ယုန်မင်းပရိတ်တော်

ကျွန်မက ကျောင်းတစ်ကျောင်းမှာ စား သောက်ဆိုင် ဖွင့်ထားပါတယ်။ ကျောင်းက ကြီးတော့  ဆိုင်ပေါင်း (၅၀)ကျော်လောက် ရှိပါတယ်။

ဈေးသည်တို့ရဲ့ သဘာဝအတိုင်း ရောင်း ကောင်းတဲ့အခါကောင်း၊ မကောင်းတဲ့အခါလည်း မကောင်းပေါ့ဘူးနော် …။ Read more about ယုန်မင်းပရိတ်တော်

ဒိဋ္ဌိပြုတ်အောင်မဂ္ဂင်ရှစ်ပါးဖြင့်ရှုမှတ်နည်း

(၁) ထွက်လေဝင်လေလေးကို ရှုနေတာက ကာယာနုပဿနာ။ (၂) ဝမ်းနည်းတယ် ဝမ်းသာတယ်  ချမ်းသာတယ် ဆင်းရဲတယ်ဆိုတဲ့ ခံစားချက်လေးကို ရှုနေတာက ဝေဒနာနုပဿနာ။   (၃) ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘနဲ့ယှဉ်တွဲလာတဲ့စိတ် ဒေါသနဲ့ယှဉ်တွဲလာတဲ့စိတ် မောဟနဲ့ယှဉ်တွဲလာတဲ့စိတ်  ဒီစိတ်ကလေးကို ရှုနေတာက စိတ္တာနုပဿနာ။ (၄) ကြံတွေးမှု၊ ကြံစည်မှုတွေ ရုပ်ခန္ဓာဓာတ်သဘောတွေကို ရှုနေတာက ဓမ္မာနုပဿနာ။ အဲ့ဒီလို မိမိသန္တာန်မှာရှိတဲ့ သဘာဝတရားတွေကို အမှန်မြင်အောင် ကြည့်တတ်ဖို့လိုအပ်တယ်။ ၁။ အဲ့ဒီ အမှန်မြင်အောင် ကြည့်တာကိုပဲ သမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။   သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်မြင်နိုင်ဖို့အတွက်… ၂။ သမ္မာသင်္ကပ္ပဆိုတဲ့ မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့လိုတယ်။ ၃။ အဲ့ဒီလို မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့အတွက် သမ္မာဝါယာမဆိုတဲ့ ကြိုးစားဖို့လိုအပ်တယ်။ ၄။ အဲ့ဒီလို ကြိုးစားဖို့အတွက် သမ္မာသတိဆိုတဲ့ စိတ်စိုက်ဖို့လိုတယ်။ ၅။ အဲ့ဒီ သမ္မာသတိခေါ်တဲ့  အာရုံတစ်ခုထဲမှာ စိတ်ကိုငြိမ်အောင်ထားတာက သမ္မာသမာဓိပါ။ ဒီလိုပေါင်းစပ်လိုက်တဲ့ မဂ္ဂင်(၅)ပါးကို ကာရကမဂ္ဂင်လို့ ခေါ်တယ်။ တရားဓမ္မ […]

သံဝေဂတရား (၄) ပါး

စတုရာရက္ခတရား (အာရက္ခတရား ၄ ပါး)

မ သု
မေ ဗု

မ – မရဏာနုဿ      တိ
သု – အသုဘာနုဿ      တိ
မေ – မေတ္တာ
ဗု – ဗုဒ္ဓါနုဿ      တိ
သံသရာဝဋ်အတွင်းမှ လွတ်မြောက်ရန် တရားဘာဝနာ အားထုတ်ကြမည့် ယောဂီများသည် သံဝေဂအသိစွဲမြဲသိစေရန်အတွက် ဤစတုရာရက္ခတရား (၄) ပါးကို မျှဝေအပ်ပါသည်။ Read more about သံဝေဂတရား (၄) ပါး

“အကျင့်ဆိုးတွေ ပြင်လိုက်တော့”

သူများအတင်းပြောတဲ့
ပါးစပ်လောက်
အောက်တန်းကျတဲ့
ပါးစပ်မရှိဘူး..
Read more about “အကျင့်ဆိုးတွေ ပြင်လိုက်တော့”

စကားစကားပြောပါများ စကားထဲက ဇာတိပြ

ဂေါတမမြတ်စွာဘုရားရှင်သည် လွန်လေပြီး သောဘဝတစ်ခု၌ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ် မင်းအား ဆိုဆုံးမရသော အမတ်တစ်ဦးဖြစ်ခဲ့ဖူးပါ သည်။ ထိုမင်းသည် စကားအလွန်များ၏။ အလောင်း တော်အမတ်သည် စကားအလွန်များသော ထိုမင်း အား တစ်ခုခုသော ဥပမာကိုပြ၍ ဆိုဆုံးမရန်စဉ်းစား တွေးတောလျက်ရှိနေပါသည်။ Read more about စကားစကားပြောပါများ စကားထဲက ဇာတိပြ

ဒါနရဲ့အကျိုးတရား

“ဒါနရဲ့ အကျိုးတရား”

ဒါနလုပ်ပြီးတဲ့အခါမှာ …
ဒါနရဲ့အကျိုးတရားကို ကြည့်လိုက်။
ဘဝသံသရာမှာ လူဖြစ်ရင်လည်း အဆင်ပြေ၊
ကြည့်လေ…
ဒါနရှိတဲ့သူနဲ့ မရှိသူဟာ
ဘယ်ဘဝရောက်ရောက် ကွာသွားတယ်။
နောက်ဆုံးမှာ ပြောရမယ်ဆိုရင် ခွေးဖြစ်သွားလည်း
ဒါနရှိတဲ့ခွေး ( ဒါနလုပ်ခဲ့တဲ့ဘဝကလာတဲ့ခွေး ) ကျတော့
သူဌေးအိမ်မှာ ကားတွေဘာတွေ စီးလို့၊
ကြက်ဥတို့ အသားတို့၊
အဲဒီလိုကောင်းတာတွေ စားရတာ။
Read more about ဒါနရဲ့အကျိုးတရား

“ကိုယ့်စိတ်ထဲရှိတိုင်း (တွေး၊ပြော၊လုပ်)လို့မရဘူး”

သာသနာတော်အတွက်စိတ်မကောင်းစရာက
သာသနာတော်မှာ တကယ်ဘုရားကြည်ညိုတဲ့သူ
တကယ်တရားကြည်ညိုတဲ့သူ
တကယ်သံဃာကို ကြည့်ညိုတဲ့သူ အလွန်ရှားနေပြီ။
ဒါ(၁)နာရီ ဒို့လာမယ်ဆိုလို့ (၂)နာရီလောက်မှ ဒို့လာမယ်ဆိုရင်
ဒီထဲမှာ တုံးလုံးပက်လက် အိပ်နေလိုက်ကြမှာ။
အလွန်ရှက်စရာကောင်းတယ်။
ကုသိုလ်လုပ်ရင်လုပ် မလုပ်ရင်အကုသိုလ်ဖြစ်တယ်။
အကုသိုလ်ရှောင်ရင်ရှောင် မရှောင်ရင် အကုသိုလ်နဲ့တိုးတော့တာ။ Read more about “ကိုယ့်စိတ်ထဲရှိတိုင်း (တွေး၊ပြော၊လုပ်)လို့မရဘူး”