စသဖြင့် ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။ အမှန်တော့ ဆေးခန်းလည်း မဟုတ်ပါဘူး။ ဓာတ်ခန်းလည်း မဟုတ်ပါဘူး။ ဘုရားခန်းပါပဲ။ Read more about စိတ်ကို စိတ်နှင့် ကုစားခြင်း – စိန္တာမယဆရာပိုင်